သိဒ္ဓိစံ အလှကုန် လူသုံးကုန်ပစ္စည်းအမျိုးမျိုး

သိဒ္ဓိစံ အလှကုန် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก သိဒ္ဓိစံ အလှကုန် လူသုံးကုန်ပစ္စည်းအမျိုးမျိုး, Yangon, Bangkok.

02/03/2024
🇹🇭💪💪
02/03/2024

🇹🇭💪💪

ထိုင်း မှာ Online ကနေ တစ်ရက် ဘတ် ၁၀၀၀ကျောင်နေ့တိုင်း စရောင်းနေရပါပီး ကြိုးစား မူ အရောင်တွေ ထင်လာပါပီးနော်

မဆိုးဘူးနော် ကြိုးစားတာ ၂လ တာမှာ အရောင်းတွေ ထင်လာပါပီဗျာ

အားပေးကြပါအုံးနော်

ဘယ်နေရာရောက်ရောက် ဘဝကို အကောင်းဆုံးကြိုးစားနေသူပါဗျာ

ပထဆုံးလေယာဉ်စီးမယ့်သူတွေသိထားသင့်တဲ့အချက် 10ချက် ✈️✈️✅လေယာဉ်လက်မှတ်ကိုဘယ်အချိန်ဝယ်ရမလဲ??ပထမဆုံးပြောချင်တာကတော့ ခရီးသွားတ...
02/03/2024

ပထဆုံးလေယာဉ်စီးမယ့်သူတွေသိထားသင့်တဲ့အချက် 10ချက် ✈️✈️

✅လေယာဉ်လက်မှတ်ကိုဘယ်အချိန်ဝယ်ရမလဲ??

ပထမဆုံးပြောချင်တာကတော့ ခရီးသွားတော့မယ်ဆိုရင် ကိုယ်ဖာသာဘယ်နေ့သွားမှာသေချာပြီလဲလို့ပြန်မေးပါ။

သွားမှာသေချာတဲ့ရက်က တစ်လလောက်လိုသေးရင် လေယာဉ်လက်မှတ်ကိုကြိုဝယ်ထားပါ။

Air Ticket တွေက ရက်နီးဈေးတွေကတစ်ရိပ်ရိပ်လေပါ။

တစ်ရက်နဲ့တစ်ရက်လည်း ဈေးမတူပါဘူး။

တစ်ချို့ကရက်နီးမှဝယ်မယ်ဆိုပြီး အေးအေးဆေးဆေးနေတတ်ပါတယ်။

ရက်နီးလေ Air Ticket ဈေးတွေကတက်လေပါပဲ။

✅Airticket ဝယ်ရင် ဘယ်ရက်တွေကိုရှောင်ရမလဲ??

Airticket ဝယ်တဲ့အခါ Sat Sanလိုရက်တွေကိုရှောင်ပါ။ အဲ့လိုရက်တွေဟာ ခရီးသွားတွေလည်းများတတ်တာမို့ လေယာဉ်လက်မှတ်ဈေးတွေဟာ လည်း ပုံမှန်ရက်တွေထက်ပိုတတ်ပါတယ်။

ခရီးသွားတွေများတဲ့နေ့တွေမှာ Airticket ဈေးတွေပိုများတတ်ပါတယ်။

ခရီးသွားမယ်လို့ Plan ချပြီးပါက Airticket ကိုတစ်လလောက်ကြိုဝယ်ပါ။

✅Air Ticket ဝယ်တဲ့အခါ Seat တစ်ခါတည်းရတာလား??

တစ်ခါတည်းရွေးဝယ်လို့ရပါတယ်။ တစ်ချို့လေကြောင်းလိုင်းတွေကတော့ Seat ရွေးမယ်ဆိုရင်တော့ fees ထပ်ပေးရတာရှိသလို တစ်ချို့လေကြောင်းလိုင်းတွေကတော့ ထပ်ပေးစရာမလိုပါဘူး။

လေယာဉ်လက်မှတ်မှာ Seat မပါရင်ဘယ်လိုလုပ်မလဲ??

တစ်ကယ်က လေယာဉ်လက်မှတ်နဲ့ boarding pass နဲ့ကမတူပါဘူး။ Air Ticket က လေကြာင်းလိုင်းကနေဝယ်ဝယ်ပြီးချင်းရတဲ့ဟာပါ။

Boarding Pass ကတော့ Check In Counter ရောက်မှ ရတာပါ။

ဘာကွာတာလည်းဆိုတော့ Boarding Pass မှာSeat တွေတစ်ခါတည်းရေးပေးလိုက်ပါတယ်။

Gate No ဘယ်လောက်မှာစီးရမယ် ဆိုတာတွေပါပါတယ် လက်မှတ်လိုပါပဲ။ Checkin Counter ရောက်မှပေးတာပါ။

✅လေဆိပ်ကိုအိမ်ကနေဘယ်အချိန်လောက်ဆင်းရမလဲ??

လေယာဉ်Check In Counter တွေဟာ လေယာဉ်မထွက်ခင်နာရီဝက် တစ်နာရီလောက် စောပြီးတော့ပိတ်တတ်ပါတယ်။ ခရီးသွားတွေများတဲ့ လတွေအချိန်တွေဆို CheckIn ကောင်တာမှာ တန်းစီစောင့်ရတာနဲ့အချိန်ကြာတတ်ပါတယ်။

Airline Check In Counter ပိတ်ချိန်တွေဟာမတူတတ်တာမို့ လမ်းမှာကားပိတ်မှာနဲ့ဘာနဲ့အချိန်ကိုတွက်ပြီး အိမ်ကနေ နှစ်နာရီ သို့မဟုတ် သုံးနာရီလောက်ကြိုပြီးစောထွက်ပါ။

✅Boarding Pass ဆိုတာဘာလဲ??

Boarding Passဆိုတာကတော့ Checkin Counter မှာထုတ်ပေးလိုက်တဲ့ လေယာဉ်ပေါ်တက်ရင်ပြရတဲ့လက်မှတ်လေးကိုပြောတာပါ။

အဲ့လက်မှတ်ထဲမှာ ခုံနံပါတ်တွေ။ ဘယ် Gate မှာသွားစီးရမလဲဆိုတာတွေပါပါတယ်။ လေယာဉ်နံပါတ်တွေ။
အဲ့လက်မှတ်ထဲမှာရေးထားတဲ့ Gate Noကိုရောက်အောင်သွားပြီး လေယာဉ်စီးရမှာပါ။

✅လေယာဉ်လက်မှတ်ရရင် Print ထုတ်ထားသင့်သလား??

Print ထုတ်ထားစရာမလိုပါဘူး။ ဖုန်းထဲမှာသိမ်းထားတဲ့ လက်မှတ်ကို Checkin Counter ရောက်မှပြလိုက်ရင် Boarding Passထုတ်ပေးပါတယ်။

ထုတ်ထားရင်တော့ ပိုရှင်းပါတယ်။ အဲ့Air ticket ပရင့်ထုတ်ထားတဲ့စာရွက်ကိုပေးလိုက်ရင် Bording Passထုတ်ပေးမှာပါ။

✅ဘန်ကောက်သွားရင် လေဆိပ်ကဘယ် Terminal ကိုသွားရမှာလဲ??

Termanal 1ပါ။

✅လေဆိပ်ထဲကိုဘယ်လိုဝင်ရလဲ??

လေဆိပ်ထဲက စဝင်တဲ့အခါ မြန်မာလေဆိပ်မှာ အဝင်ကို တစ်ခါစစ်ပါတယ်။

Luggage အိတ်တွေ လူတွေကိုစစ်ပါတယ်။
ပြီးရင်တော့ လေဆိပ်ထဲကိုရောက်ပါပြီ။

လေဆိပ်ထဲရောက်တဲ့ အခါ Check In လုပ်လို့ရမရ Departure Board မှာကြည့်လို့ရပါတယ်။

ကိုယ့် အဲ့လိုင်းနံပါတ် ကဉပမာ UB307ဆိုရင် board မှာ အချိနဲ့ Airline No တွေနဲ့ပြနေပါတယ်။ Check In Counter ဖွင့်နေရင် ကိုယ့်အဲ့လိုင်းနံပါတ်ကို

Board မှာပါတာတွေကတော့

Time Destination Flight Gate Status ပါ။

Time ကတော့ ကိုယ့်Air Line ကဘယ်အချိန်ထွက်မှာလည်းဆိုတာကိုပြနေတာပါ။ Air Ticket မှာပါတဲ့အချိန်ပါ။

Destination ကတော့ သွားမယ့်နိုင်ငံပါ။

Thailand ဆို Thailand လို့ပြနေမှာပါ။

Flight ကတော့ ကိုယ့် Air Ticket မှာပါတဲ့ Flight Noပါ။

လေယာဉ်နံပါတ်ဘယ်လောက်ဆိုပြီးပြနေတာပါ။ ကိုယ်စီးရမယ့်လေယာဉ်နံပါတ်ပါ။

Gate ကတော့ ကိုယ်လေယာဉ်သွားစီးရမယ့်Gate ပါ။

Status မှာတော့ Boardingဆို လေယာဉ်ထွက်ခွာပြီလို့ပြောတာပါ။

Gate Close ဆိုGate ပိတ်ပြီ

Gate Openဆို Gate ဖွင့်နေပြီ။

Check In ဆို Check In ကောင်တာဝင်လို့ရပြီလို့ပြောတာပါ။

တစ်ခုရှိတာက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူတာမို့ ပုံစံချင်းကတော့အတူတူပါပဲ။

တစ်ချို့ကလည်း Check In လို့တန်းရေးထားတတ်ကြပါ။ ဝင်လို့ရရင် Open လို့ရေးထားတတ်ကြပါတယ်၊

မြန်မာမှာတော့ လေဆိပ်ကကျဉ်းကျဉ်းလေးမို့ ကြည့်မနေပါနဲ့ Check In ကောင်တာဖွင့်မဖွင့်ကို လေဆိပ်ထဲက ဝန်ထမ်းတစ်ယောက်ယောက်ကိုသာ ကိုယ်စီးမယ့်လေကြောင်းလိုင်းနာမည်ပြောပြီး Check In ကောင်တာဘယ်မှာလဲလို့သာမေးလိုက်ပါ။ ဝင်လို့ရရင် လူတွေတန်းစီနေတာတွေ့ရပါလိမ့်မယ်။

✅Check In ဘယ်လိုဝင်မလဲ??

Check In ဝင်တယ်ဆိုတာကတော့ ကိုယ် ဝယ်ထားတဲ့ လေယာဉ်လက်မှတ်ကို Boarding Passပြောင်းပြီး Show Money ပါမပါတို့။ စာရွက်စာတမ်းတွေစစ်တဲ့နေရာပါ။ Passport ကနာမည်နဲ့ Airticket ကနာမည်တွေတူမတူတိုက်စစ်ပါတယ်။ Visa နဲ့လားရိုးရိုးလားတွေတိုက်စစ်တဲ့နေရာပါ။ အဲ့မှာ ကိုယ့်ရဲ့ Luggage အိတ်ရဲ့ အလေးချိန်တွေစစ်ပါတယ်။

လေကြောင်းလိုင်းတစ်ချို့ကLuggage အိတ်ကို 30Kg ထိ လေယာဉ်အိတ်ထဲကိုထည့်လို့ရပြီး ။ 7Kg လောက်ထိ Hand Curry သယ်လို့ပါတယ်။

Kgပိုနေရင်တော့ ပိုက်ဆံထပ်ပေးရပါတယ်။ မြန်မာငွေမလိုတော့ဘူးဆိုပြီးတော့မှမယူလာတာမျိုးတွေမလုပ်ပါနဲ့။ အပိုအလိုထည့်လာပါ။

✅Kg ပိုမပို ဘယ်လိုချိန်မလဲ??

Kg ပိုမပိုဘယ်လိုချိန်မလဲဆိုရင်တော့ အိမ်မှာပေါင်ချိန်စက်ရှိရင် အဲ့အပေါမှာအိတ်ကိုတင်လိုက်ပါ။ lbဖြစ်နေရင် kgကိုပြောင်းလိုက်ပါ။ အနီးစပ်ဆုံးပြပါတယ်။ သာမာန် Luggage အိတ်တစ်လုံးဟာ 30KGထက်မပိုပါဘူး။ အဲ့တာကြောင့် သိပ်တော့မစိုးရိမ်ပါနဲ့။

✅Check In ဝင်ပြီးရင်ဘယ်ကိုသွားရမလဲ??

Check In ဝင်ပြီးရင် သွားရမှာက Immigration ပါ။ Immigrationဖြတ်တဲ့အခါ Visa Type တွေဘာတွေ စစ်ပါမှာ။ Sacanဖတ်ပါမယ်။ ပြီးရင်တော့ ဘယ်နေ့ကနေစပြီးထွက်ခွာပါတယ်လို့တုံးထုပေးလိုက်မှာပါ။

Immigration Counter ကိုဖြတ်ပြီးရင်တော့ hang carry တွေကိုစစ်ပါမယ်။ ဖိနပ် ဖုန်း အိတ်အကုန်စစ်ပါမယ်။ အဲ့တာကိုဖြတ်ပြီးရင် တော့ Gate ကိုသွားလို့ရပါပြီ။

Bording Pass မှာပါတဲ့ Gate Noကိုသွားပါ။

Bording Gateကို လေယာဉ်ထွက်ခွာမယ့် အချိန်ထက် 45မိနှစ်လောက်ကြိုရောက်အောင်သွားပါ။

လေကြောင်းကြောင်းက Flight Noကိုအော်ပါလိမ့်မယ်။ လေယာဉ်ပေါ်တက်ဖို့အသင့်ဖြစ်ပါပြီဆိုရင်တက်လိုက်လာရုံပါပဲ။

လေယာဉ်ပေါ်ရောက်ရင် စကားအကျယ်ကြီးမပြောပါနဲ့။ ပြောလို့မရလို့မဟုတ်ပါဘူး။ ရပါတယ်။ တိုးတိုးတိတ်တိတ်နေတာဟာ ပတ်ဝန်းကျင်ကိုအနှောင့်ယှက်မပေးရာရောက်ပါတယ်။

လေယာဉ်ပေါ်ရောက်တဲ့အခါ Airplane Mode ကိုOn ထားပါ။

လေယာဉ်ဆိုက်တဲ့အခါ ပြန် ပိတ်ထားပါ။

ဘန်ကောက်ကိုရောက်တဲ့အခါ တယ်လီနောကဒ်ကိုသုံးလို့ရပါတယ်။

တယ်လီနောကဒ် ကို Roaming Data ကိုOn ထားပါ။
အဲ့တာဆိုအင်တာနက်ကောသုံးလို့ရသလို။ ဖုန်းလည်းဆက်လို့ရပါတယ်။

ထိုင်းလေဆိပ်ကို ကိုရောက်တဲ့အခါဘယ်လိုလုပ်ရမှာလဲ။

Immigration ဆိုတဲ့ Sign ကိုမတွေ့မချင်းလျှောက်ပါ။

Immigrationဆိုတဲ့ Sign ကိုတွေ့တဲ့အခါကွေ့ပြီး တန်းစီပါ။

Immigration Counter မှာ လေယာဉ်လက်မှတ်ရယ်။ Passport ရယ်၊ Hotel Booking၊ Show Money တို့ပြရပါတယ်။

Hotel Booking နဲ့ Show Moneyကလိုအပ်တဲ့အခါမှသာတောင်းကြည့်တတ်ပါတယ်။ ဒါပေမယ့် ပြည့်စုံအောင်ပြင်ဆင်လာပါ။

Passport ကိုတုံးထုပေးလိုက်ရင် ထိုင်းနိုင်ငံထဲကိုဝင်လို့ရပါပြီ။

အားလုံးပဲအဆင်ပြေကြပါစေ။


#ပထမဆုံးလေယာဉ်စီးမယ့်သူတွေသိထားသင့်သည့်အချက်များ
#လေယာဉ်ဘယ်လိုစီးရတာလဲ

💁🏼‍♀️💁🏼‍♀️ထိုင်းမှာလာအလုပ်ရှာ၊ အလုပ်လာလုပ်သူတိုင်း သိကိုသိသင့်အကြောင်းအရာများ💁🏼‍♀️💁🏼‍♀️PV, PJ နဲ့ထိုင်းမှာအလုပ်လာလုပ်လို...
02/03/2024

💁🏼‍♀️💁🏼‍♀️ထိုင်းမှာလာအလုပ်ရှာ၊ အလုပ်လာလုပ်သူတိုင်း သိကိုသိသင့်အကြောင်းအရာများ💁🏼‍♀️💁🏼‍♀️
PV, PJ နဲ့ထိုင်းမှာအလုပ်လာလုပ်လို့ရလား❓
Work Permit, Work Visa တွေကဘယ်လိုမျိုးတွေလဲ❓
ဒီရက်ပိုင်းမှာ အမေးများဆုံး မေးခွန်း၁ခုကတော့...

မြန်မာနိုင်ငံရဲ့ Passport PV၊ PJ ပြသနာပါ။❗
ကိုယ်တွေလည်း အစတုန်းက ဘယ်တုန်းကမှ နိုင်ငံခြားထွက်ပီး အလုပ်လုပ်ရမယ်လို့ မတွေးဖူးတော့ ဒါတွေဆိုတာ အစိမ်းသက်သက်ပါပဲ။
ခုတော့ လူတိုင်းသိသင့်တာမို့ ကိုယ်သိသလောက်လေးရှင်းပြချင်ပါတယ်။
👌👌👌

ဒီလို Passport ကို မြန်မာနိုင်ငံသားအတွက်
PB – Business Passport
PT – Dependent Passport
PJ – Job Passport
PR – Religious Passport
PS – Seaman Passport
PE – Student Passport
PV – Visit Passport
PD – Diplomatic Passport
PO – Official Passport
အမျိိုးအစားအများကြီး ခွဲတာ မြန်မာတနိုင်ငံတည်းရှိပါတယ်။ 🤗
ဟုတ်ပါတယ် မြန်မာတနိုင်ငံတည်းပါ။ 🤗
အခြားနိုင်ငံအကုန်လုံးက အဲ့လို Passport ကို အမျိုးအစားမခွဲထားပဲ Passport ဆိုတာတခုတမျိုးတည်းပါပဲ။ အဲ့တော့ သူတို့က PJ, PV, PE ဘာအမျိုးအစားလဲဆိုတာ မသိပါဘူး။ Passport ဆိုရင် Passportပဲမြင်ပီး မြန်မာကပဲရှုပ်နေတာပါ။
ဆိုတော့
PV ဖြစ်လို့ အလုပ်လာလုပ်လို့ရလား❓❓❓
------
👉 ရပါတယ်✅ အရမ်းကိုရပါတယ်။ အရမ်းကို ထွက်လာဖို့ သွားလာဖို့ အလွယ်ဆုံးက PV ပါ။

👉 မြန်မာလေဆိပ်မှာလည်း မရစ်သလို၊ ထိုင်းလေဆိပ်၊ ဘယ်လေဆိပ်မှာမှ PV နဲ့ အလုပ်လာလုပ်လို့ မရစ်ပါဘူးရှင်

👉 PV နဲ့လာပီး အလုပ်လုပ်လို့ရတယ်။ ကျောင်းတတ်လို့ရတယ်။ TR visa နဲ့နေလို့ရတယ်။ ပန်းရောင်ဘတ်ရိုက်လို့ရတယ်။ NonB, Non O Visa နဲ့နေလို့ရတယ်။ အကုန်လုံးနဲ့နေလို့ရပါတယ်။
အဲ့ဆို
PJ ဖြစ်ရင်ရော ❓
---------
👉 ရပါတယ် အလုပ်လာလုပ်လို့ရပါတယ်။ Buttttt ⛔OWIC ကတ်⛔ ကို မြန်မာဘက်ခြမ်း လေဆိပ်မှာ ပြကိုပြရလို့ ⛔ OWIC ကတ်⛔ ရှိမှရပါမယ်။
🚩မြန်မာထဲအ၀င်အထွက်လုပ်တိုင်းပြရပါတယ်။🚩 ထိုင်းဘက် immgration မှာလုံး၀လုံး၀ ပြစရာမလိုပါ။
👉 အဲ့တော့ PJ နဲ့လာပီး အလုပ်လုပ်လို့ရတယ်။ ကျောင်းတတ်လို့ရတယ်။ TR visa နဲ့နေလို့ရတယ်။ ပန်းရောင်ဘတ်ရိုက်လို့ရတယ်။ Visa အကုန်လုံးနဲ့နေလို့ရပါတယ်။ ဒါပေမဲ့ မြန်မာအထွက်ကိုအ၀င်ကို ⛔ OWIC ကတ်⛔ ပြဖို့လိုပါမယ်။
PE
-------
သိပ်မသိပေမဲ့ သူလည်း အလုပ်လုပ်လို့ရတယ်။ ကျောင်းတတ်လို့ရတယ်။ TR visa နဲ့နေလို့ရတယ်။ ပန်းရောင်ဘတ်ရိုက်လို့ရတယ်။ Visa အကုန်လုံးနဲ့နေလို့ရပါတယ်။

နောက်တခုက Thai Work Permit 🪪🪪🪪
------------
မြန်မာလိုဆိုရင် 👉ထိုင်းမှာအလုပ်လုပ်ခွင့်👈 ထိုင်းကို အပေါ်က ဘာ passport နဲ့ပဲလာလာထိုင်းမှာ တရား၀င် အလုပ်လုပ်မယ်ဆိုတာနဲ့ 👉 Work Permit 👈 လိုပါတယ်။
သိသလောက် Work Permit ၂ခုရှိတယ်။
အဲဒါကို အသေးစိတ် မရှင်းပြခင်မှာ နိုင်ငံခြားမှာ အလုပ်လုပ်မယ်ဆိုရင် အလုပ်အကိုင် အမျိုးအစား ၂မျိုးရှိပါတယ်။
👉 Blue collar and White collar

✅ Blue collar - အခြေခံလုပ်သား - စားပွဲထိုး၊ အိမ်အကူ၊ အရောင်း၀န်ထမ်း၊ စက်ရုံ၀န်ထမ်း စသည်ဖြင့်လုပ်ရတဲ့သူတွေပါ။

✅ White collar - ကျွမ်းကျင်လုပ်သား - company ၀န်ထမ်း၊ accountant , IT Developer စသည်ဖြင့်လုပ်ရတဲ့သူတွေပါ။ ကျွမ်းကျင်တဲ့ အသက်မွေး၀မ်းကျောင်းပညာနဲ့လုပ်တဲ့သူပေါ့။
အခု Work Permit ကိုပြန်လှည့်ကြစို့...
-----
ကိုယ်လာရှာမဲ့အလုပ်က ဘာအလုပ်လဲ..Blue collar 🤔 White collar🤔 ❓
👉👉👉
✅ Blue collar သမားတွေအလုပ်လုပ်ရင် အလုပ်လုပ်ခွင့် Work Permit က ပန်းရောင်ကတ်လုပ်ရင် လုပ်ရတဲ့ Work Permit ပေါ့။
💎အလုပ်ရရင် သူဌေးကလုပ်ပေးသလို၊ ကိုယ်ဘာသာကိုယ်နေထိုင်ခွင့် ရချင်လို့ သူဌေးအဌားနဲ့ကိုယ်စရိတ်ကိုယ်စိုက်ပီး အလုပ်လုပ်ခွင့်လျောက်ကျပီး နေထိုင်ခွင့်ပါလျောက်ကျတာပါ။

✅ White collar သမားတွေက အလုပ်လုပ်ရင် အလုပ်လုပ်ခွင့် Work Permitက အပြာရောင်စာအုပ်နဲ့လာတယ်။ BOI Company ဆိုရင် Digital Format နဲ့လာတယ်။
💎 Company ဘက်ကအကုန် အစအဆုံးလုပ်ပေးတာမို့ ကိုယ့်ဘက်ကခေါင်းစားစရာမလိုပါဘူး။ အလုပ်မရပဲ Work Permit သူဌေးအဌားနဲ့ ၀ယ်လို့လည်းမလွယ်ပါဘူး အလုပ်ရရင် Company ကအစအဆုံးအကုန်တာ၀န်ယူပါတယ်။
နောက်ဆုံးတခု Work VISA
-----------
အဲ့လို Work Permit လုပ်ပီးရင် သက်ဆိုင်ရာနေထိုင်ခွင့်ကို လျောက်ရပါတယ်။ အဲတော့ Work Visa ရတော့မှ တရား၀င်နေထိုင်ခွင့်ရသွားတာပါ။
👉 အသေးစိတ်ရှင်းပြရရင်👈
-------
✅ Blue collar - Work Permit လုပ်ပီးရင် နေထိုင်ခွင့် VISA ကို Passport ထဲထည့် or စာအုပ်က overstay တို့ အပျောက်ခံ ဖြစ်သွားပီဆို Passport အစား Ci စာအုပ်အစိမ်းကို လုပ်ပီးမှ နေထိုင်ခွင့် VISA ကိုထည့်ရပါမယ်။ ဒါဆို တရား၀င်နေထိုင်တဲ့နည်းလမ်းပါပဲ။

✅ White collar - Work Permit လုပ်ပီးရင် နေထိုင်ခွင့် Non-B VISA ကို Passport ထဲထည့်။
သူက Company ကအစအဆုံးလုပ်ပေးလို့ လက်မှတ်လိုက်ထိုး ဓာတ်ပုံလိုက်ရိုက်ပါပဲ။ အဲ့ Process တွေပီးပီဆို သူလည်းတရား၀င်နေထိုင်လို့ရသွားပါပီ။
နားလည်လာပီလို့ထင်ပါတယ်။👏👏👏
နိဂုံးချုပ်ရမယ်ဆိုရင်
------
✅ PV - အလုပ်လုပ်လို့ရတယ်။ ကျောင်းတတ်လို့ရတယ်။ TR visa နဲ့နေလို့ရတယ်။ ပန်းရောင်ဘတ်ရိုက်လို့ရတယ်။ လုပ်ချင်ရာလုပ်။

✅ PJ - အလုပ်လုပ်လို့ရတယ်။ ကျောင်းတတ်လို့ရတယ်။ TR visa နဲ့နေလို့ရတယ်။ ပန်းရောင်ဘတ်ရိုက်လို့ရတယ်။ လုပ်ချင်ရာလုပ်။ ဒါပေမဲ့ မြန်မာဘက်ကိုတော့ အထွက် ⛔OWIC ကတ်⛔ ပြကိုပြရမယ်။ မပြနိုင်ရင် PV ပြောင်းပါ။

✅ Work Permit - ထိုင်းတွင်အလုပ်လုပ်ခွင့်ကတ်၊
သူက ကတ်နဲ့ စာအုပ်နဲ့ ရှိတယ်။

✅ Work Visa - ထိုင်းတွင်နေထိုင်ခွင့် အတုံး၊
သူက Passport အနီထဲမှာ ထုထားတာပါ။
❗တခုသတိထားရမှာက -❗

🚩 တရား၀င်နေထိုင်သူဖြစ်ချင်တယ်၊ နောက်နိုင်ငံရွေ့ဖို့်ပြသနာမရှိစေချင်ဘူးဆိုရင် Passport အနီထဲက 👉 ဘယ်ကနေ ဘယ်ထိ 👈 နေထိုင်လို့ရပါတယ်ဆိုတဲ့အတုံးကို Work Permit လုပ်နေတဲ့ ကာလအတွင်း သက်တမ်းအမြဲတိုးရပါမယ်။

🚩 ကိုယ်သိသလောက်တော့ Blue collar Pink card လုပ်ပီးရင် white collar အလုပ်လုပ်ဖို့ Visa လျောက်ဖို့မလွယ်ပါဘူး။
- လွယ်လွယ်လေးတွေးကြည့်နိုင်ပါတယ် အခြေခံလူတန်းစားအလုပ်လုပ်လုပ်ပီး ဘယ်လိုဖြစ်လို့ white collar ဖြစ်လာလဲဆိုပီး immgration က checking တွေလာသလို
- white collar အလုပ်က လစာ ၂၅၀၀၀ ကစရတာဖြစ်လို့ ကိုယ်ဘယ်လောက်ပဲကျွမ်းကျင်ကျွမ်းကျင် blue collar လုပ်ထားလို့ လစာအများကြီးရဖို့ % အရမ်းနည်းပါတယ်။ ကိုယ်ထင်မြင်ချက်ဖြစ်သလို ကိုယ့်စီနီယာတွေပြောပြပေးတာပါ။
- IT Remote ဆိုရင်တော့ နေထိုင်ခွင့် Work Permit တွေ မလိုဘူးပေါ့နော် ဘာ VISA နဲ့နေနေ Work Permit မလိုဘူး။
အိမ်ကိုဘယ်လိုရည်ရွယ်ပီး ရှာရတယ်ဆိုတဲ့ Post လေးလည်းရေးနေပါတယ် နောက် ၂ရက် ၃ရက်အတွင်းတင်ပေးပါမယ်ရှင့်။
အားလုံးအဆင်ပြေစေချင်တဲ့စိတ်၊ အသိပညာတိုးပွားစေချင်စိတ်၊ ချစ်တဲ့စိတ် နဲ့ ကိုယ်လေ့လာမိိသလောက်ရေးထားတာဖြစ်လို့ အမှားပါခဲ့ရင် ပြောပေးပါနော်။ ခွှင့်လွှတ်ပေးပါရှင့်။
ဘာတွေပြောပြော....

⛔ လူလိမ်သတိထားပါ
⛔ အရမ်း မလောပါနဲ့ လို့ပြောချင်ပါတယ်။

💬 သိချင်တာရှိရင် comment မှာမေးလို့ရပါတယ်ရှင့်။
အားလုံးပဲများကြီးချစ်တယ်နော် 🫶🏻🫶🏻🫶🏻














# credit to owner 🙏

မြန်မာနိုင်ငံသား Passport ရှိရုံနဲ့ အလည်ဗီဇာ(Visa) freeသွားလို့ရတဲ့ နိုင်ငံများ......1) Singapore.   30day2) Thailand.  ...
02/03/2024

မြန်မာနိုင်ငံသား Passport ရှိရုံနဲ့ အလည်ဗီဇာ(Visa) freeသွားလို့ရတဲ့ နိုင်ငံများ......

1) Singapore. 30day
2) Thailand. 14day
3) Cambodia. 14day
4) Indoesian. 30day
5) Laos. 14day
6) Philp. 30day
7) Vietnam. 14day
😎 Maldives. 30day
9) Dominicam 21day
10) Micronesia 30day
11) Brunei. 14day
12) Ecuador. 90day
ဒီနိုင်ငံတွေ ဗီဇာ(Visa) မလိုဘဲ Passport ရှိရုံနဲ့သွားလို့ရပါတယ်။

ဗဟုသုတပိုစ့် ထိုင်းကိုလာဖို့ပြင်ဆင်နေပြီဟုတ်?😃ထိုင်းနိုင်ငံမှာ ရပ်တည်ဖို့ လိုအပ်တဲ့အချက်အလက်တွေ‌ လေ့လာနိုင်မယ့် ပေ့ခ်ျ‌တ...
08/02/2024

ဗဟုသုတပိုစ့်

ထိုင်းကိုလာဖို့ပြင်ဆင်နေပြီဟုတ်?😃

ထိုင်းနိုင်ငံမှာ ရပ်တည်ဖို့ လိုအပ်တဲ့အချက်အလက်တွေ‌ လေ့လာနိုင်မယ့် ပေ့ခ်ျ‌တွေကို လက်လှမ်းမှီသလောက်‌ အောက်ကခေါင်းစဉ်အလိုက် စုစည်းထားပါတယ်။ 💪💪

၁။ အလုပ်အကိုင်
၂။‌ နေဖို့အခန်း
၃။ အထွေထွေ
၄။ ဘဏ်ကိစ္စ (Banking)
၅။ ကျောင်းတတ်ရန်
၆။ ထိုင်းဘာသာစကား
၇။ ဗီဇာ ကိစ္စ
၈။ ပစ္စည်းဟောင်းများ ရောင်းဝယ်ရေး

💙 အားလုံး အဆင်ပြေကြပါစေ 💙

1️⃣ အလုပ်အကိုင်🟥🟥

https://www.jobbluesky.com/

https://www.facebook.com/groups/479052993326545/?ref=share&mibextid=NSMWBT

https://www.facebook.com/groups/232815874421243/?ref=share&mibextid=NSMWBT

https://www.facebook.com/SurachaiMintun?mibextid=ZbWKwL (အလုပ်သမားရေးရာအကြောင်း)

https://www.facebook.com/groups/1073241416889146/?ref=share&mibextid=NSMWBT

https://www.facebook.com/groups/jobsbkk/?ref=share&mibextid=NSMWBT

https://www.facebook.com/groups/migrantbluecollar/?ref=share&mibextid=NSMWBT

https://www.facebook.com/groups/jobsbkk/?ref=share&mibextid=NSMWBT

https://www.facebook.com/groups/423301498616034/?ref=share&mibextid=NSMWBT

https://www.facebook.com/groups/178136248606195/?ref=share&mibextid=NSMWBT

https://www.facebook.com/share/p/jgvutW476Nz8J3W9/?mibextid=Nif5oz (သရုပ်ဆောင်)

https://www.facebook.com/groups/1528203414162331/?ref=share&mibextid=NSMWBT (ဟိုတယ်)

https://www.facebook.com/groups/1495770854008745/?ref=share&mibextid=NSMWBT (ရုံး)

https://www.facebook.com/groups/377428216354133/?ref=share&mibextid=NSMWBT (အစားအသောက်နှင့်ဖျော်ရည် F&B)

https://www.facebook.com/groups/teachingjobsinthailand/?ref=share&mibextid=NSMWBT (သင်ကြားရေး)

https://www.facebook.com/groups/ThailandTeachingJobs/?ref=share&mibextid=NSMWBT (သင်ကြားရေး)

https://www.facebook.com/groups/phuketjobvacancy/?ref=share&mibextid=NSMWBT (ဖူးခက်)

https://www.facebook.com/groups/705679009954050/?ref=share&mibextid=NSMWBT (ဖူးခက်)

https://www.facebook.com/groups/JobsChiangMai/?ref=share&mibextid=NSMWBT (ချင်းမိုင်)

2️⃣နေစရာအခန်း🟥🟥

https://www.renthub.in.th/

https://propertyhub.in.th/en

https://www.facebook.com/bkkrooms4shweMM?mibextid=ZbWKwL

https://www.facebook.com/groups/539135131046338/?ref=share&mibextid=NSMWBT

https://www.facebook.com/ktnbkk?mibextid=ZbWKwL

https://www.facebook.com/groups/5183046771757578/?ref=share&mibextid=NSMWBT

https://www.facebook.com/groups/332150827686913/?ref=share&mibextid=NSMWBT

https://www.facebook.com/groups/274684674586934/?ref=share&mibextid=NSMWBT

3️⃣အထွေထွေ🟥🟥

https://www.facebook.com/share/p/mB7mpTYSzW5s83nH/?mibextid=Nif5oz

https://www.facebook.com/share/p/AzePkUyP3QRzuWEC/?mibextid=Nif5oz

https://www.facebook.com/share/p/QbiAS71WuKp5TpcL/?mibextid=Nif5oz

https://www.facebook.com/share/p/YqN3Ha69EeSmst5h/?mibextid=Nif5oz

https://www.facebook.com/groups/223152040742445/?ref=share&mibextid=NSMWBT

https://www.facebook.com/groups/396199535242776/?ref=share&mibextid=NSMWBT

https://www.facebook.com/groups/bkkyoungexpats/?ref=share&mibextid=NSMWBT

https://www.facebook.com/groups/BangkokClassifiedsForum/?ref=share&mibextid=NSMWBT

https://www.facebook.com/groups/157117436243803/?ref=share&mibextid=NSMWBT (ဖူးခက်)

https://www.facebook.com/groups/1164852697396671/?ref=share&mibextid=NSMWBT (မဲဆောက်)

4️⃣ဘဏ်ကိစ္စ (Banking)🟥🟥

https://www.facebook.com/groups/434177855403125/?ref=share&mibextid=NSMWBT

5️⃣ကျောင်းတတ်ရန်🟥🟥

https://www.facebook.com/derkievlog?mibextid=ZbWKwL

https://www.facebook.com/groups/356474966309573/?ref=share&mibextid=NSMWBT

6️⃣ထိုင်းဘာသာစကားလေ့လာရန်🟥🟥

https://www.facebook.com/dearburma?mibextid=ZbWKwL

https://www.facebook.com/share/p/4snT1YbKroYAsjuC/?mibextid=Nif5oz

7️⃣Visa🟥🟥

https://www.facebook.com/share/p/AmuZdCaY6vvnKWwS/?mibextid=Nif5oz

8️⃣Second hand ပစ္စည်းများ ရောင်းဝယ်ရေး🟥🟥

https://www.facebook.com/share/p/g8M79abDjhPEaiuB/?mibextid=Nif5oz

https://fb.watch/qhD6p7kfbE/?mibextid=Nif5oz

https://www.facebook.com/groups/362227687928988/?ref=share&mibextid=NSMWBT

https://www.facebook.com/groups/713025952162697/?ref=share&mibextid=NSMWBT

https://www.facebook.com/groups/mosbangkok/?ref=share&mibextid=NSMWBT

လွတ်လပ်စွာရှဲနိုင်ပါတယ်။

Visa များအကြောင်း ထိုင်းမှာ နိုင်ငံခြားသားတွေ ဘယ်လိုဗီဇာတွေနဲ့ နေထိုင်ကြသလဲ၊ ထိုင်းမှာ နေထိုင်ရင် တစ်လ ဘယ်လောက်ကုန်နိုင်...
06/02/2024

Visa များအကြောင်း

ထိုင်းမှာ နိုင်ငံခြားသားတွေ ဘယ်လိုဗီဇာတွေနဲ့ နေထိုင်ကြသလဲ၊ ထိုင်းမှာ နေထိုင်ရင် တစ်လ ဘယ်လောက်ကုန်နိုင်မလဲဆိုတာ ခုချိန်မှာ အသိချင်ကြဆုံးပါ....
သွားလိုက်ပြန်လိုက် လုပ်ချင်တဲ့သူတွေအတွက် အရင်ဆုံး ပြောရရင်...
ပုံမှန် Tourist Visa (ဆိုက်ရောက်) ဟာ ၁၄ ရက် နေထိုင်ခွင့်ရပြီး၊ အကြောင်းကြောင်းကြောင့် သက်တမ်းတိုးချင်ရင် ၁ လ သက်တမ်းထပ်ရတဲ့ eVisa Extension နဲ့ ၃ ခါလောက်ထိ (တချို့ကလည်း ၅ ခါလောက်ရတယ်ဆိုပါတယ်) တိုးနေလို့ရနိုင်ပါတယ်။ ဈေးကတော့ တစ်ကြိမ်ကို ဘတ် ၂,၄၀၀ ခန့် ကုန်ကျပါတယ်။ မြန်မာသံရုံးမှာ ထောက်ခံစာ ယူရတာ မလုပ်တတ်/မလုပ်ချင်လို့၊ အွန်လိုင်းကနေ မတင်တတ်လို့ ဆိုပြီး အကျိုးဆောင်တွေ အားကိုးရမှာဆိုရင်တော့ ဘတ် ၄,၅၀၀၊ ၅,၅၀၀ ထိ ဈေးပေါက်ပါတယ်။
အကောင်းဆုံးကတော့ မြန်မာက ထိုင်းသံရုံးမှာ ဗီဇာလျှောက်လာတာပါပဲ။ ဗီဇာသက်တမ်း ၃ လ မှာ ၂ လ အပြည့်နေထိုင်ခွင့်ရပြီး ကျန်တဲ့ ၁ လကို ထိုင်း လဝက ရုံးမှာ သက်တမ်း အလွယ်တကူ ပြန်တိုးနိုင်ပါတယ်။ သက်တမ်းတိုးခ ဘတ် ၁,၉၀၀ ပေးရတတ်ပါတယ်။ ဒီနေရာမှာ အဲ့ဒီ TR ၂ လ ဗီဇာကို Laksi ရုံးဘက်မှာ တိုးရင် ၁ ပတ်ပဲ ရပြီး၊ ချဝတ်ထနာရုံးဘက်မှာ တိုးမှ ၁ လ ထပ်ရနိုင်တာပါ။
အခုနောက်ပိုင်းမှ ထပ်တိုးလာတဲ့ ၆ လ ဗီဇာ ကိုလည်း မြန်မာက ထိုင်းသံရုံးမှာ လျှောက်နိုင်ပါတယ်။ စီးပွားရေးဗီဇာပုံစံမျိုးဖြစ်ပြီး တစ်ကြိမ်ကို ၃ လ အထိ တစ်ဆက်တည်းနေထိုင်နိုင်ပြီး အဝင်အထွက် Multiple ရရှိနိုင်ပါတယ်။ သံရုံးမှာ တင်ပြရတဲ့ ဘဏ်ငွေကြေးပမာဏနဲ့ အချက်အလက်ကတော့ အနည်းငယ်ပိုများပါတယ်။
ရေရှည်ပဲ တစ်ဆက်တည်းနေထိုင်မယ်လို့ စဉ်းစားဆုံးဖြတ်ထားရင်တော့ တခြား​ဗီဇာ အမျိုးအစားတွေကို စဉ်းစားနိုင်ပါတယ်။​ ဒီဗီဇာအမျိုးအစားတချို့ကိုတော့ မြန်မာသံရုံးကနေလည်း လျှောက်ထားနိုင်သလို၊ ဒီရောက်မှ လျှောက်ထားနိုင်တာတွေလည်း ရှိပါတယ်။
𝐖𝐨𝐫𝐤 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐕𝐢𝐬𝐚
အလုပ်တရားဝင် လာလုပ်တဲ့ ဗီဇာအမျိုးအစားဖြစ်ပြီး White Collar သမားတွေကတော့ OWIC ကတ်ကို မြန်မာပြည်က လုပ်လာဖို့လိုအပ်ပါတယ်။ Blue Collar သမားတွေကတော့ Pink Card ကို လျှောက်ထားပြီး လုပ်ဆောင်နိုင်ကြပါတယ်။ ဒီအမျိုးအစားထဲမှာ Non-Immigrant B Visa, M Visa (for media), IB Visa (for investor), BA Visa (for investor) ဆိုပြီး အစားစားရှိသေးသလို တင်ပြရတဲ့ အချက်အလက်နဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏပေါ်မူတည်ပြီး ကွာခြားပါတယ်။ Pink Card ဟာလည်း ဈေးအတော်သက်သာတဲ့အတွက် နောက်ပိုင်း လူလတ်တန်းစားတွေကပါ ကြိုးစားလာကြပါတယ်။ ပန်းရောင်ကတ်ထဲက အလုပ်ဗီဇာကို ပတ်စပို့စာအုပ်ထဲ ပြောင်းထည့်နိုင်လာတဲ့နောက်ပိုင်းမှာ ဒီဗီဇာဟာလည်း လူကြိုက်များလာပါတယ်။ ဈေးအားဖြင့် ဘတ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ ကြား အကျိုးဆောင်ဈေးရှိပါတယ်။ ဘတ်ရိုက်တယ်လို့ အလွယ်ပြောကြတဲ့ ပန်းရောင်ကတ်ဟာလည်း ရဖို့ခက်ခဲပြီး ထိုင်းအစိုးရဘက်က ဖွင့်တဲ့အချိန်မှသာ လုပ်ဆောင်နိုင်တာမို့ အတော်ကြိုးစားရပါတယ်။ မှတ်ပုံတင်ပဲ ရှိတဲ့သူတွေအတွက်လည်း CI စာအုပ်ဆိုတာ ရှိပါသေးတယ်။ အဲ့ဒီစာအုပ်ကနေ ပန်းရောင်ကတ်ကို ရယူနိုင်ပါတယ်။
Business Visa အတွက် ကုမ္ပဏီဖွင့်၊ ဆိုင်ဖွင့်ပြီးတော့လည်း ရယူနိုင်ပါသေးတယ်။ ဒါကတော့ နည်းနည်းအဆင့်မြင့်လာပြီပြောရမယ်။ ကုန်ကျစရိတ်အားဖြင့်လည်း ပထမပိုင်းမှာတော့ ဘတ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ လောက်ထိ ကုန်ကျနိုင်ပြီး လစဉ်တော့ ဘတ် ၁၀,၀၀၀ ဝန်းကျင် ကုန်ကျနိုင်ဖို့ရှိပါတယ်။ လုပ်ငန်းတစ်ခု ဖြစ်လာပြီဆိုရင်တော့ လိုအပ်တဲ့ စာရင်းရှင်းတမ်း၊ အခွန်အခ ကိစ္စအပါအဝင် ထိုင်းလူမျိုး ရာခိုင်နှုန်းတစ်ဝက်ကျော်ပိုင်ဆိုင်မှုပါမှ ဖြစ်တာကြောင့် ထိုင်းလူမျိုးအမည်ခံခတွေကိုပါ ထည့်သွင်းတွက်ချက်ပြီး ပြင်ဆင်ထားရတော့မှာ ဖြစ်ပါတယ်။
𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐕𝐢𝐬𝐚
အလုပ်လည်း မရှိသေးဘူး/ မလုပ်ချင်ဘူး၊ ထိုင်းမှာလည်း ကြာကြာနေချင်တယ်ဆိုရင်တော့ ဒီဗီဇာအမျိုးအစားက အတော် အဆင်ပြေပါတယ်။ Education Visa ဖြစ်ပြီး ထိုင်းမှာ ထိုင်း/အင်္ဂလိပ်/တရုတ်/ဂျပန် စတဲ့ ဘာသာစကား တစ်မျိုးမျိုးကို သင်နေရုံနဲ့ ရရှိနိုင်ပါတယ်။ မွေထိုင်းလက်ဝှေ့ကျောင်းတချို့လည်း ဒီဗီဇာမှာ အကျုံးဝင်ပါတယ်။ ဘာသာစကားသင်တန်းတက်ရင်တော့ တစ်နှစ် တစ်ခါ ဘာသာစကားပြောင်းလဲသင်ဖို့လိုအပ်သလို၊ နိုင်ငံအဝင်အထွက် ခဏခဏ လုပ်ရင်လည်း လေဆိပ်မှာ စာမေးခံရတာမျိုး ရှိနိုင်ပါတယ်။ တက္ကသိုလ်တစ်ခုခုမှာ ကျောင်းတက်ရင်တော့ ၅ နှစ်လောက်အထိ ကျောင်းသားတစ်ယောက်အနေနဲ့ နေနိုင်ပါတယ်။ သို့ပေမဲ့ အသက် ၅၀ အောက်ပဲ ဖြစ်ရပါမယ်။
𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 𝐕𝐢𝐬𝐚
ဒီဗီဇာကိုတော့ ထိုင်းက လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းမျိုးစုံ မှာ ကူညီလုပ်ဆောင်သူတွေ လျှောက်ထားနိုင်ပြီး နယ်စပ်ဘက်က တချို့အဖွဲ့အစည်းတွေ လုပ်ဆောင်ပေးတတ်ကြပါတယ်။
𝐑𝐞𝐭𝐢𝐫𝐞𝐦𝐞𝐧𝐭 𝐕𝐢𝐬𝐚
အသက် ၅၀ အထက်က ဘယ်လိုနေရမလဲဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ Retirement Visa ရှိပါတယ်။ ဒီဗီဇာက ဘဏ်မှာ ဘတ်ငွေ ၈ သိန်းပြပြီး အလွယ်တကူလျှောက်ထားနိုင်တာမျိုးပါပဲ။ ပထမ စလျှောက်တဲ့နှစ်မှာ ၁၅ လ သက်တမ်းအထိ နေထိုင်ခွင့်ရပြီး နောက်ပိုင်းနှစ်တွေမှာတော့ ၁၂ လ ဆီ သက်တမ်းတိုး ရနိုင်ပါတယ်။
𝐆𝐮𝐚𝐫𝐝𝐢𝐚𝐧 𝐕𝐢𝐬𝐚
ကျောင်းတက်အရွယ်ကလေးရှိတဲ့ မိဘတွေ လျှောက်ထားနိုင်တဲ့ ဗီဇာ အမျိုးအစားဖြစ်ပါတယ်။ မိဘ နှစ်ဦး မှာ တစ်ဦးသာ လျှောက်ထားခွင့် ရှိတာမို့ မိသားစုလိုက် လာနေမယ်ဆိုရင် ကလေး ၂ ယောက်လောက် ရှိနေပြီး ၂ ဦးစလုံးကို ထိုင်းက ကျောင်းတွေမှာ ထားနေမှ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။
𝐌𝐚𝐫𝐫𝐢𝐚𝐠𝐞/𝐒𝐩𝐨𝐮𝐬𝐞 𝐕𝐢𝐬𝐚
ထိုင်းနိုင်ငံသားနဲ့ လက်ထပ်ပြီး ဒီဗီဇာကို ရယူနိုင်ပါတယ်။ ဟိုးအရင်ကနေ ခုထိလည်း ဟန်ဆောင်လက်ထပ်တဲ့ဝန်ဆောင်မှုလုပ်ပေးနေသူတွေ ရှိနေဆဲဖြစ်ပါတယ်။ ဆိုးချက်ကတော့ ကိုယ့်အပေါ် မသမာသူ၊ ငွေညှစ်နိုင်သူတွေနဲ့ ကြုံဆုံနိုင်ချေ များတာပါပဲ။ အားသာချက်ကတော့ အလုပ်ပါ တရားဝင် လုပ်နိုင်တာပါပဲ။
𝐄𝐥𝐢𝐭𝐞 𝐕𝐢𝐬𝐚
ဒီဗီဇာကတော့ အပျံစားသူဌေးဗီဇာ ပါ။ ထိုင်းမှာ ၅ နှစ်ကနေ နှစ် ၂၀ အထိ ကိုယ်ရွေးချယ်မှုအပေါ်မူတည်ပြီး နေထိုင်နိုင်ပါတယ်။ အဲ့ဒါအပြင် ဒီဗီဇာကိုင်ထားရင် အစိုးရက ကိုယ့်အတွက် ဒီလို အပိုဆောင်း​ဝန်ဆောင်မှုတွေပါ ထပ်ပေးပါသေးတယ်။
▪️လေဆိပ်အကြိုအပို့ဝန်ဆောင်မှု
▪️ဂေါက်ကလပ်အသင်းဝင်ခွင့်
▪️ပထမတန်းစားတည်းခိုနေထိုင်စရာနေရာများ
▪️ကျန်းမာရေးစောင့်ရှောက်မှုအကျိုးခံစားခွင့်များ
▪️လူဝင်မှုစစ်ဆေးရေးမှာ ဦးစားပေးဆက်ဆံမှု
ဒါတွေပါ ခံစားရနိုင်ပါတယ်။
ဒီဗီဇာ မှာ Gold, Platinum, Diamond နဲ့ Reserve ဆိုပြီး ၄ မျိုးရှိပါတယ်။ ဈေးနှုန်းအားဖြင့် ဘတ် ၉ သိန်း၊ ၁၅ သိန်း၊ ၂၅ သိန်း နဲ့ သိန်း ၅၀ ဆိုပြီး အသီးသီးရှိပါတယ်။
𝐒𝐦𝐚𝐫𝐭 𝐕𝐢𝐬𝐚
ဒီဗီဇာအမျိုးအစားက အသစ်ထပ်ပြီး ပေါ်လာတဲ့ ဗီဇာအမျိုးအစားပါ။ ထိုင်းက သတ်မှတ်ထားတဲ့ ကဏ္ဍ ၁၀ ခု မှာ ကျွမ်းကျင်အဆင့်တွေ၊ အရည်အချင်းရှိသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ ကို ထုတ်ပေးတဲ့ဗီဇာဖြစ်ပါတယ်။ မိသားစုပါ ခေါ်နေခွင့်ရှိတဲ့ ဗီဇာဖြစ်ပါတယ်။ အောက်ဖော်ပြကဏ္ဍတွေထဲက ဆိုရင် လျှောက်ထားလို့ရနိုင်ပါတယ်။
▪️next-generation automotive
▪️smart electronics
▪️affluent, medical and wellness tourism
▪️agriculture and biotechnology
▪️food for the future
▪️robotics
▪️aviation and logistics
▪️biofuels and biochemicals
▪️digital
▪️medical hub
𝐎𝐭𝐡𝐞𝐫 𝐕𝐢𝐬𝐚 𝐓𝐲𝐩𝐞𝐬
ရေရှည်နေထိုင်လိုသူတွေအတွက် အခြားစဉ်းစားလို့ရတဲ့ ဗီဇာ အမျိုးအစားတွေ ရှိသေးပေမဲ့ သက်ဆိုင်ရာနယ်ပယ်အတွက်ပဲ သီးသန့်လို ဖြစ်နေပါလိမ့်မယ်။ Religious Visa, Expert Visa, Diplomatic /Official Visas, Scientific Research Visa စတာတွေပဲ ဖြစ်ပါတယ်။
ထိုင်းမှာ ဈေးအသက်သာဆုံးနဲ့ အကြာဆုံးနေထိုင်နိုင်ဖို့ကတော့ ထိုင်းလူမျိုးတစ်ယောက်ကို ကောက်ယူလိုက်တာပါပဲလို့ ဒီမှာတော့ အရွှန်းဖောက်ကြလေ့ရှိပါတယ်။
ထိုင်းမှာ ဗီဇာကိစ္စပြီးရင် တခြားစဉ်းစားကြရတာတွေက -
နေထိုင်စရိတ်
-----------
ဘန်ကောက်လို မြို့ကြီးပြကြီးမှာတော့ အနိမ့်ဆုံး ဘတ် ၃,၅၀၀ တန် တိုက်ခန်းတွေက စရှိပြီး ဝင်ငွေနည်းတဲ့ကာလတွေမှာ လူငယ်တွေ စုပေါင်းနေတတ်ကြပါတယ်။ ဘတ် ၅,၀၀၀ ဝန်းကျင်ရှိတဲ့ Appartment တွေက ခေတ်အစားဆုံးနဲ့ အများဆုံး ငှားရမ်းတတ်ကြပါတယ်။ ဘတ် ၇,၀၀၀ နဲ့ ဘတ် ၉,၀၀၀ ကြားကတော့ နည်းနည်း အဆင့်မြင့်လာပြီး၊ ဘတ် ၁၀,၀၀၀ ကျော်ပြီ ဆိုရင်တော့ ရေကူးကန်၊ Gym စတာတွေ စုံအောင်ပါတဲ့ ကွန်ဒိုအပျံစားတွေမှာ နေထိုင်နိုင်သွားပါပြီ။ မီးခ နဲ့ ရေခ လည်း ထည့်စဉ်းစားရပါတယ်။ ရေခကတော့ နည်းပါးတတ်ပြီး ဘတ် ၁၀၀ ဝန်းကျင်လောက်ရှိတတ်ပြီး မီးခကတော့ ဈေးနည်းနည်းရှိပါတယ်။ ဘတ် ၅၀၀ ကနေ ၁၀၀၀ ကျော်အထိ ကျသင့်တတ်ပါတယ်။
နေဖို့ရှာတာကိုတော့ မြန်မာအကျိုးဆောင်တွေကိုချည်း အားကိုးနေတာထက် Renthub လိုမျိုး DDproperty လိုမျိုး Website တွေကနေ ရှာဖွေကြည့်စေချင်ပါတယ်။



ရေသန့်စက်မှာရေပြန်ထည့်ဖို့နည်းလမ်းလေးပါရှင့်။- ပထမဦးဆုံးအကြွေစေ့ထည့်ဖို့ ဒေါင်လိုက်အပေါက်လေးအထဲကိုအကြွေစေ့ထည့်ပါရှင့်။-ပ...
06/02/2024

ရေသန့်စက်မှာ
ရေပြန်ထည့်ဖို့နည်းလမ်းလေးပါရှင့်။

- ပထမဦးဆုံးအကြွေစေ့ထည့်ဖို့ ဒေါင်လိုက်အပေါက်လေးအထဲကိုအကြွေစေ့ထည့်ပါရှင့်။
-ပြီးလျှင်ရေသန့်ဘူးပုံပြထားတဲ့အထဲကိုရေသန့်ဘူးကြီးကြီးထည့် ပီးရင်ခလုတ်အစိမ်းလေးနှိပ်လိုက်ပါ။
-ဒါဆိုရေထည့်လို့ရပါပီရှင့်။
- ကျသင့်ငွေကတော့ ၂လီတာ ၁၀ဘူးလောက်မှ ၁၃ဘတ်/၁၅ဘတ်လောက်ပါပဲရှင့်။

Vday အတွက် 🤎စာပေဝါသနာ  partner လေးဆို ဒါလေးမိုက်တယ်နော် 🥺
06/02/2024

Vday အတွက် 🤎
စာပေဝါသနာ partner လေးဆို ဒါလေးမိုက်တယ်နော် 🥺

Book Bouquets 😍♥️💐

Sim card အကြောင်းထိုင်းနိုင်ငံကိုလာရောက်မဲ့သူတွေအတွက်လိုအပ်ခဲ့ရင် အထောက်ကူလေး ဖြစ်စေဖို့ပါ။ တို့ရွှေမြန်မာတွေ အကုန် အကျတ...
05/02/2024

Sim card အကြောင်း

ထိုင်းနိုင်ငံကိုလာရောက်မဲ့သူတွေအတွက်
လိုအပ်ခဲ့ရင် အထောက်ကူလေး ဖြစ်စေဖို့ပါ။ တို့ရွှေမြန်မာတွေ အကုန် အကျတွေ မပိုစေချင်လို့ပါ။
ခုပြောပြပေးမှာကတော့ ဘန်ကောက်ရောက်ရောက်ခြင်း ဖုန်းကဒ်ဝယ်မယ်ဆိုသူတွေအတွက်ပါနော်။
လေဆိပ်မှာ ခုက 8 days 15 days 30 days ဆိုပြီး sim တွေ အပြိုင်ဆိုင်ရောင်းနေကြတာ တွေ့ရပါလိမ့်မယ်ရှင့်။ 299/399 တွေ အပို မကုန်စေချင်တာပါ။ 7eleven မှာ ၄၉ ဘတ်တန် sim တွေရောင်းပါတယ်။ ငွေရှင်းကောင်တာမှာပဲ ကိုယ့်ရဲ့ passport နဲ့ကို register လုပ်ပေးပါတယ်။ ပြီးရင် စပြီး သုံးလို့ရပါပြီ။
budget လဲsave ဖြစ်မယ် long term သုံးချင်သူတွေတွက်လဲ အဆင်ပြေအောင်လို့နော်။
ရန်ကုန်မှာထဲက dtac သုံးမယ်ဆိုရင် application တစ်ခါတည်း down ခဲ့ပါ။
ပြီးတာနဲ့ 7eleven မှာ SIM card တစ်ခု ၄၉ဘတ်တန် ဝယ်ပါ။ ပြီးရင် ဘတ်၅၀/ ၁၀၀ ဖိုး ဖြည့်လို့ရပါတယ်။ (ကြိုက်သလောက်ဖြည့်လို့ရတယ်နော် ကျမက ရက်နည်းနည်းနေမယ့်သူတွက်ဆိုပြီး ရေးပေးတာမို့ပါ။ )
ပြီးရင် Application မှာ ဖုန်းနံပါတ်နဲ့ register လုပ်ပါ။ ပြီးရင်တော့ ကိုယ်ကြိုက်နှစ်သက်ရာ package တွေကိုရွေးပြီး ဝယ်လို့ရပါပြီ။
ရက်ရှည်နေ့မယ့်သူတွေက ဒီ SIM card လေးကို သက်တမ်းတိုးမယ်ဆို passport လေးယူပြီး နီးစပ်ရာ mall တွေပေါ်မှာရှိတဲ့ dtac/true showroom တွေမှာ SIM card သက်တမ်း ဆက်တိုးလို့ရပါတယ်။

04/02/2024

ဘာယူယူ 20% OFF

✨20% off မလို့ ထောင်ကျော်လေးနဲ့ BKK အစစ် အမိုက်စား တန်သောလေးတွေကိုအထူးလျော့ဈေး ဖြင့် ရနိုင်မယ့် Top လေးပါရှင်✨

🌼🍃Gym သွားမလား၊ ချစ်သူနဲ့ မုန့် ထွက်စားမလား ၊ ဒီတိုင်းဝတ်လို့ရ ၊အပေါ်ထပ်ပါး လေး ထပ်ဝတ်လဲ လှတယ်နော် 🎀🥰

🎀✨Top Size ▪️80 to 110Lbs
🎀✨ Price ▪️MMK8,000
(Colour 3 ရောင်ရပါမယ်ရှင်)

🍃🌼 Size အသေးစိတ်နဲ့ ပုံလေးတွေကြည့်ပြီးမှာယူနိုင်ပါတယ်ရှင်။

❤️‍🔥❤️‍🔥instock ရှိသေးတာမို့ size နဲ့ သိလိုတာလေးအသေးစိတ်ကို cb ကနေ စိတ်ကြိုက်မေးမြန်းဝယ်ယူနိုင်ပါပြီရှင်။

✨customerများ၏အကျိုးအမြတ်အတွက် 24 နာရီဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ။

✨ပို့ခ Free ပစ္စည်းရောက်ငွေချေစနစ်ရှိပါသည်။

✨အမြန်ပို့ဆောင်ပေးသည့်အတွက် ပစ္စည်းရဖို့စိတ်ချလိုက်ပါရှင်။

☎️ ဖုန်း 09767731696 ကိုလဲ ဆက်သွယ်နိုင်ပါတယ်ရှင့်။

04/02/2024

ဘာယူယူ 20% OFF

✨20% off မလို့ ထောင်ကျော်လေးနဲ့ BKK အစစ် အမိုက်စား တန်သောလေးတွေကိုအထူးလျော့ဈေး ဖြင့် ရနိုင်မယ့် Top လေးပါရှင်✨

🌼🍃Cutting ကျကျ နဲ့ လုံခြုံပီး ကိုကိုရဲ့ ချစ်စရာ အသဲတုံးလေးဖစ်ချင်သူများ ဝယ်ချလိုက်နော် 🎀🥰

🎀✨Top Size ▪️80 to 110Lbs
🎀✨ Price ▪️MMK8,000

🍃🌼 Size အသေးစိတ်နဲ့ ပုံလေးတွေကြည့်ပြီးမှာယူနိုင်ပါတယ်ရှင်။

❤️‍🔥❤️‍🔥instock ရှိသေးတာမို့ size နဲ့ သိလိုတာလေးအသေးစိတ်ကို cb ကနေ စိတ်ကြိုက်မေးမြန်းဝယ်ယူနိုင်ပါပြီရှင်။

✨customerများ၏အကျိုးအမြတ်အတွက် 24 နာရီဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ။

✨ပို့ခ Free ပစ္စည်းရောက်ငွေချေစနစ်ရှိပါသည်။

✨အမြန်ပို့ဆောင်ပေးသည့်အတွက် ပစ္စည်းရဖို့စိတ်ချလိုက်ပါရှင်။

☎️ ဖုန်း 09767731696 ကိုလဲ ဆက်သွယ်နိုင်ပါတယ်ရှင့်။

ที่อยู่

Yangon
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ သိဒ္ဓိစံ အလှကုန် လူသုံးကုန်ပစ္စည်းအမျိုးမျိုးผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์