Ko Lin Lin - Chiang Mai

Ko Lin Lin - Chiang Mai Discover the enchanting city of Chiang Mai with our premier travel and tour services.

13/08/2026

လှနေတဲ့ Ying Yong ☺️☺️

13.08.2026
11:30 am

10/08/2026

ထိုင်းရဲ့ ဆွစ်ဇာလန် လို့ပဲ ပြောရမယ်.....

တိုက်တာတွေကြားထဲကနေ ဒီနေရာလေးကို ရောက်သွားရင်......

ကျန်းသေတယ်.....

ခနတာ အေးချမ်းသွားမှာပဲ.....

09/08/2026

မြန်မာနယ်စပ်က တောင်ပေါ်ရွာလေးပါ။

ချင်းမိုင်ကနေ သွားရင် ၁ ညအိပ် ၂ ရက်ခရီးမှ အဆင်ပြေတယ်။

ဒီရှု့ခင်းနဲ့တင် အရမ်းတန်တဲ့၊ သွားရကျိုးနပ်တဲ့ ခရီးစဉ်တစ်ခုပေါ့......

ဝါဆိုလပြည့်နဲ့ ဆက်စပ်ပြီး ဓမ္မစကြာတရားတော်ကို နားလည်ကြည့်မိတာက ဓမ္မစကြာဒေသနာဆိုတာ လောကရဲ့ အမှန်တရားကို အရှိအတိုင်း နားလည...
29/07/2026

ဝါဆိုလပြည့်နဲ့ ဆက်စပ်ပြီး ဓမ္မစကြာတရားတော်ကို နားလည်ကြည့်မိတာက

ဓမ္မစကြာဒေသနာဆိုတာ လောကရဲ့ အမှန်တရားကို အရှိအတိုင်း နားလည်ပြီး ငြိမ်းချမ်းစွာ နေထိုင်တတ်ဖို့ လမ်းညွှန်ပေးတာပါ။

လောကမှာ ကြုံတွေ့ရသမျှ -

သုခ၊ ဒုက္ခ ဆိုတာ အမြဲတမ်း တည်ရှိမနေဘဲ အပြောင်းအလဲနဲ့ ဖြစ်ပျက်နေတဲ့ "ဓမ္မသဘော" မျှသာ ဖြစ်ပါတယ်။

တစ်ဖက်မှာ သာယာမိန်းမောလွန်းတာ၊ နောက်တစ်ဖက်မှာ ဒေါသ၊ ပူလောင်မှုနဲ့ စိတ်ဆင်းရဲခံလွန်းတာ ဆိုတဲ့ အစွန်းနှစ်ပါး ထဲ ပိတ်မိမသွားဘဲ၊ အလယ်အလတ် လမ်းစဉ်အတိုင်း သတိလေးနဲ့ ယှဉ်ပြီး သွားနိုင်ဖို့က အဓိကပါပဲ။

လိုချင်စွဲလန်းမှုနဲ့ အစွဲတွေကို ခဏလောက် လွှတ်ချလိုက်နိုင်ရင်ပဲ ဘဝရဲ့ ပူလောင်မှုတွေက အလိုလို အေးငြိမ်းသွားတတ်ပါတယ်။

ဒီနေ့ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှာ -

စိတ်နှလုံးကို ပစ္စုပ္ပန်တည့်တည့်မှာ တည်ငြိမ်အောင်ထားပြီး အစွန်းနှစ်ပါးက လွတ်မြောက်နိုင်ကြပါစေ။ လောကအမြင်မှန်၊ အသိမှန်တွေနဲ့ ဘဝရဲ့ အပြောင်းအလဲ၊ ခက်ခဲမှုအပေါင်းကို အေးချမ်းစွာ ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေ။

Van Nandacara 🙏🙏🙏

26/07/2026

ည သန်းခေါင်ဆွမ်းကပ်ပွဲ🌕 (Pang Pud)

လန်းနား (မြောက်ပိုင်းထိုင်း) ရိုးရာယုံကြည်ချက်အရ ဒီလ July ၂၈ ရက်နေ့ ညဟာ
"ဥပဂုတ္တမထေရ်" ကြွရောက်ပြီး သတ္တဝါတွေကို ကယ်တင်တဲ့ည လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သန်းခေါင်ယံမှာ ဆွမ်းကပ်လှူဒါန်းကြခြင်းဖြစ်ပြီး၊ ဒါက ကံကောင်းမှု၊ မင်္ဂလာရှိမှုကို ယူဆောင်လာမယ်လို့ ယုံကြည်ကြပါတယ်။

-ကျင်းပမည့် နေရာ: Wat Upakut စေတီတော် ၊ Tha Phae Road၊ ချင်းမိုင်
- ရက်စွဲ: ဇူလိုင် ၂၈ ရက်၊ ၂၀၂၆ (သန်းခေါင်ယံ ၂၄:၀၀ နာရီ)

အစီအစဉ်:
၂၂:၀၀ နာရီ — သံဃာတော်များ၊ သာမဏေများ ပရိတ်တရားရွတ်ဖတ်
၂၃:၃၀ နာရီ — ဆွမ်းကပ်ရန်
၂၄:၀၀ နာရီ (သန်းခေါင်ယံ) — သံဃာတော်များ ဆွမ်းခံကြွချီ

ဒီပွဲက ချင်းမိုင်ရဲ့ ထူးခြားတဲ့ ရိုးရာယဉ်ကျေးမှုပွဲတစ်ခုပါ - နေ့ မှာလုပ်လေ့ရှိတဲ့ ဆွမ်းကပ်ပွဲထက် ညသန်းခေါင်ယံမှာ ကျင်းပတာက ထူးခြားပြီး၊ ဗုဒ္ဓဘာသာ ယုံကြည်မှုနဲ့ ပတ်သက်လို့ စိတ်ဝင်စားရင် လာရောက်ကြည့်ရှုနိုင်ပါတယ်။

ဒီပွဲတော်ကို ထိုင်းနိုင်ငံမြောက်ပိုင်းက ဒေသအသီးသီးမှာ ရိုးရာမပြတ်ကျင်းပကြပါတယ်။ ချင်းမိုင်မှာဆို Wat Son Dok မှာလည်း ကျင်းပမှာ ဖြစ်ပီး၊ ရပ်ကွက်များရှိ အရှင်ဥပဂုတ်ကျောင်းတော်များမှာလည်းကျင်းပမှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များကို Video ထဲတွင်ကြည့်နိုင်ပါသည်။

Credit: Photos and Chiang Mai Guide

24/06/2026

မြန်မာပြည်နဲ့ ဘေးခြင်းကပ် နယ်စပ်တောင်ပေါ်က ရွာလေးတစ်ရွာနားမှာပေါ့။

တောင်ပေါ်ရွာလေးမှာတည်း၊ ဒီလိုရှု့ခင်းတွေ အေးအေးဆေးဆေးကြည့်ပီး ခရီးသွားရတာ ကောင်းပါတယ်။

Natural Healing တစ်မျိုးပေါ့.......

07/06/2026

"ထိုင်းကိုချစ်တဲ့ရွာလေး" လို့ အမည်ပေးထားတဲ့
"" Ban Rak Thai "" ဆိုတဲ့ သက်ရှိပန်းချီကားလေး

06/06/2026

ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်း (Lampang) မြို့က နာမည်ကြီး Kad Kong Ta ညဈေးလမ်းကို ရောက်ဖူးသူတိုင်း ထူးခြားပြီး လှပလွန်းတဲ့ ရှေးဟောင်းအိမ်ကြီးတစ်လုံးကို သတိပြုမိကြမှာပါ။ ဒီအဆောက်အအုံကတော့ ထိုင်းနိုင်ငံမှာ ဗမာ့ဗိသုကာလက်ရာ အလှပဆုံးအဆောက်အအုံတွေထဲက တစ်ခုလို့ သတ်မှတ်ခံထားရတဲ့ သမိုင်းဝင်သူဌေးကြီး ''မောင်ငွေဇင်စံအိမ်တော်" (Moung Ngwe Zin Building) ပဲ ဖြစ်ပါတယ်။

၁၉ ရာစုနှောင်းပိုင်း သစ်လုပ်ငန်း အလွန်ထွန်းကားစဉ်က ဗမာသစ်တောအရာရှိတစ်ဦးရဲ့ သားဖြစ်သူ သူဌေးကြီး "မောင်ငွေဇင်" က ခရစ်နှစ် ၁၉၀၈ ခုနှစ်မှာ ဒီအိမ်ကြီးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ စီးပွားရေးတွင်အလွန်အောင်မြင်ခဲ့သော သစ်ကုန်သည်ကြီးဖြစ်ပီး၊ လန်ပန်းမြို့ရှိ Wat Chai Mongkol ကျောင်းတော်အပါအဝင် စေတီပုထိုးများကို တည်ဆောက်ခဲ့ပြီး လူမှုရေး၊ ဘာသာရေးတွေမှာလည်း အများအပြားလှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် သူဌေးကြီးဟာ လန်ပန်းမြို့ရဲ့ ဘုရင်ခံ (Governor) ရာထူးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး ဘာသာရေးနဲ့ တရားဓမ္မဘက်မှာပဲ စိုက်လိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ လို့လည်း နာမည်ကြီးပါတယ်။
.....
ဒီအိမ်ကြီးက စိတ်ဝင်စားစရာ အချက်အလက်တချို့ကို ဖော်ပြရမယ်ဆို ......

- ဒီအိမ်ကြီးကို မြန်မာနိုင်ငံ မန္တလေးက နန်းတွင်းလက်သမားပညာရှင်တွေကိုယ်တိုင် လာရောက်ဒီဇိုင်းဆွဲ တည်ဆောက်ပေးခဲ့တာပါ။ အောက်ထပ်ကို ကွန်ကရစ်၊ အပေါ်ထပ်ကို ကျွန်းသစ်နဲ့ ဆောက်ထားတဲ့ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး မနီလာစတိုင် (Manila style) အမိုးနဲ့ ဆန်းသစ်ထားပါတယ်။

ထူးခြားတာက အိမ်ရဲ့မျက်နှာကြက်ကို သြစတြေးလျကနေ မှာယူတင်သွင်းထားတဲ့ "သံဖိပြား" (Pressed sheet metal) တွေနဲ့ လုပ်ထားတာဖြစ်ပြီး ယနေ့ ထိုင်းနိုင်ငံမှာ ဒီလိုမျက်နှာကြက်မျိုး ဒါတစ်ခုပဲ ကျန်ပါတော့တယ်။

- အခု ညဈေးလမ်းဘက်ကနေ မြင်နေရတဲ့ အိမ်မျက်နှာစာဟာ တကယ်တော့ အိမ်ရဲ့ "နောက်ကျောဘက်" ဖြစ်ပါတယ်။ ထိုခေတ်က မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးကို အဓိကသုံးပြီး Bombay Burma ကုမ္ပဏီရဲ့ ဆိပ်ကမ်းကလည်း အနီးနားမှာပဲ ရှိတာကြောင့် အိမ်ရဲ့အရှေ့မျက်နှာစာအစစ်က မြစ်ဘက်လှည့်နေတာ ဖြစ်ပါတယ်။

- ဒီအိမ်ကြီးရဲ့ အတွင်းထဲမှာ ဗြိတိသျှအင်ဂျင်နီယာတွေ တည်ဆောက်ပေးခဲ့တဲ့ "၃ မီတာ (၁၀ ပေနီးပါး) အနက်ရှိတဲ့ လျှို့ဝှက်ဗုံးခိုကျင်း (Bunker)" တစ်ခု ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း လေကြောင်းရန်ကနေ ကာကွယ်ဖို့အတွက် အထူးဒီဇိုင်းဆွဲ ဆောက်လုပ်ခဲ့တာပါ။

- ဒီနေ့ခေတ်မှာတော့ စတုတ္ထမြောက်မျိုးဆက်ကနေ ဒီအိမ်ကြီးကို မူလလက်ရာမပျက် ပြန်လည်ပြုပြင် ထိန်းသိမ်းထားပါတယ်။ အိမ်တွင်းမှာ သမိုင်းပြခန်း နှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်အပြင် ခရီးသွားတွေ နားနေနိုင်မယ့် ကဖေး (Tourist Cafe) တစ်ခုအဖြစ် ဖွင့်လှစ်ထားပါတယ်။

Ref: https://lampangthailand.com/historical-moung-ngwe-zin-building-in-lampang

#ထိုင်းမြောက်ပိုင်းခရီးစဉ် #လန်ပန်းမြို့

30/05/2026

ဒီမနက် ပူစဲ ယာစဲ နတ်ပွဲ စံပါယ်ပန်းဘုရားတောင်ခြေမှာ ကျင်းပကြပါမယ်။

သမိုင်းအကျဉ်း
- ပူစဲ ယာစဲ ဘီလူးမောင်နှံဟာ နှစ်ပေါင်းများစွာ ချင်းမိုင်ပတ်ဝင်းကျင်က လူများကို နှောက်ယှက်ခဲ့ကြရာကနေ၊ ဘုရားရှင်နဲ့တွေ့၊ အကျွတ်တန်းရပီး၊ နှောက်ယှက်မှု့တွေကို စွန့်လွှတ်လိုက်တယ်။ သို့ပေမယ့် နတ်ဘီလူးမောင်နှံဆိုတော့ အသားစိမ်း၊ သွေးစိမ်းတွေကို ကြိက်နှစ်သက်တော့ တစ်နှစ်တခါတော့ ကျွဲသား အစိမ်းနဲ့သူတို့ကို လူတွေက ပူဇော်ပသပေးပါ။ လူတွေကိုမနှောက့်ယှက်တော့ပါဘူး၊ မိုးလေဝသကောင်းမွန်အောင်လည်း သူတို့စောင့်ရှောင့် ပေးပါမယ်ဆိုတဲ့ ကတိကဝတ်နဲ့ အတူ ဒီနတ်ပွဲဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီပွဲကို ရိုးရာမပျက်ကျင်းပလာကြတာ နှစ်ရာကျော်ရှိခဲ့ပါပြီ။
....
ဒီပွဲမှာ ပူစဲ ယာစဲ ဝင်ပူးခံထားရတဲ့၊ အသိစိတ်လွတ်နေတဲ့ နတ်ဝင်သည်က လတ်လတ်ဆတ်ဆတ်ပေါ်ထားတဲ့ ကျွဲသား နဲ့ ကျွဲသွေးကို အစိမ်းစားသောက်ပီး ဆုမွန်ကောင်းများတောင်းပေးမှာဖြစ်ပါတယ်။ ပွဲတော်ကို တစ်နှစ်တခါပဲကျင်းပကြတာကြောင့် ကြုံကြိုက်လို့ စိတ်ဝင်စားရင် သွားရောက်လေ့လာသင့်ပါတယ်။

ပွဲကျင်းပမည့်နေရာ
National Park Protection Unit 4(Mae Hia)

https://maps.app.goo.gl/aUHtcM2KTt47pNyB8?g_st=ac

Videos and Photos Credit to original owners 🙏🙏🙏

27/05/2026

Doi Inthanon Summit

နွေအကုန် မိုးအကျ ချင်းမိုင်က မြို့ထဲမှာ ပူပေမယ့် ဒီလိုတောင်ထိပ်မှာဆို မြုတွေဆိုင်းပီး အတော်အေးနေတတ်တယ်။

ဒီနေရာလေးက ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်က အမြင့်ဆုံးအမှတ်အသား နဲ့ ရေတံခွန် သွားကြတဲ့ ခရီးစဉ်လေးပါ။

26.05.2026
1:30 pm

ที่อยู่

Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Lin Lin - Chiang Maiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์