Everywhere we go - Thailand

Everywhere we go - Thailand Save Your Budget !

 #ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက်သတင်းထူးဒီမနက် တနလ်ာနေ့၊ ဂျူလိုင်လ ၁၄ ရက်‌နေ့မှာပြုလုပ်ခဲ့တဲ့ ထိုင်းအစိုးရအဖွဲ့ဝန်ကြ...
16/07/2025

#ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက်သတင်းထူး
ဒီမနက် တနလ်ာနေ့၊ ဂျူလိုင်လ ၁၄ ရက်‌နေ့မှာပြုလုပ်ခဲ့တဲ့ ထိုင်းအစိုးရအဖွဲ့ဝန်ကြီးများအစည်းအဝေးကနေ MOU ပုံစံနဲ့ ထိုင်းရောက်မြန်မာနိုင်ငံသား အလုပ်သမား တသန်းရှစ်သိန်းကျော်အတွက် မြန်မာနိုင်ငံပြန်စရာမလိုဘဲ ယ္ခုလာမယ့်ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၅ ကနေ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၂၀၂၆ အထိ၊ နောက်ထပ် ၆ လ ထိုင်းမှာဘဲဆက်နေပြီး အလုပ်လုပ်ခွင့်သက်တမ်းတိုးဖို့ ခွင့်ပြုလိုက်ပါတယ် (ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံသား အလုပ်သမားတွေကိုပါ ခွင့်ပြုတာဖြစ်ပါတယ်)။

အဲဒီ အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ခွင့်သက်တမ်းတိုးပြီးရင်လည်း နောက်လာမယ့် ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၂၀၂၇ အထိ ၂ နှစ်ဆက်တိုက် ထိုင်းမှာဆက်နေလို့ရမှာဖြစ်ပါတယ်။

ဒီလို အလုပ်လုပ်ခွင့်လျှောက်တဲ့ကိစ္စအားလုံးကို အလုပ်သမားများရဲ့ကိုယ်စား အလုပ်ရှင်တွေကိုယ်တိုင်က တိုက်ရိုက်လျှောက်ပေးရမှာဖြစ်ကြောင်းနဲ့ ဒီနှစ် ဒီဇင်ဘာလအကုန်အထိ ခွင့်ပြုထားကြောင်း။ ပွဲစားတွေ ကြားခံအကျိုးဆောင်ကုမ္ပဏီတွေကို သုံးစရာမလိုကြောင်း။

အလုပ်သမားတဦးကို ဗီဇာကြေး ဘတ် ၅၀၀ နှင့်၊ အလုပ်လုပ်ခွင့်လျှောက်လွှာ ပါမစ်အတွက် ဘတ် ၁၉၀၀ သာပေးရမှာဖြစ်ကြောင်း၊ နောက်ထပ်အပိုငွေပေးစရာမလိုကြောင်း (ကျမ္မာရေးအာမခံမပါ) အခြားအကြောင်းပြပြီး ငွေတောင်းတာတွေလုပ်ပါက အလုပ်သမားရှာဖွေရေးဌာန ဖုန်းနံပါတ် ၁၅၀၆ #၂ ကို ခေါ်ဆိုတိုင်တန်းနိုင်ကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ပါတယ်...။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပွဲစားတွေ လူလိမ်တွေရှိက ကော်မင့်မှာ အချက်အလက်အကျိုးအ‌ကြောင်းရေးထားနိုင်ပါတယ်။ တဦးချင်းကို အကြောင်းပြန်ကြးပေးနိုင်မှာမဟုတ်ပေမယ့် သက်ဆိုင်ရာကိုအကြောင်းကြားပေးပါမယ်။

ကျွန်တော်အမုန်းခံလူသား...



ဂျူလိာင်လ ၁၄ ရက်၊ ၂၀၂၅

ထိုင်းကနေလည်းပို့ပေးဖြစ်ပါတယ် ဓာတ်ပုံတွေ
03/07/2025

ထိုင်းကနေလည်းပို့ပေးဖြစ်ပါတယ် ဓာတ်ပုံတွေ

ဇူလိုင် ၁ ရက်နေ့ကစပြီး တနေ့လုပ်အားခ ဘတ် ၄၀၀ တိုးမြှင့်မှု စတင်  ______________________၂၀၂၅ ၊ဇူလိုင် ၁ ရက်နေ့ကစပြီး ဘန်ကေ...
02/07/2025

ဇူလိုင် ၁ ရက်နေ့ကစပြီး တနေ့လုပ်အားခ
ဘတ် ၄၀၀ တိုးမြှင့်မှု စတင်
______________________

၂၀၂၅ ၊ဇူလိုင် ၁ ရက်နေ့ကစပြီး ဘန်ကောက်မြို့နဲ့ ခရီးသွားလုပ်ငန်းတွေအချို့မှာ တနေ့လုပ်အားခ ၃၇၂ ဘတ်ကနေ ဘတ် ၄၀၀ ကို တိုးမြှင့်ဖို့ လုပ်ခလစာကော်မတီက တရားဝင် အတည်ပြုလိုက်ပါပြီ။ ဒီနှုန်းထားအသစ်တွေက၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့ ဆုံးဖြတ်ချက်ပေါ် အခြေခံထားတာဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့ကစပြီး အကျုံးဝင်မှာပါ။

တစ်ရက် ၄၀၀ ဘတ် နှုန်းထား ဘယ်သူတွေရမလဲ

ဘန်ကောက်အပြင် တစ်ရက်လုပ်အားခ ဘတ် ၄၀၀ ရရှိမယ့် ဒေသတွေအနေနဲ့
- ချာချွန်ဆောင်း (Chachoengsao)
- ချွန်ဘူရီ (Chonburi)
- ဖူးခက် (Phuket)
- ရနောင်း (Rayong) နဲ့
- ဆူရတ်ဌာနီ (Surat Thani) ပြည်နယ်က ကိုးဆာမွီ (Ko Samui) ခရိုင် တို့မှာရှိတဲ့ လုပ်ငန်းအမျိုးအစား အားလုံးအနေနဲ့လည်း တနေ့လုပ်အားခ ဘတ်၄၀၀ ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် ခရီးသွားလာရေးနဲ့ ဝန်ဆောင်မှုကဏ္ဍမှာပါဝင်တဲ့ ကြယ်နှစ်ပွင့်အထက်ရှိဟိုတယ်တွေနဲ့ အခန်း ၅၀ နဲ့အထက် ဟိုတယ်တွေ ၊ ကာရာအိုကေ၊ ဘားနဲ့ တခြားဖျော်ဖြေရေးလုပ်ငန်းတွေမှာအလုပ်လုပ်နေတဲ့သူတွေအနေနဲ့လည်း တနေ့ ၄၀၀ ဘတ် စတင်ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် တခြားပြည်နယ်တွေက အလုပ်သမားအများစုအတွက်တော့ လုပ်ခလစာဟာ အရင်ကထွက်ထားတဲ့ ၂၀၂၄ ဒီဇင်ဘာက သတ်မှတ်ချက်အတိုင်းသာရှိနေဦးမှာဖြစ်ပါတယ်။
အခြားပြည်နယ်တွေမှာတော့ ဒေသအလိုက် လုပ်ခလစာကွာခြားမှုရှိပြီး သတ်မှတ်ထားတဲ့ တစ်နေ့လုပ်အားခတွေ အနေနဲ့

၃၈၀ ဘတ်
ချင်းမိုင်မြို့နယ် (Mueang Chiang Mai) ဟတ်ယိုင် (Hat Yai – ဆုန်ခလာ)

၃၇၂ ဘတ်
နခွန်ပါထုံ ၊ နွန်ထဘူရီ၊ ပါထုံးဌာနီ ၊ ဆာမွတ်ပရာကန် ၊ ဆာမွတ်ဆာခွန်

၃၅၉ – ၃၅၀ ဘတ်
နခွန်ရတ်ချသီမာ – ၃၅၉ ဆာမွတ်ဆုန်ခရမ် – ၃၅၈၊ အယုဒ္ဓယ၊ ဆာရာဘူရီ၊ ခွန်ကမ် – ၃၅၇၊ လော့ပ်ဘူရီ – ၃၅၆ ၊ နခွန်နာယွတ်၊ ဆူဖန်ဘူရီ၊ နွန်ခိုင် – ၃၅၅ ၊ ကရာဘီ၊ ထရတ် – ၃၅၄ ၊ တချို့ခရီးသွားသွားသောပြည်နယ်တွေအပါအဝင် ၁၄ ပြည်နယ် – ၃၅၂ ၊ ဆူရင်၊ ဖစ်ချဘူရီ၊ ချွန်ဖွန် – ၃၅၁ ၊ လမ်ဖွန်၊ ယာဆော့ထုံ၊ နခွန်ဆ
ဝမ် – ၃၅၀

၃၄၉ – ၃၄၅ ဘတ်
ကာလာစင်၊ ရွိုင်အက် – ၃၄၉ ၊ ချိုင်ယာဖူမ်၊ ဖတ်ထလွန်၊ စင်ဘူရီ – ၃၄၈ ၊ မဲဟောင်ဆွန်၊ လိုအီ၊ လမ်ပန်၊ ရနောင် – ၃၄၇ ၊ ထရန်၊ နန်၊ ဖယာအို၊ ဖရေ – ၃၄၅

၃၃၇ ဘတ် (အနိမ့်ဆုံး)
နရာဓိဝတ် ၊ ပတ်တာနီ ၊ ယာလာ

အလုပ်ရှင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာထက် လျှော့ပြီး ပေးချေတာကို ဥပဒေအရ တင်းကြပ်စွာ တားမြစ်ထားပါတယ်။ ဒီလို လုပ်ခလစာ တိုးမြှင့်တာဟာ ထိုင်းနိုင်ငံမှာရှိတဲ့ လုပ်သားတွေရဲ့ နေထိုင်မှုအဆင့်အတန်း ပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

သတင်း - pattayanews / thaiger

#ဘီကွန်မြန်မာ #လစာ #ထိုင်း

ပန်းရောင်ကတ်လုပ်ခ ပိုက်ဆံပိုတောင်းတဲ့ကိစ္စ NACC စုံစမ်းစစ်ဆေးမည်_____________________ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိ...
30/06/2025

ပန်းရောင်ကတ်လုပ်ခ ပိုက်ဆံပိုတောင်းတဲ့ကိစ္စ NACC စုံစမ်းစစ်ဆေးမည်
_____________________
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံခြားသားအလုပ်သမားတွေအတွက် ပန်းရောင်ကတ် ပြုလုပ်ပေးရာမှာ ဥပဒေအရ သတ်မှတ်ထားတဲ့ အခကြေးငွေထက် ပိုမိုကောက်ခံတယ်လို့ဆိုကာ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) မှ တိုင်ကြားမှုရရှိထားတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တော့မယ်လို့ သိရပါတယ်။
တိုင်ကြားသူမှာ နိုင်ငံခြားသားအလုပ်သမား အကျိုးဆောင်တစ်ဦးဖြစ်ပြီး ချင်းမိုင်ခရိုင်၊ ဒေသ ၅ မှတ်ပုံတင်ဌာနခွဲရဲ့ အကြီးအကဲဖြစ်သူကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့ စည်းမျဉ်းတွေအရ ပန်းရောင်ကတ်ထုတ်ပေးခြင်းအတွက် ဘတ် ၆၀ သာ ကုန်ကျပြီး နိုင်ငံခြားသားမှတ်တမ်းအကျဉ်းချုပ်မိတ္တူ ကူးယူခြင်းအတွက် ဘတ် ၂၀ သာ ကျသင့်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် တိုင်ကြားခံရသူအနေနဲ့ နိုင်ငံခြားသားလုပ်သားတစ်ဦးလျှင် ဘတ် ၂၀၀ အထိ ကောက်ခံခဲ့တာဖြစ်ပြီး ဥပဒေအရ သတ်မှတ်ထားတဲ့ အခကြေးငွေထက် ဘတ် ၁၂၀ ပိုများနေတာ ဖြစ်ပါတယ်။
တိုင်ကြားသူတစ်ဦးတည်းရဲ့ အဆိုအရ တိုင်ကြားခံရသူဟာ ၂၀၂၃ ခုနှစ်အစောပိုင်းမှာ ရာထူးရပြီးကတည်းက ဒီလိုပိုကောက်တာတွေကနေ ဘတ် ၂.၄ သန်းကနေ ၃.၆ သန်းအထိ ရရှိခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ ချင်းမိုင်ခရိုင်မှာ နိုင်ငံခြားသားအလုပ်သမားအကျိုးဆောင်ပေါင်း ၁၀၀ ကျော်ရှိပြီး တိုင်ကြားခံရသူက အလုပ်သမားတစ်ဦးကို ဘတ် ၂၀၀ တောင်းတာကို လူတိုင်းသိကြတယ်လို့လည်း ဆိုပါတယ်။ တကယ်လို့ အကျိုးဆောင်တွေထဲက ဘယ်သူမဆို ဒီငွေကို မပေးရင်တော့ အလုပ်သမားတွေကို ကတ်လုပ်ဖို့ ချိန်းဆိုမှုတွေ ရမှာမဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။
NACC ကတော့ ဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။
သတင်း - Chiangmainews

#ဘီကွန်မြန်မာ #ပန်းရောင်ကဒ် #ထိုင်း

ဘန်ကောက်ဆန္ဒပြပွဲအနီး ဖမ်းဆီးခံရသူများတွင် မြန်မာ ၇ ဦးပါဝင်သံလွင်ခက် ၊ ဇွန် ၂၈၊ ၂၀၂၅။ဘန်ကောက်မြို့ရှိ ဆန္ဒပြပွဲဖြစ်ပွားန...
28/06/2025

ဘန်ကောက်ဆန္ဒပြပွဲအနီး ဖမ်းဆီးခံရသူများတွင် မြန်မာ ၇ ဦးပါဝင်

သံလွင်ခက် ၊ ဇွန် ၂၈၊ ၂၀၂၅။

ဘန်ကောက်မြို့ရှိ ဆန္ဒပြပွဲဖြစ်ပွားနေသည့် Victory Monument အနီး ဘန်ကောက်မြို့၊ လမ်းဘေးဓါတ်ဆီဆိုင်နားတွင် မြန်မာ ၇ ဦးအပါအဝင် နိုင်ငံခြားသား ၈ ဦးကို ထိုင်းအာဏာပိုင် လုံခြုံရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြသည်။

၎င်း ၈ ဦးမှာ ဆန္ဒပြဇုန်အနီးရှိ ဗစ်ဘာဇာဒီ၊ ရန်စစ်လမ်းမပေါ်တွင် ပစ်ကပ်ကားတစ်စီးဖြင့် လှည့်လည်သွားလာနေစဉ် မြို့တော်ရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူ ၈ ဦးတွင် ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး ပါဝင်ပြီး ၎င်းတို့သည် လတ်ဖရောင်းဧရိယာတွင် ပစ္စည်းများ လာရောက်ယူဆောင်ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြသည်။ သို့သော် ရဲတပ်ဖွဲ့က ရှင်းပြချက်ကို သံသယရှိသည်ဆိုကာ ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ်များ၊ နေထိုင်ခွင့်အသေးစိတ်အချက်အလက်များနှင့် ဝင်ထွက်မှတ်တမ်းများကို စစ်ဆေးလျက်ရှိသည်။

ဖမ်းဆီးခံရသူများကို ပြစ်မှု ကျူးလွန်ကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း နိုင်ငံရေးအရ ဆက်စပ်နေသည့် လက်ရှိဆန္ဒပြပွဲဖြစ်ပွားရာ နေရာအနီးတွင် ၎င်းတို့ ရောက်ရှိနေခြင်းကြောင့် အသေးစိတ်စုံစမ်းစစ်ဆေးရန် လိုသည်ဟု ပြောဆိုခဲ့သည်။

ဘန်ကောက်မြို့က အနုစာဝါရီလို့လူသိများသည့် Victory Monument တွင် ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် ရာထူးက နုတ်ထွက်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲကို ထိုင်းအချုပ်အခြာအာဏာကာကွယ်ရေးအဖွဲ့က ဦးဆောင်ကာ ယနေ့ မနက် ၉ နာရီခွဲမှစ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အဆိုပါဧရိယာတစ်လျှောက် ထိုင်းအာဏာပိုင်များက လုံခြုံရေး တင်းကျပ်ထားသည်။

#ဘန်ကောက်ဆန္ဒပြပွဲ #ဖမ်းဆီး
hittai

ဒီလိုဆရာကြီးဖြစ်ဖို့ ထိုင်းစကားသင်ကြစို့
28/06/2025

ဒီလိုဆရာကြီးဖြစ်ဖို့ ထိုင်းစကားသင်ကြစို့

ထိုင်း လေဆိပ်လုံခြုံရေး Check point တွင် LGAs ကိုစတင်စစ်ဆေးမည်ထိုင်းလေကြောင်း အာဏာပိုင် (CAAT) က  Liquid , Gel နဲ့ လေဖိအ...
01/05/2025

ထိုင်း လေဆိပ်လုံခြုံရေး Check point တွင် LGAs ကိုစတင်စစ်ဆေးမည်

ထိုင်းလေကြောင်း အာဏာပိုင် (CAAT) က Liquid , Gel နဲ့ လေဖိအားပါတဲ့ ဘူးတွေအတွက် ထိုင်းလေဆိပ်များမှာ အကျိုးသက်ရောက်မည့် စည်းမျဉ်းအသစ်တွေကို ဧပြီလ ၂၂ ရက်နေ့က တော်ဝင်ဂေဇက်မှာထည့်သွင်းဖော်ပြလိုက်ပါတယ်။

LGAs အား “Liquid, Gel နဲ့ Aerosols “ ဟုအဓိပ္ပါယ် သတ်မှတ်ချက်ကို ကြေညာထားပြီး ၄င်းတွင်

🔶ဖျော်ရည်မျိုးစုံ
🔶Sauce
🔶အလှကုန်ပစ္စည်း
🔶တစ်ကိုယ်ရေ သန့်ရှင်းရေး ပစ္စည်း
🔶စပရေးဘူးနဲ့
🔶ဆပ်ပြာဘူးလို လေဖိအားပါတဲ့ ဘူးတွေ ပါဝင်ပါတယ်။

💢စည်းမျဉ်းအသစ်အရ

🔶LGAs ပါတဲ့ ဘူးဟာ ၁၀၀ မီလီလီတာ ထက် မများရပါဘူး။

🔶LGAs ပမာဏ ဝင်ဆန့်တဲ့ ဘူးထဲမှာ ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။

🔶ခရီးသွားတွေဟာ ဘူးများစွာကို သယ်ဆောင်နိုင်ပေမယ့် လူတစ်ယောက်ကို ၁ လီတာ ထက် မကျော်ရပါဘူး။

လေဆိပ် အာဏာပိုင်တွေက ခရီးသည်၊ လေယာဉ်ဝန်ထမ်းနဲ့ လေဆိပ် ဝန်ထမ်းများ၏လေယာဉ်ပေါ် ယူဆောင်မည့် LGAs အားလုံးကို အာဏာပိုင်တွေက လုံခြုံရေး Checkpoint မှာ LGAs ကို သီးခြားစစ်ဆေးမှာ ဖြစ်ပါတယ်။

Ref : Nation Thailand

Crd -ဘန်ကောက်လမ်းညွှန်ကိုစိုင်း

ဒီနေ့ဟာဆိုရင် ထိုင်းကို အလည်လာမယ့်သူတွေရော ၊ ထိုင်းမှာ နှစ်ရှည်ဗီဇာနဲ့လာကြတဲ့သူတွေရော နိုင်ငံခြားသားတိုင်း ထိုင်းနိုင်ငံ...
01/05/2025

ဒီနေ့ဟာဆိုရင် ထိုင်းကို အလည်လာမယ့်သူတွေရော ၊ ထိုင်းမှာ နှစ်ရှည်ဗီဇာနဲ့လာကြတဲ့သူတွေရော နိုင်ငံခြားသားတိုင်း ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ TDAC ဖြည့်ခဲ့ရမယ့် ပထမဆုံးနေ့ပါပဲ ၊

နိုင်ငံခြားသားတွေရဲ့ ထိုင်းအကြောင်း group တစ်ခုမှာ ပထမဆုံးရက် အတွေ့အကြုံ ရေးသားဖော်ပြထားတာကို ဆီလျှော်အောင် ဘာသာပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်ဗျ

ဒီနေ့မနက် ၆ နာရီ ထိုင်းကိုရောက်ပါတယ် ၊ အရင်လာနေကျ အတိုင်းပါပဲ ဘာမှ သိပ်ပြီး ထူးထူးထွေထွေ ကွာခြားသွားမှု မရှိပါဘူး ၊ ဟိုးတုန်းက လေယာဉ်ပေါ်မှာ TM6 Form ဖြည့်ခဲ့ရတယ် အခုကတော့ Online ကနေ ကြိုဖြည့်ပေးလိုက်ရတယ် ဒါပါပဲ ၊

Immigration ရောက်တော့လည်း Online က ဖြည့်ထားတာကို ဖုန်းထဲကနေ ပြလိုက်တာပါပဲ ၊ Officer ကလည်း ပရင့်ထုတ်လာဖို့ မတောင်းဆိုသလို အများကြီးလည်း ကြည့်မနေပါဘူး Form ဖြည့်ထား မထား စစ်တဲ့ သဘောလောက်ပါပဲ ၊

TDAC From ဖြည့်ရမှန်းမသိပဲ immigration တန်းစီသူတွေလည်း တွေ့ရပါတယ် ၊ သူတို့ကိုတော့ immigration line အရှေ့မှာ TDAC ဖြည့်ဖို့ သတိပေး ဆိုင်းဘုတ်ချထားပေးပြီး သတိပေးဆိုင်းဘုတ်က QR ကို Scan ဖတ်ပြီး Form ဖြည့် Form ဖြည့်ပြီးရင်တော့ immigration မှာ ပြန်တန်းစီ ရပါတယ်။

အခုလို အွန်လိုင်းက လုပ်လိုက်တော့ အရင်တုန်းကလို ထိုင်းမှာ နေနေတုန်း arrival ကဒ် TM 6 စာရွက်လေး ပျောက်မှာ စိတ်ပူစရာမလိုတော့တာမို့ အဆင်ပြေပါတယ် ၊

Credit

ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာနမှ ပေးပို့လာသော သတင်းအချက်အလက်များအား မြန်မာလုပ်သားများသိစေရန် ထပ်ဆင့်အသိပေးခြင်း(၁၃-၁...
14/12/2024

ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာနမှ ပေးပို့လာသော သတင်းအချက်အလက်များအား မြန်မာလုပ်သားများသိစေရန် ထပ်ဆင့်အသိပေးခြင်း
(၁၃-၁၂-၂၀၂၄)
၁။ ပုံမှန်မဟုတ်သောအခြေအနေတွင်ရှိသည့် နိုင်ငံခြားသားအလုပ်သမားများ (ထိုင်းနိုင်ငံသို့ တရား မဝင် ဝင်ရောက်လာသော နိုင်ငံခြားသားအလုပ်သမားများ၊ တရားဝင်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် ရပြီးမှ သက်တမ်းကုန်ဆုံးသွားသော နိုင်ငံခြားသားအလုပ်သမားများ၊ တရားဝင် ဝင်ရောက်ခဲ့သော်လည်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများ) အတွက် ထိုင်း နိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာန၏ စီမံခန့်ခွဲမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) "ပထမအဆင့်၊ အလုပ်ရှင် ငှားရမ်းမှုလိုအပ်ချက်ဆိုင်ရာ အမည်စာရင်းတင်သွင်းခြင်း"။ အမည်စာရင်း (name list) တင်သွင်းခြင်းသည် ၁၆-၁၂-၂၀၂၄ ရက်မှ ၃၀-၁၂-၂၀၂၄ ရက် အထိ ၁၅ ရက် ကာလဖြစ်ပါသည်။
(ခ) "ဒုတိယအဆင့်၊ ကျန်းမာရေးအာမခံနှင့် ကျန်းမာရေးစစ်ဆေးခြင်း"။ နိုင်ငံခြားသားများသည် အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) လျှောက်လွှာတင်သောအခါတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး တရားဝင်ကျန်းမာရေးလက်မှတ်နှင့် ကျန်းမာရေးအာမခံ စာရင်းသွင်းအထောက်အထားတို့ကို ပူးတွဲ၍ တင်သွင်းရမည်ဖြစ်ပါသည်။ အဆိုပါ နိုင်ငံခြားသားများသည် မည်သည့်အစိုးရဆေးရုံ၌မဆို၊ သို့မဟုတ် အလုပ်အကိုင်ဦးစီးဌာန မှ ခွင့်ပြုကြေငြာထားသည့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုဌာနတွင် ကျန်းမာရေး စစ်ဆေးမှုခံယူနိုင်ပါသည်။ အလားတူ လူမှုဖူလုံရေးဆိုင်ရာလိုအပ်ချက်များမှ ကင်းလွတ်ခွင့် ရှိသည့် စီးပွားရေးလုပ်ငန်းများ၌ အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများသည် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ သို့မဟုတ် အလုပ်အကိုင်ဦးစီးဌာနမှ အတည်ပြုထားသည့် အာမခံကုမ္ပဏီမှတစ်ဆင့် ကျန်းမာရေးအာမခံ စာရင်းသွင်းရန် ရွေးချယ်နိုင်ပါသည်။ ကဏ္ဍနှစ်ခုလုံးအတွက် အချက်အလက်များကို အလုပ်အကိုင်ဦးစီးဌာန၏ website တွင် ရှာဖွေဖတ်ရှုနိုင်ပါသည်။
(ဂ) "အလုပ်လုပ်ကိုင်ခွင့်ပါမစ်လျှောက်ထားခြင်း"။ ရက်ပေါင်း ၉၀ ကြာမြင့်မည့် အလုပ်လုပ်ကိုင်ခွင့် ပါမစ်လျှောက်ထားကာလသည် နာမည်စာရင်းတင်သွင်းမှုကာလ ကုန်ဆုံးပြီး နောက် ချက်ချင်းစတင်မည်ဖြစ်ပါသည်။ ၃၁-၁၂-၂၀၂၄ ရက်တွင်စတင်ပြီး ၃၀-၃-၂၀၂၅ ရက်အထိ ဖြစ်ပါသည်။
(ဃ) "စာရွက်စာတမ်းပြန်လည်စိစစ်ခြင်းနှင့် အလုပ်ခွင့်ပြုချက်လုပ်ငန်းစဉ်"။ ရက် ၃၀ ကြာ စာရွက်စာတမ်းပြန်လည်သုံးသပ်ခြင်းနှင့် အလုပ်ခွင့်ပြုချက်လုပ်ငန်းစဉ်ကာလသည် အလုပ်ပါမစ် လျှောက်ထားကာလပြီးဆုံးသည့် နောက်နေ့တွင် စတင်မည်ဖြစ်ပါသည်။ ၃၁-၃-၂၀၂၅ ရက်တွင် စတင်မည်ဖြစ်ပြီး ၂၉-၄-၂၀၂၅ ရက်အထိ ဖြစ်ပါသည်။
(င) "တတိယအဆင့်၊ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) စုဆောင်းခြင်း"။ ရက် ၉၀ ကြာမြင့်မည့် ဇီဝဆိုင်ရာအချက်အလက်စုဆောင်းခြင်းလုပ်ငန်းစဉ်သည် နိုင်ငံခြားသားများ၏ အလုပ်လုပ်ကိုင်ခွင့်ပါမစ် လျှောက်ထားကာလနောက်ဆုံးရက်၏ နောက်တစ်နေ့ ၃၁-၃-၂၀၂၅ ရက်တွင် စတင်မည်ဖြစ်ပြီး ၂၈-၆-၂၀၂၅ ရက်အထိ ဖြစ်ပါသည်။
(စ) "ကိုယ်ရေးကိုယ်တာမှတ်တမ်းများ မှတ်ပုံတင်ခြင်း"။ နိုင်ငံခြားသားများသည် မည်သည့် ကိစ္စပင်ရှိစေကာမူ အလုပ်ပါမစ်၏ သက်တမ်း ၁ နှစ်အတွင်း ထိုင်းနိုင်ငံ ခရိုင်အုပ်ချုပ်ရေး ဦးစီးဌာန၊ သို့မဟုတ် ဗန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ထံ ၎င်းတို့၏ ကိုယ်ရေး ကိုယ်တာမှတ်တမ်းများကို မှတ်ပုံတင်ရမည်။ ဆိုလိုသည်မှာ ၃၁-၃-၂၀၂၅ ရက်မှ စတင်ခွင့်ပြုသည့် အလုပ်ပါမစ် ပထမဆုံးနေ့မှစ၍ ၃၁-၃-၂၀၂၆ ရက်အထိ တစ်နှစ်ကာလအတွင်း မှတ်ပုံတင်ရန် ဖြစ်ပါသည်။
၂။ ၁၃-၂-၂၀၂၅ ရက်နေ့တွင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်မည့် ပုံမှန်နိုင်ငံခြားအလုပ်သမား များ (နိုင်ငံကူးလက်မှတ်၊ CI စာအုပ်ကိုင်ဆောင်ထားသူများ) အတွက် စီမံခန့်ခွဲမှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးလျှောက်ထားသည့် နိုင်ငံခြားသားတစ်ဦးချင်းစီအတွက် သက်ဆိုင်ရာစာရွက်စာတမ်းများနှင့်အတူ အလုပ်လိုအပ်ချက်အမည်စာရင်း (name list) ကို ၁၃-၂-၂၀၂၅ ရက် နောက်ဆုံးထား၍ သတ်မှတ်ထားသော လမ်းကြောင်းမှတစ်ဆင့် အတည်ပြုချက် လျှောက်ထားရယူနိုင်သည်။
(ခ) အထက်တွင်ဖော်ပြခဲ့သည့် ကျန်းမာရေး စစ်ဆေးမှုနှင့် ကျန်းမာရေးအာမခံ လိုအပ်ချက်တို့သည် ယခု နိုင်ငံခြားသားအလုပ်သမားအမျိုးအစားအတွက်လည်း အကျုံးဝင်ပါသည်။
(ဂ) လိုအပ်သော လုပ်ထုံးလုပ်နည်းများ အားလုံးဆောင်ရွက်ပြီးမြောက်ပါက နိုင်ငံခြားသား အလုပ်သမားများအား (၂) နှစ် အလုပ်လုပ်ခွင့်ပါမစ် ခွင့်ပြုပေးမည်ဖြစ်ပါသည်။
(ဃ) (၂) နှစ် သက်တမ်း ပြည့်မြောက်ပါက နိုင်ငံခြား အလုပ်သမားများသည် နောက်ထပ် (၂) နှစ် သက်တမ်းအတွက် အလုပ်ပါမစ် သက်တမ်းတိုးလျှောက်ထားနိုင်ပါသည်။
၃။ အလုပ်ရှင်ပြောင်းခြင်းအတွက် သက်တမ်းတိုးခြင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်အကိုင်စီမံခန့်ခွဲမှုဆိုင်ရာ တော်ဝင်အမိန့် B.E. 2560 ပုဒ်မ ၅၂ ၊ ပုဒ်မ ၅၅ နှင့် ၎င်း၏ ပြင်ဆင်ချက်များအရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရှိသည့် MOU နိုင်ငံခြားသားများကို အလုပ်ရှင်အသစ်သို့ ပြောင်းလဲရန် ရက်ပေါင်း ၃၀ သက်တမ်းခွင့်ပြုထားပါသည်။
(ခ) သို့သော် ၂၄-၉-၂၀၂၄ ရက်နေ့ အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ဝန်ကြီးဌာနဆိုင်ရာ အမိန့်ကြော်ငြာစာတွင် အထက်ဖော်ပြပါသက်တမ်းကို အလုပ်ရှင်အဟောင်းနှင့် အလုပ်ရပ်စဲ သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အထိ သက်တမ်းတိုးခွင့်ပြုထားပါသည်။
(ဂ) ယင်းသက်တမ်းတိုးကာလသည် ၁၃-၂-၂၀၂၉ ရက်အထိ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါသည်။
၄။ အလုပ်အကိုင်အချက်အလက် အသိပေးချက်မှ ကင်းလွတ်ခွင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ယခုအခါ ပုဒ်မ ၅၉၊ ၆၂၊ ၆၃၊ ၆၃/၁၊ ၆၃/၂ နှင့် ၆၄ တို့အရ အလုပ်လုပ်ကိုင်ခွင့် ရရှိထားသော နိုင်ငံခြားသားများသည် တော်ဝင်အမိန့်စာ ပုဒ်မ ၆၄/၂ အရ ၎င်းတို့၏ အလုပ်အကိုင်အချက်အလက်အစီရင်ခံရန် လိုအပ်ချက်မှ ကင်းလွတ်ခွင့်ပေးထားပါသည်။
(ခ) အဆိုပါ ကင်းလွတ်ခွင့်သည် ယင်းသို့အလုပ်လုပ်ကိုင်ခွင့်ရရှိထားသော နိုင်ငံခြားသားများအတွက် ဝန်ထုပ်ဝန်ပိုးလျော့ကျစေရန်နှင့် အလုပ်လုပ်ရာတွင် လွယ်ကူချောမွေ့စေရန် ရည်ရွယ်ပါသည်။
(ဂ) မည်သို့ပင်ဆိုစေကာမူ အထက်ဖော်ပြပါ ကင်းလွတ်ခွင့်သည် အလုပ်ရှင်များ အပြောင်း အလဲဖြစ်ခြင်း၊ သို့မဟုတ် ထပ်တိုးခြင်း စသည့် အလုပ်အကိုင်ဆိုင်ရာ အချက်အလက် အစီရင်ခံခြင်းတို့အပေါ် ကင်းလွတ်ခွင့်မရှိပါ။
(ဃ) ကင်းလွတ်ခွင့်သည် ၁၃-၂-၂၀၂၉ ရက်အထိ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါသည်။
၅။ အထက်ဖော်ပြပါအချက်အလက်များသည် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင် ဦးစီးဌာနမှ ပေးပို့လာသော အချက်အလက်များဖြစ်ပါသည်။
၆။ မြန်မာလုပ်သားအများစုသည် အကျိုးဆောင်ကုမ္ပဏီ၊ အကျိုးဆောင်အဖွဲ့အစည်း၊ အကျိုးဆောင် ပုဂ္ဂိုလ်တို့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြစ်ရာ ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် ယုံကြည် စိတ်ချရသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့ကို လေ့လာရှာဖွေဆောင်ရွက်ကြရန် သတိပေးလိုပါသည်။
(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ)
crd Myanmar Embassy Bangkok

ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်ရဲ့ အလွှာ တစ်ခုချင်းစီရဲ့ အကြောင်း🔸6 Floor - ၆လွှာLuggage ထုတ်ရမယ့် နေရာမှာ မိမိ Luggage ကိုရှာ...
10/12/2024

ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်ရဲ့ အလွှာ တစ်ခုချင်းစီရဲ့ အကြောင်း
🔸6 Floor - ၆လွှာ
Luggage ထုတ်ရမယ့် နေရာမှာ မိမိ Luggage ကိုရှာမတွေ့ဘူးဆိုရင် (၆)လွှာ မှာရှိတဲ့ Lost and Found မှာ သွားရောက်စုံစမ်းမေးမြန်းလို့ရတဲ့အလွှာ ဖြစ်ပါတယ်။(အိတ်တွေမှားယူသွားတာမျိုးရှိလို့ ပိုင်ရှင်ကိုလေဆိပ်ကတဆင့် ပြန်ပို့‌‌ပေးဖို့အပ်ထားခဲ့မယ်ဆိုရင် charges တခုပေးရပါမယ် voucher ဖြတ်ပေးပါတယ်)
🔸5 Floor - ၅လွှာ
ဘန်ကောက်မှ ထွက်ခွာရန် Immigration အဆင့်ဆင့် ဖြတ်ရမည့် အလွှာ။
🔸4 Floor - ၄လွှာ
Departures (ပြည်ပထွက်ခွာ)
ဘန်ကောက်မှ မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် ပြန်မည့်သူများ Air Ticket ထုတ်ပြီး Luggage အပ်ရမည့်အလွှာ။
🔸3 Floor - ၃လွှာ
Food & Beverage (အစားအသောက် နှင့် အဖျော်ယမကာ) ။စားသောက်ဆိုင်တို့ ဆဲဗင်းအလဲဗင်းဆိုင်တွေရှိတဲ့နေရာ။
🔸2 Floor -၂လွှာ
Arrivals (ဆိုက်ရောက်)
ရန်ကုန်/မန္တလေး မှ ဘန်ကောက်လေဆိပ် သို့ ဆိုက်ရောက် တဲ့ သူများ Immigration ဖြတ်၊Luggage ထုတ် ရမည့် အလွှာ။
🔸1 Floor - ၁လွှာ
Public Transportations (အများပြည်သူသယ်ယူပို့ဆောင်ရေး)
Bus Car စီးတဲ့နေရာ , Taxi စီးတဲ့နေရာ။
🔸B Floor
Train to City (ဘန်ကောက် မြို့ထဲကိုသွားတဲ့ Airport Rail Link မီးရထား စီးရမည့်နေရာ)
Airport Rail Link စီးရတဲ့နေရာဆိုလည်း မမှားပါဘူး။

-
သွားလာရေးအတွက် အသုံးပြုရမည့် App များ
Bolt - https://bit.ly/4fs6nq3
Grab - https://bit.ly/3AAU8se
Via bus - https://bit.ly/3CfYGER
Bangkok MRT & BTS Metro Guide - https://bit.ly/3Anf5qA
အခြား မရှိမဖြစ် သုံးသင့်တဲ့ App များ
Hotel ငှါးဖိုဆို - https://bit.ly/3Anf5qA
အိမ်ပြောင်းဖိုဆို Lala Move App - https://bit.ly/3YwAeqz
အိမ်ငှါးဖိုဆို Renthub - https://bit.ly/3NMJ66q
Online Shopဆို Lazada - https://bit.ly/3CjGavk

အထောက်အထားမဲ့မြန်မာများထိုင်းနိုင်ငံအတွင်း ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ (၃၀) ရက်နေ့ထိ နေထိုင်ခွင့်ရရှိမည်၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂...
29/11/2024

အထောက်အထားမဲ့မြန်မာများထိုင်းနိုင်ငံအတွင်း ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ (၃၀) ရက်နေ့ထိ နေထိုင်ခွင့်ရရှိမည်

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၄) ရက် အစိုးရအဖွဲ့အစည်းအဝေးအရ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန မှ ကမ္ဘေဒီးယာ၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (၄)နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများအတွက် ထုတ်ပြန်သော ကြေငြာချက် (၂) စောင်အား ထိုင်းဝန်ကြီးချုပ်မှ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ထို့ကြောင့် ကြေငြာချက် (၁) ပါ အရ မြန်မာအပါအဝင် ဖော်ပြပါ (၄) နိုင်ငံမှ အထောက်ထားမဲ့ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လကုန်အထိ အထူးကိစ္စရပ်အနေဖြင့် ထိုင်းနိုင်ငံအတွင်း နေထိုင်နိုင်မှာဖြစ်ပြီး အထိုးရမှ သတ်မှတ်ထားသော အစီစဉ်များအတိုင်း နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်များလျှောက်ထားနိုင်မည်ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များပါဝင်သေးတဲ့အတွက် ကိုယ်တိုင်ဘာသာပြန်ဖတ်ရှိုနိုင်အောင် comment မှာ ကြေငြာချက်ကို တွဲပေးထားပါတယ်ဗျ

ဒါ့ကြောင့် အထောက်အထားမရှိသူများအနေဖြင့် ဒီဇင်ဘာ (၃၀) ရက်နေ့မတိုင်ခင်ထိ အထောက်ထားမဲ့မြန်မာများအနေဖြင့် အဖမ်းခံရပါက ကွန်မန့်တွင် ပြထားသော ကြေငြာချက် (စာမျက်နှာ (၃) မျက်နှာ) အားသိမ်းဆည်းထားပြီး နီးစပ်ရာ မြန်မာလုပ်သားအရေးကူညီပေးနေသူများထံသို့ အကူညီတောင်းနိုင်ကြတယ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း ကြေငြာထားတာတွေ့ရပါတယ်။

#ရွှေ့ပြောင်းလုပ်သားများ

ဘန်ကောက်မှာ Sky Train စီးတော့မယ်ဆိုပါက Bangkok BTS Route Guide သိထားဖိုလိုအပ်ပါတယ်။Bangkok ကိုရောက်တာနဲ့ Sky Train စီးတေ...
29/11/2024

ဘန်ကောက်မှာ Sky Train စီးတော့မယ်ဆိုပါက Bangkok BTS Route Guide သိထားဖိုလိုအပ်ပါတယ်။
Bangkok ကိုရောက်တာနဲ့ Sky Train စီးတော့မယ်ဆိုရင်သိထားသင့်တဲ့ Bangkok BTS Route Guide👇👇✊
ဆော့ဝဲဖြင့်ကြည့်ရန် -
https://bit.ly/3Anf5qA
ဘန်ကောက်မှာ BTS လမ်းကြောင်းနှစ်ခုရှိပြီး SILOM LINE နှင့် 🚉SUKHUMVIT LINEတိုပဲဖြစ်ပါတယ်။
SILOM LINE ကတော့ အနောက်မှ တောင်သိုပြေးဆွဲတာဖြစ်ပြီး Siam Shopping Area မှာရှိတဲ့ the National Stadium နှင့် ကျောက်ဖုရာမြစ်ကိုဖြတ်သန်းပြီးThonburiကနေBang Waသိုအထိပဲဖြစ်ပါတယ်။
SUKHUMVIT LINE ကတော့ မြောက်မှအရှေ့ ဖြစ်တဲ့ Ha Yaek Lat Phrao နှင့် Kheha အထိပဲဖြစ်ပါတယ်။ ဒီ BTS Route နှစ်ခုက Siam Stationဆုံကြပြီး underground (MRT) နှင့် လေးနေရာဆက်သွယ်ထားကြပါတယ်။
အဲ့ဒီနေရာတွေကတော့ Sala Daeng Station (Silom Line) and Asok, Mo Chit and Ha Yaek Lat Phrao stations (Sukhumvit Line) တိုပဲဖြစ်ပါတယ်။
⏱️3-6 minutesတိုင်းရထားအသစ်တစ်စီးဆိုက်ရောက်ပြီး 6.30am and midnightကြားပြေးဆွဲပါတယ်။ နောက်ဆုံးရထားကတော့ 11.30pm and 11.50pmကြားမှာထွက်ခွာပါတယ်။
သတိထားရမှာကတော့ ရထားတွေက မနက် 7am to 9amရယ် 4pm to 7pmကြားများလူတွေပြည့်ကျပ်နေတတ်ပါတယ်။ ဒီလိုအချိန်တွေ ဘန်ကောက်မှာရုံးတက်ရုံးဆင်းတွေလူတွေ အလုပ်သွားတဲ့အချိန်နှင့် အလုပ်ပြန်ချိန်တွေပဲဖြစ်ပါတယ်။
ဓာတ်လှေကားရတဲ့ stations တွေကတော့ Mo Chit, Siam, Asok, On Nut and Chong Nonsiတိုပဲဖြစ်ပါတယ်။
BTS Tourist Information Centersကတော့ Siam, Nana and Saphan Taksin stationsတိုမှာတွေ့ရှိနိုင်ပါတယ်။ BTS city mapတွေကိုတော့ ဘယ်stationsမှာပဲဖြစ်ဖြစ် အခမဲ့ရယူနိုင်ပါတယ်။
Fares and Skytrain Passes
ဈေးနုံးသက်သာစွာနှင့် Skytrainကိုစီးဖိုဆိုလျှင်တော့ BTS Rabbit cardsကိုပြုလုပ်ထားသင့်ပါတယ်။ တစ်ဘူတာကို15 bahtကနေပြီး တစ်ရက်တာမှာ BTS အသုံးပြုပြီးသွားလာနေတဲ့သူတွေအတွက် ဒီ BTS Rabbit cardsကိုအသုံးပြုသင့်ပါတယ်။💡
One-day Pass
တစ်ရက်လုံးကို 150 ဖြင့် Unlimited သွားလာနိုင်ပါတယ်။☺️☺️Standard Rabbit Card / Stored Value Cardsဒီကဒ်ကိုအသုံးပြုမယ်ဆိုလျှင်တော့ ဘတ် 100 ထည့်ထားပြီး ဘတ် ၂၀၀ဖိုးအသုံးပြုနိုင်မှာဖြစ်ပါတယ်။



ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Everywhere we go - Thailandผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์