19/05/2025
" ကျောက်စိမ်းအချောထည်ကို တန်ဖိုးဖြတ်ခြင်းအကြောင်း "
++++++++++++++++++++
စျေးကွက်ထဲတွင် ကျောက်စိမ်းအ
ည်ကျောက် အရောင်းအဝယ်ပြုလုပ်ကြရာ၌ တိကျသောအချက် အလက်များထက် အတွေ့အကြုံဖြင့်သာ ရောင်းဝယ်နေကြရာမှ
သိပ္ပံနည်းကျ အချက်အလက်များဖြင့် အဆင့်ခွဲခြားကာ စျေးနူန်းသတ်မှတ်ဝယ်ယူပါက ဆုံးရူံးမူ့နှင့် အမှားအယွင်း အလွန်နည်းပါးမည်ဖြစ်ပါသည်.
ကျောက်စိမ်းအရည်ကျောက်ကို တန်ဖိုးသတ်မှတ်ရာ၌ အောက်ဖေါ်ပြပါအချက် ( ၆ ) ချက်ဖြင့် စစ်ဆေးရမည်ဖြစ်ပါသည်.
၁ - ( Transparency ) ကျောက်သား.
၂ - ( Color ) အသွေးအရောင်.
၃ - ( Clarity ) အပြစ်အနာ.
၄ - ( Luster ) ပွင့်ရည်.
၅ - ( Style of Cut & Shape ) သွေးပုံသွေးနည်း.
၆ - ( Size & Weight ) အရွယ်နှင့်အလေးချိန်.
+++++++++++++++++
၁ - ( Transparency ) ကျောက်သား.
ကျောက်စိမ်းသည် မူလသဘာဝကပင် ထုတ်ခြင်းဖေါက် ကြည်လင်သော ကျောက်မျိုးမဟုတ်ဘဲ ထိုးဖေါက်မမြင်နိင်သော အလင်းမူန်ကျောက်မျက်ဖြစ်ပါသည်. ထို့ကြောင့် အစိမ်းရောင် အရည်စွဲနေသောကျောက်သားသည် ကြည်လင်သန့်ရှင်ခြင်း၊ မသန့်ရှင်းခြင်းမှာ များစွာအရေးကြီးပါသည်.
သွေးပြီးကျောက်စိမ်းသည် အရောင်မည်မျှပင်ကောင်းစေကာမူ၍ အောက်ခံကျောက်သား မာကျောကျစ်လစ်ခြင်း၊ သိပ်သည်းခြင်း၊ ကြည်လင်ခြင်းမရှိပါက အသွေးအရောင်များစွာ ယုတ်လျော့သွားနိင်ပါသည်..
အသွေးအရောင် အတော်အသင့် ကောင်းစေကာမူ၊ ကျောက်သားကောင်းခြင်းကြောင့် အရည်အသွေး တက်လာတတ်ခြင်များ ရှိတတ်ပါသည်.
၁/a - ပထမတန်းစားကျောက်သားအကြည်.
အကောင်းဆုံးကျောက်သားမျိုးဖြစ်ပါသည်. ကျောက်သား၏ သဘာဝမှာ ကြည်လင်သန့်ရှင်းပြီး အပြာရောင်ရိပ် အနည်းငယ်သန်းနေသော ကျောက်သားဖြစ်ပါသည်.
၁/b - ဒုတိယတန်းစား ကျောက်သားအကြည်
ပထမတန်းစား ကျောက်သားလောက် မကောင်းသော်လည်း အသားကြည်ပါသည်. အပြာရောင်ရိပ် မရှိသော ကျောက်သားဖြစ်ပါသည်.
၁/c - ဝတ်ဆံဖြူပါသော တတိယတန်းစား ကျောက်သား.
ကျောက်သား ကြည်လင်မူ့မရှိဘဲ အဖြူရိပ် ဝတ်ဆံဖြူလေးများ ရောထွေးနေသည့် ကျောက်သားမျိုးဖြစ်ပါသည်. ထို့ကြောင့် လူကြိုက်နည်းပါသည်.
.......................
၂ - ( Color ) အသွေးအရောင်.
ကျောက်စိမ်းတွင် အရောင်မျိုးစုံရှိသော်လည်းလူအများက အောက်ပါအသွးအရောင်များကိုသာ အရည်ကျောက်အဖြစ် အသိအမှတ်ပြု့ပါသည်.
၂/a - စိမ်းရင့်ဝါ ( Saturated yellowish green , yG 6/6 )
ကျောက်စိမ်းတွင် စိမ်းရင့်ဝါ အသွေးအရောင်သည် ပထမတန်း အသွေးအရောင်ဖြစ်ပါသည်.
အစိမ်းရောင်အခြေခံတွင် အဝါရိပ်ပေါင်းစပ်ပြီး ရင့်စိုနေသော အရောင်အသွေးဖြစ်ပါသည်.
၂/b - စိမ်းဝါ ( Yellowish green , yG 6/6 )
စိမ်းဝါရောင်သည် စိမ်းရင့်ဝါလောက် မရင့်သော ဒုတိယအမျိုးအစား အသွေးအရောင်ဖြစ်ပါသည်.
၂/c - အစိမ်းရင့်. ( Saturated vivid green , G 5/6 )
အခြားမည်သည့် အရောင်မှ ပေါင်းစပ်ခြင်းမရှိသည့် အခြေခံအစိမ်းရောင် ဖြစ်ပါသည်.
၂/d - စိမ်းနု့ဝါ. ( Light yellowish green , yG 4/6 )
အရောင်ပိုနု့သော စိမ်းဝါရောင်ဖြစ်ပါသည်.
၂/e - အစိမ်းနု့. ( Very lightly yellowish green , vslyG )
အရောင်ပိုဖျော့သော အစိမ်းရောင်မျိုး ဖြစ်ပါသည်.
# အထက်ပါကျောက်သား ( ၃ ) မျိုးနှင့် အသွေးအရောင်( ၅ ) မျိုး ပေါင်းစပ်ပါက ကျောက်စိမ်းအရည်ကျောက်များတွင် အသွေးအရောင် အဆင့်အတန်းအမျိုးမျိုး ရရှိနိင်ပါသည်.
# ပထမတန်းစား ကျောက်သားအကြည်တွင် စိမ်းရင့်ဝါရောင်စွဲပါက ပထမတန်းစား ကျောက်စိမ်း အရည်ကျောက် ဖြစ်သွားနိင်ပါသည်.
# ဝတ်ဆံဖြူပါသော ကျောက်သားတွင် စိမ်းရင်ဝါအရောင်စွဲသော အရည်ကျောက်ထက်၊ ဒုတိယတန်းစား ကျောက်သားကြည်တွင်အစိမ်းရင့်ရောင်စွဲနေသော အရည်ကျောက်က ပို၍ တန်ဖိုးရှိပါသည်.
# အရေးကြီးဆုံးမှာ ကျောက်သားနှင့်အသွေးအရောင်ကိုပါင်းစပ်၍ အကဲဖြတ်ရန်ဖြစ်ပါသည်. #
...................................
၃ - ( Clarity ) အပြစ်အနာ.
ကျောက်စိမ်းသည် မိုးကုတ်ကျောက်လောက် အပြစ်အနာမများသော်လည်း အောက်ပါ အပြစ်အနာများသည် ကျောက်စိမ်း၏တန်ဖိုးကို အနည်းနှင့် အများ ထိခိုက်ကျဆင်းစေနိင်ပါသည်.
၃/a - အသွေးအရောင်မညီခြင်း - အသွေးအရောင်မညီဘဲ တစ်နေရာတွင် အရောင်ဖျော့ခြင်း၊ ရင့်ခြင်း၊ ကွက်ခြင်း.
၃/b - အသားကြောင်းထိုးခြင်း -
၃/c - အနာများခြင်း -
အက်ကြောင်းသဖွယ်ရှိသော အနာများသည် ကျောက်စိမ်း၏တန်ဖိုးကို ထိခိုက်ကျဆင်းစေနိင်ပါသည်.
၃/d - အနက်စက်, အနက်စင်းများ.
၃/e - အဖြူစက်, အဖြူစင်းများ.
၃/f - ကျောက်သားမညီခြင်း -
ကျောက်စိမ်းတွင် ကြည်လင်ကောင်းမွန်မူ့မရှိဘဲ သဘာဝ၏ဖိနှိပ် ဆွဲဆန့် တွန်းကန်သော အင်အားများကြောင့် အသားထဲတွင် တစ်နေရာနှင့် တစ်နေရာ မတူညီတတ်သည့် အသားပျော့ခြင်း၊ အသားမာခြင်းရှိတတ်ရာ အရောင်တင်လိုက်သောအခါတွင် ကျောက်သားမညီညာ၍ တဖက်မှာ အရောင်ထိုင်းပြီး အခြားတစ်ဖက်တွင် အရောင်ကောင်းခြင်း၊ မညီညာခြင်းများရှိတတ်ပါသည်.
.........................................
၄ - ( Luster ) ပွင့်ရည်.
ပွင့်ရည်ဟု့သတ်မှတ်သော အရောင်ကြည်လင်သန့်စင်ခြင်း၊ အရည်စိုပြီး ရွှမ်းအိခြင်း မရှိပါက ကျောက်စိမ်း၏ အလှအပကိူ ယုတ်လျှော့စေနိင်ပါသည်.
ကျောက်စိမ်း၏ ကျောက်သားမှန်ကန်ခြင်း၊ အသွေးအရောင်မှန်ကန်ခြင်း၊ တို့ပေါင်းစပ်ပြီး ကျောက်သွေးပညာရှင်၏ သွေးပုံသွေးနည်း (၃) မျိုး ပေါင်းစပ်မှသာလျှင် ပွင့်ရည်ကို အပြည့်အဝရရှိနိင်ပါသည်.
.....................................
၅ - ( Style of Cut & Shape ) သွေးပုံသွေးနည်း.
၅/a - ( Shape ) ပုံသဏ္ဏန် - ကျောက်စိမ်း၏လူကြိုက်အများဆုံး ပုံသဏ္ဏန်မှာ ဘဲဥခြမ်းကိုမှောက်ထားသော ပုံဖြစ်ပါသည်.
ကျောက်စိမ်းအရည်ကျောက် အကောင်းစားများ ဝယ်ယူရာတွင် အဓိကဖြစ်သော အလျား အနံ အမြင့် အချိုးကျသည့်ဘဲဥခြမ်းမှောက်ထားသည့် ပုံသဏ္ဏန်မှာ အကောင်းဆုံးဖြစ်ပါသည်.
၅/b - နူတ်ခမ်းသိမ်းမူ့သေသပ်ခြင်း - ကျောက်စိမ်းလုံးချောသွေးရာတွင် အခုံးနှင့် အပြန့် ဆုံစည်းရာခါးပါတ်၌ နူတ်ခမ်းသိမ်းမူ့ သေသပ်ခြင်း ညီညာခြင်း ရှိမရှိကို စစ်ဆေးရပါသည်.
၅/c - မှတ်ကြေခြင်း - အသွေးညီညာခြင်းကို မှတ်ကြေခြင်းဟု့ခေါ်ပါသည်.
၅/d - အရောင်တင်ခြင်း - အရောင်တင်ခြင်း မကောင်းလျှင် ကျောက်စိမ်း၏ မူလစိမ်းစိုသော အရောင်ကြည်လင်မူ့ရရှိရန် ခဲယဉ်းပါသည်. ထို့ကြောင့် အရောင်တင်မူ့ ကောင်းမကောင်းကို စစ်ဆေးရပါမည်.
............................................
၆ - ( Size & Weight ) အရွယ်နှင့် အလေးချိန်.
ကျောက်စိမ်းတွင် လုံလောက်သော အရွယ်ပမာဏနှင့် အလေးချိန်ကြီးမား ထည်ဝါခြင်း မရှိလျှင် တန်ဖိုးများစွာ ကျဆင်းပါသည်.
# သို့ဖြစ်ပါ၍ ပထမတန်းစား အရည်ကျောက်စိမ်းတစ်ပွင့် ဖြစ်ရန်မှာ -,
၁ - အသားခံကောင်းခြင်း၊
၂ - အသွေးအရောင်ကောင်းခြင်း၊
၃ - ပွင့်ရည်ကောင်းခြင်း၊
၄ - အပြစ်အနာကင်းခြင်း၊
၅ - အရွယ်ပမာဏကြီးမားခြင်း
- စသော အင်္ဂါရပ်တို့နှင့် ပြည့်စုံသောကျောက်မှသာ ကျောက်ကောင်းတစ်ပွင့်ဖြစ်ပါသည်. #
သာမာန်အားဖြင့် ကျောက်စိမ်းတွင် လူတိုင်းနားလည်သော အရွယ် ( ၃ ) မျိုးရှိရာ ၎င်းတို့မှာ -
၆/a - ( လက်စွပ်စေ့အရွယ် ) - တန်ဖိုးအများဆုံးအရွယ်ဖြစ်ပြီး ခန့်မှန်း ( ၈ ကလပ်မှ ၁၂ ကလပ် ) အထိဖြစ်ပါသည်.
၆/b - ( နားပန်စေ့အရွယ် ) - ခန့်မှန်း ( ၄ ကလပ်မှ ၈ ကလပ် ) အထိဖြစ်ပါသည်.
၆/c - ( လက်ကောက်စေ့အရွယ် ) - ခန့်မှန်း ( ၁ ကလပ်မှ ၄ ကလပ် ) အထိဖြစ်ပါသည်.
၆/d - ၁ ကလပ်အောက်အရွယ်. , တို့ဖြစ်ကြပါသည်.
Crd...ဆရာကြီးဦးဉာဏ်သင်း...
++++++++++++++++++