08/09/2026
🔅Chiang Mai ရဲ့ မီးပုံးပျံပွဲတော် ( Loy Krathong ) ပွဲတော်ကို 24-25 Nov 2026 မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပ မှာဖြစ်လို့ Nov လကုန် ခါနီးလာမယ့်သူလေးတွေအတွက်...
🔅ဒီပွဲတော်ကြီးဟာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား အများအပြားလာရောက်ကျင်းပကြတဲ့ ပွဲတော်ကြီးဖြစ်လို့...ချင်းမိုင် ရောက်တုန်းလေး သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု များကို ဝင်ရောက်လေ့လာချင်သူများအတွက် တချို့အရာလေးတွေ ကြိုတင်စီစဉ်ထားဖို့ မျှဝေပေးလိုက်ပါတယ်။
🔅ပွဲတော်ကျင်းပမယ့် အဓိက နေရာကတော့...Chiang Mai CAD Culture Centre Lanna မှာ ဝင်ကြေးလက်မှတ် ဝယ်ပြီး ပါဝင်ချင်သူများအတွက် Standard, VIP, Premium / Elite ဆိုပြီး Package အမျိုးအစားများစွာ ရှိပါတယ်။ Package တွေမှာ များသောအားဖြင့် ချင်းမိုင်မြို့တွင်းမှ အသွားအပြန် ကြိုပို့ကား၊ အစားအသောက် ( Buffet / Snacks )၊ မီးပုံးပျံ ( Lanterns ) နှင့် ထိုင်းရိုးရာ ဝတ်စုံများနဲ့ ပါဝင် ဆင်နွှဲလေ့ရှိကြပါတယ်။
ဝင်ခွင့် လက်မှတ်တွေကတော့ အကုန်မြန်တာကြောင့် စောစောစီးစီး ကြိုတင်ဝယ်ယူထားမှ စိတ်ချရမှာပါ။
🔅Package မဝယ်ပဲ ကိုယ်ပိုင် အစီအစဉ်နဲ့ သွားရောက်လည်ပတ် ချင်သူများအတွက်အသွားအပြန် ကားငှားချင်ရင်လည်း စီစဉ်ပေးပါတယ်။
မီးပုံးပျံလွှတ်တင်တဲ့ပွဲတော် အဓိက နေရာများ မဟုတ်ပဲ၊ ချင်းမိုင်မြို့တွင်း Ping River မြစ်ဘေး၊ Nawarat Bridge နှင့် Thapae Gate ပတ်ဝန်းကျင်တွေမှာ ပြုလုပ်လေ့ရှိတဲ့ ရိုးရာ ပွဲတော်တွေကိုလည်း အခမဲ့ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
💥 Chiang Mai Sky Lanterns Festival 💥 ( Yi Peng ) ပွဲတော်ကြီးကို ကျွန်တော်တို့နဲ့ အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းကြပါစို့...
#ချင်းမိုင်အလည်အပတ် #ထိုင်းရောက်ရွှေမြန်မာ
:Photos