21/04/2026
ချင်းမိုင်မြို့နားက မယ့်ဝမ်ဆိုတဲ့နေရာလေးမှာ ဖောင်စီးကြမယ်
သင်္ကြန်အကြောင်းပြပြီး April တစ်လလုံးရေပက်ကြတဲ့နေရာပေါ့ ကျန်တဲ့အချိန်တွေကတော့ ဖောင်စီးသက်သက်ပါပဲ
ချောင်းလေးတလျှောက်ဖောင်စီးရင်း ရေပက်ခံလို့လည်းရသလို ချောင်းဘေးကဆိုင်လေးတွေမှာထိုင်ရင်း ဖောင်တွေကိုရေပက်လို့လည်းရတယ်
ချောင်းတလျှောက်ဆိုင်တွေမှာစားဖို့သောက်ဖို့ဝင်ဝယ်လို့ရတယ် တချို့ဆို ဖောင်ပေါ်ရေခဲပုံးတွေနဲ့ ဘီယာဗူးတွေတင်ပြီး ရေပက်ခံလိုက် ဖောင်အချင်းချင်းရေပက်လိုက် သောက်လိုက်စားလိုက်ပဲ
ဖောင်ကို ကိုယ့်ဘာသာထိုးချင်လည်းရသလို ဖောင်ထိုးသမားခေါ်လည်းရတယ် ဘတ် ၁၀၀ ပဲပိုပေးရတာ ကိုယ့်ဘာသာထိုးရင်တော့ ဟိုနားရပ်လိုက် ဒီနား နားလိုက်နဲ့အေးဆေးသွားလို့ရတာပေါ့
ဖောင်ထိုးသမားနဲ့သွားရင်တောင် ၄၅ မိနစ် ၁ နာရီကြာတာ ကိုယ့်ဘာသာသွားလို့ကတော့အေးဆေးအချိန်ယူလို့ရတယ် လမ်းမှာရှိတဲ့ဆင်စခန်းတွေက ဆင်တွေပါ အစာဝင်ကျွေးဦးအေးဆေး
ဒီချိန်မှာတော့ အကောင်းဆုံးပလန်က ချောင်းဘေးကဆိုင်မှာနေရာယူ စားသောက် ရေပက် ပျင်းလာရင် ဖောင်သွားစီးရေပက်ခံ ဆိုင်ရှေ့ပြန်ဆင်းပြီး ရေပက် တနေကုန်ကဲလို့ရတယ် နောက်လတွေဆိုရင်ရေမပက်ကြတော့ဘူး
ရေပက်ပက် မပက်ပက်သေချာတာကတော့ အဝတ်အစားအပိုယူခဲ့ ဖောင်စီးတာ အနည်းဆုံးဖင်စိုတယ်
#ချင်းမိုင် #ထိုင်း ゚
#