ဖြိုးသုခ စိုက်ပျိုးရေး သုံးဆေးအမျိုးမျိုးနှင့်မြေဆီအရောင်းဆိုင်

  • Home
  • Myanmar
  • Dedaye
  • ဖြိုးသုခ စိုက်ပျိုးရေး သုံးဆေးအမျိုးမျိုးနှင့်မြေဆီအရောင်းဆိုင်

ဖြိုးသုခ စိုက်ပျိုးရေး သုံးဆေးအမျိုးမျိုးနှင့်မြေဆီအရောင်းဆိုင် မင်္ဂလာပါ

03/09/2024

မှတ်သားထားသင့်သော ပိုးသတ်ဆေး‌ AI များ
**********************

(Active Ingredient)ဆိုတာ
အစွမ်းရှိပစ္စည်း၊ဆေးမှာပါဝင်တဲ့အာနိသင်(အဆိပ်)ကိုဆိုလိုခြင်းဖြစ်ပါတယ်။

ူပြီးကုမ္ပဏီတိုင်းမှာနာမည်အမျိုးမျိုးနဲ့ရှိပါတယ်။

( စိုက်ပျိုးရေး ပညာရှင်များ ဆေးညွှန်းရင်
AI ကိုဘဲ ပြောပီး ညွှန်းကြပါတယ်..
ညွှန်းလိုက်တဲ့ AI တွေက စျေးကွက်ထဲမှာ ဘာနာမည်
နဲ့ ရှိနေမလဲ ဆိုတာ ကိုယ်ဘာသာ လေ့လာထားပါ
စျေးသက်သာတာ ရွေးဝယ်ပါ

စျေးကွက်အတွင်းရှိ ပိုးသတ်ဆေးတချို့နှင့်
ကုန်သွယ်အမည်များ
***************************************

🌿OPI အုပ်စု(အော်ဂင်နို ဖော့စဖိတ်)
•••••••••••••••••••••••••••••••••••••••••••

🌼Acephate(အဆီဖိတ်)
~~~~~~~~
(အဆီဖိတ်၊အက်စ်ဖိတ်၊အက်စ်ဖိတ်စူပါ၊အက်ကော့၊
အာမို ဗိုက်တယ်၊ရန် ရှင်း၊မက်ဂါ အဆီဖိတ်၊အော်တီမာ၊အဆီတတ်၊အဆီမက်၊အဂရို အဆီ၊ဖော်ဖိတ်၊ပံဖိတ်၊ပရိုအဆီ၊အဆီကင်း၊ဗီတီဝမ်း၊ဇာဖိတ်၊အမ်-ဖိတ်၊
စသည်... )

🌼Chlorpyrifos(ကလိုပိုင်ရီဖော့စ်)
~~~~~~~~~~
(ဆိုင်ရင်၊ဒါဘင်၊ကိုဘရာ၊အာမို အဂရီဖော့၊ကွန်ဆက်၊
ဒက်ကာ၊ဖော်ဝပ် ပရီဖော့၊ဟန်းတားဖော့၊လိုဝီ၊နင်ဂျာ၊
ပံကလိုဖော့၊ပရိုဖော့၊ရွှေဆန်းဖော့၊ဗိုက်တာရှီး၊ရန်ငြိမ်း၊
ဇာပရီဖော့၊အမ်ပရီဖော့၊မက်ဂါ ဖော့ပါဝါ၊ဇာကလိုဖော့၊
ဖိုက်တာဖော့၊ဖော့ဒရင်း၊ဒိုင်ယာဒရင်း၊မာဒါး စသည်...)

🌼Diazinon(ဒိုင်ယာဇီနွန်)
~~~~~~~~
(ရူပဇီနွန်၊ဇီနွန်၊ဒါရိုက်၊ဒိုင်ယာဒရင်း၊ဖော်ဒီနွန်၊ပံဇီနွန် စသည်...)

🌼Dimethoate(ဒိုင်မီသိုအိတ်)
~~~~~~~~~
(ဒါနာဒင်၊ဒက်ဂါ၊အာမို ဒိုင်းမွန်း၊ဒိုင်စီဒင်၊ဒိုင်မီသီယွန်၊
ဒိုင်မီသိုအိတ်၊ဒိုင်မီသိုမက်၊ဖော်ဂွန်၊ပံမီသိုအိတ်၊
ရွှေဒိုင်မီ၊ဗိုက်တိုအိတ်၊မက်ဂါဒိုင်မီ၊အမ်-ဒိုင်မီ စသည်...)

🌼Malathion(မာလာသီယွန်)
~~~~~~~~
(ရွှေမာလာ၊ရူပသီယွန်၊တိုက်ဂါးမာလာ၊ဖိုင်ဖာနွန်၊
မာလာမြိုင် မာလာသီယွန်၊ချန်ထိုင်း မာလာသီယွန်၊
အဂရို မာလာသီယွန် စသည်...)

🌼Phenthoate(ဖန်သိုအိတ်)
~~~~~~~~~
(ရွှေဖန်သို၊ဗိုင်ဆန်၊မာလာမြိုင် ဖန်သိုအိတ်၊ဖန်သိုကင်း၊
ကမ်မရွန်း၊အယ်ဆန်၊ဖော်ဆန်၊ဟီးရိုးဆန် စသည်...)

🌼Profenofos(ပရိုဖီနိုဖော့စ်)
~~~~~~~~~
(ကျူရာဒရင်း၊ပိုင်းလော့၊အာမို ပရိုဖစ်၊မက်နိုဖော့၊
ရွှေနိုဖော့၊ပရီဆိုက်၊ရှာပရိုဖန်၊ကပ်အော့၊ဒက်၊
မက်နိုဖော့၊ပီလာဖော့၊ပရီစစ်၊ကာရီးနား စသည်...)
________________________________________

🌿Pyrethroidအုပ်စု(ပိုင်ရီသရိုက်)
••••••••••••••••••••••••••••••••••••••••

🌼Alpha Cypermethrin(အယ်လ်ဖာ ဆိုက်ပါမီသရင်)
~~~~~~~~~~~~~~
(အဂရို အယ်ဖာ၊အယ်ဖာ၊အယ်ဖာဆိုက်၊ဖော်တတ်၊
ဗစ်ဖက်၊ပရိုတက်၊ဇာဖာမီသရင် စသည် ... )

🌼Beta Cypermethrin(ဘီတာဆိုက်ပါမီသရင်)
~~~~~~~~~~~~~
(တော့ပ်တင်း၊အာမိုဘီတာ၊စိမ်းဘီတာ၊လစ်ရှာဒန်း စသည်
​... )

🌼Beta Cyfluthrin(ဘီတာ ဆိုင်ဖလူသရင်)
~~~~~~~~~~~
(ဘူးဒေါ့၊ဘောင်းဒက် စသည်...)

🌼Cyfluthrin(ဆိုင်ဖလူသရင်)
~~~~~~~~
(တော်နေဒိုး စသည်...)

🌼Cypermethrin(ဆိုက်ပါမီသရင်)
~~~~~~~~~~
(ရွှေဆိုက်ပါ၊ဝှိုက်ဂိုး၊ဆိုက်ပါမက်၊ပီလာဆိုက်ပါ၊ဆိုက်ပါ
ကေး၊ဆိုက်ပါကင်း၊စူပါရှပ်၊အေပီဆိုက်ပါ၊ဗိုက်တာမီသ
ရင်၊သန်းဒါး၊အဂရိုဆိုက်ပါ၊အဂရိုမီသရင်၊အာမိုဆိုက်ပါ၊
အာမိုဆိုင်ရာနို၊ဟန်းတားမီသရင်၊ကေဖိုးဆိုက်ပါ၊
မက်ဂါဆိုက်ပါ၊မာလာမြိုင်ဆိုက်ပါ၊ပံသာတီဖိုက် စသည်..)

🌼Deltamethrin(ဒယ်တာမီသရင်)
~~~~~~~~~
(ဒီစစ်၊ဒီဆိုက်၊အာမိုဒယ်တာ၊ပီလာဒယ်တာ၊ဗာလစ်၊
ရူပဒယ်တာ၊ဘီအမ်ဒယ်တာ စသည်...)

🌼Fanpropathrin(ဖန်ပရိုပါသရင်)
~~~~~~~~~~
(ဆန်နီတော စသည်...)

🌼Lambda Cyhalothrin(လန်ဒါ ဆိုင်ဟေလိုသရင်)
~~~~~~~~~~~~~~
(ရှောင်လင်၊ခရောင်း၊ဖို့စူပါ၊ဂျောင်ဝေး၊ဟန်းတားလန်ဒါ၊
သန်းဒါးစူပါ၊ကျန်ကျောင်းလန်ဒါ၊ပီလာလန်ဒါ၊စတား၊
ရူပမန်းဒါး၊မစ်စလီ၊ဂိုးဒင်းဒရာဂွန်၊ဖိုက်တာပလပ်၊လန်ဒါ
စသည်...)
________________________________________

🌿Carbamateအုပ်စု(ကာဘာမိတ်)
•••••••••••••••••••••••••••••••••••••

🌼BPMC(ဘီပီအမ္စီ)
~~~~~~
(ဗိုက်တာဂရို စသည်...)

🌼Carbaryl(ကာဘာရိုင်းလ်)
~~~~~~~~
(ဗီတာဘရိုင်း၊အာမိုရိုက်ဒါ၊ပီလာဗင်၊အမ်ကာဘရိုင်း၊
ရူပဘရိုင်း စသည်...)

🌼Carbofuran(ကာဘိုဖြူရမ်)
~~~~~~~~~
(အာမိုကာဘိုဖြူရမ်၊သြဘာကာဘိုဖြူရမ်၊ကာဘိုင်း၊
ကားရန့်၊ဖော်ဝပ်ဖြူရမ်၊ဖြူရာဒန်၊ဟန်းတားဖြူရမ်၊
ပီလာဖြူရမ်၊စိမ်းဖြူရမ်၊စူပါဖြူရမ်၊ယူစတုန်း၊မက်ဂါ၊
ဗိုက်တာဖြူရမ်၊ရူပဖြူရမ်၊ရွှေဖြူရမ်၊အမ်ဖြူရမ်၊ပံဖြူရမ်၊
အေတီဖြူရမ်၊လက်ကီးဖြူရမ် စသည်...)

🌼Carbosulfan(ကာဘိုဆာလ်ဖန်)
~~~~~~~~~
(အာမိုတော့၊ဘန်နီဖစ်၊ကောင်တာ၊ဒိုင်ရာမိတ်၊ဖိုင်းယား၊
မာရှယ်၊ရူပရမ်ဘို၊ရွှေဆန်းဖန်၊ဒိုင်နမို စသည်...)

🌼Cartap(ကားတက်ပ်)
~~~~~~
(ဇွန်ဘီ၊အားတက်၊ဘီဘီစီ၊ကပ္ပတိန်၊အာထရာတက်
စသည်...)

🌼Thiodicarb(သိုင်အိုဒီကပ်)
~~~~~~~~
(မိုင်း၊အာမိုသိုင်အို၊လယ်ဗယ်၊လစ်ဘာတီ၊အေပတ်၊
ရှင်း၊ရူပကပ်၊အမ်-သိုင်အိုကပ် စသည်...)
________________________________________

🌿Neonicotinoidအုပ်စု(နီယိုနီကိုတီနွိုက်)
•••••••••••••••••••••••••••••••••••••••••••••

🌼Acetamiprid(အဆီတာမီပရစ်)
~~~~~~~~~
(ရွှေဆီတာ၊အဆက်၊မော့်ပီလန်၊တာမီနေတာ စသည်..)

🌼Imidacloprid(အင်မီဒါကလိုပရစ်)
~~~~~~~~~~
(ဒိုဇာ၊အေမီဒါ၊ရွှေမီဒါ၊အာမိုမီဒါ၊ဖော်မိုင်းရား၊လေဆာ၊
အင်ဖာနို၊အင်ချတ်၊အင်နိုဗာ၊ဂိမ်း၊ဇာထရွန်၊ဘရာဗို၊
ဟော့ရှော့၊ဂျက်ဂွာ၊ပီလာကင်း၊ကွစ်ဂိမ်း၊ရိုက်ဒါ၊တိုက်ဂါး
ကလိုပရစ်၊ရူပကွန်မန်ဒို၊ဇာသီယွန်၊အမ်မီဒါ၊မင်းမီဒါ၊
အေမီဒါကင်း၊ဗီတီအိုကေ၊ပရိုဗာဒို၊ဂေါ်ချို စသည်...)

🌼Thiamethoxam(သိုင်ရာမီသောက်ဇန်)
~~~~~~~~~~~
(အာမိုမက်ဒယ်၊ကေလာ၊တိုက်ဂါး စသည်...)

________________________________________

🌿Avermetinအုပ်စု(အဗာမက်တင်) ပဋိဇီဝဆေး
•••••••••••••••••••••••••••••••••••••••••••••••••••••

🌼Abamectin(အဘာမက်တင်)
~~~~~~~~~
(ဒီမွန်၊ရော့ကက်၊ရွှေမက်တင်၊အာမိုမက်တင်၊ဟမ်းမား၊
အဂရိုမက်တင်၊ရိုဂန်၊အေပီမက်တင်၊စတား၊အဘာမက်၊
ယူနိုမက်တင်၊ဖော်မက်တင်၊မက်၊ရှော့ဂန်းရှော့မက်၊
ဘက်ကနို၊ဗိုက်တာမက်၊ရူပမက်တင်၊အဆီမိုက်၊ဂျီစီ
အေတင်၊ဂျက်ကာ၊ဂျက်ကတ်၊ထက်မက်တင်၊ရန်ဝေး၊
စသည်..)

🌼Emamectin benzoate (အီမာမက်တင် ဘန်ဇိုအိတ်)
~~~~~~~~~~~~~~~
(ဂျီစီမက်တင်၊ရူဘန်၊အမဲနက်၊ဗန်ဒို၊ခွန်သုံးလုံး စသည်...)

________________________________________

🌿Phenyl Pyrazole အုပ်စု (ဖီနိုင်းပိုင်ရာဇိုးလ်)
••••••••••••••••••••••••••••••••••••••••••••••••••

🌼Ethiprole(အီးသီပရိုးလ်)
~~~~~~~~
(ကာဘစ် စသည်...)

🌼Fipronil(ဖစ်ပရိုနေးလ်)
~~~~~~~
(အေးဂျင့်၊တော်ပီတို၊အာမိုဖစ်ပရို၊အက်ဆန့်၊ဖိုင်နယ်၊
ဇာပရိုနေး၊ရီဂျင့် စသည်...)

________________________________________

🌿Diamide အုပ်စု(ဒိုင်ယာမိတ်)
••••••••••••••••••••••••••••••••••

🌼Chlorantraniliprole(ကလိုရမ်ထရာနယ်လီပရောလ်)
~~~~~~~~~~~~~
(ဒူပွန့် ပရီဗာသွန် စသည်...)

🌼Flubendiamide(ဖလူဘင်ဒိုင်ယာမိတ်)
~~~~~~~~~~~
(ဘဲ့ စသည်...)

________________________________________

🌿Tetronic acid(တတ်ထရောနစ် အက်ဆစ်)
••••••••••••••••••••••••••••••••••••••••••••••••••

🌼Spiromesifen(စပီရိုမီစစ်ဖန်)
~~~~~~~~~~
(အိုဘီရွန် စသည်...)

________________________________________

🌿Formamidineအုပ်စု(ဖော်မာမိတ်ဒိုင်း)
•••••••••••••••••••••••••••••••••••••••••••

🌼Formetanate(ဖော်မီတာနိတ်)
~~~~~~~~~
(ဒိုင်ကာဇော စသည်...)

________________________________________

🌿OPI အုပ်စု + 🌿Pyrethroid အုပ်စု
••••••••••••••••••••••••••••••••••••••••

🌼Chlorpyrifos + 🌼Cypermethrin
(ရယ်ဒီ၊ဆိုင်ကလုန်း၊ရန်ပိုင်၊တန်းရှန့်၊ကလိုဆိုက်၊ဇိုက်တာ
၊ဖော်နိုဖော့စ်၊ကလပ်စတာ၊ဗီတီစူပါ စသည်... )

🌼Chlorpyrifos + 🌼Alpha-Cypermethrin
(ဟာရီကိန်း စသည် ...)

🌼Profenofos + 🌼Lambda Cyhalothrin
(ဂန်းနား၊ဆလက်ပလပ်၊ပရိုလန်ဒါ စသည် ...)
________________________________________

🌿Neonicotinoid အုပ်စု + 🌿Pyrethroid အုပ်စု
••••••••••••••••••••••••••••••••••••••••••••••••••••••

🌼Acetamiprid + 🌼Lambda Cyhalothrin
(ဘတ်တား၊ဆိုင်လာ၊အေစီလန်ဒါ၊ဗီတီဇင်း စသည်... )

🌼Thiamithoxam + 🌼Lambda cyhalothrin
(ဒိုမီနို စသည်...)
________________________________________

🌿Avermectin အုပ်စု + 🌿Pyrethroid အုပ်စု
•••••••••••••••••••••••••••••••••••••••••••••••••••

🌼Emamectin Benzoate + 🌼Lambda cyhalothrin
(အီမာလန်ဒါ၊အလန်း၊တော့စတား၊ဝမ်းတူးဖိုး၊ဗီတီယိုး
စသည်... )
________________________________________

🌿Oxadiazine အုပ်စု + 🌿Pyrethroid အုပ်စု
••••••••••••••••••••••••••••••••••••••••••••••••••

🌼Indoxacarb + 🌼Lambda cyhalothrin
(နိုက်ဝမ်း၊အန်တို စသည်...)
________________________________________

🌿Oxadiazine အုပ်စု + 🌿Avermectin အုပ်စု
••••••••••••••••••••••••••••••••••••••••••••••••••••••••••••

🌼Indoxacarb + 🌼Emametin benzoate
(ငှက်ကြီးတောင်၊ဘင်ဇိုကဒ် စသည်...)

#သစ်ရွက်ပုံ(စတေကာ)များက ဆေးအုပ်စုကို ကိုယ်စားပြုပြီး
#အပွင့်ပုံ(စတေကာ)များက ဆေး(AI)ကို ကိုယ်စားပြုသည်။

Crd ........

#စွမ်းအားမြင့်

#ပိုးသတ်ဆေး
#ပိုးသတ်ဆေးAIများ

16/07/2023
16/07/2023
16/07/2023

“သံပုရာ” စိုက်ပျိုးနည်းစနစ်
🍃🍋🍃🍋🍃🍋🍃🍋🍃🍋🍃

🔸သံပုရာသည် နှစ်ရှည်သီးပင်ဖြစ်၍ စိုက်ပျိုးသူ၏ ရည်ရွယ်ချက်မှာ စိုက်ခင်းတွင်ရာခိုင်နှုန်းများများသီးရန်၊

တစ်ပင်ချင်းအလိုက် အသီးများများတင်ရန်၊ တင်သောအသီးနှံများအရောင်အဆင်း၊ အနံ့အရသာ၊ အရွယ် အစားကောင်းစေရန် အဓိကဖြစ်ပါသည်။

🔸သို့ဖြစ်ပါ၍ သိပ္ပံနည်းကျစနစ် (၄)မျိုးဖြစ်သော .....

(၁)မျိုးကောင်း၊ မျိုးသန့်ရွေးချယ်စိုက်ပျိုးရန်

(၂)စိုက်ပျိုးရေးစနစ်မှန်ကန်စွာ စိုက်ပျိုးရန်

(၃) မြေသြဇာစနစ်တကျသုံးစွဲရန်နှင့်

(၄) ပိုးမွှားရောဂါစနစ်တကျကာကွယ်ရန် လိုအပ်ပါသည်။

၁။ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း
----------------------------------------
မြန်မာနိုင်ငံတွင် သံပုရာမျိုးပေါင်းများစွာရှိရာ ဒေသရေေမြရာသီဥတုနှင့်ကိုက်ညီသည့်မျိုးကိုရွေးချယ် စိုက်ပျိုးရန်ဖြစ်ပါသည်။

သံပုရာမျိုးများမှာ .....

၁။ မြန်မာ့သံပုရာ (၃) မျိုး

၂။ ဟော်လန်သံပုရာ (၂)မျိုး

၃။ မလေးရှားသံပုရာ (၂)မျိုး

၄။ အီတလီသံပုရာ (၁)မျိုး

၅။ အမေရိကန်သံပုရာ (၁)မျိုး

၆။ အင်ဒိုနီးရှားသံပုရှာ (၁)မျိုး ရှိပါသည်။

(၁) မြန်မာ့သံပုရာမျိုးများသည် ရေေမြရာသီဥတုအပေါ်မူတည်ပြီး ဖြစ်ထွန်းအောင်မြင်သီးပွင့်ပါသည်။ အထူးသဖြင့် တော၊ တောင်၊ စိမ့် စမ်းရှိသော ဒေသကို နှစ်သက်သည်။

(၂) ဟော်လန်မျိုးမှာမူ မြန်မာသံပုရာနှင့် နှိုင်းယှဉ်လျှင် မြန်မာပြည်အနှံ့ စိုက်ပျိုးနိုင်သည်။

(၃) အီတလီမျိုးမှာ နေရာအနှံ့ စိုက်ပျိုးဖြစ်ထွန်းသော်လည်း အထူးသဖြင့် မိုးများသောဒေသကို ကြိုက်နှစ်သက်သည်။ သီးအားနည်း၍ စီးပွားဖြစ် (ရည်ရွယ်ချက်) ကိုက်ညီမှုမရှိပါ။

(၄) အမေရိကန်မျိုးမှာလည်း ရာသီဥတုပေါ်မူတည်၍ ဖြစ်ထွန်းမှုဖြစ်ပြီး သီးအားလည်းနည်းပါးသည်။

(၅) မလေးရှာမျိုးမှာ နေရာမရွေးစိုက်ပျိုးနိုင်သော်လည်း မိုးများသောဒေသကို နှစ်သက်ပြီး သီးအား လည်းနည်းပါးသည်။

(၆) အင်ဒိုနီးရှားမျိုးမှာ နောက်ဆုံးရွေးချယ်ရရှိသည့်မျိုးဖြစ်ပြီး အထက်ပါသံပုရာမျိုးများထက် သီးအားကောင်းခြင်း၊ ရေ‌မြေရာသီဥတုမရွေးစိုက်ပျိုးနိုင်ခြင်း၊ အသီးအထားခံခြင်း၊ အစေ့မရှိခြင်း၊

အရည်ရွှမ်းခြင်းနှင့် မြန်မာပြည်အနှံ့အပြား စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သည်ကို သိရှိရ၍ အခြားမျိုးများထက် မျိုးကောင်း၊ မျိုးစေ့ဖြစ်ပါသည်။

၂။ စနစ်တကျစိုက်ပျိုးခြင်း
------------------------
သံပုရာ တစ်ပင်နှင့် တစ်ပင် တစ်တန်းနှင့် တစ်တန်း (၁၂)ပေပတ်လည်သော်လည်းကောင်း၊ (၁၅)ပေတန်းနှင့် တစ်ပင်နှင့်တစ်ပင် (၁၀)ပေခြားသော်လည်းကောင်း ပန္နရိုက်စိုက်ပျိုးနိုင်သည်။

စိုက်ကျင်းကို (၂ x ၂ x ၂) ၂ပေပတ်လည် တူးပြီး၊ နွားချေးဆွေးနှင့် အပေါ်ယံမြေ (၁/၃)ပုံ (မြေမပြည့်သေး ပါက ၄င်းကျင်းပတ်လည်မှ အပေါ်ယံမြေ (Top Soil) )ကိုလွှာယူပြီး ပြည့်သည်အထိ ထည့်မွှေပါ။

(မြေဆွေးများမထည့်မီ စိုက်ကျင်းကို မီးသင်းပေးပါက ပိုးမွှားရောဂါသက်သာပြီးအပင်ပိုမိုဖြစ်ထွန်း စေပါသည်)။

သမပြီးသောစိုက်ကျင်းတွင် မစိုက်မီရေလောင်းပြီး တစ်ပတ်ခန့်မြေနှိပ်ထားရန်လိုပါသည်။ (ကျင်းတွင် လည်း ဓာတ်မြေသြဇာ N.P.K အချိုးတူရောစပ်ပြီး တစ်ကျင်းလျှင် နို့ဆီ (၁/၂)ဗူးထည့်ပေးပါက အပင်အထမြန်နိုင်သည်)။

အပင်ကိုစိုက်ကျင်းတွင်စိုက်ပျိုးသောအခါ မိုးဒဏ်၊ လေဒဏ်၊ တိရစ္ဆာန်ဒဏ် မှ ကာကွယ်ရန် တိုက်ငုတ်တစ်ခုစိုက်၍ အပင်မလှုပ်ရန် ချည်နှောင်ထားရန်လိုပါသည်။ စိုက်ပျိုးထားသော သံပုရာပင်များကိုလည်း (၂)လခန့် အနည်းဆုံး ပေါင်းရှင်းခြင်းကိုရှောင်ပါ။

စိုက်ပင်များရွက်နုထွက်လာသောအခါ ပိုးမွှားရောဂါကျတတ်၍ ကြိုတင်ပြီး တစ်လတစ်ကြိမ် (သို့) နှစ်ကြိမ်ဆေးဖျန်းပေးရန်လိုပါ သည်။

စိုက်ပျိုးပြီး (၆)လခန့်ကြာသောအခါ ဒုတိယအကြိမ်အစာကျွေး ခြင်း၊ မြေဆွခြင်းများ ပြုလုပ်ရပါသည်။ မြန်မာနိုင်ငံအနေဖြင့် သင့်တော်သော စိုက်ချိန်မှာ ဇွန်လနှင့် ဇူလိုင်လဖြစ်သော်လည်း ရေပေးနိုင်ပါက တစ်နှစ်ပတ်လည်စိုက်နိုင်ပါသည်။

တစ်ဧကလျှင် အပင် (၃၀၀)စိုက်ပျိုးနိုင်သည့်အတွက် လိုအပ်သောပျိုးပင်များ၊ လိုအပ်သောေမြသြဇာများကို မစိုက်ပျိုးမည် ကြိုတင် စုဆောင်းထားရန် လိုအပ်ပါသည်။

၃။ မြေသြဇာစနစ်တကျကျွေးခြင်း
-------------------------------
သံပုရာစိုက်ပျိုးရာတွင် မြေသြဇာကို စနစ်တကျ ထည့်ကျွေးရန်အရေးကြီးပါသည်။ သံပုရာစိုက်ရာတွင် (၂ x ၂ x ၂)ပေ ကျင်းတစ်ကျင်းတွင် နွားချေး (သို့မဟုတ်) ကြက်ချေး(၁/၂)တင်း နှင့် အပေါ်ယံမြေရောပြီး သမအောင်မွှေပြီးစိုက်ရန်နှင့် နောက်(၆)လခန့် ကြာသောအခါ ဒုတိယအကြိမ် နွားချေး(၁/၂)တင်းမှ (၁)တင်း ထည့်ပါ။

နောက် မြေသြဇာ N.P.K (1:2:1)အချိုး နို့ဆီ(၁/၂)ဗူး ရောထည့်ကျွေးပြီး ရေကို စနစ်တကျလောင်းပေးရန်လိုပါသည်။ မြေသြဇာကို အပင်၏ ကြီးထွားမှုအပေါ်မူတည်၍ အနည်းအများချိန်ကျွေးရန်လိုအပ်ပါသည်။ (တန်လျှင်ဆေး၊ လွန်လျှင်ဘေးကြောင့်ဓာတ်မြေသြဇာကို စနစ်တကျထည့်ရန်လိုပါသည်)။

၄။ ပိုးမွှားရောဂါစနစ်တကျကာကွယ်ခြင်း
-------------------------------------
သံပုရာစိုက်ပျိုးရေးတွင် မစိုက်ပျိုးမီ စိုက်ကျင်းများကို မီးရှို့ပေးခြင်း၊ စိုက်ကျင်းတွင် မြေအောင်းပိုးများ မရှိအောင် “ဒီပါ (သို့မဟုတ်) ဖစ်ပရို” ဆေးခဲတစ်မျိုးမျိုးထည့်ပေးခြင်းပြုလုပ်ရန်လိုအပ်ပါသည်။

သံပုရာပင်များကိုရွက်စားပိုး၊ မီလီဂျပိုး(ဒက်ပိုးတု)၊ ပင်စည်ထိုးပိုးများ ကျတတ်၍ ကာကွယ်နှိမ်နင်းရန် “အီမာလန်ဒါ၊ရော့ကက်၊ အက်စ်ဖိတ်၊ ရယ်ဒီ၊ သူရိယ” ပိုးသတ်ဆေးများဆောင်ထားရန်လိုအပ်ပါသည်။

ရောဂါအနေဖြင့် ထူးထူးခြားခြားမတွေ့ရပါ။ မှိုရောဂါများတွေ့ရှိပါက “ကျူပရိုမက်စ်၊ ကာဗာ၊ ဒိုင်ဇီ” စသည့်ဆေးများဖြင့် ကာကွယ်နိုင်ပါသည်။

Sources : ကိုရဲ(စိုက်ပျိုးရေး)

Zawgyi

“သံပုရာ” စိုက်ပျိုးနည်းစနစ်

🍃🍋🍃🍋🍃🍋🍃🍋🍃🍋🍃

🔸သံပုရာသည် နှစ်ရှည်သီးပင်ဖြစ်၍ စိုက်ပျိုးသူ၏ ရည်ရွယ်ချက်မှာ စိုက်ခင်းတွင်ရာခိုင်နှုန်းများများသီးရန်၊ တစ်ပင်ချင်းအလိုက် အသီးများများတင်ရန်၊ တင်သောအသီးနှံများအရောင်အဆင်း၊ အနံ့အရသာ၊ အရွယ် အစားကောင်းစေရန် အဓိကဖြစ်ပါသည်။

🔸သို့ဖြစ်ပါ၍ သိပ္ပံနည်းကျစနစ် (၄)မျိုးဖြစ်သော .....

(၁)မျိုးကောင်း၊ မျိုးသန့်ရွေးချယ်စိုက်ပျိုးရန်

(၂)စိုက်ပျိုးရေးစနစ်မှန်ကန်စွာ စိုက်ပျိုးရန်

(၃) မြေသြဇာစနစ်တကျသုံးစွဲရန်နှင့်

(၄) ပိုးမွှားရောဂါစနစ်တကျကာကွယ်ရန် လိုအပ်ပါသည်။

၁။ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း
-------------------------------------------
မြန်မာနိုင်ငံတွင် သံပုရာမျိုးပေါင်းများစွာရှိရာ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသည့်မျိုးကိုရွေးချယ် စိုက်ပျိုးရန်ဖြစ်ပါသည်။

သံပုရာမျိုးများမှာ .....

၁။ မြန်မာ့သံပုရာ (၃) မျိုး

၂။ ဟော်လန်သံပုရာ (၂)မျိုး

၃။ မလေးရှားသံပုရာ (၂)မျိုး

၄။ အီတလီသံပုရာ (၁)မျိုး

၅။ အမေရိကန်သံပုရာ (၁)မျိုး

၆။ အင်ဒိုနီးရှားသံပုရှာ (၁)မျိုး ရှိပါသည်။

(၁) မြန်မာ့သံပုရာမျိုးများသည် ရေမြေရာသီဥတုအပေါ်မူတည်ပြီး ဖြစ်ထွန်းအောင်မြင်သီးပွင့်ပါသည်။ အထူးသဖြင့် တော၊ တောင်၊ စိမ့် စမ်းရှိသော ဒေသကို နှစ်သက်သည်။

(၂) ဟော်လန်မျိုးမှာမူ မြန်မာသံပုရာနှင့် နှိုင်းယှဉ်လျှင် မြန်မာပြည်အနှံ့ စိုက်ပျိုးနိုင်သည်။

(၃) အီတလီမျိုးမှာ နေရာအနှံ့ စိုက်ပျိုးဖြစ်ထွန်းသော်လည်း အထူးသဖြင့် မိုးများသောဒေသကို ကြိုက်နှစ်သက်သည်။ သီးအားနည်း၍ စီးပွားဖြစ် (ရည်ရွယ်ချက်) ကိုက်ညီမှုမရှိပါ။

(၄) အမေရိကန်မျိုးမှာလည်း ရာသီဥတုပေါ်မူတည်၍ ဖြစ်ထွန်းမှုဖြစ်ပြီး သီးအားလည်းနည်းပါးသည်။

(၅) မလေးရှာမျိုးမှာ နေရာမရွေးစိုက်ပျိုးနိုင်သော်လည်း မိုးများသောဒေသကို နှစ်သက်ပြီး သီးအား လည်းနည်းပါးသည်။

(၆) အင်ဒိုနီးရှားမျိုးမှာ နောက်ဆုံးရွေးချယ်ရရှိသည့်မျိုးဖြစ်ပြီး အထက်ပါသံပုရာမျိုးများထက် သီးအားကောင်းခြင်း၊ ရေ‌မြေရာသီဥတုမရွေးစိုက်ပျိုးနိုင်ခြင်း၊ အသီးအထားခံခြင်း၊ အစေ့မရှိခြင်း၊ အရည်ရွှမ်းခြင်းနှင့် မြန်မာပြည်အနှံ့အပြား စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သည်ကို သိရှိရ၍ အခြားမျိုးများထက် မျိုးကောင်း၊ မျိုးစေ့ဖြစ်ပါသည်။

၂။ စနစ်တကျစိုက်ပျိုးခြင်း
----------------------
သံပုရာ တစ်ပင်နှင့် တစ်ပင် တစ်တန်းနှင့် တစ်တန်း (၁၂)ပေပတ်လည်သော်လည်းကောင်း၊ (၁၅)ပေတန်းနှင့် တစ်ပင်နှင့်တစ်ပင် (၁၀)ပေခြားသော်လည်းကောင်း ပန္နရိုက်စိုက်ပျိုးနိုင်သည်။ စိုက်ကျင်းကို (၂ x ၂ x ၂) ၂ပေပတ်လည် တူးပြီး၊ နွားချေးဆွေးနှင့် အပေါ်ယံမြေ (၁/၃)ပုံ (မြေမပြည့်သေး ပါက ၄င်းကျင်းပတ်လည်မှ အပေါ်ယံမြေ (Top Soil) )ကိုလွှာယူပြီး ပြည့်သည်အထိ ထည့်မွှေပါ။ (မြေဆွေးများမထည့်မီ စိုက်ကျင်းကို မီးသင်းပေးပါက ပိုးမွှားရောဂါသက်သာပြီးအပင်ပိုမိုဖြစ်ထွန်း စေပါသည်)။

သမပြီးသောစိုက်ကျင်းတွင် မစိုက်မီရေလောင်းပြီး တစ်ပတ်ခန့်မြေနှိပ်ထားရန်လိုပါသည်။ (ကျင်းတွင် လည်း ဓာတ်မြေသြဇာ N.P.K အချိုးတူရောစပ်ပြီး တစ်ကျင်းလျှင် နို့ဆီ (၁/၂)ဗူးထည့်ပေးပါက အပင်အထမြန်နိုင်သည်)။ အပင်ကိုစိုက်ကျင်းတွင်စိုက်ပျိုးသောအခါ မိုးဒဏ်၊ လေဒဏ်၊ တိရစ္ဆာန်ဒဏ် မှ ကာကွယ်ရန် တိုက်ငုတ်တစ်ခုစိုက်၍ အပင်မလှုပ်ရန် ချည်နှောင်ထားရန်လိုပါသည်။ စိုက်ပျိုးထားသော သံပုရာပင်များကိုလည်း (၂)လခန့် အနည်းဆုံး ပေါင်းရှင်းခြင်းကိုရှောင်ပါ။

စိုက်ပင်များရွက်နုထွက်လာသောအခါ ပိုးမွှားရောဂါကျတတ်၍ ကြိုတင်ပြီး တစ်လတစ်ကြိမ် (သို့) နှစ်ကြိမ်ဆေးဖျန်းပေးရန်လိုပါ သည်။ စိုက်ပျိုးပြီး (၆)လခန့်ကြာသောအခါ ဒုတိယအကြိမ်အစာကျွေး ခြင်း၊ မြေဆွခြင်းများ ပြုလုပ်ရပါသည်။ မြန်မာနိုင်ငံအနေဖြင့် သင့်တော်သော စိုက်ချိန်မှာ ဇွန်လနှင့် ဇူလိုင်လဖြစ်သော်လည်း ရေပေးနိုင်ပါက တစ်နှစ်ပတ်လည်စိုက်နိုင်ပါသည်။ တစ်ဧကလျှင် အပင် (၃၀၀)စိုက်ပျိုးနိုင်သည့်အတွက် လိုအပ်သောပျိုးပင်များ၊ လိုအပ်သောမြေသြဇာများကို မစိုက်ပျိုးမည် ကြိုတင် စုဆောင်းထားရန် လိုအပ်ပါသည်။

၃။ မြေသြဇာစနစ်တကျကျွေးခြင်း
------------------------------------
သံပုရာစိုက်ပျိုးရာတွင် မြေသြဇာကို စနစ်တကျ ထည့်ကျွေးရန်အရေးကြီးပါသည်။ သံပုရာစိုက်ရာတွင် (၂ x ၂ x ၂)ပေ ကျင်းတစ်ကျင်းတွင် နွားချေး (သို့မဟုတ်) ကြက်ချေး(၁/၂)တင်း နှင့်

အပေါ်ယံမြေရောပြီး သမအောင်မွှေပြီးစိုက်ရန်နှင့် နောက်(၆)လခန့် ကြာသောအခါ ဒုတိယအကြိမ် နွားချေး(၁/၂)တင်းမှ (၁)တင်း ထည့်ပါ။

နောက် မြေသြဇာ N.P.K (1:2:1)အချိုး နို့ဆီ(၁/၂)ဗူး ရောထည့်ကျွေးပြီး ရေကို စနစ်တကျလောင်းပေးရန်လိုပါသည်။ မြေသြဇာကို အပင်၏ ကြီးထွားမှုအပေါ်မူတည်၍

အနည်းအများချိန်ကျွေးရန်လိုအပ်ပါသည်။ (တန်လျှင်ဆေး၊ လွန်လျှင်ဘေးကြောင့်ဓာတ်မြေသြဇာကို စနစ်တကျထည့်ရန်လိုပါသည်)။

၄။ ပိုးမွှားရောဂါစနစ်တကျကာကွယ်ခြင်း
-----------------------------------------
သံပုရာစိုက်ပျိုးရေးတွင် မစိုက်ပျိုးမီ စိုက်ကျင်းများကို မီးရှို့ပေးခြင်း၊ စိုက်ကျင်းတွင် မြေအောင်းပိုးများ မရှိအောင် “ဒီပါ (သို့မဟုတ်) ဖစ်ပရို” ဆေးခဲတစ်မျိုးမျိုးထည့်ပေးခြင်းပြုလုပ်ရန်လိုအပ်ပါသည်။

သံပုရာပင်များကိုရွက်စားပိုး၊ မီလီဂျပိုး(ဒက်ပိုးတု)၊ ပင်စည်ထိုးပိုးများ ကျတတ်၍ ကာကွယ်နှိမ်နင်းရန် “အီမာလန်ဒါ၊ရော့ကက်၊ အက်စ်ဖိတ်၊ ရယ်ဒီ၊ သူရိယ” ပိုးသတ်ဆေးများဆောင်ထားရန်လိုအပ်ပါသည်။

ရောဂါအနေဖြင့် ထူးထူးခြားခြားမတွေ့ရပါ။ မှိုရောဂါများတွေ့ရှိပါက “ကျူပရိုမက်စ်၊ ကာဗာ၊ ဒိုင်ဇီ” စသည့်ဆေးများဖြင့် ကာကွယ်နိုင်ပါသည်။

Sources : ကိုရဲ (စိုက်ပျိုးရေး)

16/07/2023

**စိုက်ပျိုးမြေချဉ်နေပြီဆိုရင် ဘာလုပ်လေ့ရှိပါသလဲ**⁉
အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးမြေတွေမှာ သင့်တင့်တဲ့ မြေချဉ်ငန်ကိန်းမရှိဘဲ မြေချဉ်နေရင်-
‼ထည့်လိုက်တဲ့ ဓာတ်မြေသြဇာတွေကို သီးနှံပင်မှ အပြည့်အ၀ မရယူနိုင်ခြင်း။
‼အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေများလာတာကြောင့် သီးနှံပင်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေ ရပ်တန့်ခြင်း။
‼သံဆိပ်သင့်ကာ နီတိုဖြစ်ခြင်း။
‼အမြစ်များ မည်းပုပ်ခြင်း။
‼အကျိုးပြုအဏုဇီ၀များ ဆုံးရှုံးကာ မြေဆီလွှာအရည်အသွေးကျဆင်းခြင်းစတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် သီးနှံပင်တွေအတွက် မျှတတဲ့ မြေချဥ်ငန်ကိန်း ၆-၇အနေအထားမှာ ထိန်းသိမ်းဖို့ လိုပါတယ်။ ဒီလိုထိန်းသိမ်းဖို့ မြေပြုပြင်တဲ့အခါ-
✔ စိုက်ပျိုးရေးသုံးထုံး (သို့) အိမ်ဆောက်ရာမှာ သုံးတဲ့”မဖောက်ထုံး”ကို မြေပြင်စအချိန်မှာ မြေချဥ်ကိန်းပေါ်မူတည်ပြီး ထည့်ပေးသင့်ပါတယ်။

မိတ်ဆွေတို့ရဲ့ စိုက်ပျိုးမြေမှာရော မြေချဉ်ငန်ကိန်း မျှတမှုရှိနေလားခင်ဗျ? မြေချဥ်ငန်ကိန်းကို မျှတအောင် ဘယ်လိုထိန်းသိမ်းလေ့ရှိလဲဆိုတာကို ကောမန့်မှာ ဝေမျှပေးသွားပါဦး။
#ရေတံခွန်

16/07/2023

မင်္ဂလာပါခင်ဗျာ။

လုပ်သားရှားပါးလာမှုကြောင့် စပါးကို တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးလာကြတာနဲ့အမျှ ပေါင်းပြဿနာရဲ့ စိန်ခေါ်မှုကလည်း ကျွန်တော်တို့ မိတ်ဆွေတောင်သူတွေအတွက် တစ်နေ့တခြား ပိုပြီးကြီးမားလို့ လာနေပါတယ်။ ဒီလို ဆိုးကျိုးများလှတဲ့ ပေါင်းပြဿနာကို ဘယ်လိုကာကွယ်နှိမ်နင်းလို့ ရနိုင်သလဲ ဆိုတဲ့ နည်းလမ်း (၅)ချက်ကို ဒီနေ့မှာ ဝေမျှပေးသွားမှာပါ။

၁။ ပေါင်းပင်တွေကို အရင်ပေါက်စေပြီး နှိမ်နင်းတဲ့နည်းလမ်းက ခုလက်ရှိမှာ လူသုံးနည်းနေသေးပေမယ့်လည်း အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီနည်းလမ်းမှာဆိုရင် စပါးမစိုက်ခင် (၂) ပတ်ခန့်ကြိုပြီး ထယ်ရေးပြင်ထားပြီးတော့ ပေါင်းပင်တွေ အပင်ပေါက်စုံတဲ့အချိန်ထိထားရပါမယ်။

✔ဒီလိုထယ်ရေးပြင်တဲ့အချိန်မှာ အီးအမ်ကိုပါ ထည့်ပေးနိုင်မယ်ဆိုရင် ပေါင်းပေါက်တာပိုမြန်တဲ့အတွက် ပေါင်းတွေကို ပိုပြီး ထိရောက်အောင်နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မြေကိုထွန်ယက်ပြီး ပေါင်းတွေကို ကြိုတင်ရှင်းလင်းတဲ့နည်း (သို့) ရွေးချယ်မဲ့ ပေါင်းသတ်ဆေးကို သုံးပြီး ဦးစွာ နှိမ်နင်းတဲ့နည်းကို သုံးပြီးမှ စပါးမျိုးစေ့ကြဲခြင်းဖြင့် ပေါင်းပင်တွေ စပါးနဲ့အတူ တပြိုင်တည်း ပေါက်ရောက်လာပြီး နှိမ်နင်းရခက်တဲ့ အနေအထားကို ရှောင်လွဲနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာဆိုရင် ရွေးချယ်ပေါင်းသတ်ဆေးနဲ့ နှိမ်နှင်းဖို့ခက်တဲ့ စပါးပေါင်း (သို့) စပါးဘီလူးကိုလည်း ကြိုတင်နှိမ်နှင်းနိုင်တဲ့ ထိရောက်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

၂။ ပေါင်းမြက်ကင်းစင်တဲ့ မျိုးစေ့ကိုစိုက်ပျိုးပါ။ မျိုးကောင်းမျိုးသန့်တွေကို နှစ်စဥ်ဝယ်ဖို့ အဆင်မပြေဘူးဆိုရင် မျိုးစေ့တွေကို ဆားရည်နဲ့ မျိုးရွေးချယ်ပြီးမှစိုက်ပျိုးပေးပါ။ (အချို့ဒေသဘက်တွေမှာ နွေစပါးရာသီလည်းပြန်စတော့မှာဆိုတော့ ဆားရည်နဲ့မျိုးရွေးနည်းအကြောင်းကို မကြာခင် ထပ်တင်ပေးသွားပါမယ်ခင်ဗျာ။)

၃။ စက်ကိရိယာများကနေ တစ်ဆင့်ပေါင်းမျိုးစေ့တွေ မပျံ့ပွားအောင် တစ်ခင်းနဲ့ တစ်ခင်းအကူးမှာ သေချာ သန့်ရှင်းရေးလုပ်ပေးပါ။

၄။ ကန်သင်းတွေနဲ့ ရေသွင်းမြောင်းတွေကို ပေါင်းရှင်းထားခြင်းဖြင့်လည်း ၄င်းတို့မှတဆင့် စိုက်ခင်းထဲသို့ ပေါင်းမျိုးစေ့များရောက်လာခြင်းကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၅။ ပေါင်းသတ်ဆေးကို အသုံးပြုပြီး ပေါင်းကို နှိမ်နင်းမည်ဆိုပါက သုံးစွဲတဲ့ ပေါင်းသတ်ဆေး အမျိုးအစားအလိုက် ညွှန်ကြားထားသည့် စပါးပင်သက်တမ်းအတိအကျမှာ နှုန်းထားအတိအကျနဲ့ နည်းစနစ်မှန်မှန် လိုက်သုံးမှသာလျှင် ဆေးအာနိသင်ထိရောက်မှုမြင့်မားပြီး ဘေးထွက်ဆိုးကျိုးနည်းနိုင်မယ်ဆိုတဲ့အချက်ကို အထူးသတိပြုဖို့ အသိပေးတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
#ရေတံခွန်

16/07/2023
16/07/2023

🌾စပါးပင် ပင်ပွားထွက်ချိန်မှာ ပုလဲဓာတ်မြေဩဇာ အသုံးပြုပါ!
✔စပါးပင်အတွက် လိုအပ်တဲ့ နိုက်ထရိုဂျင်ဓာတ်ကို ဆုံးရှုံးမှုအနည်းဆုံးနဲ့ အထိရောက်ဆုံး ထောက်ပံ့ပေးနိုင်ဖို့ဆိုရင် စိုက်ပျိုးရာသီတစ်လျှောက် အပင်က လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ ပုလဲပမာဏကို အချိန်ကိုက် ထည့်သွင်းပေးနိုင်ဖို့ လိုပါတယ်။

✔စပါးပင်အတွက် နိုက်ထရိုဂျင်ဓာတ်မြေဩဇာ (ပုလဲ) ထည့်သွင်းရာမှာ လေလွင့်ဆုံးရှုံးမှုနည်းစေဖို့နဲ့ ထိရောက်မှုရှိစေဖို့ (၃) ကြိမ် ခွဲပြီး အသုံးပြုဖို့ ညွှန်ထားပါတယ်။ ဒီနေ့မှာတော့ (၃)ကြိမ်ထဲကမှ ပင်ပွားချိန်မှာ ပုလဲကျွေးပေးဖို့ကို အဓိက တိုက်တွန်းချင်ပါတယ်ခင်ဗျာ။

🌾ပင်ပွားထွက်ချိန်မှာ ပုလဲဓာတ်မြေဩဇာ ဘယ်လောက် ထည့်ရမလဲ?
✔ပုလဲဓာတ်မြေဩဇာက ဆုံးရှုံးဖို့ အလွန်လွယ်တာကြောင့် အပင်က စားသုံးနိုင်သလောက်ကိုပဲ ထည့်ပေးသင့်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ တစ်ရာသီလုံးစာ သုံးမယ့် ပုလဲပမာဏကို အညီအမျှ (၆) ပုံပုံပြီးတော့ (၂) ပုံကို ပင်ပွားထွက်ချိန်မှာ ထည့်ပေးသင့်ပါတယ်။

⚠တကယ်လို့ အပင်က စားသုံးနိုင်တာထက် ပိုထည့်မိတယ်ဆိုရင် ပုလဲဓာတ်မြေဩဇာများ အငွေ့ပျံခြင်း၊ စီးရေနဲ့အတူ မျောပါခြင်းစသဖြင့် အပင်က မရဘဲ ဆုံးရှုံးနိုင်တာကြောင့် ခုနကညွှန်ထားတဲ့ နှုန်းထားအတိုင်း ထည့်ပေးဖို့ တိုက်တွန်းပါရစေ။

🌾ပင်ပွားထွက်ချိန်မှာ ပုလဲဓာတ်မြေဩဇာထည့်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရလဲ?
✔ပင်ပွားထွက်ချိန်မှာ နိုက်ထရိုဂျင်ဓာတ်မြေဩဇာ ထည့်ပေးခြင်းဖြင့်-
- ပင်ပိုင်းကြီးထွားမှု အားကောင်းစေခြင်း
- အနှံထွက်နိုင်တဲ့ ပင်ပွားများများရစေခြင်းနဲ့
- အထွက်တိုးစေခြင်း

🌾ဒါဆိုရင် စပါးနှံတွေ များများရစေဖို့အတွက် ပင်ပွားထွက်ချိန်မှာ ပုလဲဓာတ်မြေဩဇာကို စနစ်တကျ ထည့်ပေးလိုက်တော့နော်!

စပါးပင်တစ်ရာသီလုံးမှာ ဘယ်ဓာတ်မြေဩဇာကို ဘယ်အချိန်သုံးရမလဲဆိုတာ အစအဆုံး ဖတ်လိုတယ်ဆိုရင် ဒီလင့်ခ် (https://m.me/Yetagon?ref=w19329642) ကို နှိပ်ပါ။

စပါးအတွက် ဓာတ်မြေဩဇာထည့်သွင်းနည်းအကြောင်း မေးမြန်းလိုပါက ရေတံခွန်သို့ စာပို့၍ဖြစ်စေ၊ ☎၀၉- ၉၄၀၀၀ ၁၀၀၀☎သို့ ရုံးချိန် (တနင်္လာမှ သောကြာ မနက် ၉နာရီမှ ညနေ၅နာရီ) အတွင်း ဆက်သွယ်၍ဖြစ်စေ မေးမြန်းနိုင်ပါပြီ။
#ရေတံခွန်

16/07/2023

🍀 ပေါင်းသတ်ဆေးဖျန်းရာမှာ ရေကို အချဥ်ဖက်ဦးတည်တဲ့ ထိန်းညှိခြင်းပြုလုပ် ပေးသင့်ပါတယ်။ ဒီအတွက် Buffering agent လို့ ခေါ်တဲ့ ကြားခံပစ္စည်းထည့်ပေးရပါတယ်။

(ဥပမာ ဂလိုင်ဖိုဆိတ် ဖျန်းရင် ယူရီးယားထည့်ပြီးဖျန်းသလိုမျိုးပေါ့)
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
စိုက်ပျိုးရေးဆေးများ မဖြစ်မနေ အသုံးပြုနေရတဲ့ တောင်သူမိတ်ဆွေများအတွက် ဆေး ဖျော်စပ်ရာမှာ အသုံးပြုတဲ့ ရေရဲ့ အရည်အသွေးပေါ်မူတည်ပြီး ဖျန်းလိုက်တဲ့ဆေးရဲ့ အာနိသင်ထိရောက်မှု အနည်းအများ ကွာခြားကြောင်းကို သတိပြုမိစေဖို့ ဒီစာစုကို ရေးသားရခြင်းဖြစ်ပါတယ်။

သင်္ကြန်မတိုင်မီက တောင်သူတယောက် ဖုန်းဆက်လို့ ကွင်းထဲအထိ လိုက်ကြည့်ဖြစ်ပါတယ်။ Fenoxapropအုပ်စု ပေါင်းသတ်ဆေးဖျန်းထားတာ ၇ ရက်ကျော်ပြီ။ ဒေါင်းမြီးပျံနဲ့ မြေစာမြက်မသေလို့ပါတဲ့။

ဖြစ်စဥ်ကို မေးကြည့်တော့ ဆေးနှုန်းထား၊ အစိုဓါတ်၊ ဆေးဖျန်းရမယ့်ရက် စသဖြင့် အားနည်းချက်မတွေ့ရပါဘူး။ မသေတဲ့ မြက်ပင်ကို နှုတ်ကြည့်တော့ အမြစ်ဇုန်မှာနှစ်ထပ်ဖြစ်နေတယ်။

ပထမတထပ်က အမြစ်သေပေမယ့် ဒုတိယတထပ်က အမြစ်သစ်ပြန်ထွက်လို့မသေတာပါ။

အဲဒီတော့မှ ဆေးဖျော်တဲ့ ရေကို သတိပြုမိသွားတယ်။

( မြောင်းထဲက ရေတွေက နောက်နေပါတယ်)

ရေရဲ့ ပီအိပ်ချ်တိုင်းကြည့်တော့ ၆.၅ ပါ။ ဖျန်းထားတဲ့ ဆေးအုပ်စုက fenoxaprop အုပ်စု။ ဒီအုပ်စု ဆေးက ပီအိပ်ချ် ၄ - ၆အတွင်းမှာ တည်ငြိမ်ပါတယ်။ ethyl ester အက်ဆစ်ပုံစံ ဖြစ်လို့ အချဥ်ကဲတဲ့ အနေအထားမှာ အာနိသင်ပိုရှိပါတယ်။

ဒါတွေကို တောင်သူကိုနားလည်အောင်ရှင်းပြပြီး ကျနော်ကိုယ်တိုင် ဆေးဖျော်ပေးလိုက်ပါတယ်။

ဒီနေရာမှာ ရေရဲ့ ပီအိပ်ချ်ကို ထိန်းညှိခြင်း ဆိုတာလေး ပြောပြဖို့လိုပါမယ်။

ပေါင်းသတ်ဆေး အတော်များများက ပီအိပ် ၅-၆ ကြားမှာ တည်ငြိမ်တာများပါတယ်။ အက်ဆစ်ပုံစံနဲ့ထုတ်လုပ်ကြပါတယ်။

ဒါကြောင့် ပေါင်းသတ်ဆေးဖျန်းရာမှာ ရေကို အချဥ်ဖက်ဦးတည်တဲ့ ထိန်းညှိခြင်းပြုလုပ် ပေးသင့်ပါတယ်။ ဒီအတွက် Buffering agent လို့ ခေါ်တဲ့ ကြားခံပစ္စည်းထည့်ပေးရပါတယ်။

(ဥပမာ ဂလိုင်ဖိုဆိတ် ဖျန်းရင် ယူရီးယားထည့်ပြီးဖျန်းသလိုမျိုးပေါ့)

ဒါကြောင့် ကျနော်လည်း ရေပုံးထဲကို သံပုရာသီးတလုံး အရည်ညှစ်ထည့်ပါတယ်။ပီအိပ်ချ် ပြန်တိုင်းကြည့်တယ်။ ၅.၅ အောက်ဖြစ်သွားတယ်။ အိုကေ။ Fenoxaprop ၇၀ စီစီ ထည့်မွှေ ပြီး တခါပြန်တိုင်းကြည့်တယ်။ pH 5 ဖြစ်သွားပြီ။ ဖျန်းလို့ရပြီ။

ဒီနေ့ တော့ ဖုန်းဆက်လာတယ်၊ ခုမှ အိုကေသွားတယ်ဆရာရေ..တဲ့။

ဒေါင်းမြီးပျံသတ် ဆေး(fenoxaprop..)မှာ စပါးပင်မနာအောင် Isoxadifen ဘေးကင်းပစ္စည်းပါရင်.. ဖျန်းရေကို ပိုပြီးဂရုစိုက်ရပါတယ်။ အငွေ့ပျံလွယ်တတ်လို့ ရေကိုပြုပြင်ဖို့ လိုအပ်တာကြောင့်ပါ။

(ဒါကြောင့် ရှာလကာရည်/သံပရာရည်ထည့်တာပါ။)

အထူးသဖြင့် ပေါင်းသတ်ဆေးထဲမှာ ဂလိုင်ဖိုဆိတ်( ရွေးချယ်မဲ့) နဲ့ ဖိနောက်ဇာပရော့( ဒေါင်းမြီးပျံဆေး) တွေဟာ ရေသန့်သန့်နဲ့ အက်ဆစ်ပုံစံမှာ အာနိသင်ပိုထက်ပါတယ်။

2-4-d ပေါင်းသတ်ဆေးမှာတောင် ဖော်မြူလာပေါ်မူတည်ပြီး အက်ဆစ်ကြိုက်နဲ့ အယ်လ်ကာလီကြိုက်ခြင်း ကွာခြားပါတယ်။

2-4 d ဆိုပေမယ့် amine လား? esterလား? ကွဲပါတယ်။

Amine ဆိုရင် အယ်ကာလီမှာ တည်ငြိမ်ပေမယ့် ester ဆိုရင် အယ်ကာလီမှာ အငွေ့ပျံလွယ်ပါတယ်။

ပိုးသတ်ဆေးအများစုကတော့ pH - 7 မှာ တည်ငြိမ်ပါတယ်။ (profenofos အုပ်စုကလွဲရင် ပေါ့)

အဓိက သတိပြုရမယ့်အချက်များကတော့...

၁။ ရေကြည် ဖြစ်ရပါမယ်

ရေနောက်ရင်၊ ပျော်ဝင်နေတဲ့ သတ္တုဓာတ်တွေက ...

ပေါင်းသတ်ဆေးနဲ့ဓာတ်ပြုပြီး အာနိသင် လျော့နိုင်ပါတယ်။

(ရေပုံးထဲ လက်ထောက်ကြည့်လို့ ကိုယ့်လက်ကိုယ် ပြန်မမြင်ရရင် ရေနောက်တယ်လို့ယူဆပါ။)

၂။ အရပ်ခေါ် ရေငန်လို့ယူဆရတဲ့ ရေနဲ့ ပေါင်းသတ်ဆေး မဖျန်းသင့်ပါ။

( ရွေးချယ်စရာမရှိပါက Buffering agentအဖြစ် ရှာလကာရည်၊ သံပုရာရည် တမျိုးမျိုး ထည့်သွင်းအသုံးပြုပါ။)

ဂလိုင်ဖိုဆိတ်ဖျန်းမယ်ဆိုရင် အမိုနီယံဆာလဖိတ်ကို ရေတဂါလံ/၁၀ ဂရမ် နှုန်းနဲ့ ထည့်နိုင်ပါတယ်။

၃။ ၂၅ဒီဂရီဆဲစိယပ်ထက်ပူသောရေဆိုရင် ဆေးဖျော်ဖို့မသင့်ပါ။ အာနိသင် ပြယ်နိုင်ပါတယ်။

၄။ ရေစေး(hard water)မဖြစ်ရပါ။

အကြမ်းဖျဥ်း ပြောရရင် ဆပ်ပြာအမြှုပ်မထွက်တဲ့ ရေပါ။ ကယ်လ်စီယံ/မဂ္ဂနီစီယံဘိုင်ကာဘွန်နိတ်တွေ၊ ဆိုဒီယံနိုက်ထြိတ်တွေကြောင့် ဆေးအာနိသင် လျေ့ာစေပါတယ်(ဗီနီဂါ/ရှာလကာရည်ကို ရေတဂါလံ/5စီစီ နှုန်းနဲ့ ထည့်ပေးရပါတယ်။)

ကဲ...ဒီ လောက်ဆိုရင် ဆေးဖျော်ရာမှာ ရေရဲ့အရည်အသွေး ကောင်းခြင်းက ဆေးအာနိသင်အပေါ် ဘယ်လောက်လွှမ်းမိုးနိုင်သလဲ..ဆိုတာ သိလောက်ပြီထင်ပါတယ်။

ဒါ ကြောင့်. တောင်သူမိတ်ဆွေများအနေနဲ့ လိုချင်တဲ့ဆေးအာနိသင်ရဖို့ ဆေးဖျော်ရာမှာ သတိပြုစရာလေးတွေ လုပ်ဆောင်နိုင်ဖို့ ရေးသားတင်ပြလိုက်ပါတယ်။

စေတနာများစွာဖြင့်...

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

Green Way app ယူရန်👇
Android -https://rebrand.ly/greenway_myanmar
iOS - https://apple.co/3MAoJGW
Web - https://greenwaymyanmar.com/
Channels
Telegram - https://t.me/greenwaymyanmar
Viber - https://bit.ly/3OMSLJo
Fb Group - https://bit.ly/3yeE0sO
Youtube - youtube.com/c/GreenWayapp
#ရေအရည်အသွေး
#ရေ
#ဓာတုဆေးဖျော်ခြင်း

14/06/2023
23/09/2022

ကျတဲ့ပိုးနဲ့ ဖျန်းလိုက်‌တဲ့ဆေး ထိရောက်မှုရှိအောင် အဆုံးထိဖတ်လိုက်ပါ
+++++++++++++++++++
❀ ၁။ ငမြောင်တောင်(Armyworn) ~

ရေကြီးနစ်မြုတ်ကွင်းများ ရေကြီးသောနှစ်များတွင် ဆိုးဝါးစွာ ကျရောက်ဖျက်စီးပါသည်၊ ငမြောင်တောင် ၏ဘ၀စက်၀န်း ပိုးလောက်ကောင် ဘ၀နှင့်တွေ့ဆုံပါက ဖျက်စီးမှု များခြင်းကြောင့် စတင်စိုက်ပျိုးချိန်တွင် မျိုးစေ့လူးနယ်ဆေး လူးနယ်၍စိုက်ပျိုးခြင်း အပင်ပေါက်စအချိန် ဖျက်စီးပါက မနက်စောစောနှင့်ညအချိန်
ထိသေ အဆိပ်ငွေ့ အာနိသင်ရှိ ဆေးပက်ဖြန်းခြင်း အပင်ရေသွင်း၍ရသည့် အရွယ်ဖြစ်ပါက ရေပါးပါး ခင်းလုံးပြည့်သွင်းခြင်းဖြင့် နှိမ်နင်းနိူင်ပါသည်။
ဖျက်စီးမှုဆိုးဝါးပါက တနေ့အတွင်း (၁၀.၁၅) ဧကအထိ ဖျက်စီးနိူင်ပါသည်။
♡ သုံးစွဲသင့်သောဆေး~
Emameetin Benzoate+Lambda-Cyhalothrin

❀ ၂။ လှေးကျိုင်း (striped Flea Beetle) ~

ပိုးအကျများပြီး အရွက်များ စားသောက်ဖျက်စီးမှုများပါက အပင်၏ အစာချက်လုပ်မှု စွမ်းအင်ကျဆင်းပြီး အပွင့်အသီး လျော့ကျနိူင်၍ ထိသေစားသေဆေးများဖြင့် နှိမ်နင်းပါ။
♡ သုံးစွဲသင့်သောဆေး ~
Cypermethrin , Chlorpyrifos,

❀ ၃။ ပင်စည်ထိုးယင်(Bean Stem Fly) ~

အပင်ငယ်စဉ်တွင် ဥမှပေါက်လာသော လောက်ကောင်များသည် အရွက်၏အတွင်းသားသို့ ၀င်ရောက်စားသောက်ပြီး အရွက်၏အပေါ်အောက် မျက်နှာပြင်ကြားမှ ၀င်ရောက်ပြီး ရွက်ရိုးတံမှတဆင့် ပင်စည်အတွင်းသို့ ၀င်ရောက်စားသောက်ဖျက်စီးကာ မြေနှင့်နီးရာ အခြေနားတွင် ရုပ်ဖုံးဘဝပြောင်းသွားသည်။ ပင်စည်အခြေတွင်နေပြီး ဖူးဖောင်နေပြီး အပင်နှုတ်ခွဲကြည့်ပါက ပိုးလောက်ကောင်(သို့)ရုပ်ဖုံးကိုတွေ့ရတတ်သည်၊ ရုပ်ဖုံးရင့်က ပင်စည်ကွဲထွက်သွားသည် ထိုအပင်များသည် နောက်ပိုင်းတွင် သေဆုံးသွားမည်ဖြစ်သည်။
ထိုပိုးမှာ ယခင်ကထိခိုက်မှုနည်းသော်လည်းယခုအခါတွင် ထိခိုက်မှုများသော ပိုးမွားဖြစ်လာပါသည်။
သို့ဖြစ်၍ ပထမဆုံး ရွက်ပေါင်းထွက်ချိန်တွင်ပင်လုံးပြန့်ဆေး ပက်ဖြန်းရန်လိုအပ်ပါသည်။
♡ သုံးစွဲသင့်သောဆေး ~
Imidacloprid ,Acephate, Thaimethoxam ,

❀ ၄.ပ်ပိုး(Aphids) ~

အပင်ငယ်စဉ်မှစတင်၍ သတိပြုနှိမ်နင်းရန် လိုအပ်ပြီး ထိုပ်ိုးများမှ အချိုရည်စစ်ထုတ်ခြင်းကြောင့် အပင်ပုံပျက်ပြီး ကြီးထွားမှု ရပ်ဆိုင်းနိူင်ပါသည် ထို့အပြင် ရောဂါသယ်ဆောင်မှု အဓိက ပိုးဖြစ်ပါသည်။
♡ သုံးစွဲသင့်သောဆေး ~
Imidacloprid ,Acephate,​

❀ ၅။ လှေးပိုး(Thrips) ~

အပင်ငယ်စဉ်မှ အသီးတည်ချိန်အထိ ကျရောက်ဖျက်စီးပါသည် သစ်ရည်စုတ် ဖျက်စီးခြင်းကြောင့် ပန်းပွင့်များ ပုံသဏ္ဍန်နှင့် အရောင်ပျက်ပြီး အပွင့်အသီး မတင်တော့ခြေ ပင်လုံးပြန့်ဆေးဖြင့် ကာကွယ်နှိမ်နင်းနိူင်သည်။
♡ သုံးစွဲသင့်သောဆေး ~
Fipronal ,Thaimethoxam+Emameetin Benzoate ,Acetamiprid+Fipronal,

❀ ၆။ ယင်ဖြူ (White fly)~

~ယင်ဖြူသည် အဝါရောင် မှိုစေ့ရောဂါကို အဓိက သယ်ဆောင်သော ပိုးဖြစ်ပြီး အရွက် အောက်မျက်နှာပြင်တွင် ခိုအောင်းနေတတ်သည်။ အပင်ကိုခါကြည့်လျင် ဖလံနှင့် တူသော အဖြူရောင် အကောင်ငယ်များ လျှင်မြန်စွာ ပျံထွက်လာပြီး အရွက်အောက် မျက်နှာပြင်တွင် ပြန်လည်တွယ်ကပ် ငြိမ်သက် နေတတ်သည်။
♡ သုံးစွဲသင့်သောဆေး ~
Abamectin, Thaimethoxam, Dimethoate,

❀ ၇။ ပဲတောင့်ထိုးပိုး (Pea pod borer)~

အရွက်၊ အဖူး၊ အပွင့် တို့ကို လောက် ကောင်၏ပါးစပ်မှ ထွက်သော ချည်မျှင်ဖြင့် လုံးထွေးလျက် စားသောက် ဖျက်ဆီးသည်။
ပိုးပေါက်ဖြစ်နေသော အသီး တောင့်တွင် ပိုးလောက်ကောင်သည် ပဲစေ့အား စားသောက်၍နေထိုင်လျက်ရှိတတ်ပါသည်။
ပိုးချေးများအား အပေါက်၏ ဘေးပတ်လည်တွင် တွေ့နိုင်ပါသည်။
♡ သုံးစွဲသင့်သောဆေး ~
Chlorpyrifos, Lambda-Cythalothrin , Acephate ,

❀ ၈။ ပဲကြမ်းပိုးစိမ်း(Green vegetable bug)~

အကောင်ကြီးနှင့် ပိုးလောက်ကောင်များသည် အသီးနှင့်အရည်ကိုစုတ်စားသဖြင့် အစေ့အဆန်တည်ရှိမှုကို ထိခိုက်သည်။
စုတ်စားသည့်အနာကွက်သည် ပုပ်သွားပြီး အနက်(သို့) အညိုရောင်ပျော့ကွက်များ ဖြစ်နေသည်။ ပဲပင်၏ အစိမ်းရောင်အသီးနှင့် အစေ့များတွင် ကျရောက်သည်။
♡ သုံးစွဲသင့်သောဆေး ~
Cypermethrin, Chlorpyrifos, Lambda-Cyhalothrin,

❀ ၉။ ရွက်စုံစားခူဝါ(Common Hairy Caterpillar)~

လောက်ကောင်ငယ်များသည် အစိမ်းရောင် တစ်ရှုးသားကို ခြစ်စားပြီး အရွက်များအစိမ်းရောင်ပျောက်ပြီး အမှေးပါးသာ ကျန်ရစ်သည်၊ အကောင်ကြီးများသည် အပင်တပင်မှ အခြားတစ်ပင်သို့ ကူးပြောင်းပြီး ကိုက်ဖြတ်စားသောက်ပြီး ထိုသို့စားသောက်ခြင်းကြောင့် အရွက် အညွန့်များ စုတ်ပြတ်နေတတ်ပါသည်။
အဝေးမှကြည့်လျင် အခင်းမှာ အကွက်လိုက်ဝါနေပါမည်။
♡ သုံးစွဲသင့်သောဆေး ~
Cypermethrin, Chlorpyrifos,

❀ ၁၀။ ပုရစ်(Field circket)~

အပင်ငယ်စဉ်မှစ၍ ရိတ်သိမ်းချိန်အထိ ဖျက်စီးမှုရှိပါသည်။ အချို့ဒေသများတွင် ပုရစ်ဖျက်စီးမှုအား သီးနှံရိတ်သိမ်းချိန်တွင် ဆိုးဝါးစွာကျရောက်ခြင်းကြောင့် အထွက်နှုန်းသိသာစွာ ထိခိုက်သည်ကို တွေ့ရှိရပါသည်။
ညနေ ညပိုင်းတို့တွင် စုဝေးရောက်ရှိပြီး ပဲပင်ပေါက်များ၏ ပင်စည် အရွက်များ အပင်သီး မှည့်ချိန်တွင် အသီးများအား စားသောက်ဖျက်စီးပါသည်။
♡ သုံးစွဲသင့်သောဆေး ~
Cypermethrin, Chlorpyrifos, Lambda-Cyhalothrin,

Address

ကမ်းနား လမ်း
Dedaye

Telephone

09451231779

Website

Alerts

Be the first to know and let us send you an email when ဖြိုးသုခ စိုက်ပျိုးရေး သုံးဆေးအမျိုးမျိုးနှင့်မြေဆီအရောင်းဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share