U & Me, We Explore

  • Home
  • U & Me, We Explore

U & Me, We Explore We provide you hotels, airplanes, and transportation booking services and travel plans.

16/05/2024

Hello Hello !

U & Me, We explore ကနေ ပထမဆုံး sharing လုပ်ပေးချင်တဲ့ trip လေးက တော့ Kanchanaburi ခရီးစဉ် ပဲဖြစ်ပါတယ်
Kanchanaburi ကို ၂ညအိပ်၃ရက် ‌အနေနဲ့သွားခဲ့ပြီးတာ့ ဘာ activity တွေ လုပ်ခဲ့လဲ ဘယ်တွေသွားခဲ့လဲဆိုတာ ပြန်ပြီး sharing လုပ်ပေးသွားမှာပါ

Bangkok ကနေ Kanchanaburi ကို
Bus စီးပြီး သွားပါတယ်
Mochit ကားဂိတ်ကနေ၀ယ်လဲရပါတယ် အဲကနေပဲစီးရတာပါ ကိုယ်တွေကတော့ လိုချင်တဲ့အချိန်ရအောင်လို့ online ကပဲကြို၀ယ်လိုက်ပါတယ်

မနက် ၆နာရီလောက်ကားထွက်ပြီး Kanchanaburi ကို ၈ခွဲလောက်ရောက်ပါတယ်
ရောက်ရောက်ချင်း ပထမနေ့မှာ
Sky walk, River Khwae Bridge, Maple Garden, Ewran waterfall လေးခုကိုလည်ခဲ့ပါတယ်
ညနေကျတော့ hotel မှာ check in လုပ်ပါတယ်
ဒုတိယနေ့မှာတော့ မြစ်ထဲမှာ ဖောင်လိုက်စီးရတာ တကယ်ပျော်ဖို့ကောင်းပါတယ် သက်ကယ်အကျီတွေ၀တ်ပြီး မြစ်ထဲခုန်ချ ပြီး မြစ်ကြောင်းတလျှောက်မျောရင်း ဖောင်ပေါ်ပြန်တက်ရတာပါ
Adventurous and thrilling ပါပဲ

အေးဆေးအနားယူချင်တာဖြစ်လို့ ဒုတိယနေ့ကိုတော့ ဟိုတယ်မှာ ရေဆော့လိုက် စားလိုက်နဲ့ပဲ အချိန်ကုန်ပါတယ်။

တတိယနေ့ မပြန်ခင်တော့ ဆင်စခန်းကို၀င်ပြီး ဆင်စီးရတဲ့ အတွေ့အကြုံကလဲ မိုက်ပါတယ်

ညနေ ၄လောက်မှ ပြန်ခဲ့ကြပြီး ဘန်ကောက်ကို ၇နာရီလောက်ရောက်ပါတယ် အဲတာလဲ bus ကားနဲ့ပါပဲ

ဆိုတော့ စာအရမ်းရှည်သွားမှာစိုးလို့ ဒီလောက်ထိပဲရပ်လိုက်ပါမယ်

Budget အသေးစိတ်ကိုတော့ နောက် ပိုစ့်မှာ တွက်ပြပြီး တည်းလို့ကောင်းတဲ့ ဟိုတယ်လေးတွေပါ ပြောပြပေးသွားပါမယ် ❤️

Address

Lat Phrao 20 Alley, Khwaeng Chom Phon

10900

Website

Alerts

Be the first to know and let us send you an email when U & Me, We Explore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Transport Service?

Share