11/12/2020
[English Below]
🏗 လေးစားအပ်ပါသော အေးရှားဝေါလ်ဆိပ်ကမ်း နှင့် ရွှေနဝါဆိပ်ကမ်းဝန်ဆောင်မှု အသုံးပြုသူ Customers များသို့ အသိပေးချက်
🔹 အေးရှားဝေါလ်ဆိပ်ကမ်း နှင့် ရွှေနဝါဆိပ်ကမ်းတို့တွင် လုပ်ငန်းများဆောင်ရွက်နေသော Shippers / Consignee / Agent များအနေဖြင့် ငွေစက္ကူကိုင်ဆောင်ခြင်း၊ လူပုဂ္ဂိုလ်အချင်းချင်း ငွေစက္ကူဖြင့် လဲလှယ်ခြင်းတို့မှ တဆင့် COVID-19 ရောဂါကူးစက်ခံရခြင်း မရှိစေရန် နှင့် ပိုမိုမြန်ဆန်လွယ်ကူသော ငွေပေးချေမှု စနစ်အတွက် 🏧 CB Bank Account နှင့် 💳 ATM Card များကို ဆိပ်ကမ်း၏ အစီအစဉ်၊ ကုန်ကျစရိတ်ဖြင့် လူကြီးမင်းတို့ လက်ဝယ်အရောက် အခမဲ့ ထုတ်ပေးခဲ့ပြီး 📱 CB Pay Digital Payment စနစ်ဖြင့် ငွေပေးချေခြင်းကိုလည်း ၂၀၂၀ ခုနှစ် ဇွန်လ ၆ ရက်နေ့မှ စ၍ စမ်းသပ်ကာလအဖြစ် ဆောင်ရွက်အသုံးပြုစေခဲ့ပြီးဖြစ်ပါသည်။
🔹 ထို့အပြင် 💳 CB ATM Card များသို့ ငွေဖြည့်သွင်းခြင်း ကိစ္စရပ်များကိုလည်း ဆိပ်ကမ်းဝင်းအတွင်းတွင် ထားရှိပေးထားသော 🏧 CRM Machines (၃) လုံး မှတဆင့်လည်းကောင်း၊ CB Bank များတွင်လည်းကောင်း ငွေကြိုဖြည့်သွင်းထားနိုင်မည် ဖြစ်ပါသည်။
🔹 သို့ဖြစ်ပါ၍ COVID-19 ရောဂါကူးစက်ခံရမှုကို တစ်စိတ်တစ်ဒေသလျော့ချနိုင်ရန်နှင့် ငွေပေးချေမှုလွယ်ကူလျင်မြန်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်ပြီး အေးရှားဝေါလ်ဆိပ်ကမ်း နှင့် ရွှေနဝါဆိပ်ကမ်းတို့နှင့် သက်ဆိုင်သော ငွေပေးချေမှုများအား ငွေသားဖြင့် ပေးချေခြင်းအစား 📱 CB Pay ဖြင့် ငွေပေးချေခြင်းကိုသာ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။
🔹 လူကြီးမင်းတို့၏ တစ်ဦးတစ်ယောက်ချင်းစီ ပူးပေါင်းပါဝင်မှုအင်အားဖြင့် ⛔️ COVID-19 ရောဂါကူးစက်ခံရမှုကို လျှော့ချပြီး ကျန်းမာရေးအတွက် ပိုမို လုံခြုံစိတ်ချရသော လုပ်ငန်းခွင် ဧရိယာအဖြစ် ဖန်တီးကြပါစို့။
🏗 Dear valued customers of Asia World Port and Shwenawa Port,
🔹 For the prevention of COVID-19 infection through cash exchange and for the faster and easier payment system, 🏧 CB Bank Accounts and 💳 ATM Cards have been delivered free of charge to all the Shippers / Consignee / Agents who are operating at Asia World Port and Shwenawa Port and 📱 CB Pay Digital Payment has been launched as a trial period from 6 June 2020.
🔹 In addition, top-ups for 💳 CB Bank ATM Cards can process through the 🏧 3 CRM Machines located in the port compound and can also top up at CB Bank Branches.
🔹Therefore, with the aim of partially reducing COVID-19 infection and making payments easier and faster, we would like to inform you that we will only accept the digital payment with 📱 CB Pay instead of cash payment for Asia World Port and Shwenawa Port. The announcement will effective starting from 5 January 2021.
🔹 With the help of your individual collaboration, let's reduce the risk of ⛔️ COVID-19 infection and create a safe working environment.