Tropical Dubai

Tropical Dubai Habibi Come to Dubai

Dubai မှာ K-Pop နဲ့ K-Culture ချစ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ပွဲကြီးလာပါပြီ  🇰🇷ဒူဘိုင်းမှာ ကိုရီးယားရဲ့ အရသာနဲ့ ဖက်ရှင်...
20/09/2026

Dubai မှာ K-Pop နဲ့ K-Culture ချစ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ပွဲကြီးလာပါပြီ 🇰🇷
ဒူဘိုင်းမှာ ကိုရီးယားရဲ့ အရသာနဲ့ ဖက်ရှင်အလှအပတွေကို တဝကြီး ခံစားလို့ရမယ့် "Dubai K-Fest" ပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မယ်နော်
စက်တင်ဘာ ၂၅ ရက်ကနေ အောက်တိုဘာ ၄ ရက်နေ့အထိ (၁၀ ရက် တိုင်တိုင်) ကျင်းပ
ပြုလုပ်သွားမှာ ဖြစ်ပါတယ်
ကိုရီးယား BBQ တွေ Ramyeon ခေါက်ဆွဲစပ်စပ်လေးတွေနဲ့ တခြား ကိုရီးယား စားစရာကောင်းကောင်းလေးတွေ နာမည်ကြီး ကိုရီးယား အလှကုန်တွေနဲ့ Skincare အမှတ်တံဆိပ်တွေ
K-Pop သီချင်းတွေနဲ့အတူ ကိုရီးယား ယဉ်ကျေးမှုအငွေ့အသက်တွေကို
တစ်နေရာထဲမှာ အပြည့်အဝ ခံစားရတော့မှာပါ
playlist ထဲမှာ K-Pop တွေချည်းပဲ ထည့်ထားတဲ့သူတွေ ကိုရီးယားကား ဘယ်နှစ်ကားတောင် ကြည့်ပြီးပြီလဲ ရေတောင်မရေတတ်တော့တဲ့
K-Drama addicted ဖြစ်နေတဲ့ သူငယ်ချင်းတွေအတွက်တော့ ဒါ ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲပါပဲ
ကဲ... ဘယ်သူတွေဒီပွဲအတွက် Ready ဖြစ်နေကြပြီလဲ👀

16/09/2026

Dubai မှာ 99 AED နဲ့ Korea BBQ Unlimited ရတယ်ဆိုရင် ယုံကြမလား 👀🇰🇷
Korean BBQ ကြိုက်တတ်တဲ့ မင်မင့်လို လူတွေ ဒီဆိုင်လေးကို သွားtry ကြည့်ဖို့ မမေ့ကြပါနဲ့အုန်းနော်🤍


Tropical Dubai နှင့် Passport အမြန် Service အပ်ထားသူများ စာအုပ်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် 🌷📢 P...
15/09/2026

Tropical Dubai နှင့် Passport အမြန် Service အပ်ထားသူများ စာအုပ်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် 🌷
📢 Passport သက်တမ်းတိုးရန်
📌 လိုအပ်သောစာရွက်စာတမ်းများ

• မူရင်း Passport စာအုပ်
• မှတ်ပုံတင် (NRC) မိတ္တူ
• အိမ်ထောင်စုစာရင်း မိတ္တူ
•Passport ဓာတ်ပုံ(၂ပုံ)
(35 mm x 45 mm, 600 Resolutions နောက်ခံအဖြူမျက်နှာပုံစံ 80% ပါရှိရမည်
(၆) လအတွင်း ရိုက်ကူးထားသောပုံဖြစ်ရမည်)
•Salary Certificate သို့မဟုတ် Offer Letter
•Emirates ID (ရှေ့/နောက်) မိတ္တူ

📩 Passport သက်တမ်းတိုး ဝန်ဆောင်မှု အတွက် အသေးစိတ်သိရှိလိုပါက Page Messenger or WhatsApp 056 441 2879
+959 955438556 တွင် လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

📞 အခက်အခဲမရှိဘဲ အဆင်ပြေစွာ လျှောက်ထားနိုင်ရန် Tropical Dubai မှ
အမြဲ အဆင်သင့်ရှိနေပါတယ်ရှင်

Tropical Dubai ရဲ့ All-in-One Package နဲ့ မြန်မာပြည်ကနေ UAE ကို အဆင်ပြေချောမွေ့စွာနဲ့ ခြေချနိုင်ခဲ့တဲ့ Client လေးတွေပါ ✈...
11/09/2026

Tropical Dubai ရဲ့ All-in-One Package နဲ့ မြန်မာပြည်ကနေ UAE ကို အဆင်ပြေချောမွေ့စွာနဲ့ ခြေချနိုင်ခဲ့တဲ့ Client လေးတွေပါ ✈️
လက်ရှိ UAE မှာ အလုပ်အကိုင်
အခွင့်အလမ်းတွေ ရှာဖွေဖို့ လိုအပ်တဲ့ Training တွေနဲ့ လမ်းကြောင်းမှန်ကန်ဖို့ စဉ်းစားနေကြတဲ့ သူငယ်ချင်းတွေအတွက် Tropical Dubai က အစစအရာရာ အနီးကပ် တာဝန်ယူဆောင်ရွက်ပေးနေပါတယ်
ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှု
မှန်ကန်တိကျတဲ့ လမ်းညွှန်မှုတွေနဲ့အတူ ကိုယ့်ရဲ့ အိပ်မက်လမ်းကြောင်းကို အတူတူ စတင်လိုက်ရအောင်ပါ 💪
Tropical Dubai Services:
Travel Consulting
Career Guidance
Resume Preparation
All-in-One Package Serviceကို
📩 အသေးစိတ်သိရှိလိုပါက
Page Messenger or
WhatsApp: 056 441 2879
+959 955438556
Viber မှတဆင့် ဆက်သွယ်စုံစမ်း
မေးမြန်းနိုင်ပါတယ်ရှင်

08/09/2026

Al Rigga မှာ မြန်မာတွေ အတွက် မထင်မှတ်ထားတဲ့ food spot လေးတစ်ခု ✨

ယူအေအီးမှာ အလုပ်ရှာနေကြတဲ့ ညီငယ်ညီမတွေအတွက် အရေးကြီးသတိပေးချက် (Job Scam အန္တရာယ်)ဒီမနက်မှာပဲ သင်တန်းသူဟောင်းလေးတစ်ယောက်...
08/09/2026

ယူအေအီးမှာ အလုပ်ရှာနေကြတဲ့ ညီငယ်
ညီမတွေအတွက် အရေးကြီးသတိပေးချက် (Job Scam အန္တရာယ်)
ဒီမနက်မှာပဲ သင်တန်းသူဟောင်းလေးတစ်ယောက်က လစာ ၁၈,၀၀၀ AED လောက်ပေးမယ့် Senior အဆင့် ရာထူးတစ်ခုအတွက်
Offer ဝင်လာတယ်ဆိုပြီး လာပြပါတယ် အမှတ်မထင်ကြည့်လိုက်ရင် မက်လောက်စရာ ငွေပမာဏနဲ့ လုပ်ငန်းခွင်အတွေ့အကြုံကောင်းတစ်ခုလို ထင်ရပေမယ့် ဒါဟာ အခုတလော ခေတ်စားနေတဲ့ Job Scam တစ်ခုပါပဲ
နိုင်ငံရပ်ခြားမှာ အလုပ်လျှောက်နေကြသူတွေ အလွယ်တကူ သားကောင်မဖြစ်ရအောင် ဒီလိုလိမ်လည်မှုပုံစံတွေကို သေချာလေး လေ့လာပြီး သတိထားလို့ရအောင်လို့ပါ
တရားဝင် ကုမ္ပဏီအမည်နဲ့ ပေးပို့လာပေမယ့် အီးမေးလ်လိပ်စာအနောက်က Domain ကို သေချာစစ်ဆေးကြည့်လိုက်တော့
Azadea ကို Azadae နဲ့ပေါင်းထားပြီးလက်တစ်လုံးခြား လုပ်ထားပါတယ်
အတွေ့အကြုံနဲ့ ရာထူးနဲ့မလိုက်အောင် အလွန်အမင်းများပြားတဲ့ လစာပမာဏကို ပြပြီး စိတ်လှုပ်ရှားသွားအောင် လုပ်ထားတာပါ
မျက်စိမလျှမ်းပဲ သေချာ Email Address ကို အသေးစိတ်စစ်ဆေးပါ
ပို့လာတဲ့ Sender အီးမေးလ်လိပ်စာက ကုမ္ပဏီရဲ့ တရားဝင် Domain အစစ်
ဟုတ် မဟုတ်ကို အမြဲတမ်း သေချာစစ်ဆေးပါတရားဝင် Website မှာ ဝင်ရောက်
အတည်ပြုပါ ကုမ္ပဏီရဲ့ Official Careers စာမျက်နှာကို တိုက်ရိုက်သွားပြီး ဒီရာထူးခေါ်ယူမှု တကယ်ရှိမရှိ ပြန်စစ်ပါ
သံသယဖြစ်စရာ လင့်ခ်များကို အလွယ်တကူ
မနှိပ်ပါနှင့် အတည်မပြုရသေးတဲ့ လင့်ခ်တွေပေါ်မှာ ကလစ်နှိပ်တာ ဖိုင်တွေ ဒေါင်းလုပ်ဆွဲတာမျိုး လုံးဝမလုပ်ပါနဲ့
ကိုယ်ရေးကိုယ်တာ အချက်အလက်များ
လုံးဝမပေးပါနဲ့ Passport မိတ္တူ Emirates ID
ဘဏ်အကောင့်အချက်အလက်တွေကို အလုပ်ခန့်စာ တကယ်မသေချာဘဲ လုံးဝမပို့ပါနဲ့
အလုပ်ခန့်ဖို့အတွက် ဗီဇာကြေး၊ အင်တာဗျူးကြေး၊ Training ကြေး
HRDC CAP Certificate ကြေး စသဖြင့်
အစစ်အမှန်တွေက ဘယ်လိုအခကြေးငွေမှ ကြိုတင်တောင်းခံတာမျိုး မရှိပါဘူး
ငွေတောင်းပြီဆိုတာနဲ့ ၁၀၀ ရာခိုင်နှုန်း Scam ပါ
အလုပ်ရှာရတဲ့ကာလက စိတ်ဖိစီးမှုတွေများပြီး မရေရာတာတွေ ရှိတတ်တာမို့ လိမ်လည်သူတွေက ဒီအချက်ကို အခွင့်ကောင်းယူတတ်ကြပါတယ်
ကိုယ့်ပတ်ဝန်းကျင်မှာ အလုပ်ရှာနေတဲ့ မိတ်ဆွေတွေ ညီငယ်ညီမတွေ ရှိရင်လည်း
ဒီအန္တရာယ်ကို သိရှိသွားအောင် ဒီပို့စ်လေးကို Share ပေးပြီး အတူတူ သတိပေးကာကွယ်ကြရအောင်ပါနော် 💛

🇦🇪 UAE မှာ ကိုယ့် Emirates ID နဲ့ သူများအတွက် SIM Card ဝယ်ပေးမယ်ဆို သတိထားပါ ⚠️“Visitorပါ… ခုမှ အလုပ်လာရှာတာပါSIM Card တ...
07/09/2026

🇦🇪 UAE မှာ ကိုယ့် Emirates ID နဲ့ သူများအတွက် SIM Card ဝယ်ပေးမယ်ဆို သတိထားပါ ⚠️

“Visitorပါ… ခုမှ အလုပ်လာရှာတာပါ
SIM Card တစ်ကဒ်လောက် အစ်ကိုရဲ့/အစ်မရဲ့ ID နဲ့ ဝယ်ပေးပါလား” ဆိုပြီး အကူအညီတောင်းလာရင်.... ကိုယ့်အတွက်တော့
“SIM Card တစ်ကဒ်ပဲလေ” လို့ ထင်ရနိုင်ပါတယ်

ဒါပေမယ့် အဲ့ဒီ SIM ကို ဘယ်သူ့နာမည်နဲ့ Register လုပ်ထားလဲဆိုတာက အရေးကြီးပါတယ်
ဒီတော့ ဘာတွေ Risk ရှိနိုင်လဲ?
1️⃣ SIM ရဲ့ Registered Subscriber က ကိုယ်ဖြစ်နေမယ် သူက SIM ကို အသုံးပြုနေတယ်ဆိုပေမယ့် Registration က ကိုယ့် Emirates ID နဲ့ ဖြစ်နေမယ်ဆိုရင် အဲ့ဒီ number က ကိုယ့်နာမည်နဲ့ ဆက်နွယ်နေပါတယ်
2️⃣ အဲ့ဒီ Number ကို ဘာတွေအတွက် သုံးနေလဲ ကိုယ်မသိနိုင်ဘူး Calls, SMS, OTP, Account Verification စတာတွေမှာ အသုံးပြုနိုင်တဲ့အတွက် ကိုယ်မသိတဲ့ activity တွေကြောင့် ပြဿနာဖြစ်လာနိုင်ပါတယ်
3️⃣ သူ UAE ကနေပြန်သွားရင်ရော
“SIM ကို မသုံးတော့ဘူး” ဆိုပြီး ပစ်ထားခဲ့ရင်တောင် ကိုယ့် ID နဲ့ register လုပ်ထားတဲ့ number ဖြစ်နေလို့ ကိုယ်တိုင် စစ်ဆေးပြီး ပိတ်/လွှဲပြောင်းဖို့ လိုအပ်ပါတယ်
4️⃣ အရေးကြီးဆုံး ကတော့ SIM ကို သူ့နာမည်နဲ့ Register လုပ်တာ ပိုလုံခြုံပါတယ် Visitor တွေလည်း UAE မှာ Passport အသုံးပြုပြီး SIM ရယူနိုင်တဲ့စနစ်ရှိပါတယ်
Visitor SIM registration အတွက် မိမိPassport နဲ့ Sim Activation ပြုလုပ်လို့ရပါတယ်
❗️Airport ကပေးလိုက်တဲ့
SIM မဟုတ်ပါဘူးနော်❗️
ဒါဆို Visitor တွေအတွက် ဘယ်လိုလုပ်ပေးသင့်လဲ?

သူ့ Passport နဲ့ သူ့နာမည်နဲ့ SIM Register ပြုလုပ်ပါ ကိုယ့် Emirates ID နဲ့ သူများအတွက် SIM ဝယ်ပေးတာကိုတော့ “ကူညီတာလေးပဲ” ဆိုပြီး လွယ်လွယ်မလုပ်တာ ပိုကောင်းပါတယ်
ပြီးတော့ ကိုယ့် Emirates ID နဲ့ ဘယ် SIM တွေ register ဖြစ်နေတယ်ဆိုတာ မသေချာရင် TDRA ရဲ့ “Hesabati” service ကနေ စစ်ဆေးနိုင်ပါတယ်

UAE မှာ အလုပ်လာရှာတဲ့ Visitor ဖြစ်ဖြစ်၊ Resident ဖြစ်ဖြစ် ကိုယ့် ID ကို သူများအသုံးပြုဖို့ မပေးခင် “နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ?” ဆိုတာ အရင်စဉ်းစားပါ
အကူအညီပေးလိုက်တာကကောင်းပါတယ်
ဒါပေမယ့် ကိုယ့် ID နဲ့ အကူအညီပေးတာကိုတော့ အထူးသတိထားစေချင်ပါတယ်ရှင်🇦🇪

High Season ပြန်ရောက်လာပြီဆိုတော့အလုပ်လာရှာမည့်သူ အလုပ်သစ်ပြောင်းချင်တဲ့သူတွေအတွက် အင်တာဗျူးမှာ မိမိရဲ့ ပုံရိပ်ကောင်းတစ်...
02/09/2026

High Season ပြန်ရောက်လာပြီဆိုတော့
အလုပ်လာရှာမည့်သူ အလုပ်သစ်ပြောင်းချင်တဲ့သူတွေအတွက် အင်တာဗျူးမှာ မိမိရဲ့
ပုံရိပ်ကောင်းတစ်ခုကို ထင်ချန်ထားခဲ့ချင်ပါသလား?
ဒီတစ်ခေါက်မှာတော့ Interview အတွက်
လိုအပ်မယ့် Tips & Tricks လေးတွေကို
မင်မင် sharing လုပ်ပေးပါရစေရှင်

📝Interview မဖြေခင်
မိမိပြောမယ့်စကားများကို ကြိုတင်
ပြင်ဆင်ပါ
"Tell me about yourself နဲ့
"ဘာကြောင့် ခေါ်သင့်တာလဲ" ဆိုတဲ့ မေးခွန်းတွေအတွက် Storytelling ပုံစံမျိုး ကြိုတင်
ပြင်ဆင်ပါ အလွတ်ကျက်တာထက် မိမိရဲ့
ပုံစံအတိုင်းNatural ကျကျထုတ်ပြောပါ
🏢ကုမ္ပဏီရဲ့ Vision /Missionနဲ့
Hidden Culture ကို လေ့လာပါ
ကုမ္ပဏီရဲ့ Website သာမက LinkedIn ကနေ Interviewer ရဲ့ ပရိုဖိုင်ကိုပါ ကြိုကြည့်သွားပါ
သူတို့ရဲ့ အလုပ်အကြောင်းကို သေချာစွာနားလည်ထားမှသာ မိမိရဲ့ အဖြေတွေကဆွဲဆောင်မှုရှိစေပြီး၊ သူတို့ရဲ့ လုပ်ငန်းခွင်ပုံစံနဲ့ ကိုက်ညီတဲ့ အဖြေမျိုးကို ပေးနိုင်အောင်လို့ပါ
🧑🏻‍💻သင့်လျော်သလို ဝတ်ဆင်ပါ
သန့်ရှင်းပြီး ကိုယ်နဲ့ သက်တောင့်သက်တာအနေတော်ဖြစ်စေမယ့် ပရော်ဖက်ရှင်နယ်
ဝတ်စုံကို ဝတ်ဆင်ပါ
💡Logic ကျကျ Real Examples တွေကို
သုံးပါ အပေါ်ယံတွေကို အများကြီးမပြောဘဲ ကိုယ်ရင်ဆိုင်ခဲ့ရဖူးတဲ့ တကယ့်
အတွေ့အကြုံ တွေနဲ့ တွဲပြီးပြောပါ
အင်တာဗျူးသူတွေက သင် ဘယ်လိုတွေးခေါ်တတ်လဲဆိုတဲ့ Problem-solving mindset ကို ပိုကြည့်တတ်ကြပါတယ်
💯ရိုးသားမှုနဲ့ စစ်မှန်မှုကို ပြသပါ
ပုံစံခွက်ထဲက စာသားတွေကို အလွတ်ကျက်ထားသလို မပြောဘဲ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို ပုံစံအစစ်အတိုင်း
ပြသပေးပါ
💁🏻‍♀️ကိုယ်ဟန်အနေအထား (Body Language) ကို ဂရုစိုက်ပါ စကားမပြောရသေးခင်မှာတည်းက ကိုယ့်ရဲ့ ပုံစံက ပြောပြနေပါတယ်
မတ်မတ်ထိုင်ပါ
မလိုအပ်ဘဲ လက်ထောက်တာ
ခြေထောက်ချိတ်တာတွေ ရှောင်ပါ
👀 Eye Contact အရေးကြီးပါတယ်
စူးစိုက်ကြည့်တာမျိုးမဟုတ်ဘဲ သဘာဝကျကျ မျက်လုံးချင်းစုံပြီး ပြောဆိုတာက
ယုံကြည်မှုအပြည့်ရှိကြောင်း ပြသရာရောက်ပါတယ်
🤵🏻Professional ဆန်ပါ
ရုံးခန်းထဲက အစောင့်ဝန်ထမ်း
ဧည့်ကြိုကစလို့ Interviewer အထိ လူတိုင်းကို လေးစားပါ ယဉ်ကျေးပါ
Professional ဆန်ခြင်းဟာလဲ ကိုယ့်ရဲ့စံနှုန်းတစ်ခုဖြစ်ပါတယ်....
အင်တာဗျူးဖြေဖို့ရှိရင်
ဒီအချက်တွေကို သေချာမှတ်သားထားပြီး သေချာပြင်ဆင်သွားလိုက်ပါနော်
ဒီပို့စ်လေးက အကျိုးရှိမယ် ထင်ရင် Share လုပ်ပြီး မျှဝေပေးသွားပါဦးနော်💌

UAE ရောက် နေတဲ့ ရွှေမြန်မာများအတွက် B2B (Border-to-Border) နှင့် A2A (Airport-to-Airport) နိုင်ငံကူးလက်မှတ်ဗီဇာသက်တမ်းတိ...
01/09/2026

UAE ရောက် နေတဲ့ ရွှေမြန်မာများအတွက်
B2B (Border-to-Border) နှင့် A2A
(Airport-to-Airport) နိုင်ငံကူးလက်မှတ်ဗီဇာသက်တမ်းတိုးခြင်း ဝန်ဆောင်မှုကို
ယုံကြည်စိတ်ချရဆုံးနဲ့ အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနေပါပြီရှင်✈️

✅B2B / A2A Visa Extension လုပ်ငန်းစဉ်များကို အစအဆုံး စနစ်တကျ စီစဉ် ဆောင်ရွက်ပေးခြင်း
✅တတ်နိုင်သမျှ အချိန်ကြန့်ကြာမှုမရှိစေဘဲ ဗီဇာအမြန်ကျအောင် တာဝန်ယူဆောင်
ရွက်ပေးခြင်း
✅လိုအပ်သည့် စာရွက်စာတမ်းများနှင့် လုပ်ဆောင်ရမည့် နည်းလမ်းအဆင့်ဆင့်ကို သေချာစွာ ရှင်းလင်းပြသပေးခြင်း

ဗီဇာသက်တမ်းကုန်တော့မည့်သူများအတွက် စိတ်သောက ကင်းကင်းနဲ့ အဆင်ပြေချောမွေ့စွာ သက်တမ်းတိုးနိုင်ဖို့ ယခုပဲ ဆက်သွယ်လိုက်ပါတော့နော်

အသေးစိတ်သိရှိလိုပါက
📩Page Messenger (သို့)
📱 WhatsApp : 056 441 2879 /
+959 955438556 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

✈️ Tropical Dubai ရဲ့ All-In-One Packageအလုပ်အတွက် လာရောက်ရန် လိုအပ်သော ခရီးစဉ်နှင့် Job Application Support များကို တစ်...
31/08/2026

✈️ Tropical Dubai ရဲ့ All-In-One Package

အလုပ်အတွက် လာရောက်ရန် လိုအပ်သော ခရီးစဉ်နှင့် Job Application Support များကို တစ်နေရာတည်းမှာ စီစဉ်နိုင်ပါပြီ

💼 ရရှိနိုင်သော ဝန်ဆောင်မှုများ

✈️ Travel & Visa Support
• Flight Ticket စီစဉ်ပေးခြင်း
• Visa Process အတွက် လိုအပ်သော Support
• Hotel Booking နှင့် Return Ticket စီစဉ်ပေးခြင်း

🚘 Transportation & Ground Support
• Airport Pickup Support
• Ground Transportation Assistance
• ခရီးစဉ်အလိုက် လိုအပ်သော Support များ

📄 Resume & Job Application Support
• Professional Resume ပြင်ဆင်ပေးခြင်း
• Skills & Experience နှင့် ကိုက်ညီနိုင်သော Job များ လျှောက်ထားရာတွင် ကူညီပေးခြင်း
• International Hotels များသို့ Job Application အတွက် လမ်းညွှန်ပေးခြင်း

ခရီးစဉ် စီစဉ်မှုကနေ Job Application အထိလိုအပ်သော Support များကို
တစ်နေရာတည်းမှာ ရယူနိုင်ပါပြီ

📩 အသေးစိတ်စုံစမ်းရန်
Tropical Dubai Page Messenger သို့ WhatsApp မှတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်

"အလုပ်အကိုင်ရရှိမှုသည် သက်ဆိုင်ရာအလုပ်ရှင်၏ သတ်မှတ်ချက်များနှင့် ရွေးချယ်မှုအပေါ် မူတည်ပါသည်"

Address

Muraqqabat Road
Dubai
00000

Alerts

Be the first to know and let us send you an email when Tropical Dubai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tropical Dubai:

Shortcuts

Share

Category