18/12/2025
မနက်ဝေလီဝေလင်း ၅နာရီထိုးလောက်ပေါ့ နိုးလာပြီး ခြင်ထောင်အပြင်ထွက်ကြည့်တော့ခြံထဲမှာ
တရှဲရှဲနဲ့ တံမြက်စည်းလှည်းသံကိုကြားရတော့ ပျော်သွားပြီး ခေါင်းစွတ်ခြေစွတ်လက်စွတ်
အကုန်စွတ်ပြီးအိမ်အောက်ဆင်းသွားတယ်
တံမြက်စည်းလှဲနေတဲ့ ဖေဖေအနားလျှောက်သွားပြီ ဒီသစ်ရွက်ခြောက်တွေကို ဖေဖေမကြာခင်မီးရှို့တော့မှာမလို့ ဖေဖေနောက်ကနေလိုက်ရင်း အစောကြီးနိုးလာပြန်ပြီလားကလေးလေးဆိုတဲ့ဖေဖေအသံရယ် အေးနေတာကို ဆိုပြီး ကိုယ့်ကိုယ်ပြောပြီး
အမှိုက်ကိုပုံပြီးမီးရှို့တော့တယ်
စစတောက်လာချင်းမီးကဆောင်းရာသီနှင်းတွေစိုစွတ်နေတဲ့အရွက်တွေကိုမီးစွဲအောင်ကြိုးစားနေရသလိုပဲ ကိုယ့်မျက်စိထဲ
တဖြေးဖြေးဖြစ်လာတဲ့ပြာတွေကနေအပူဓာတ်
လက်ကျန်ကိုလက်အိတ်ချွတ်လက်ဝါးလေးတွေကာထားပြီးထိုင်ကြည့်ရတာကိုကြိုက်တဲ့သူ
ပြီကောင်းကင်ကလဲမကြာခင်နေအလင်းက
ပိုထွက်လာတော့မယ် မီးလဲအကုန်သေကိုယ်လဲ
အိမ်ပြန်မျက်နှာသစ်ပြီး မုန့်စိမ်းပေါင်းသည်ကိုစောင့်ရမယ် ဒီနေ့စားချင်တာကမုန့်စိမ်းပေါင်းဖြစ်သည် အခုလိုအေးတဲ့ရာသီမှာကောက်ညှင်းပေါင်း
မဟုတ်ရင် မုန့်စိမ်းပေါင်းကစားလို့အကောင်းဆုံးပဲ(ကိုယ့်အတွက်တော့ ) မကြာခင်မုန့်စိမ်းပေါင်းသည်အသံကြားရတယ် အမေ့ဆီကညကတည်းကတောင်းထားတဲ့ပိုက်ဆံ၂၀၀ရယ်ပန်းကန်ပြားရယ်တောင်းပြီအိမ်ရှေ့ထွက်လာတော့ စျေးသည်အန်တီကြီးက ထုံးစံအတိုင်းပဲလားသမီးဆိုတော့ အညိုများများထည့်အန်တီဟိုနေ့ကအဖြူတွေနည်းနည်းများတယ်ဆိုပြီး အိမ်ပေါ်ရောက်တော့
မုန့်စိမ်းပေါင်းကို အမေမီးမွှေးတဲ့နားယူသွားပြီ
ဆီပုလင်းအပူပေးနေတဲ့အမေ့နားကပ်ပြီးချွဲပါတော့တယ်
အဲ့တုန်းကမုန့်စိမ်းပေါင်း၂၀၀ဖိုးက တစ်အိမ်လုံးဝသလောက်စားရတယ်
အမေနဲ့မမကြီးဖို့သပ်သပ်ခွဲထားပြီ ဖေဖေဘုရားရှိခိုးပြီးကိုယ်နဲ့အတူစားဖို့ အိမ်ရှေ့ယူသွားပြီး
အရင်စားနှင့်လိုက်တယ်
မစားလို့လဲမရ ပြီးရင်အလုပ်ကြီးအကိုင်ကြီးသွားကစားရအုံးမှာ🤣
မုန့်စိမ်းပေါင်း မဝယ်စားတဲ့နေ့ဆို အမေ့ရဲ့ ထမင်းကြော် ကြက်ဥကြော် ဒါမှမဟုတ် ငါးရံခြောက်ဖုတ်လေးနဲ့ မြေပဲကြော်လေးပေါ့
တစ်ခါကဒီဇင်ဘာဆောင်းကိုအမှတ်ရလျှက်❣️
မုန့်စိမ်းပေါင်းပုံကတော့ Crd ပေးပါတယ် သဘောကျလို့