07/10/2024
🙋🏽♀️Xin chào !
Pany ရှေ့တစ်ပတ်က tourist visa နဲ့ bank account ဖွင့်ခဲ့တဲ့အကြောင်းလေး မျှဝေပေးပါမယ်။
💁🏽♀️Pany က D7 မှာနေတဲ့အတွက် ဘဏ်ဖွင့်ဖို့ကို အဝေးကြီးမသွားတော့ဘဲ၊ foreigner တွေနေတဲ့ condo complex တွေရှိတဲ့နားက ဘဏ်တွေကို try ကြည့်ဖို့
Nguyễn Văn Linh, Tân Phú, Quận 7 ကို သွားပါတယ်။
👉🏽အဲ့မှာ Vietcom နဲ့ BIDV ဘဏ်၂ ခု ကပ်လျက်ပါ။ Vietnam ထဲကို အရင်ဝင်ပြီး ဘဏ်အကောင့်ဖွင့်မလို့ပါ လို့ပြောပြီး တိုကင်ယူပြီး ထိုင်စောင့်နေပါတယ်။ နာရီဝက်လောက်စောင့်ပြီးတော့ အခန်းကန့်ထားတဲ့ ကောင်တာနေရာလေးကို ခေါ်ပါတယ်။
ကျနော်က passport ပေးတော့ သူက work contract တောင်းပါတယ်။ ကျနော်က employee မဟုတ်ဘူး၊ tourist ပါလို့ပြောပြီး 3 month e-visa စာရွက်ကိုပြပါတယ်။
🥴ပြဿနာကတော့ ဘဏ်ဝန်ထမ်းက အီးလို သိပ်မရပါဘူး၊ သူပြောတာလည်း ကျနော်က ဘယ်လိုမှနားမလည်ဘူး၊ ကျနော်မေးတာလည်း သူကမဖြေနိုင် တိုင်တွေပတ် 😂
ဒါပေမဲ့ သူ့ရဲ့ facial expression က ဖွင့်လို့မရနိုင်ဘူးဆိုတဲ့ ပုံပေါက်တော့ ကျနော်လည်း နောက်ဆုံး ဒါဆိုဖွင့်မရဘူးလားပဲ မေးလိုက်တယ်။ သူကလည်း “No” ဆိုတော့ ကျနော်လည်း Thank you ဆိုပြီး ထွက်လာလိုက်တော့တယ်။ 🥴
💁🏽♀️ပြီးတော့ ဘေးက BIDV ထဲဝင်ပါတယ်။ ထုံးစံအတိုင်း token ယူ၊ ထိုင်စောင့်၊ နာရီဝက်လောက်စောင့်ပြီး teller counter မှာပဲ account ဖွင့်ချင်လို့ပြောပြီး၊ passport တွေ visa တွေ ထိုးပေးလိုက်တယ်။
ဘာမှလည်းပြန်မပြောဘူး 😂
အဲဒါနဲ့ ရလို့နေမယ်လို့ ကျနော်လည်း ဘာမှမမေးတော့ဘူး။
ကျနော့် data တွေကို သူစက်ထဲဖြည့်နေပုံရပါတယ်။ ၁၀ မိနစ်လောက်ကြာတော့ print out ထုတ်ထားတဲ့ စာရွက် ၃ ရွက်လောက် ပေးတယ်၊ “check your info” တဲ့
❗️ဒီနေရာမှာ သေချာစစ်ပါနော်၊
နာမည်၊ ဖုန်းနံပတ်၊ လိပ်စာ၊ email သူတို့ typing error တွေ ပါပါတယ်။
သေချာစစ်ပြီး ပြင်ခိုင်းပါနော်။
(လုပ်နေရင်းနဲ့ ကြားထဲမှာ system error တက်လို့တဲ့ ၁၅ မိနစ်လောက် ထပ်ထိုင်စောင့်ရပါသေး 😁)
ပြီးတော့ လက်မှတ်တွေထိုးခိုင်းပြီး face scan တွေ ဖတ်ပါတယ်။
ဘဏ်မန်နေဂျာ approve ပြီးတော့ ဖုန်းထဲကို log in code တွေ sms ဝင်လာပါတယ်။
😅လိုရင်းကတော့ bank account ရသွားပြီဆိုပေမဲ့ Digital wallet account ပဲ ရသွားတာပါ။
Student or employee မဟုတ်တဲ့အတွက် စာအုပ်ရော/ ATM card ရော ဘာမှမရပါဘူးတဲ့ရှင် 🥹
ဒီတော့ BIDV ရဲ့ SmartBanking ဆိုတဲ့ app က ဘာလုပ်လိုရလဲဆိုရင်
- Receive & Transfer ပဲရပါတယ်။
- Top up ရပါတယ်။
- စျေးဝယ်ဘာညာအတွက် Scan pay လို့ရပါတယ်။
ဒီလောက်ပါပဲ။ Cardless withdrawal လည်းမရပါဘူး။ 🙅🏽♀️
ဒါကြောင့်မို့ saving သဘောမျိုး ပိုက်ဆံထည့်ထားလို့တော့ အဆင်မပြေလောက်ဘူးထင်ပါတယ်။
ဒါပေမဲ့ Rent ပေးဖို့နဲ့ စျေးဝယ်ဖို့တွေအတွက်တော့ exchange လုပ်ပြီး ထည့်ထားနိုင်ပါတယ်။
💁🏽♀️Bank account ဖွင့်ခဲ့တဲ့ detail experience လေးကတော့ ဒီလောက်ပါပဲရှင့်။
📍Location : https://maps.app.goo.gl/Gyi2KeJH6PmzZFk76?g_st=com.google.maps.preview.copy
သိချင်တာရှိရင်လည်း Pany သိသလောက်ပြောပြပေးမှာမို့ လာမေးလို့ရပါတယ်နော်
Cảm ơn na ! 🙏🏽😊