18/08/2026
ကန်ချနာဘူရီရောက်ရင် မဖြစ်မနေသွားသင့်တဲ့ အဆင့်7ဆင့်တောင်ရှိတဲ့ 𝗘𝗿𝗮𝘄𝗮𝗻 𝗪𝗮𝘁𝗲𝗿𝗳𝗮𝗹𝗹🌊🌊
🏙️မြို့ပြရဲ့စိတ်ညစ်စရာ လေထုညစ်ညမ်းမှုတွေ၊ ဆူညံသံတွေနဲ့ဝေးရာ တောတောင်ရေမြေသဘာဝတွေဆီကို ခဏတာပြေးထွက်သွားချင်တယ်ဆိုရင်တော့ ဘန်ကောက်နဲ့လည်း အရမ်းကြီးမဝေးတဲ့ ကန်ချနာဘူရီက Erawan National Park🏞️ကိုညွှန်းပေးချင်ပါတယ်။
💡အဲ့ဒီကိုဆိုရင် ကန်ချနာဘူရီမြို့ကနေ ပျမ်းမျှ 🕜1နာရီခွဲဝန်းကျင်လောက်သွားရပါတယ်။ ကျနော်တို့ကတော့ ကိုယ့်ဘာသာဆိုင်ကယ်မောင်းသွားလိုက်တော့ 🛵ဆိုင်ကယ်ငှါးခ 💸ဘတ်250နဲ့ဆီဖိုး💸100ဝန်းကျင်လောက်ကုန်ပါတယ်။ အကယ်၍ အဲ့လိုမဟုတ်ပဲ Budgetနည်းနည်းနဲ့ လူလည်းသက်သာချင်တယ်ဆိုရင်တော့ ကန်ချနာဘူရီကားဝန်းကနေ တနာရီခြားတခါလောက်ထွက်တဲ့ 💸ဘတ်60တန် 🚌Bus No.8170စီးလို့ရပါတယ်။
ကဲ အဲ့ဒီမှာ Erawan National Park🏞️ကိုရောက်ပြီဆိုရင်တော့ ဝင်ကြေးက လူကြီးက 💸ဘတ်300နဲ့ 14နှစ်အောက်ကလေးဆိုရင် 💸ဘတ်150ကျပါမယ်။ ဆိုင်ကယ်နဲ့ဆို 💸ဘတ်20ပေးရပြီး ကားပါလာရင်တော့ 💸ဘတ်30ပေးရမှာပေါ့။ အဲ့ဒီမှာ တချိူ့တွေက နေ့ချင်းပြန်လာကြပြီးတော့ တချိူ့တွေကတော့ 🏕️Camping Siteမှာ ညအိပ်ကြပါတယ်။ ကျနော်တို့ကတော့ 🏕️Camping Siteမှာ တဲငှါးပြီးတော့ 1ညအိပ်လိုက်ပါတယ်။ 1ညတည်းခိုစရိတ်က နှစ်ယောက်တည်းဆိုတော့ တယောက်ကို 💸ဘတ်200ဝန်းကျင်လောက်ကျသွားတယ်ပေါ့နော်။ သုံးယောက်ဆိုရင်တော့ တယောက်ကို 💸ဘတ်100စွန်းစွန်းပဲကျမှာပါ။
⚠️ အဲ့ဒီမှာ နေ့ချင်းပြန်သွားမယ့်သူတွေအတွက် သတိထားစရာတခုက Erawan National Parkက 🕰️မနက်8နာရီကနေ ညနေ4နာရီခွဲထိပဲဖွင့်တာဖြစ်လို့ မနက်စောစောသွားတာ အကောင်းဆုံးပါ။ အဲ့တာမှလည်း လည်ပတ်ပြီးတော့ လိုင်းကားနဲ့ပြန်ဖို့အချိန်မှီမှာပါ ⚠️
အဆင့်7ဆင့်ရှိတဲ့ 🌊ကျောက်စိမ်းရောင်ရေတံခွန်ကြီးဆီသွားမယ်ဆိုရင် ဝင်ပေါက်နားမှာ 💸ဘတ်20နဲ့ Life Jacketငှါးလို့ရပါတယ်။ Life Jacketမပါရင် ရေထဲမဆင်းခိုင်းပါဘူး။ တခုရှိတာက 🌊ရေတံခွန်အဆင့်တိုင်းမှာ လက်တဆစ်အရွယ်ကနေ တတောင်လောက်အထိကြီးတဲ့ 🐟ငါးတွေရှိနေတာပါပဲ။ သူတို့ဘာသာရှိနေတာက အကြောင်းမဟုတ်ပါဘူး အဲ့ကောင်တွေက ရေထဲဆင်းတာနဲ့ကို ကိုယ့်ကိုအစာမှတ်ပြီးလာတွတ်ကြလို့ပါ နောက်ပြီးတော့ ကိုယ်ကအမောလည်းသိပ်မခံနိုင်ဘူး၊ အေးအေးဆေးဆေးပဲရေလေးကူးပြီး အနားယူချင်တယ်ဆိုရင်တော့ 🌊ရေတံခွန် ဒုတိယအဆင့်မှာပဲ အပန်းဖြေတာအကောင်းဆုံးပါ။ ကျနော်တို့လည်း 🌊ရေတံခွန်ဒုတိယအဆင့်က ခုနစ်ဆင့်ထဲမှာ အလှဆုံးလို့ထင်ပါတယ်။ အဲ့လိုမဟုတ်ပဲ 💪🏻ကိုယ့်ကိုကိုယ်လည်းစိန်ခေါ်ချင်တယ် ⛰️တောင်တက်ခရီးအတိုလေးတခုလောက် စမ်းတက်ကြည့်ချင်တယ်ဆိုရင်တော့ 🌊ရေတံခွန်7ဆင့်မြောက်က ကြိုဆိုနေမှာပါ။ 🌊ရေတံခွန်ပထမအဆင့်ကနေဆိုရင် နောက်ဆုံးအဆင့်ထိ 1.5km-2km ဝန်းကျင်လောက်ရှိတာဖြစ်လို့ လူတယောက်ချင်းစီအလိုက် ပျမ်းမျှ 🕰️အချိန်နာရီဝက်ကနေ တနာရီခွဲလောက်ထိ တက်ရနိုင်ပါတယ်။
‼️ ရေတံခွန်4ဆင့်မြောက်ကနေစပြီး တောလမ်းခရီးဖြစ်သွားပြီဖြစ်လို့ ရေတော့လုံလောက်အောင်ယူသွားသင့်ပါတယ် ‼️
နောက်ဆုံး7ဆင့်မြောက်အထိ ရောက်သွားပြီဆိုရင် “You are the conqueror” ဆိုတဲ့ ဆိုင်းဘုတ်ကဆီးကြိုနေမှာဖြစ်လို့ I made it 💪🏻ဆိုတဲ့ Feelingကိုအပြည့်အဝပေးနိုင်မှာပါ။ တက်လို့ရတဲ့တောင်ရဲ့အမြင့်ဆုံးနေရာလည်းဖြစ်ပါတယ်။
အဲ့ဒီတော့ 🌊Erawan Waterfallအကြောင်းလည်း သိသင့်သလောက်သိသွားပြီဆိုတော့ မရောက်ဖူးသေးရင် ကိုယ်တိုင်သွားဖို့ပဲကျန်တော့တယ်နော်💪🏻
🏞️သဘာဝတရားကြီးရဲ့ အလှအပတွေကြားမှာ စိတ်ရောကိုယ်ပါ အနားပေးရင်း 📸ဓာတ်ပုံလှလှလေးတွေရိုက်ပြီး မမေ့နိုင်စရာအမှတ်တရတခုကို ဖန်တီးယူလို့ရပါပြီ😉
✅ရောက်ဖူးတဲ့သူတွေရှိရင်လည်း 🌊ရေတံခွန်ရဲ့ ဘယ်အဆင့်ထိရောက်ဖူးခဲ့လဲ၊ ဘယ်အဆင့်ကအလှဆုံးလဲဆိုတာ Commentမှာ ပြောခဲ့ကြပါဦးဗျ။