Biko - Bike near Hpa-An

Biko - Bike near Hpa-An We are a biking sport provider which gives amazing feeling, stunning scenes, and sporty exercises in

😍😍
03/10/2020

😍😍

😍😍☺️☺️ .. စက်ဘီးလေးတွေနဲ့ချစ်စရာ
18/08/2020

😍😍☺️☺️ .. စက်ဘီးလေးတွေနဲ့ချစ်စရာ

အမှတ်တရ ညနေခင်းဖြစ်အောင် ဘယ်လိုဖြတ်သန်းကြမလဲ🌾🌾
18/02/2020

အမှတ်တရ ညနေခင်းဖြစ်အောင် ဘယ်လိုဖြတ်သန်းကြမလဲ🌾🌾

ရိုးရှင်းတဲ့ဘဝဆိုတာ------------------------------ညနေခင်းရဲ့နေဝင်ခါနီးအချိန်ခြောက်သွေ့နေတဲ့ ကောက်ရိုးခင်းတွေရွာကလေးတွေ ကျ...
17/02/2020

ရိုးရှင်းတဲ့ဘဝဆိုတာ
------------------------------
ညနေခင်းရဲ့နေဝင်ခါနီးအချိန်
ခြောက်သွေ့နေတဲ့ ကောက်ရိုးခင်းတွေ

ရွာကလေးတွေ ကျောင်းနေတဲ့
ကျိုးကျဲကျဲ ဆိတ်အုပ်နွားအုပ်တွေ
ပြီးတော့ ဖြတ်သွားဖြတ်လာ တောင်တန်းတွေ

အဲ့ဒီအရာတွေကို ညနေခင်းလေးရဲ့ လေပြည်လေအေးနဲ့အတူ စက်ဘီးကလေးစီးရင်း ထိတွေ့ခံစားခြင်း . . .
. . ပါပဲ

စပါးခင်းဖြစ်ခဲ့‌သော ကောက်ရိုးခင်း ထဲသို့ . . .
17/02/2020

စပါးခင်းဖြစ်ခဲ့‌သော ကောက်ရိုးခင်း ထဲသို့ . . .

😍😍
28/01/2020

😍😍

25/01/2020

နေမဝင်ခင်အချိန်ဆိုတာ အလှဆုံး . . . .♥️

@4:35 pm

#ဘားအံ

ကူးစက်မြန် 𝗪𝘂𝗵𝗲𝗻 𝗩𝗶𝗿𝘂𝘀 (သို့မဟုတ်) 𝟮𝟬𝟭𝟵 𝗻𝗖𝗼𝗩ကူးစက်မြန် Wuhen Virus (သို့မဟုတ်) 2019 nCoV၂၃.၁.၂၀၂၀ယခု တကမ္ဘာလုံးကစောင့်ကြ...
24/01/2020

ကူးစက်မြန် 𝗪𝘂𝗵𝗲𝗻 𝗩𝗶𝗿𝘂𝘀 (သို့မဟုတ်) 𝟮𝟬𝟭𝟵 𝗻𝗖𝗼𝗩

ကူးစက်မြန် Wuhen Virus (သို့မဟုတ်) 2019 nCoV

၂၃.၁.၂၀၂၀

ယခု တကမ္ဘာလုံးကစောင့်ကြည့်နေကြတဲ့ တရုတ်ပြည်မှ ပျံနှုန်းမြန် Corona Virus မှ ကာကွယ် နည်းများကိုပြောပြသွားပါမယ်။

😷 Virus နာမည်ကဘာပါသလဲ?

Novel Corona Virus လို့ခေါ်ပါတယ်။ Group IV အုပ်စုဝင် (+) ssRNA မျိူးနွယ်ဝင်ဖြစ်ပါတယ်။ 2019-nCoV ဆိုပြီးတော့ code name ပေးထားပါတယ်။ (ScienceAlert.com, 2020)

😷 Virus ဘယ်ကစပါသလဲ?

တရုတ်နိုင်ငံ အရှေ့ဘက် ဟူဘေး (Hubei) ပြည်နယ် ဝူဟန်မြို့ (Wuhan) မှ စတင်တွေ့ရှိရပါတယ်။ ဝူဟန်မြို့ ဟွာ့နန် ပင်လယ်စာစျေး (Huanan Seafood Market) မှ ပျံ့ပွားလာခြင်းပဲဖြစ်ပါတယ်။

😷Virsu ရင်းမြစ်က ဘာပါသလဲ?

လက်တလော သိရှိရတဲ့ သတင်းတွေအရတော့ ထိုစျေးမှရောင်းချတဲ့ "မြွေ" နှင့် "လင်းနို့" သားများကိုစားမိတဲ့ လူတွေကနေ စတာလို့သိရပါတယ်။ ဝူဟန်မြို့မှ လူအများစုက "မြွေကောင်လုံးကြော်" "မြွေဟောက်ဟင်း" နှင့် "လင်းနို့စွပ်ပြုတ်" ဟင်းတွေကို နှစ်သက်တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။

😷 လူလူချင်း ကူးစက်နိုင်ပါသလား?

ကူးဆက်နိုင်ပါတယ်။ ရောဂါရှိတဲ့ အသားများ မှ တဆင့် လည်းကောင်း၊ ရောဂါရှိသည့် လူနာမှတဆင့်လည်းကောင်း ကူးဆက်နိုင်ပါတယ်။

😷ဘယ်လိုကူးစက်နိုင်တာပါလဲ?

ရောဂါပိုးရှိတဲ့ အသားများကို စားမိရာမှ ကူးဆက်နိုင်ပါတယ်။ လူလူချင်း ဆိုလျှင်တော့ ချောင်းဆိုးမိသည့် လေမှတဆင့်လည်းကောင်း ချွဲ သို့မဟုတ် ခန္တာကိုယ်မှ ထွက်သည့် အရည်၊ ချွေးများမှတဆင့် လည်းကောင်း ကူးဆက်နိုင်ပါတယ်။

😷 Virus ရောဂါလက္ခဏာတွေက ဘာပါလဲ?

-အဖျားကြီးခြင်း
-နှာစေးခြင်း
-ချောင်းဆိုးခြင်း
-ချမ်းတုန်ခြင်း
-ခေါင်းကိုက်ခြင်း
-အသက်ရှုကြပ်ခြင်း၊ ခက်ခြင်း
-ခေါင်းကိုက်ခြင်း
-လည်ချောင်းနာခြင်း
-အချိန်ကြာ ဖျားခြင်း
-အလွန်မောပန်းခြင်း
-ကိုယ်ခံအားကျဆင်းလားခြင်း တို့ဖြစ်ပါတယ်။

Healthcare Myanmar မှဖော်ပြချက်အရ Wuhan virus ဟာ Coronavirus family ဖြစ်ပြီး Coronavirus များဟာ ဖျားနာခြင်း၊ အဆုတ်ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ယောင်ရောဂါ(ဆားစ်ရောဂါ) များဖြစ်စေပြီး အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ် လို့ဖော်ပြထားပါတယ်။

😷ကာကွယ်ဆေး သို့မဟုတ် ကုသရန်ဆေး ရှိပြီလား?

မရှိသေးပါ။

😷မိမိကိုယ်ကို ဘယ်လိုကာကွယ်ရမလဲ?

-လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ကြာ ဆေးပေးပါ။
-မသန့်သော လက်ဖြင့် မိမိ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် များကို ထိတွေ့ခြင်းရှောင်ကြဉ်ပါ။
-ဖျားနာနေသောလူနာများဖြင့် ဝေးဝေးနေပါ။
-လူထူထပ်သော နေရာများကိုရှောင်ပါ။
-အပြင်သွားတိုင်း လုံခြုံစိတ်ချရသည့် နှာခေါင်းကာ (Mask) များတပ်ဆင်ထားပါ။
-ရေများများသောက်ပါ။ ရေနွေးဆိုပိုကောင်းပါတယ်။

-ရောဂါကူးဆက်ခံထားရသည့် လူနာ ထိတွေ့ထားသည့် အဝတ်များ၊ အိပ်ယာခင်းများ ခေါငအုံးများ လက်ကိုင်ပဝါ စသည့် ပစ္စည်းမျကို မီးရှိုဖျက်ဆီးပါ။

😷ကိုယ်ကိုယ် ကို သံသယရှိရင်ဘာလုပ်သင့်ပါသလဲ?

-ဆေးရုံးကြီးများသို့ သွားရောက်ကုသမှုခံယူပါ။
-ကိုယ့်ကိုယ်ကို သံသယရှိတယ်ထင်ရင် ဖျားပြီဆိုတာ နှင့် အိမ်မှာနေပါ။
-လူထူထပ်သည့် နေရာလုံးဝမသွားပါနှင့်။
-ချောင်းဆိုး နှာစေးသည့်အခါ လက်ကိုင်ပဝါ သို့မဟုတ် တစ်ရှုးသန့်သန့်ဖြင့် အသုံးပြုပါ။
-ကျန်သည့်လူများ မကူးဆက်မိအောင် သတိထားနေပါ။

😷ဘယ်လိုလူတွေကူးဆက် လွယ် နိုင်ပါသလဲ?

-ကလေးငယ်များ
-သက်ကြီးရွယ်အိုများ
-နာတာရှည်ရောဂါသည်များ
-ကိုယ်ခံအားနည်းတဲ့သူများ တို့ဖြစ်ပါတယ်။

😷Treatment ဘယ်လိုလုပ်ရမလဲ?

ကုသဆေးမရှိသေးပါ။
-အနာကျက်ဆေး
-အဖျားပျောက်ဆေး
-Antiviral Drugs များစမ်းသုံးနိုင်ပါတယ်။

ဒါ့အပြင်
-အခန်းပူချိန် Humidity ကိုထိန်းထားပါ။
-ရေနွေးပူပူဖြင့်ရေချိုးပါ။
-ရေ သို့မဟုတ် အရည်များ များသောက်ပေးပါ။
-နိုင်ငံတကာသတင်းစာမျက်နှာ အချို့မှာတော့ Alcohol က Virus ကို ရပ်တန့်နိုင်စွမ်းရှိတယ်လို့ တွေ့ရပါတယ်။
-အိမ်မှာပဲ တစ်ယောက်ထည်း အနားယူပါ။
-လုံခြုံစိတ်ချရသည့် Mask ကိုအချိန်ပြည့် တပ်ဆင်ထားပါ။

😷Virus က ဘယ်နိုင်ငံတွေဆီပျံ့နေပြီလဲ?

-ထိုင်း 🇹🇭
-ဂျပန် 🇯🇵
-တောင်ကိုရီးယား 🇰🇷
-ထိုင်ဝမ် 🇹🇼
-အမေရိကန် 🇺🇸 တို့မှာ Corona Virus ကူးဆက်ခံလူနာများရှိကြောင်း အတည်ပြုထားပါတယ်။

😷ကူးစက်မှုနှုန်း ကကော?

ယခု အချိန်ထိ လူပေါင်း ၅၇၀ ထိ ကူးဆက်ခံထားရပြီး ၁၇ယောက် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ (BusinessInsider,2020)

😷 မြန်မာမှာကော?

လေဆိပ် နှင့် နယ်စပ် ဝင်ပေါက်များ မှာ သေချာစွာ စစ်ဆေးနေတယ်လို့သိရပါတယ်။ ရောဂါလက္ခဏာကိုတော့ မတွေ့ရသေးပါဘူး။

💪 လုံခြုံစိတ်ချရသည့် Mask များ ဝတ်၍ အပြင်ကပြန်ရောက်တိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးခြင်းဖြင့် ဂရုစိုက်ကြပါလို့တိုက်တွန်းရင်း...။

Reference:
Business Insider
BBC News
Healthcare Myanmar
Hello ဆရာဝန်

EHS Institute Myanmar မှ Ko Kaung Htet Swan ရေးသားသည်။ (၂၃.၁.၂၀)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Credit : Environmental-Health-Safety Myanmar ကို Like ပြီး Share ပေးခြင်းဖြင့် ကူညီပေးပါ။

https://www.facebook.com/ehsmyanmar/

ထန်းပင်တွေကို ချစ်လား ? . Do you love the palms?. . 🌴🌴     #ဘားအံ
23/01/2020

ထန်းပင်တွေကို ချစ်လား ?
. Do you love the palms?. . 🌴🌴

#ဘားအံ

 #ဘားအံမှာစက်ဘီးစီးမယ်🚴🚵BIKO မှ စက်ဘီးအတူစီးနင်းတဲ့ service အသစ်ကို မိတ်ဆက်လိုက်ပါပြီ 😉😉👉ဘယ်လို service တွေပေးမလဲ👉ဘယ်နေရ...
22/01/2020

#ဘားအံမှာစက်ဘီးစီးမယ်🚴🚵

BIKO မှ စက်ဘီးအတူစီးနင်းတဲ့ service အသစ်ကို မိတ်ဆက်လိုက်ပါပြီ 😉😉

👉ဘယ်လို service တွေပေးမလဲ
👉ဘယ်နေရာတွေသွားရမလဲ
👉ဘာတွေလုပ်ရမှာလဲ.. ဆိုတာကို

📢 ပြောပြ‌ပေးပါမယ် 😉

အနေဖြင့်

- Biko မှအတူအ‌ဖော်လိုက်ပါပြီး စီးနင်းပေးမယ့် Biker တစ်ဦး
- စက်ဘီး စီးနင်းစဥ်သောက်ဖို့ သောက်ရေသန့်
- safety အတွက် စက်ဘီးစီးဦးထုပ်နှင့်
- ‌Royal-D ဓာတ်ဆား 1 ဘူးတို့ကို ‌ပေးထားပါမယ်

#သွားမယ့်လမ်းကြောင်း 🚵⛰️🌄

-Biko အနေနဲ့ စက်ဘီးစီးတဲ့လမ်း‌‌ကြောင်းတွေကို ကားရှုပ်တဲ့လမ်းမတွေကို ရှောင်ကွင်းထားပြီး တောတောင်လမ်း လယ်ကွင်းလမ်း ရွာလမ်း ရှုခင်းကောင်းတဲ့ လမ်းတွေကနေ သွားမှာဖြစ်ပါတယ်

-‌လောလောဆယ်မှာ လမ်းကြောင်း(၃)ခု သတ်မှတ်ထားပါတယ်

1. ကျောက်ကလပ်လမ်း
2. စပါးခင်းလမ်း
3. လယ်ကွင်းလမ်း ဆိုပြီး (၃)မျိုးခွဲထားပါတယ်

-လမ်းကြောင်း(၃)မျိုးစလုံးက တောတောင်တွေနဲ့ စပါးခင်းတွေကြားထဲကို စီးနင်းရမှာဖြစ်ပြီး sport ဆန်ဆန် biking ခံစားချက်ကို ပေးပါတယ်

- သွားမယ့်လမ်းကြောင်းတိုင်းမှာ ခေတ္တအနားယူဖို့နဲ့ ဓာတ်ပုံရိုက်ဖို့ ခဏရပ်နားပေးပါတယ်

(1) ကျောက်ကလပ်လမ်း 🚵⛰️
(Recommended for sunrise and sunset)

- အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးလမ်းပါ
- ခန့်မှန်းခြေ စီးနင်းချိန် - 2 နာရီ⌚ဝန်းကျင်

အလွန်လှပပြီး တိတ်ဆိတ်တဲ့ တောရွာတွေ စပါးခင်း‌တွေ တောင်တန်းတွေကို ဖြတ်‌ပြီး ကျောက်ကလပ် ဘုရားကိုဆီကို ဦးတည်စီးနင်းရမှာပါ ရိတ်သိမ်းထားတဲ့ စပါးခင်းတွေ မြူပြပြနဲ့ ချမ်းအေးလွန်းတဲ့ မနက်ခင်းတွေနဲ့ ညနေခင်းလေးတွေက အလွန် ကောင်းမွန်တဲ့ biking experience တွေကို ဖန်တီးပေးပါတယ်

(2) စပါးခင်းလမ်း🚵
(Recommended for sunrise)

- ဆောင်းရာသီ မနက်ခင်းတွေအတွက် စီးနင်းဖို့အသင့်တော်ဆုံး လမ်းကြောင်းတွေထဲက တစ်ခုပါ
- ခန့်မှန်းခြေ စီးနင်းချိန် - 1 နာရီခွဲ⌚ဝန်းကျင်

အရမ်းကိုရိုးရှင်းပြီး ပြီးပြည့်စုံလွန်းတဲ့ စပါးခင်းတွေ ရိတ်သိမ်းပြီးခါစ အမြိတ်ပြန့်ကျဲနေတဲ့ ခပ်ဝါဝါကောက်ရိုးပင်‌ေတွ ကြားထဲ နေထွက်ခါစ နီရင့်ရင့် နေရောင်‌ေတွ အောက်မှာ romantic ဆန်ဆန် စီးနင်းရမှာပါ တစ်ခုနဲ့တစ်ခုဆက်နေတဲ့ လယ်ကွင်း‌ေတွနဲ့ ထန်းပင် တစ်စုတို့က စစ်မှန်တဲ့ ကျေးလက်အငွေ့အသက်တွေကြားထဲ biking experience 1 ခုကို ခံစားရစေမှာပါ
(လမ်းတွေထဲမှာ အလှဆုံးလမ်းပါ)
(Recommended for relationship😊☺️)

(3) စေတီလမ်း🚵
(Recommended for sunrise)

- နည်းနည်း sporty adventure ဆန်ပါတယ် တချို့လမ်း‌တွေက နည်းနည်းကြမ်းသလို ကားလမ်းမကိုလည်း 2 ခါလောက်ဖြတ်ရပါတယ်
- ခန်းမှန်းခြေ စီးနင်းချိန် - 1 နာရီခွဲ ⌚ ဝန်းကျင်

လူသွားလူလာနည်းတဲ့ လမ်းကြောင်းကိုသွားရပါတယ် လမ်းကွင်းတွေရဲ့ဘေး ခြုံပင်ရှည်ကြီးတွေရဲ့ဘေးက‌နေ ဖြတ်သွားဖြတ်လာလုပ်ရတာ တစ်မျိုးမတူတဲ့ biking feeling ကိုရစေပါတယ် ရှုပ်‌ေထွးနေတဲ့ ကားလမ်းမကြီး‌ေပါ်ကို နေထွက်ခါစအချိန်မှာ စီးနင်းရတာ ထူးခြားတဲ့ ခံစားချက်ကိုပေးပါတယ်

- လမ်းကြောင်း ၃ခုလုံးမှာ မိမိစီးလိုတဲ့ လမ်းကြောင်းကို စီးနင်းနိုင်ပါတယ်🚴🚴
- ချွင်းချက်အနေနဲ့က စနေတနင်္ဂနွေ နေ့တွေမှာသာ စီးနင်းလို့ရပါတယ် 🚴🚴

#စျေးနှုန်း💰ကတော့

တစ်ယောက်လျှင် -15000 ကျပ် ဖြစ်ပြီး
ဘားအံမြို့တွင် ကျောင်းတက်နေသော ကျောင်းသားများဖြစ်ပါက - 13500 ကျပ်ဖြစ်ပါတယ်

- biking experience ကောင်းကောင်းကို ရရှိစေဖို့အတွက် တစ်ကြိမ်လျှင် အများဆုံး လူ 4 ယောက်သာ စီးနင်းကြမည်ဖြစ်ပါတယ်
☺️☺️🚴🚴

- စီးနင်းလိုပါက 2 ရက်ကြိုတင်ပြီး booking တင်ထားဖို့‌တော့ လိုပါမယ်ခင်ဗျ 😉😉

ကဲ ဒါဆို Biko နှင့်အတူ စက်ဘီးစီး‌တော့မယ်ဆိုရင်

☎️ 09691647122
☎️09787205221 သို့ဆက်သွယ်စာရင်း‌ပေးနိုင်ပါတယ်
ခင်ဗျ 😉😉

(စကားမဆက် အခုပို့စ်လေးကို like and share ပြီးတော့ Biko မှာ 10% off နဲ့ စက်ဘီးလာစီးလိုက်ပါနော်)

-an

တိတ်တဆိတ်ရှိတဲ့ မနက်ခင်း‌မှာ ပတ်ဝန်းကျင်တချို့က ငြိမ်သက်နေတယ် ..bike လေးတစ်စီးနဲ့ သတ်မှတ်ထားတဲ့ biking လမ်းကြောင်းကနေ ခွ...
20/01/2020

တိတ်တဆိတ်ရှိတဲ့ မနက်ခင်း‌မှာ
ပတ်ဝန်းကျင်တချို့က ငြိမ်သက်နေတယ် ..

bike လေးတစ်စီးနဲ့ သတ်မှတ်ထားတဲ့ biking လမ်းကြောင်းကနေ ခွဲထွက်သွားတဲ့အခါ ..

Customized biking available soon ..

#နေရောင်အနောက်သို့လှမ်းလိုက်ခြင်း

A way through rural . . .🚴🌾နေထွက်ချိန်စက်ဘီးစီးနင်းခြင်း . . .🚴            #ဘားအံ
19/01/2020

A way through rural . . .🚴🌾

နေထွက်ချိန်စက်ဘီးစီးနင်းခြင်း . . .🚴


#ဘားအံ

Address

Hpa-An, Kayin State
Hpa-an
13011

Telephone

+959691647122

Website

Alerts

Be the first to know and let us send you an email when Biko - Bike near Hpa-An posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Biko - Bike near Hpa-An:

Share