01/04/2026
ဖားအောက်တောရ ဟိုချီမင်းမှ ဆရာလေးမိန့်ကြားချက်အရ
သင်္ကြန်နှစ်ကူးရက် မတိုင်ခင်အထိိကို အပတ်စဥ် Sat & Sun ပိတ်ရက်တိုင်း တရားစခန်းရှိပါကြောင်း ထပ်ဆင့် ကြေညာ အသိပေးအပ်ပါတယ်ရှင်....
🔔🔔 { ဖိတ်ကြားလွှာ } 🔔🔔
ဟိုချီမင်းမြို့ ဖားအောက်တောရ တရားစခန်း ဖွင့်လှစ်ကြောင်း ကြေညာခြင်း 🙏
🌬️ မြန်မာနှစ်သစ်ကူး (သင်္ကြန်) အထိမ်းအမှတ်
( အခြေခံ တရားထိုင်နည်း သင်တန်း ) .................။..................။..................
မြန်မာနိုင်ငံမှ ဖားအောက်တောရကျောင်းမှ
ကြွရောက်သီတင်းသုံးနေကြပါသော
ဆရာတော်ကြီးများ၏
ဆုံးမဩဝါဒခံယူရန် နှင့်
တရားထိုင်နည်းစနစ်များကို ဆရာတော်များရဲ့ လမ်းညွှန်မှုဖြင့် လက်တွေ့ ကျင့်ကြံ အားထုတ်နိုင်ရန်အတွက် ဂုဏ်ယူလေးစားအပ်ပါသော ဓမ္မမိတ်ဆွေများနှင့် သဒ္ဓါရှင်များအားလုံးကို ဖိတ်ကြားအပ်ပါတယ်။
မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယသည် ကိုယ်ကာယနှင့် စိတ်နှလုံးတို့ကို သန့်ရှင်းစင်ကြယ်စေရန်၊ ကုသိုလ်ကောင်းမှုများ တိုးပွားစေရန် အထူးသင့်တော်သော အခါသမယတစ်ရပ်ဖြစ်ပါသည်။
ဤအခါသမယတွင် Hoa Tâm Tự တွင် ကျင်းပပြုလုပ်မည့် အခြေခံတရားထိုင်သင်တန်း သို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
📍 နေရာ: Hoa Tâm Tự
📅 ရက်စွဲ: ၂၈ ရက် နှင့် ၂၉ ရက်
(အတာသင်္ကြန် နှစ်ကူး အကြိုကာလ)
🕰 နေရာ : (Tổ 5 Khu phố Long Đức 2, Long Đức, Long Thành, Đồng Nai )
Google map : https://maps.app.goo.gl/7PdG3pqXwm7MZE2a7
🔔🔔 သင်တန်းရည်ရွယ်ချက်များ
• အာနာပါန ရှုမှတ်နည်း ( အခြေခံတရားထိုင်နည်းများ)ကို စနစ်တကျ လမ်းညွှန်ပေးခြင်း
• သမ္မာဒိဌိကို ထူထောင်ရန် တရားတော်များအား
နာကြားကြခြင်း
• အခါမလပ် သတိမပြတ်ပဲ ရှုမှတ်ပွားများရန် သင်ကြားပေးခြင်း
• သီလ (Sīla)၊ သမာဓိ (Samādhi)၊ ပညာ (Paññā) တို့ကို တဖြည်းဖြည်း တိုးတက်စေခြင်း
ဤသင်တန်းသည် လောကီရေးရာများမှ ယာယီခွာပြီး ကိုယ်တိုင်၏ စိတ်နှလုံးကို သန့်ရှင်းစေရန်၊ တည်ငြိမ်အေးချမ်းစေရန်နှင့် မဂ္ဂလမ်းတော်အတိုင်း
တိုးတက်ရန် အလွန်တန်ဖိုးရှိသော အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။
ပါဝင်သူအားလုံးသည် စည်းကမ်းကို လေးစားလိုက်နာခြင်း၊ သင့်လျော်သော အချိန်များတွင် တိတ်ဆိတ်စွာ နေထိုင်ခြင်းနှင့် ဆရာတော်များ၏ ညွှန်ကြားချက်များကို ကြိုးစားလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ရပါတယ်။
ပါဝင်သူအားလုံးတို့သည် စိတ်အေးချမ်းသာယာခြင်း၊ ဉာဏ်ပညာ ထင်ရှားခြင်းနှင့် နိဗ္ဗာန်လမ်းတော်သို့ တိုးတက်နိုင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။
📞 ဆက်သွယ် စာရင်းပေးရန်:
Zalo - ( 0906331513 )
ဆရာလေး သုမနကာရီ
Sumanācarī Liên Bảo Kim Cương
လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည် 🙏🙏🙏
မမအေကွန်