Airport Taxi ယာဉ်များ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ MIA Mandalay

  • Home
  • Airport Taxi ယာဉ်များ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ MIA Mandalay

Airport Taxi  ယာဉ်များ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ MIA Mandalay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Airport Taxi ယာဉ်များ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ MIA Mandalay, Cargo and freight company, .

02/08/2024

မန္တလေးမြို့စက်သုံးဆီဆိုင်များမှာကိုယ်ထည့်လိုသည့်

92 95 နဲ့ဒီဇယ်ပြတ်နေလား ? ဘယ်အချိန်ပြန်ရောက်မှာလဲ

ကြိိုဖုန်းဆက်ပြီးမေးနိုင်ရန်ပါ

Denko
78လမ်း KBZဘေးက
09940549253

ကျွဲဆည်ကန်ကားကွင်းနားက
09940549252

62×Theikpan
09940549251

စွယ်တော်
09 940 549249

နန်းဦးလွင်
09 940 549297
ထုံးဘို
09 940 549264။

Max
59×60 Manawhari
09 891 755192
68×swal taw car gyi gwin
09 891 755035
62×139
09 891 755049။

BOC
78 ×စစ်ကိုင်းလမ်းခွဲ
09 883 329922

101 63×64ကြား
09 772 899998

62 120×121
09 45662 2955။

360
35st×64st
09 789 360360။

Asia Energy
78ပေါ်က
09 976 778359
ပုသိမ်လေး
09 42862 2271။

သံလွင်ဆီဆိုင်
74A 114
09 42385 0825။

68×117 သဇင်ပန်းဆီဆိုင်
09 338 21031။

86လမ်း မဟာမြတ်မုနိအနောက်ပေါက်ကFamilyဆီဆိုင်
09 431 22019။

59×သိပ္ပံလမ်းက HSDဆီဆိုင်
09 792 222705။

66 35ထောင့်က မြပါဝါ
09 794 490777။

58လမ်း×112 မိုးထက်ဆီဆိုင်
09 796 509759။

35လမ်း63ပေါ်ကRengency
02 62 200။

Mandalay Myikyina Highwayပေါ်ကGolden Keyဆိုင်
09 430 97330။

67*132 ငွေခြင်္သေ့
09 44200 3352/09 772 015397၊

35 75×76 shwe latt Yar
09 910 39836။

130×56ထောင့် DDD
09 782 017575။

66A 102*103 TTL petrol
09 251 900 880။

အသုံးတည့်ကြပါစေခင်ဗျာ Share နိုင် copyယူနိုင်ကြပါသည်ခင်ဗျာ။

ကားဝယ်မည့်သူများ မဖြစ်မနေ သိထားသင့်သောကိစ္စများ၁။ အရိုးဆစ် ကောင်း  မကောင်း ကြည့်မယ်အရိုးဆစ်ကောင်း မကောင်းကို အရင်ဦးဆုံးရ...
26/11/2022

ကားဝယ်မည့်သူများ မဖြစ်မနေ သိထားသင့်သောကိစ္စများ
၁။ အရိုးဆစ် ကောင်း မကောင်း ကြည့်မယ်
အရိုးဆစ်ကောင်း မကောင်းကို အရင်ဦးဆုံးရှေ့က ဘောနပ် (စက်ဖုံး)ကို ဖွင့်ပါ ရှော့ဘား အထိုင် နေရာ ပတ်လည် ချက်စီတန်းနေရာ ပတ်လည်ကို အသေချာကြည့်ပါ တစ်ချို့ကား တွေမှာ ချက် စီတန်းက ထိုင်ခုံအောက်မှာ ရှိပါတယ် အောက်မှာ ပုံနှင့်တကွ ပြပေးထားပါတယ် အဲဒီနေရာတွေမှာ ပုံမှန် အနေထားမဟုတ်ပဲ တစ်ခုခု လွှဲမှားနေသလား
ဥပမာ/ ဆေးတွေ ကြမ်းနေလား ပတ်တီးအက်ကြောင်းဖြစ်နေလား ပိန်နေလား လိမ်နေလား ပုံမှန် အနေထား ဟုတ်လား မဟုတ်လား အသေချာကြည့်ပါ ပုံမှန် အနေထားမဟုတ်ရင် သိသာပါတယ် ထိုနည်းတူ တခြားနေရာတွေလည်း ဒီအတိုင်းပဲ စစ်ပါ တံခါးလေးဘက်အတွင်း နောက်ဖုံး အတွင်း ရေတိုင်ကီတန်း အပေါ် အောက်ကို ကြည့်ပါမယ် အဆက်နေရာလေးတွေမှာ အော်ရယ်ဂျင်နယ် စပေါ့ အချိုက်သေးသေးလေးတွေပါ ရပါမယ် ဒါဆိုရင် အရိုးဆစ် ကြည့်တဲ့ ကိစ္စလုံလောက်ပါပြီ"
ယာဉ်မှန် မမှန် ကညနရုံးမှာ မစစ်ဘူး ဆိုရင်တော့ ရေဝိုက်ပါ ကာဘာ အဖုံးကို ဖြုတ်ကြည့်ဖို့ လိုပါမယ် ထိုင်ခုံအောက်ဆိုရင်လည်း ထိုင်ခုံဖြုတ်ပြီး ကြမ်းခင်း ခဏခွာကြည့်ဖို့ လိုပါမယ် ကညနရုံးမှာ ယာဉ်မှန်
မမှန် စစ်မယ် ဆိုရင်တော့ ဒါတွေ ဖြုတ်ကြည့်ခွာကြည့်ဖို့ မလိုပါ ရုံးက တာဝန်ရှိသူတွေ အဲဒီနေရာတွေကို စစ်ပါလိမ့်မည်"
၂။ ဘော်ဒီ ကောင်း မကောင်း ကြည့်မယ်
ဘော်ဒီကောင်း မကောင်း ဘယ်လို ကြည့်မလည်း ဆိုတော့ အရင်ဦးဆုံး ဆယ်ပေအကွာလောက်ကနေ ဘော်ဒီဂျော (အကြော) ပုံမှန် ဟုတ်မဟုတ် တစ်ချက် ရှိုးမယ် ပြီးရင် ဘော်ဒီနေရာအနှံ့ လက်ညှိုးနဲ့ ဖြစ်စေ လက်ခလည်နဲ့ ဖြစ်စေ ဇယ်တောက်သလိုလေး လိုက်ခေါက်ကြည့်ပါ ပုံမှန်အသံက သံပြား အသံ အသံမာမာလေး ထွက်ရပါမယ် ဒီလို မဟုတ်ပဲ သစ်သားပုံး တစ်ခုခုကို ခေါက်နေရသလို တစ်ဘုတ်ဘုတ်နဲ့ ဖြစ်နေရင်တော့ ထိခိုက်ထားပြီး ပြန်ပြင်ထားတာပါ ဘော်ဒီကို စစ်ဆေးတာ ဒီလောက်ဆို လုံလောက်ပါပြီ"
၃။ မှန်စပေါ့ မှန် အက်ကြောင်း ရှိမရှိ စစ်မယ်
ဒါစစ်တာကတော့ လွယ်ပါတယ်
လူတိုင်း ကြည့်တက်ပါတယ် သတိထားရမှာက ရှေ့လေကာမှန်ဆိုရင် အနားသက်လေးတွေမှာ အမဲရောင် ကွတ်ထားတာလေးတွေ ရှိပါတယ် အမဲ နေရာလေးတွေမှာ အက်ကြောင်းရှိနေရင် အမှတ်တမဲ့ ဆို မမြင်နိုင်ပါဘူး အသေချာကြည့်ပါ"
ဒါဆို လုံလောက်ပါပြီ"
၄။ ဘော်ဒီကြမ်းခင်း ဆွေး မဆွေး ကြည့်မယ်
ဒါလည်း လွယ်ပါတယ် အခင်းတခုရှာပါ ခေါင်းဝင်ပြီး ပက်လပ် လှန်ကြည့်ပါ အရမ်းနိပ်တဲ့ ကားဆိုရင် အလွယ်တကူ စင်ပေါ်တင်လို့ရတဲ့ နေရာဆိုရင် စင်ပေါ်တင်ကြည့်ပါ ဥပမာ ရေဆေးခုံလိုနေရာ ဝပ်ရှော့လိုနေရာ ဒါဆိုရင် လုံလောက်ပါပြီ။
၅။ အင်ဂျင် ကောင်း မကောင်း စစ်မယ်
အရင်ဦးဆုံး ကားကို စက်နှိုးထားပါမယ် အင်ဂျင်ဝိုင်တိုင်းတဲ့ ဂိတ်တံလေးကို ဆွဲဖွင့်လိုက်ပါ။ အောက်မှာ ပုံနဲ့လည်း ပြပေးပါမယ် မီးခိုးမှုတ်လား မမှုတ်ဘူးလား ကြည့်ပါ သိပ်ပြီး မသင်္ကာဘူးထင်ရင် လီဘာနင်း ကြည့်ပါ
မီးခိုးမှုတ်နေရင် အင်ဂျင်ကျနေပါပြီ အင်ဂျင် မကောင်းပါ
အပေါ် ဖွင့် အောက် ဖွင့် လုပ်ရပါတော့မယ် အခန့်မသင့်ရင် အင်ဂျင် အလုံးလိုက်ချိန်းရပါမယ် တခြားအသံတွေကတော့ နားထောင်လို့ လွယ်ပါတယ် ကွန်ပရာဆာ ဘောသံ ရေလည်အုံ ဘောသံ
တိုက်ဗစ် မည်သံ တခြားအသံတွေ ထွက် မထွက်
နားထောင်ရင် ရပါပြီ
ဒါဆိုရင် အင်ဂျင်ကောင်း
မကောင်း စစ်ဆေးတာ လုံလောက်ပါပြီ"
၆။ ဒိုင်ခွက်က သတိပေး မီးများ ပုံမှန် ဟုတ် မဟုတ် စစ်ဆေးမယ်
ဒါကလည်း လွယ်ပါတယ် ယာဉ်မောင်းထိုင်ခံမှာ ထိုင်ပါ
သော့မှာ အချက်သုံးချက်ပါမယ် ပထမအကြိမ် လှည့်တဲ့ အချက်က ကက်ဆက် နဲ့ ဆေးလိပ်မီးပေါက် ကို မီးပို့ပါတယ် ဒုတိယ တစ်ကြိမ်က ဒိုင်ခွက်မှာ ရှိတဲ့ မီးတွေရယ် ကွန်မြူတာဘောက်နဲ့ တခြား မီးရောက်ရမဲ့ နေရာတွေကို အကုန်လုံး မီးပို့ပါတယ်
တတိယအကြိမ်မှာ စက်နှိုးတယ် ဒါကတော့ လူတိုင်းသိပါတယ် ဒုတိယကြိမ် ဒုတိယ အချက်မှာ ဒိုင်ခွက်မှာရှိတဲ့ မီးတွေ အကုန်လင်းရပါမယ် အင်ဂျင်ချက် မီး
အဲယားဘက်မီး
ဘတၳရီ ပုံ
အင်ဂျင်ဝိုင် ချက် မီး
ABS ချက် မီး
လင်းရမဲ့ မီးအကုန်လင်း ရပါမယ် စက်နှိုးပြီးသွားရင် အဲဒီမီးတွေ အကုန်ညိမ်းရပါမယ်
မီးတစ်ခုခု လင်းနေရင် Error တခုခုရှိနေပါပြီ နောက်တစ်ခုရှိတာက ဟွန်ဒါ အုပ်စုမှာ အများဆုံး တွေ့ရမှာပါ ဘတ္ထရီနဲ့ အင်ဂျင်တွဲပြီး အလုပ်လုပ်တဲ့ ကားတွေမှာ ဆိုရင် ဘတ္ထရီ ကောင်း မကောင်း နဲ့ ရှာဂျင်ဝင် မဝင် ကြည့်ရပါမယ် အဲဒီကားတွေဆိုရင် ဟိုပ်ဗစ်ဆိုပြီး အမည်ပေးထားပါတယ် ဒါပေမဲ့ မြန်မာပြည် ရောက်နေ
ကားတော်တော်များများကတော့ ဘတ္ထရီ သက်တမ်းကုန်နေကြပါပြီ ဟိုပ်ဗစ် မဟုတ်ရင် အဲဒါတွေ ခေါင်းထဲ ထည့်စရာမလိုပါ
ဒါဆိုရင် ဒိုင်ခွက်က သတိပေး မီးတွေ စစ်ဆေးမှု လုံလောက်ပါပြီ"
၇။ အောက်ပိုင်း ကောင်း မကောင်း ဂီယာချိန်းပုံ မှန် မမှန် မောင်းစစ်မယ်
ဒါကတော့ ကားမောင်းကြည့်ပြီး စစ်ဆေးရမဲ့ အပိုင်း ရောက်လာပြီ အောက်ပိုင်းကတော့ စစ်ရတာ လွယ်ပါတယ် ကီလို 30 ကျော် 40 လောက်ထိ မောင်းကြည့်ပါ ဘရိတ်ဖမ်းကြည့်ပါ အသံနားထောင်ပါ လမ်းသိပ်မကောင်းတဲ့ အဖုအထစ်လေးတွေ ရှိတဲ့နေရာ မောင်းကြည့်ပါ တချို့ကား စီယာတိုင် ဂန်းက လမ်းအကောင်းမှာ လုံးဝအသံမထွက်ပါ
ဂီယာဘောက်အပိုင်းမှာ ကတော့
အော်တိုဂီယာ အင်ဂျင်ပါဝါကြီးတဲ့ကား ဆိုရင် ကီလို 80 လောက်ထိ မောင်းကြည့်ပါ ။ပါဝါ သေးရင်တော့ 50 ကျော် 60 လောက် မောင်းကြည့်ပါ
ဒါဆိုရင် ဂီယာအစုံအစိ ရောက်ပါပြီ ရိုးရိုးမန်နူရယ် ဂီယာဘောက်ဆိုရင် နံပါတ်တစ် ဂီယာကနေ 2345နောက်ဆုံးထိ ထည့်မောင်း စမ်းပါ
ဂီယာချိန်းတာပုံမှန်ဖြစ်သလား
ဂီယာ ဆောင့်သလား တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သလား ဂီယာ ငြီးသံကြား သလား နားထောင်ပါ ဒါဆိုရင် အောက်ပိုင်းနဲ့ ဂီယာ စစ်ဆေးမှု လုံလောက်ပါပြီ"
၈။ ယာဉ် မှန် မမှန် စစ်မယ်
ဒီအပိုင်းက အခုနောက်ပိုင်း ကညန ရုံးမှာပဲ သွားစစ်ကြတာများပါတယ် ကိုယ်တိုင် စစ်မယ် ဆိုရင်တော့ နံပါတ် (၁) အပိုင်းမှာ ပြောထားသလို ချက်စီတန်း
နေရာတစ်ဝိုက်ကို ဖြုတ်ပြီး ခွာပြီး စစ်ရပါမယ် ပြီးရင် အုံနာဘုတ် စာအုပ်နဲ့ ဝှီးတက် မှန်
မမှန် စစ်ပါမယ် လိုင်စင်စစ်တဲ့ ဆောဝဲ ဒေါင်းလော့ဆွဲထားပါ
ဒီထက်ပိုပြီးသေချာချင်ရင် ခိုင်မာတဲ့ နေရာမှာ စာချုပ်ချုပ်ပါ အိမ် သို့မဟုတ် ရုံး စာချုပ် ချုပ်ငွေချေနေတဲ့ ပုံစံတွေ ဓာတ်ပုံရိုက်ယူထားပါ"
ဒါဆိုရင် ယာဉ်မှန် မမှန် စစ်တဲ့ အပိုင်းမှာ လုံလောက်ပြီလို့ ထင်ပါတယ်
ဒီလောက်ဆိုရင် ကားနဲ့ ရင်းနီးပြီးသား သူတွေ အတွက် ဇဝေဇဝါ ဖြစ်စရာ အကြောင်း မရှိတော့ပါ အရင်က တစ်မိုင်လောက်ကနေ မြင်ရတဲ့ အရာက အခု တစ်ပေလောက်ကနေ ကြည့်ရသလို ရှင်း သွားမှာပါ"
ပထမပို့စ်မှာ ပြောပြထားတဲ့ အကြမ်းဖြင်း (၈)ချက်ကိုတော့ အသေချာမှတ်ထားပါ ကားကြည့်တော့မယ်ဆိုရင် အဲဒီ အစဉ်တိုင်း စစ်ဆေးပါ အစဉ်တိုင်း မစစ်ရင် ဟိုဟာ ကျန် ဒါ ကျန်နဲ့
ကျွန်တော့်လို ဖြစ်ပါမယ်
နောက်တစ်ပိုင်းကတော့ ကားနဲ့
မရင်းနီးသေးတဲ့ သူတွေအတွက်ပါ ကားနံပါတ်တွေမှာ အက္ခရာတွေ ဂဏန်းတွေ ရှိပါမယ် နောက်မှာ ကABCD ကနေ အခုဆိုရင် R အထိ ထွက်နေပါပြီ ကားလောကမှာတော့ ရှေ့က 123456789ကို ထွေထွေထူးထူး ထည့်တွက်လေ့မရှိပါ နောက်က Aတန်း Bတန်းCတန်းကနေ R တန်းထိ ဒီလိုပဲ တွက်ပါတယ်
တက္ကစီတွေမှာဆိုရင်တော့ AA "BB ကနေ HH နောက်ဆုံးထွက်ထားပါတယ်
ရှေ့ဂဏန်းတွေကို မကြည့်ပဲ နောက်က ABCD ကနေ Rထိကို အစဉ်လိုက် အနှိပ်အမြင့် တွက်ပါတယ် တက္ကစီမှာလည်း AA BB ကနေ HH ထိ အစဉ်လိုက် အနှိပ် မြင့်တွက်ပါတယ် မော်ဒယ်တွေက ပြောပြစရာမလိုလောက်ဘူးလို့ ထင်ပါတယ်။
ဒီလောက်ဆို ရှင်းမယ်လို့ ထင်ပါတယ် ကျွန်တော်သိသမျှတော့ ဒါ အကုန်ပဲ ကားပွဲစားနဲ့ ကားလောကထဲမှာလည်း ကုန်သလောက်ပါပဲ ဒီထက်သိတဲ့ ဆရာများရှိရင်လည်း ကျွန်တော့်ကို ပြန်လည် မျှဝေနိုင်ပါတယ်
တချို့ သော သူတွေ ထင်နိုင်ပါတယ် ကိုယ်လုပ်တဲ့ အလုပ် သူများ တွေကို ပြောပြတော့
ကိုယ့်ပါးစပ်ပေါက် ကိုယ် ပိတ်သလိုဖြစ်နေပြီ ထူတယ် အ"တယ်လို့ ထင်နိုင်ပါတယ်
အခု ဒီစာဖက်နေသော မိတ်ဆွေရော ကျွန်တော့်ကို ဘယ်လိုထင်ပါသလည်း
မိတ်ဆွေအနေနဲ့ အရမ်းခက်ခဲမယ်လို့ တွေးထင်ထားမှာပါ
ဟုတ်ပါတယ် မသိရင်တော့ ခက်ခဲပါတယ် ကျွန်တော် ဆိုရင် အချိန်တွေ အမှားတွေ အများကြီးရင်း ပြီးမှ သိခဲ့ရတာပါ မိတ်ဆွေအနေနဲ့ ကျွန်တော့်လို အများကြီး ရင်းစရာမလိုပါဘူး စာလေး နှစ်ကြောင်း သုံးကြောင်း ဖက်လိုက်တာနဲ့ သိပါပြီ အိုင်တင်ခံနေတယ် လို့ မထင်ပါနဲ့ စာပေရဲ့ ကျေးဇူး စာတကြောင်းရဲ့ ကျေးဇူးသိအောင် ပြောပြတာပါ။

Crd; original post
#မူရင်းရေးသားသူအား‌လေးစားစွာဖြင့်
ပေးပါသည်။

09/09/2022

Zawgyi ယာဉ်ပိုင်ရှင်များ သတိပြုဒီပစ္စည်းနဲ့ ကြိုက်တဲ့ကားကို သော့မလိုပဲဖွင့်နိုင်ပြီ(ရုပ်သံ) ၁၁၉ ဒေါ်လာ (ကျပ် ၂ သိန...

06/09/2022

Media and Entertainment

04/06/2022
14/05/2022
Mandalay ကျွဲဆည်ကန် ကားဝင်း ယာယီရွှေ့မယ်
28/11/2021

Mandalay ကျွဲဆည်ကန် ကားဝင်း ယာယီရွှေ့မယ်

ဃ/င ​လိုင်စင်ဖြေဆိုမယ့်သူများအတွက် ယာဥ်လမ်းစည်းကမ်းမေးခွန်း ၅စုံပါPhoto- Credit
27/11/2021

ဃ/င ​လိုင်စင်ဖြေဆိုမယ့်သူများအတွက် ယာဥ်လမ်းစည်းကမ်းမေးခွန်း ၅စုံပါ

Photo- Credit

24/11/2021

စတီယာရင်မှ DISP ခလုတ် အသုံးပြုခြင်း..
🚘🚘🚘🚘🚘

စတီယာရင်မှ DISP ခလုတ် ကို နှိပ်လိုက်ပါက ..
ပုံတွင်ပြထား​သော ​ကားဒိုင်ခွက် ​နေရာမှာ
ကားရဲ့
ဆီစားနှုန်း
ဆီလက်ကျန်နဲ့ သွားနိုင်​သော ခရီးအကွာအ​ဝေး (ကီလိုမီတာ)
(ဆက်ရန်)

https://m.facebook.com/story.php?story_fbid=3265652433543602&id=482063725235834

23/11/2021

Address


Website

Alerts

Be the first to know and let us send you an email when Airport Taxi ယာဉ်များ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ MIA Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Transport Service?

Share