All about France

All about France Travelling is the best way to get new idea

အလုပ်နဲ့ ပတ်သက်ရင် ချေမိုးလွန်းလို့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို လက်လန်ကြပြီ အခု လက်ရှိလုပ်နေသည့်အလုပ်မှာတက်လမ်းမရှိတေ...
04/05/2026

အလုပ်နဲ့ ပတ်သက်ရင် ချေမိုးလွန်းလို့

လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို လက်လန်ကြပြီ

အခု လက်ရှိလုပ်နေသည့်အလုပ်မှာ
တက်လမ်းမရှိတော့ အလုပ်ပြောင်းချင်တာ

အလုပ်သစ်က ရှာတွေ့ပေမဲ့
ကိုယ်လိုချင်သည့် လစာ မရတော့
ကျွန်မတန်ဖိုးကို မသိသည့် အလုပ်ရှင်အသစ်ကို
ပညာသား ပါပါ နဲ့ မေးလ် တစ်စောင်ပို့ပေးလိုက်တယ်

မန်နေဂျာအဆင့်ရှိသည့် အဲ့ဘိုးတော်ကို
နင့် မေးလ်က အစီအလျော်မရှိကြောင်း
ရှေ့စကားနဲ့ နောက်စကား ကိုက်ညီမှုမရှိ
အလုပ်လုပ်နေသည့်အချိန်အတွင်းမှာ
ငါ့ကို နင်တို့နဲ့လုပ်မယ် မလုပ်မယ်ကို နှစ်နာရီအတွင်း
ဆုံးဖြတ်ခိုင်းကြောင်း ဘာညာနဲ့
နင်တို့နဲ့ ထိုက်တန်သည့် သူကိုရှာတွေ့ပါစေ ဆိုပြီး
ပြန်ဆုတောင်း ပေးလိုက်သေး

အဲ့လို ချေမိုးပြီး ငြင်းတာ 😂

Romantic ဆန်သည့် ပါရီနောက်ကွယ်က အဖြစ်တရားများ ဝယ်ဖတ်ကြပါနော် စကားပြော အရမ်းကောင်း သည့် ကိုမရငတ ရဲ့ အရေးအသားကတော့ ပြောစရာ...
06/04/2026

Romantic ဆန်သည့် ပါရီနောက်ကွယ်က အဖြစ်တရားများ

ဝယ်ဖတ်ကြပါနော်

စကားပြော အရမ်းကောင်း သည့် ကိုမရငတ ရဲ့ အရေးအသားကတော့ ပြောစရာမလိုဘူး

စာရေးသမား
မောင်ရင်ငတေ
ဖြစ်ပေါ်လာပုံအကြောင်း
သိပ်များများတော့ ပြောစရာ မရှိလှပါဘူး။

ဘဝထဲက လူသား၊
လမ်းပေါ်က လူသား၊
လမ်းပေါ်က အလုပ်သမား။

ပေးလာတဲ့ ဘဝရဲ့ အခြေအနေအရ ပြည်တွင်းမှာရော ပြည်ပ နိုင်ငံတချို့မှာ နေထိုင် လုပ်ကိုင် စားသောက်ခဲ့ရတယ်။

ထိုင်းလန်း၊ မလေးရှား၊ တောင်ကိုရီးယား မှသည် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ ရှာဖွေရင်းက ကံစီမံရာ ပြင်သစ် ဖရန့်မြေသို့ ရောက်ရှိခဲ့၊ အခြေချ နေထိုင်ဖြစ်ခဲ့ပါတယ်။ မဟာရန်ဂွန်းမြေမှသည် ပထမဆုံးအကြိမ် စွန့်ခွာလာခဲ့ချိန်က စတွက်မယ်ဆိုရင် (၁၉၉ဝ-၂ဝ၂၅) နှစ်ပေါင်း ၃၅ နှစ် ရှိခဲ့ပါပြီ။

ဒီ သုံးဆယ့်ငါးနှစ်တာအတွင်း ရောက်လေရာ လမ်းများပေါ်မှ ကြုံတွေ့ ဖြတ်သန်းခဲ့ရသမျှ အကြောင်းတွေကို ကြုံရင် ကြုံလာသလို စာရွက်များ ဒိုင်ယာရီ စာမျက်နှာများပေါ်၊ နောက်ပိုင်းတော့ ကွန်ပျူတာ တယ်လီဖုန်း အွန်လိုင်းစာမျက်နှာများပေါ်မှာ၊ အတိုအစ ရောက်တတ် ရာရာများ ရေးမှတ်ဖြစ်ခဲ့သလို သွားလေရာ ရောက်ခဲ့လေရာ အရပ်ဒေသ များမှာ တယ်လီဖုန်းတို့၊ ကင်မရာတို့နဲ့ မှတ်တမ်းပုံရိပ်များ ရိုက်ယူခဲ့ပြီး တွေ့မြင်ခဲ့ရသမျှကို အမှတ်တရလေးတွေ ရေးမှတ်ဖြစ်ခဲ့ပါတယ်။

ရေးမှတ်ထားမိသမျှကို ပြန်ဖတ်မိခဲ့တိုင်း ဖြည့်စွက် ပြုပြင် ထပ်ရေး ရင်းက အဲဒီလိုကနေ နှစ်ကာလများ ကြာရှည်လာလေတော့ စာလုံးတွေ၊ စာကြောင်းတွေ၊ စာပိုဒ်တွေက များသထက် များများလာပါတယ်။ အဲဒီလို များပြားလာတဲ့ စာကြောင်း၊ စာပိုဒ်တွေကို တူညီရာ စုစည်း၊ ပေါင်းစပ် ရင်းက စာတစ်ပုဒ်ရယ်လို့ ဖြစ်လာတဲ့သဘောသာ ရှိပါတယ်။ စာတစ်ပုဒ် များကနေ စာတစ်အုပ် များမကြာခင် ဖြစ်လာလိမ့်မယ်လို့ ထင်မိနေရင်း ရေးလာခဲ့တာ နှစ်ပေါင်း တော်တော်လေး ကြာခဲ့ပါပြီ။

လမ်းများပေါ်က သာမန်လူတစ်ယောက် သာမန်ဖြတ်သန်းမှုတွေ ကို ကြုံတွေ့ခဲ့ရသလို ရေးမှတ် ပေါင်းစပ်ထားတာမို့ ကြီးကြီးကျယ်ကျယ် ဖြစ်ရပ်တွေ၊ မှတ်သား လိုက်နာဖွယ်ရာတွေကတော့ ဘာတစ်ခုမှ မပါရှိ နိုင်ပါဘူး။ “မောင်ရင်ငတေ”ဆိုတဲ့အမည် ခံယူခဲ့မိတာကလည်း လမ်းများ ပေါ်၊ ပလက်ဖောင်းများပေါ်က သာမန်လူသားများ ဘဝထဲက လူသားများရဲ့ အကြောင်းများကိုသာ မှတ်တမ်းတင်လိုတဲ့ စိတ်တစ်ခုနဲ့သာပါ။ ကြီးကျယ် ခမ်းနားသော တော်ဝင် ရွိုင်ရယ် အကြောင်းများ ပါဝင်မှာ မဟုတ်ပါဘူး။

အဲဒီလို ပေတစ်ရာ လမ်းမများပေါ်က သာမန်လူသား အလုပ်သမား တစ်ယောက်အကြောင်း ရေးသားနေတဲ့ စာရေးသမား မောင်ရင်ငတေရဲ့ ဘဝအတ္ထုပ္ပတ္တိ ဆိုတာကြီးကလည်း ဘယ်လိုမှ ကြီးကြီးကျယ်ကျယ် မရှိခဲ့မှာက မေးစရာ မလို၊ သေချာလှပါတယ်။

---------

ပါရီမြို့ရောက် အလုပ်ကြမ်းသမား
မောင်ရင်ငတေ
ပထမအကြိမ်
တန်ဖိုး ၂၅၀၀၀ ကျပ်
နှစ်ကာလများစာပေ
ဖုန်း -018255948, 09740979393

#နှစ်ကာလများ

23/03/2026

ခရီးက အပြန် ခြံထဲမုန်ညှင်းတွေ ပွင့်ကုန်ပီ ဘာချက်စားရမှာလဲ မုန်ညှင်းစောလား မုန်ညှင်းပေါင်းလား

ပဲရစ်က pickpocket နဲ့ ကျွန်မ ကျွန်မ ပဲရစ်ရောက်ရင် သတိအကြီးကြီး အမြဲ ထား မိပါတယ်။ လွယ်အိတ်တောင် ဘေးမှာမထားဘူး။ ကျောပိုးအိ...
23/01/2026

ပဲရစ်က pickpocket နဲ့ ကျွန်မ

ကျွန်မ ပဲရစ်ရောက်ရင်
သတိအကြီးကြီး အမြဲ ထား မိပါတယ်။
လွယ်အိတ်တောင် ဘေးမှာမထားဘူး။
ကျောပိုးအိတ်လည်း ရင်ပိုးအိတ်လုပ်ပစ်တာ။
ဘေးလွယ်အိတ်ဆို
ဗိုက်လွယ်အိတ်ဖြစ်သွားသည့်အပြင်
အဲ့အိတ်ပေါ်ကို လက်ပါ ထပ်တင်ထားတာ။

ဖုန်းဆိုမလိုအပ်ရင် ထုတ်မကြည့်ဘူး။
ထုတ်ကြည့်ပြီးရင်တောင်မှ လက်ရှည်ဝတ်ထားရင်
အဲ့လက်ထဲမှာကို ထိုးထည့်ထားတာ
လက်အစနားကို တင်းတင်းဆုပ်ထားပြီး။

အရေးကြီးသည့်ဟာဆို
ဟိုးအောက်ဆုံးထိ ထိုးထည့်တာတာ။
သတိရရင် သတိရသလို လက်နဲ့ နှိုက်ကြည့်ရတာ အမော။

သူစိမ်းတွေ ကိုယ့်ကိုယ်လာထိပြီဆို
ချက်ချင်း ပစ္စည်းတွေ စမ်းကြည့်တာ။

ဇာတ်လမ်းက ဒီမှာစတာ

Montmartre ဘက်က
Rochechouart ဘူတာနားက
ဟိုတယ်တစ်ခုမှာ အလုပ်လုပ်နေစဉ်အတွင်း တစ်ရက်မှာပေါ့အေ
ဟိုတယ်မှာ ကိုယ်ဝတ်သုတ်သည့်ပုဝါ ကုန်သွားတော့
၁၀၀ မီတာလောက် ဝေးသည့်
ဟိုတယ်တစ်ခုမှ သွားငှါးရတာ။

ပုဝါ ၂၅ ခုလောက်သယ်လာတော့ လေးတာပေါ့။
လက်နှစ်ဘက်နဲ့ သယ်ရတော့ လက်မအားဘူး ။
Pickpockets အတွက်က jackpots ပေါ့။
အာရှလည်းဖြစ်
အာရုံလည်း
သယ်သည့် ပစ္စည်းပေါ်မှာပဲရောက်နေတော့
သူခိုးအကွက်ထဲ ကွက်တိပဲ။

လမ်းလျှောက်နေစဉ်အတွင်း
အရင်ကထက် ပိုပိုလေးပြီး
လမ်းလျှောက်ရတာ မလွတ်လပ်ဘူး။
တစ်ခုခုက ကျွန်မကို နှောက်ယှက်နေသလို ခံစားရတာ။
အောက်ကို ငုံ့ကြည့်တော့
လက်တစ်ဘက်က ကျွန်မ အိတ်ကပ်ထဲရောက်နေပြီ။
ဟဲ့ ငါ့လက်နှစ်ဘက်က ပုဝါသယ်နေတာလေး။
ဘယ်လက်တစ်ချောင်းက ပိုပြီး
ငါ့အိတ်က်ထဲ နှိုက်နေသလဲပေါ့။
စဉ်းစားရင်းနဲ့ အိတ်လေးကို မြေပေါ်ချပြီး
အဲ့လက်ကို ဖမ်းဆုပ်ထားလိုက်တာ။
နင် ဘယ်ပြေးမှာလဲ မိအေး ပေါ့။

တနင်္ဂနွေနေ့ လူနည်းနည်းပြတ်တယ်။
ဒါပေမဲ့ အဲ့ဖြစ်စဉ်ကို ထိုင်ကြည့်နေတဲ့
အရှေ့အလည်ပိုင်းက လူငယ်နှစ်ယောက်။
ဘာမှ မပြောဘူးနော်။
သတိလည်း မပေးဘူး။
ရုပ်ရှင်ထိုင်ကြည့်နေသည့် အလားပဲ နှစ်ကောင်သား။
စက်ဘီးရပ်သည့်နေရာပေါ်မှာ ထိုင်နေကြပြီး

ဆက်မယ်
လက်က ကျွန်မ လက်ထဲမှာ ရှိနေပြီဆိုတော့
အဲ့လက်ကို မလွတ်တမ်းဖမ်းထားပြီး
မျက်နှာကို ဒေါသနဲ့ ကြည့်ပစ်လိုက်တာ ။

သူ့လက်ထဲမှာ ပါလာသည့်
ကျွန်မ ဖုန်းကို ရွှတ်ခန လှမ်းယူပစ်တာ။

ဘိုးတော် ကြီးတော့
အသက်က ၇၀ နားလောက်
ဆံပင်စုတ်ဖွားနဲ့။
ဆောရီး ဆောရီးနဲ့ စိတ်ညစ်

နင် ဒါ ဘာလုပ်သလဲ လို့
ငါ့ကို ပိုက်ဆံရှိသည့် အာရှလို့ နင်ယူဆ မိတာ မှားတာပဲ။
ငါ ဒီနားမှာ အလုပ်လုပ်နေသည့်သူ။
နင် မသိသလားလို့
ငါ့ကို တစ်ခါမှ မမြင်ဖူးဘူးလား။
ငါ့ကိုယ်ပေါ်မှာ တစ်ပြားမှ မရှိဘူးလို့။
ငါ ခရီးသွားသည့်ပုံစံ ဘယ်နားပေါက်သလဲလို့။
ဒီမျက်နှာ မြဲမြဲမှတ်ထား။
နောက်တစ်ခါ လုပ်ကြည့် ရဲအပ်ပစ်လိုက်မယ်လို့ ။

ဟိုတယ်ကို ပစ်ထားရလို့
လူက စိတ်မကြည်ရသည့်အထဲ

တတ်နိုင်သလောင် ရှောင်ပါ အဲ့ရပ်ကွက်
သူခိုး ဂျပိုးတွေ နေသည့်ရပ်ကွက်ပါ
သူတို့ နိဗ္ဗာန်ဘုံ

ဟိုတယ်မှာ လာတည်းသည့်
ဧည့်သည်တွေလည်း ခနခန ခံရတာ။
ရဲတွေ ဆိုတာလည်း ဘာမှ မလုပ်ပေးဘူး။
သူတို့ဘာမှလည်း မလုပ်နိုင်ဘူး။

ကျွန်မ ပြင်သစ်မှာတော့
သူတို့ ဒဏ်ကို မခံလိုက်ရဘူး။

ဒါပေမဲ့ ငါ့ တိုင်းပြည်ဆိုပြီး
အထင်သေးတာလေ သူခိုးတွေကို ။
စိတ်လွတ်ကိုယ်လွတ်နေပစ်တာ။

မြန်မာပြည်ရောက်ပြီး ၃ လ အကြာမှာ
ဘတ်စ်ကား ၆၂ ထင်တယ်
လှိုင်သာယာက လာတာ။
အဲ့ဖုန်းလေး ပါသွားပါတယ်
ပိုက်ဆံအိတ်ကောပဲ 😹😹😹

သတိကပ်ကြပါ ဥရောပ လာရင်

နှင်းတွေက အားရပါးရကို ကျနေတော့တယ်
07/01/2026

နှင်းတွေက အားရပါးရကို ကျနေတော့တယ်

လူချမ်းသာတွေပဲ နေသည့်မြို့ သူတောင်းစား မရှိသည့် ပြင်သစ်နိုင်ငံထဲက မြို့တစ်မြို့ပါပဲ လုံးချင်းအိမ်တွေလည်း အလန်းဇယားတွေ မြ...
28/08/2025

လူချမ်းသာတွေပဲ နေသည့်မြို့

သူတောင်းစား မရှိသည့်
ပြင်သစ်နိုင်ငံထဲက မြို့တစ်မြို့ပါပဲ

လုံးချင်းအိမ်တွေလည်း အလန်းဇယားတွေ

မြေပြင်နဲ့ ပင်လယ်ပြင်က
မိနစ် ၂၀ လောက်လျှောက်ရတယ် အကွာအဝေးက

မနေ့တုန်းက နေသာတော့ မြစ်ကမ်းဘေးတစ်လျှောက် စက်ဘီးစီးထွက်ခဲ့တယ် ကမ်းဘေးတစ်လျှောက်မှာ ပြေးသည့်သူက ပြေး လမ်းလျှောက်သည့်သူက လ...
04/08/2025

မနေ့တုန်းက နေသာတော့
မြစ်ကမ်းဘေးတစ်လျှောက်
စက်ဘီးစီးထွက်ခဲ့တယ်

ကမ်းဘေးတစ်လျှောက်မှာ
ပြေးသည့်သူက ပြေး
လမ်းလျှောက်သည့်သူက လျှောက်
စက်ဘီးစီးသည့်အဖွဲ့လည်း ဒုနဲ့ဒေးပါ

စက်ဘီးစီးလမ်းမှာ
စက်ဘီးပျက် ဘာညာဆိုရင်လည်း
ဘီး ပြင်ဖို့ ဘာညာ လည်း ထားပေးသလို
လေထိုးသံလည်း အဆင်သင့်

Adresse

1 Rue Jean Jacques
Villejuif
94800

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque All about France publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager