Travel by Phoe Chan

Travel by Phoe Chan Life is too short! Let's explore!

06/11/2025

လူတိုင်းမှာ သူတို့ ဘာသာ ကြိတ်ဖြေရှင်းနေရတဲ့ အခက်အခဲတွေရှိကြပါတယ်

ဒါကို သွားမထိသေးလို့သာ အဆင်ပြေနေသေးတာ
သူတို့လက်ခံယုံကြည်ထားတဲ့ အခြေနေကို ထိလိုက်လို့ ဘောင်ကျော်သွားရင် အဲ့မှ စငြိတော့တာပဲ

ဘယ်လောက်ပဲရင်းနှီးခင်မင်နေပါစေ

တစ်ချို့သောသူတွေရဲ့ ဘောင်တွေ စည်းတွေကို မထိတာ အကောင်းဆုံးပါပဲ

05/11/2025

တစ်ခါတုန်းက အညာရဲ့ တန်ဆောင်မုန်းလပြည့်ည အမှတ်တရများ

ကိုက အညာဘက်ကဆို​တော့ အညာမှာ တန်​ဆောင်မုန်းလပြည့်ညနီးရင် မယ်ဇလီ ပင်​ပေါ်တက်ပြီး မယ်ဇလီဖူး တွေ လိုက်ခူးပြီး ညဘက် သုပ်စားဖို့ ပြင်ဆင်ကြတယ်

လပြည့်ည​ရောက်ရင်​တော့ ညကျရင် မအိပ်ဘဲ ၁၂ ရီထိ​နေပြီး ဆေး​ပေါင်းခဖို့ ရည်ရွယ်ချက်နဲ့ပါပဲ

သူငယ်ချင်း​တွေ ပိုက်ဆံ​တွေစုပြီး ကြက်​တွေလိုက်ဝယ် အချိုရည်​တွေဝယိ ညကျရင်စားဖို့ ပြင်ဆင်ရလို့ တ​နေကုန်​တောင်မအားဘူး အဲ့ရက်က 🤣🤣

တန်​ဆောင်မုန်းလပြည့်ညဆိုရင် ကျ​နော်တို့ ဘေးအိမ်က ဘစာ​ရေးကြိး ဆိုင်က ည ၈ နာရီတိုင်း ငွေကြဲ​လေ့ရှိတယ်
အဲ့ချိန်ဆိုရင် ရွာထဲကလူ​တွေ​ရော တစ်ခြားရွာက လူ​တွေ​ရောက လာ​ကောက်​လေ့ရှိကြတယ်

တစ်ချို့က​တော့ ဝင်မ​ကောက်ပဲ များပြားတဲ့ လူအုပ်ကြီးကို ကြည့်ဖို့ လာကြတဲ့ သ​ဘောပဲ

ကျ​နော်တို့ က​လေးဘဝက​နေကြဲလာတာ ကျောင်းပြီးလို့ လူပျိုအရွယ် ရောက်လာတဲ့ အထိပဲ နှစ်တိုင်းကြဲတာ​ပေါ့

အဲ့ချိန်က ပျော်စရာ​ကောင်းပြီး ငွေကြဲရင် ဝိုင်း​ကောက်ကြလို့ ဒူးကွဲသူက ကွဲ ပြဲသူပြဲနှင့် ငါဘယ်​လောက်ရတာဆိုပြိး ကြွားကြနဲ့ ပျော်စရာ တကယ် ကောင်းတယ်

အချိန်ညနက်လာလို့ ၁၂ နာရီထိုးရင် ဆေး​ပေါင်းခ​အောင် မယ်ဇလီဖူးသုပ်စားရမဲ့ အချိန်ပဲ အဲ့ဒီ့ချိန် အိပ်​နေရင်​တောင် မိဘ​တွေက အိပ်ယာနှိုး​ကျွေးကြတယ်

အချင်းချင်း လဲစားကြတဲ့သူ​တွေလဲရှိတယ် အများဆုံးချက်တာက​တော့ ကြက်ကာလသားဟင်းပဲ

နောက်ထပ်​ပျော်စရာ​ကောင်းတာက​တော့ ပံ့သကူ လိုက်ရှာကြတာပါပဲ ပိုက်ဆံရှိတဲ့သူ​တွေက ည ၁၁ လောက် လိုက်ဝှက်ထားကြတာ ရှိသလို မနက် ၃ နာရီမှ ဝှက်တဲ့သူလဲ ရှိတယ်

ဓာတ်မီး တစ်​ယောက်တစ်လှည့်နဲ့ ခြုံကြိုခြုံကြား ရှာကြ​ဖွေကြ ပျော်စရာကြီးပဲ

ည၁၂ ကျော်ရင် သူခိုးကြီးညဆိုပြီး အိမ်​တွေမှာ ရှိတဲ့ ကြက် ဘူးသီး တန်ဖိုးမကြီးတဲ့အရာ တွေ လိုက်ခိုးယူ​လေ့ရှိကြတယ် တချို့​တွေလဲ ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ်ကပစ္စည်း​တွေဘ​နေရာ​ရွေ့ထားတာမျိုး ပျော်စရာလုပ်ကြတယိ

လပြည့်ည​တွေမှာလဲ ထုပ်စိးထိုးသူ​တေလဲ ရှိကြလို့ ပျော်စရာကြိးပဲ

အညာ​ဒေသ ဓ​လေ့တစ်ခုက​တော့ ဘုရားချမှာဆိုးလို့ တညလုံး မအိပ်ဘဲ စောင့်ကြတဲ့သူ​တွေရှိတယ်

ဘုရားချခံရတဲ့ အိမ်​တွေက​တော့ နောက်ပိုင်း အ​ကျွေးအ​မွေးနဲ့ ရွာ​ကျောင်းကို အလှူအတန်းနဲ့ ပြန်ပို့ရတာ​ပေါ့

လပြည့်​ကျော် တစ်ရက်ကြရင်​တော့ မ​နေ့ညက အဖြစ်ပျက်​တွေကို အာ​ပေါင်အာရင်း သန်သန် နဲ့ ပြောကြဆိုကြ အမှတ်တရ​တွေပါပဲ

ခုများ​တော့လဲ အ​ဝေး​ရောက်​နေသူအဖို့ လပြည့်ညလဲ မရှိ
ဘာပွဲမှ မရှိဘဲ ကိုယ့်မြန်မာပြည်အား လွမ်းမိပါရဲ့

03/11/2025

ထီပေါက်ဂါထာ

November သိတဲ့သူတွေ သိတယ် 🥱🥱🥱
03/11/2025

November သိတဲ့သူတွေ သိတယ် 🥱🥱🥱

မီနဲ့ ကြက်ဥ စျေးသည်အကြောင်းအရာကတော့ စျေးဝယ်ရင်း ပိုက်ဆံ မလောက်တာပါပဲလိုအပ်တဲ့ဟာတွေဝယ်ပြီး ကြက်ဥ တစ်ကဒ်စာ 240 Rupeesမှာ 2...
30/10/2025

မီနဲ့ ကြက်ဥ စျေးသည်

အကြောင်းအရာကတော့ စျေးဝယ်ရင်း ပိုက်ဆံ မလောက်တာပါပဲ

လိုအပ်တဲ့ဟာတွေဝယ်ပြီး ကြက်ဥ တစ်ကဒ်စာ 240 Rupeesမှာ 230 ပဲ ကျန်တော့တယ်

တစ်ကဒ်လဲ လိုချင်တယ် ပိုက်ဆံက 10 Rupees ပဲ လိုနေတာ သူကလဲ ဘုကြည့်ကြည့် အိတ်ကပ်မှန်သမျှလဲ နှိုက်တာ လဲ တစ်ကျပ်မှ မပါဘူး ဖြစ်နေတယ်

နောက်ဆုံး ဘယ်လိုမှ မဖြစ်တော့ တစ်ကဒ်ထဲ က မင်း တစ်လုံး နှုတ်ထားလိုက်လို့

ငါပါတာ ဒါအကုန်ပဲဆိုပြီး မ လာလိုက်တယ်

မရ ရအောင် ယူခဲ့တာပါဆို 🤣🤣

28/10/2025

ကျနော်ကတော့ လူတွေနဲ့ ဆက်ဆံတဲ့အခါ တန်း တစ်ခုနဲ့ ဆက်ဆံလေ့ရှိတယ်

စီးပွါးရေး လုပ်ငန်းရှင်ပဲ ဖြစ်ဖြစ်
ဆင်းရဲသူပဲ ဖြစ်ဖြစ်
ချမ်းသာ သူပဲ ဖြစ်ဖြစ်
အဆင်ပြေနေတဲ့သူပဲ ဖြစ်ဖြစ်
အဆင်မပြေတဲ့ သူပဲ ဖြစ်ဖြစ်

နိပ့်ပီး ဆက်ဆံလေ့မရှိတော့ လူတိုင်းနဲ့ ပြောဆို ဆက်ဆံတော့ နောင်တ ကင်းတယ်

အမျိုးထဲမှာလဲ ပိုက်ဆံ ရှိသူပဲ ဖြစ်ဖြစ်
မရှိသူပဲ ဖြစ်ဖြစ် စကားအမှား မပါအောင် ပြောဆို ဆက်ဆံလေ့ရှိတယ်

ဒါကြောင့် နောင်တ ကင်းတဲ့ ဆက်ဆံရေးဖြစ်တယ်
လိပ်ပြာလုံတဲ့ ဆက်ဆံရေးတွေ ဖြစ်ခဲ့တယ်

ဘယ်သူမို့ ဆိုပြီး ထူးခြားပြီး ဆက်ဆံလေ့မရှိတော့ နောင်တကင်းလာတယ်

ခေါင်းထဲမှာ ဘယ့်သူ့မှ မုန်းနေတာမျိုးလဲ မရှိဘူး
ဘယ်သူ့မှ ချစ်ခြင်းလဲ မရှိဘူး ( ချစ်သူလေးက လွဲပြီးပေါ့)

အေးချမ်းနေပါပြီလို့ ပြောချင်တာပါ

နောက်ဆုံးတော့ ဘဲ ကိုယ်ဆီနဲ့ မိမိတို့ သူငယ်ချင်း ၂ ယောက်ဖိုတိုခရက်ဒစ်
28/10/2025

နောက်ဆုံးတော့ ဘဲ ကိုယ်ဆီနဲ့ မိမိတို့ သူငယ်ချင်း ၂ ယောက်

ဖိုတိုခရက်ဒစ်

သံဗုဒ္ဓေဂါထာ ရွတ်ဖတ်သရဇယ်ပြီးမြောက်မှု့အရေအတွက်သာဓု ခေါ်ပေးကြပါဦးဗျာ
28/10/2025

သံဗုဒ္ဓေဂါထာ ရွတ်ဖတ်သရဇယ်ပြီးမြောက်မှု့အရေအတွက်

သာဓု ခေါ်ပေးကြပါဦးဗျာ

28/10/2025
Facebook မှာ monetization setup လုပ်ပြီး ငွေရှာဖို့ဆိုရင် အဆင့်ဆင့်လိုက်နာရမယ့် အချက်တွေနဲ့ လိုအပ်ချက်တွေ ရှိပါတယ်။ အဓိက...
22/10/2025

Facebook မှာ monetization setup လုပ်ပြီး ငွေရှာဖို့ဆိုရင် အဆင့်ဆင့်လိုက်နာရမယ့် အချက်တွေနဲ့ လိုအပ်ချက်တွေ ရှိပါတယ်။ အဓိကအားဖြင့် Facebook ရဲ့ Partner Monetization Policies နဲ့ Content Monetization Policies တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

Facebook Monetization အတွက် အဓိက လိုအပ်ချက်များ
Facebook က Content Creator တွေအတွက် Monetization နည်းလမ်းအမျိုးမျိုးကို ပံ့ပိုးပေးထားပါတယ်။ အဓိကအားဖြင့် အောက်ပါအချက်တွေကို ပြည့်မီဖို့ လိုအပ်ပါတယ်:

page သို့မဟုတ် Professional Mode Profile: သင့်မှာ page တစ်ခု ဒါမှမဟုတ် ကိုယ်ပိုင် Profile ကို Professional Mode ပြောင်းထားဖို့ လိုအပ်ပါတယ်။ Page နဲ့ Professional Mode နှစ်ခုစလုံးက ငွေရှာဖို့အတွက် လိုအပ်တဲ့ Tools တွေကို ပံ့ပိုးပေးပါတယ်။

အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမယ်: Monetization အတွက် လျှောက်ထားသူရဲ့ အသက်က အနည်းဆုံး ၁၈ နှစ် ပြည့်မီရပါမယ်။

Payment Account ရှိရမယ်: ငွေထုတ်ယူဖို့အတွက် Active ဖြစ်နေတဲ့ Payment Account (ဥပမာ- Bank Account) ရှိရပါမယ်။

မူရင်း Content များ: Facebook ရဲ့ ပေါ်လစီတွေနဲ့ ကိုက်ညီတဲ့ မူရင်း (Original)၊ ထူးခြားတဲ့ Content တွေ (ဗီဒီယို၊ ပုံ၊ စာသား) ကို ဖန်တီးတင်ဆက်ရပါမယ်။ ခိုးယူထားတဲ့ Content တွေ၊ ကော်ပီရိုက်ထားတဲ့ Content တွေက Monetization ရဖို့ ခက်ခဲပါတယ်။

Facebook ရဲ့ မူဝါဒများကို လိုက်နာခြင်း: Facebook ရဲ့ Partner Monetization Policies, Content Monetization Policies, Advertising Policies နဲ့ Community Standards တွေကို အမြဲလိုက်နာရပါမယ်။ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ ဖော်ပြမှု၊ မုန်းတီးစကားများ၊ တရားမဝင် လုပ်ဆောင်မှုတွေကို မြှင့်တင်တဲ့ Content မျိုးတွေ မတင်သင့်ပါဘူး။

Facebook Monetization Type အလိုက် လိုအပ်ချက်များ
Facebook မှာ ငွေရှာနိုင်တဲ့ နည်းလမ်းများစွာရှိပြီး တစ်ခုချင်းစီမှာ ကိုယ်ပိုင်လိုအပ်ချက်တွေ ရှိပါတယ်။ အသုံးအများဆုံး Monetization နည်းလမ်းအချို့ကတော့-

၁။ In-Stream Ads (ဗီဒီယိုတွေထဲမှာ ကြော်ငြာထည့်သွင်းခြင်း)
ဒါကတော့ ဗီဒီယိုတွေကနေ ငွေရှာတဲ့ အဓိကနည်းလမ်း ဖြစ်ပါတယ်။ In-Stream Ads အတွက် လိုအပ်ချက်များကတော့-

Followers: Page မှာ အနည်းဆုံး 10,000 Followers ရှိရပါမယ်။

Views: လွန်ခဲ့တဲ့ ရက် ၆၀ အတွင်းမှာ ၃ မိနစ်နဲ့အထက် ရှည်တဲ့ ဗီဒီယိုတွေကနေ စုစုပေါင်း ၁ မိနစ်ကြည့်ရှုမှု ၃၀,၀၀၀ (30,000 one-minute views) ရှိရပါမယ်။

Active Video Content: ပုံမှန် ဗီဒီယို Content တွေ တင်နေဖို့ လိုအပ်ပါတယ်။

၂။ Stars (Live Stream တွေမှာ ပရိသတ်ဆီက Star လက်ခံခြင်း)
Stars က Live Stream တွေကနေ ငွေရှာဖို့ ကောင်းတဲ့ နည်းလမ်းတစ်ခုပါ။

Followers: လွန်ခဲ့တဲ့ ရက် ၃၀ အတွင်းမှာ Follower ၅၀၀ (500) ရရှိရပါမယ်။

Eligibility: Facebook ရဲ့ သတ်မှတ်ထားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ရပါမယ်။

၃။ Content Monetization (Reels, Photos, Text Posts တို့မှ ငွေရှာခြင်း)
မကြာသေးမီကမှ Facebook က Reels, Photos, Text Posts တွေကနေလည်း ငွေရှာနိုင်ဖို့ Program အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ Program က Beta အဆင့်မှာရှိနေပြီး ဖိတ်ကြားခံရတဲ့ Creators တွေသာ ပါဝင်နိုင်ပါသေးတယ်။

Performance-based Payout: Content တွေရဲ့ စွမ်းဆောင်ရည် (performance) အပေါ်မူတည်ပြီး ငွေရရှိမှာ ဖြစ်ပါတယ်။

Meta's Policies: Meta ရဲ့ မူဝါဒများအားလုံးကို လိုက်နာရပါမယ်။

Monetization Setup ပြုလုပ်ပုံ အဆင့်ဆင့်
သင့် Page သို့မဟုတ် Profile က လိုအပ်ချက်တွေ ပြည့်မီပြီဆိုရင် Monetization Setup ကို အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

၁။ Creator Studio (သို့မဟုတ်) Professional Dashboard သို့ သွားပါ:
* ကွန်ပျူတာဆိုရင် Meta Business Suite ထဲကနေ Monetization ကို သွားပါ။
* ဖုန်းဆိုရင် Professional Dashboard ထဲကနေ Monetization ကို သွားပါ။

၂။ Eligibility စစ်ဆေးပါ:
* Monetization Eligibility Checker ကို ရှာပြီး သင့် Page ဒါမှမဟုတ် Profile က ဘယ် Monetization Tools တွေအတွက် Eligible ဖြစ်လဲဆိုတာ စစ်ဆေးပါ။
* "Not yet eligible" လို့ ပေါ်နေရင် ဘာတွေ လိုအပ်သေးလဲဆိုတာကို "View criteria" မှာ ဝင်ကြည့်နိုင်ပါတယ်။

၃။ Monetization Tool ကို Set Up လုပ်ပါ:
* Eligible ဖြစ်တဲ့ Monetization Tool (ဥပမာ- In-Stream Ads, Stars) ဘေးနားမှာရှိတဲ့ "Set up" ခလုတ်ကို နှိပ်ပါ။
* စည်းမျဥ်းစည်းကမ်းတွေကို ဖတ်ပြီး သဘောတူပါ (Accept Terms and Conditions)။
* Payout Account ချိတ်ဆက်ပါ: ဒါကတော့ အရေးကြီးဆုံး အဆင့်တွေထဲက တစ်ခုပါ။ ငွေထုတ်ယူဖို့အတွက် ဘဏ်အကောင့် အချက်အလက် (Bank Account Details)၊ အခွန်ဆိုင်ရာ အချက်အလက် (Tax Information) စတာတွေကို မှန်ကန်စွာ ဖြည့်စွက်ရပါမယ်။ သင့်နိုင်ငံ (မြန်မာ) မှာ Monetization ရရှိတဲ့အခါ ငွေလက်ခံဖို့ နည်းလမ်းတစ်ခုကို ရွေးချယ်ရပါမယ်။

အပိုဆောင်း အကြံပြုချက်များ
ပုံမှန် Content တင်ပါ: သင့်ပရိသတ်ကို စိတ်ဝင်စားစေမယ့် အရည်အသွေးမြင့် Content တွေကို ပုံမှန်တင်ပေးပါ။

Engagement တိုးအောင် လုပ်ပါ: Comment တွေကို ပြန်ဖြေခြင်း၊ Live Stream များ ပြုလုပ်ခြင်းဖြင့် ပရိသတ်နဲ့ ထိတွေ့မှု (Engagement) ကို တိုးမြှင့်ပါ။

မူဝါဒများကို အမြဲလိုက်နာပါ: Facebook ရဲ့ ပေါ်လစီတွေကို အမြဲတမ်း ပြန်လည်စစ်ဆေးပြီး လိုက်နာပါ။ မူဝါဒချိုးဖောက်မှုတွေ ရှိခဲ့ရင် Monetization ရရှိဖို့ ခက်ခဲပြီး ရရှိပြီးသား Monetization ပါ ပိတ်ခံရနိုင်ပါတယ်။

Original Content ကို အသားပေးပါ: သူများ Content တွေကို ပြန်တင်တာမျိုးထက် ကိုယ်ပိုင်မူရင်းဖန်တီးမှုတွေကို အားပေးပါ။

Facebook Monetization က အချိန်ယူရပြီး စိတ်ရှည်သည်းခံမှု လိုအပ်ပါတယ်။ လိုအပ်ချက်တွေ ပြည့်မီအောင် ကြိုးစားပြီး အရည်အသွေးကောင်းတဲ့ Content တွေကို ဖန်တီးတင်ဆက်သွားမယ်ဆိုရင် Facebook ကနေ ငွေရှာနိုင်မှာပဲ ဖြစ်ပါတယ်။
Credit....YELINPHYO
လေးစားစွာဖြင့်
Naylinhtet အိုင်တီလမ်းညွှန်

Content Monetization ခေတ်စားလာတာနှင့်အမျှ မိမိတို့ အကောင့် ကိုလဲ ပြန်စစ်သင့်နေပါပြီကျနော် အကောင့်ဆိုရင် ဝါနေတာ ၅ လကျော်ရ...
22/10/2025

Content Monetization ခေတ်စားလာတာနှင့်အမျှ မိမိတို့ အကောင့် ကိုလဲ ပြန်စစ်သင့်နေပါပြီ

ကျနော် အကောင့်ဆိုရင် ဝါနေတာ ၅ လကျော်ရှိပါပြီ

ပထမဦးဆုံး ဝါ​သွားတဲ့ ပိုစ့်​တွေကို ဖျက်​ပေးဖို့ လိုပါမယ် ပြီးရင်​တော့ ဒိ အဆင့်​လေး​တွေ လုပ်ကြည့်ကြပါ

ခုလိုပြထားတဲ့ အတိုင်း စာတင်ကြည့်ပါ တင်ရမဲ့ စာသားလေးကို Comment မှာ ရေးထားပေးပါ့မယ်

သူငယ်ချင်းတို့လဲ တဆင့်ချင်း လုပ်ကြည့်ပါ

မရတဲ့သူရှိရင် ပြောပေးနော်


Address

Aizawl

Website

Alerts

Be the first to know and let us send you an email when Travel by Phoe Chan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travel by Phoe Chan:

Share