The Note what i love, just share with you,feel free but nothing special

The Note what i love, just share with you,feel free but nothing special the art of book

ဘာက အလှတရားလဲ။ ကိုယ်က လှတယ်လို့ ထင်ရတဲ့၊ ကိုယ့်ကို စိတ်ချမ်းမြေ့စေတဲ့အရာအားလုံးဟာ အလှတရားပါပဲ။ အခု ကောင်းကင်အရောင်လို၊ အ...
20/10/2025

ဘာက အလှတရားလဲ။
ကိုယ်က လှတယ်လို့ ထင်ရတဲ့၊ ကိုယ့်ကို စိတ်ချမ်းမြေ့စေတဲ့အရာအားလုံးဟာ အလှတရားပါပဲ။
အခု ကောင်းကင်အရောင်လို၊
အခု မေတ္တာတရားလို၊
လှဲလျောင်းအိပ်စက်နေတဲ့ ကြောင်ကလေးလို။ တံခါးပေါက်ကနေ ၀င်ရောက်လာတဲ့ မနက်ခင်းနေရောင်ခြည်လို.......


-tz-တဲဲ့

ရေးသူမမူရင်းပိုင်ရှင်ကိုတော့မသိဘူး
သိမ်းဆည်းထားမိသောNotepadထဲကရတနာလေး

#ပြန်ကျဲနေသောရတနာများ

စဥ်းစားတွေးခေါ်ပုံ ကွာရင် မြင်တဲ့အမြင်လည်းကွာတယ်၊ အတွေးအမြင်ရှူထောင့် ကွာရင် လက်တွေ့အကောင်အထည်ဖော်မှု ကွာတယ်၊ လက်တွေ့အလု...
20/10/2025

စဥ်းစားတွေးခေါ်ပုံ ကွာရင်
မြင်တဲ့အမြင်လည်းကွာတယ်၊

အတွေးအမြင်ရှူထောင့် ကွာရင် လက်တွေ့အကောင်အထည်ဖော်မှု ကွာတယ်၊

လက်တွေ့အလုပ်ကွာရင်
အလုပ်ဖြစ်မှုလည်း ကွာပါတယ်။

ယောပင်နီ

#ပြန့်ကျဲနေသောရတနာများ

ကျွန်တော်ကလည်း ကျွန်တော်ပါပဲတိမ်မြင်မြင် တောင်မြင်မြင်ခင်ဖုန်းသက်ဝေကိုပဲ တိုင်ပင်ချင်နေမိတယ်ကမ်းနားလမ်းကိုပြန်တာပဲ ကောင်...
19/10/2025

ကျွန်တော်ကလည်း ကျွန်တော်ပါပဲ
တိမ်မြင်မြင် တောင်မြင်မြင်
ခင်ဖုန်းသက်ဝေကိုပဲ တိုင်ပင်ချင်နေမိတယ်

ကမ်းနားလမ်းကိုပြန်တာပဲ ကောင်းမှာပါ
လှိုင်းစကား လေစကားမှာ
ကျွန်တော်လွမ်းကြောင်း ကြားပါရဲ့လား ခင်ဖုန်းသက်ဝေ

သန်းတင့်

#ပြန့်ကျဲနေသောရတနာများ

ငါတို့ဟာ ငါတို့ကိုယ် ငါတို့      ပျော်အောင် ထားရသလို ...ငါတို့ကိုယ် ငါတို့ ကယ်တင်ရပြန်တယ် ငှက်ငယ်လေးရေ.......
19/10/2025

ငါတို့ဟာ
ငါတို့ကိုယ် ငါတို့
ပျော်အောင် ထားရသလို ...

ငါတို့ကိုယ် ငါတို့
ကယ်တင်ရပြန်တယ် ငှက်ငယ်လေးရေ.......

တောင်းတဲ့ ဆုတွေသာ ပြည့်မယ်ဆိုရင် မနက်ဖြန်များစွာမှာ ရှင်သန်ကြမယ့် ငါတို့ နေသာတဲ့နေ့တွေ ကြုံကြစေချင်တယ်။ ပို့သတဲ့ ‌မေတ္တာ...
19/10/2025

တောင်းတဲ့ ဆုတွေသာ ပြည့်မယ်ဆိုရင်
မနက်ဖြန်များစွာမှာ ရှင်သန်ကြမယ့် ငါတို့
နေသာတဲ့နေ့တွေ ကြုံကြစေချင်တယ်။

ပို့သတဲ့ ‌မေတ္တာတွေသာ
နေရာတကာ စီးဆင်းစေချင်တယ်။

လူသား၊ တိရစ္ဆာန်၊ သတ္တဝါ အရာရာ
ဘေးမသီ ရန်မခ ရှိကြစေချင်တယ်။

#ပြန့်ကျဲနေသောရတနာများ

လင်းခါး
18/10/2025

လင်းခါး

ထိုသို့သော တနေ့တာမျိုး
- လင်းခါး

“ဒီလိုအချိန်မျိုးဆိုရင် စိတ်ညစ်စရာပါပဲဗျာ” လို့ ကျနော်က ပြောတော့ ကျနော့်မိတ်ဆွေကလည်း သဘောတူပါတယ်။ ဒါပေမယ့် သူက အနည်းငယ်တော့ စောဒကတက်ချင်ပုံနဲ့ “အသက်ကလည်း စကားပြောတယ်ကွ ငါတို့ နှစ်ဆယ်အစိတ်အရွယ်တုန်းကကျလည်း ဒီလိုရက်မျိုးဆိုရင် အလိုလို လန်းဆန်း နေတော့တာ။ ဆိုင်ကယ်ဘာညာလည်း သိပ်မရှိသေးတော့ လူအုပ်ကြီးထဲ တိုး၀င်၊ လှည့်တဲ့ကားတွေနောက် တကောက်ကောက်လိုက် ကျေနပ်နေတာပဲ” လို့ ပြောရင်း သက်ပြင်းတချက်တောင် ချလိုက်သေးတယ်။ သြော် ခုတော့ လွန်ခဲ့ပါပြီကောကွာ ဆိုတဲ့ အဘိုးကြီးအိုပေါက်စ ဟန်ပေါ့။ ဒါပေမယ့် ကျနော်ကတော့ အဲဒါကိုလည်း သဘောမတူနိုင်ဘူး။

“ဟေ့လူ ကျုပ်က အသက်နှစ်ဆယ်လောက်ကတည်းက ပွဲလမ်းသဘင်တွေကို မုန်းတတ်နေပြီဗျ၊ ဘာကြောင့်မှန်းမသိဘူးဗျာ သူများပျော်တာရွှင်တာကို မကျေနပ်နိုင် ဖြစ်တဲ့ စိတ်ရောဂါမျိုးများ ရှိသလားတော့ မပြောတတ်ဘူး” လို ကျနော် ပြောတော့ မိတ်ဆွေက သနားဖို့ကောင်းလှတဲ့ မင်းဘ၀ပါလားကွာလို့ ငေါ့တော့တော့သရော်လိုဟန် အပြုံးနဲ့ ငေးကြည့်နေတယ်။ ပြီးတော့ သူပြောတယ်။

“တို့ငယ်ငယ်တုန်းကဆိုရင် ဒီဘုရားပွဲအတွက်ကို မြို့အနီးအနားက ရွာတွေတင်မကဘူး၊ ဒိပြင်မြို့တွေကပါ ရထားတွေတွဲလိုက် ကျပ်သိပ်နေအောင်တိုးဝှေ့ရင်းလာကြတာ။ ရထားခေါင်မိုးပေါ်တွေ ဆိုတာလည်း လူတွေမှအပြည့်၊ ပြုတ်ပြတ်များကျလိုက်လို့ကတော့ မလွယ်ဘူး။ အဲဒါ မင့် တဟေးဟေး တဟားဟား တဝါးဝါးနဲ့ကို ချီတက်လာကြတာ၊ အဲသလို ရထားစီးလာရတာကိုက သူတို့အဖို့က ပျော်စရာ ကောင်းနေပြီ”

“အဲဒါမျိုး ကျုပ်သိပါတယ်ဗျာ။ ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းထဲ ရွှေစာရံဘုရားပွဲကို မန္တလေးကနေ လှည်းအတန်းလိုက်နဲ့ သွားကြတာမျိုးပေါ့။ ကာလသားတွေက လှည်းပေါ်ကမလိုက်၊ လှည်းတန်းကြီးတလျှောက် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် ဘုရားပွဲသွားတဲ့ လမ်းပေါ်မှာတင် ကာလသားလှည့်နေကြတာဟာ တွေးကြည့်ရုံနဲ့တင် တော်တော်ပျော်ဖို့ကောင်းလှပြီ။ ဒါပေမယ့် ခုခေတ်က အဲလို မဟုတ်တော့ဘူးဗျ။ ခင်ဗျားသိတဲ့အတိုင်း ဘယ်မြို့ရဲ့ ဘယ်ပွဲဖြစ်ဖြစ် ရိုးရာပျောက်ပြီး လော်စပီကာ ဆောင်းဘောက်တွေသာ ယဉ်ကျေးမှုဖြစ်လာတော့တာ။ အလွန်အင်မတန်နားညည်းတယ်ဗျာ။ အဆိုးဆုံးက မူးမူးရူးရူးတွေနဲ့ ဆိုင်ကယ်တွေ ပရမ်းပတာမောင်းကြ၊ တိုက်ကြ၊ ကွဲကြ၊ ကျိုးကြ၊ အဲ အရွယ်မတိုင်ခင် သေကြရ။ ဟေ့လူရေ ခုနှစ်ပိုင်းအတွင်း လူငယ်တွေ သေလို့များ ကြည့်လိုက်ရင် အရက်ကြောင့် ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဆိုင်ကယ်အက်ဆီးဒင့်ချည့်ပဲ ဆိုးတယ်ဗျာ”

ကျနော်လည်း ကျနော့်မိတ်ဆွေရဲ့ အပြောကို အဲသလို တန်ပြန်ရင်း ကဲ ပြန်ကြရအောင်ဗျာ လို့ဆိုရင်း လက်ဖက်ရည်ဆိုင်ကနေ အိမ်ပြန်ခဲ့တယ်။ အပြန်လမ်းမှာ ဆိုင်ကယ်ဘီးက သိသိသာသာ လေလျော့နေလို့ ဘီးဖာနေကျ ဆိုင်ကို၀င်တယ်။ ဆိုင်ကယ်ဘီးဖာဆရာကြီးဟာ သူ့သစ်သားထိုင်ခုံ ပြားပြားပုပုကလေးမှာ ထိုင်ရင်း ခွက်မှာအိတ်စွပ်ထားရက် လဖေ့ရည်ကလေးငုံလိုက်၊ ဆေးပေါ့လိပ်ကလေး ဖွာလိုက်နဲ့ လမ်းရဲ့ ခပ်ဝေးဝေးတဘက်က အလှူခံမဏ္ဍပ်ရဲ့ လော်စပီကာကြီးနှစ်လုံးကို ငေးနေလေရဲ့။

“ဗျို့ ဆရာကြီး ဘယ်လိုတုန်း ဒီနေ့ ပါးသလားဗျ” လို့ ကျနော်မေးတော့၊ ခပ်ပြုံးပြုံးနဲ့ပဲ မဆိုးပါဘူးဗျ။ ခုနကလေးတင် ဆိုင်ကယ်တစီးထွက်သွားတာလို့ ပြောတယ်။ ပြီးတော့ ကျနော့် ဆိုင်ကယ်ကို မေးငေါ့လို့ ပေါက်ပြန်ပလား လို့ ဆက်မေးတယ်။ မပေါက်ပါဘူးဗျာ လေနည်းနည်းလျှော့နေလို့ လေထိုးလိုက်ဦးမယ်ဗျာ လို့ ပြောရင်း လေထိုးတံကို ယူ၊ ကျွတ်တိုင်မှာတပ် ခပ်ပြင်းပြင်း အချက်နှစ်ဆယ်လောက် ထိုးချနေမိတယ်။ ရာသီဥတုက ဆောင်း၀င်ချင်ပြီဆိုပေမယ့်လည်း နေ့ဘက်ပူတုန်းဆိုတော့ ချွေးတောင် တော်တော်ပြန်သွား တယ်။ နောက်ကယ်ရီယာခုံကနေ ဘီးကို နည်းနည်းဖိကြည့်တော့ အိုကေပြီ။ လေထိုးတံလေး ဘေးခဏချ ချွေးကလည်း စိုစိုနဲ့မို့ ခုံပြားကလေးတခုံယူ ဘီးဖာဆရာကြီးနံဘေး ၀င်ထိုင်ရင်း ဆေးပေါ့လိပ် ၀င်ဖွာနေလိုက်မိတယ်။

ဆရာကြီးကတော့ ကျနော်ဆိုင်ထဲ၀င်လာခါစကလိုပဲ လက်ဖက်ရည်ကလေး အာဆွတ်ရုံငုံလိုက်၊ အာဆွတ်သွားတော့ ဖြစ်လာတဲ့ ခံတွင်းအချဉ်ဓာတ်ကလေးကို ဆေးလိပ်မီးခိုးကလေးနဲ့ သိပ်လိုက် လုပ်ရင်းပဲ လော်စပီကာကြီးနှစ်လုံးကို ငေးနေတုန်းပဲ။ ဘာတွေများ ဒီလောက် စိတ်၀င်စားနေသတုန်းဗျာ လို့ မေးတော့ ဘာရယ်မဟုတ်ပါဘူးဗျာ။ ဟော ဟိုက လော်စပီကာကြီးတွေ မြင်တော့ ကျနော့် အဖေ သတိရ မိလို့ပါ လို့ ပြောတယ်။ ဘယ်လိုများ ဆက်စပ်သတုန်း ဆရာကြီးရဲ့ လုပ်ပါဦးလို့ ကျနော်လည်း မေးမိတယ်။ သြော် ကျနော်တို့ ငယ်ငယ်တုန်းက အဖေက အဲလို လော်စပီကာတွေ အငှားလိုက်တာလေ၊ ရွာအလှူတွေပေါ့ဗျာ လို့ ဆိုတယ်။ ဟိုတုန်းကတော့ ဒါကြီးတွေက တရွာနဲ့တရွာ ဆက်သွယ်ရေးသဘောပဲ လေဗျာ။ အလှူရှိတယ် လာကြဟေ့ပေါ့လေ။

ကျနော်လည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေရင်း ခဏလေးပဲရှိသေးတယ်ဆိုပေမယ့် ပျင်းသွားတယ်။ သွားဦးမယ် ဆရာကြီးရေ လို့ နှုတ်ဆက်ပြီး ဆတ်ကနဲ ကျနော်ထလိုက်တော့ ဟာ ဘယ့်နှယ် သွားတော့မလားဗျ၊ ကျနော်ဖြင့် ဘာမှတောင် မပြောရသေးပါဘူး လို့ ဆိုတယ်။ သူ့ဇာတ်လမ်းကလေး တည်ခါစ ဖြစ်နေတာကို ကျနော်လည်း သတိမေ့သွားတယ်။ သူကလည်း ဒါကိုပဲ စိတ်အနှောင့်အယှက်ဖြစ်သွားပုံပဲ။ မေးလည်း မေးသေးတယ် ဇာတ်လမ်းစုံခင်းမယ်ဆိုကာမှ ထပြန်ရသလားကွာ ဆိုတာမျိုးဖြစ်မှာပေါ့။ ကျနော်လည်း ထပြီးမှတော့ မတတ်နိုင်ဘူး။ လုပ်စရာကလေးတခု ရှိတာ မေ့နေတာဗျာ နောက်နေ့ကျ ဆက်ဆက်နားထောင်ပါမယ့်လို့ ပြောရင်း ဆိုင်ကယ်ပေါ်တက် ထွက်ခဲ့တယ်။
အိမ်အပြန်ဆိုင်ကယ်မောင်းနေရင်းမှ အင်း ငါ့လုပ်ပုံက မဟုတ်ပါလားလို့ ဘီးဖာဆရာကြီးအပေါ် အားနာနေမိတယ်။ စိတ်မကောင်းလဲ ဖြစ်မိတာပေါ့။ ဒီတော့မှ ဘေးအိတ်ကလေးထဲ ပါလာတဲ့ ဆေးပေါ့လိပ် ငါးလိပ်ထုပ်ကလေး နှစ်ထုပ် ၀ယ်လာခဲ့မိတာ သတိရပြီး ဘီးဖာဆရာကြီးရဲ့ဆိုင်ဘက်ဆီ ပြန်ကွေ့လိုက်တယ်။ ခုနကမေ့သွားတာ ဆရာကြီးရေ ဒီမှာ ဆရာကြီးဖို့ဆိုပြီး လမ်းကြုံ ဆေးပေါ့လိပ်ကလေး ဆွဲလာတာ အိမ်နားရောက်ခါနီးမှ သတိရလို့ ပြန်လှည့်ပေးတာလို့ ဖော်ဖော်ရွေရွေ စိတ်ကလေးနဲ့ ပြောလိုက်တယ်။ “အိုဗျာ တကူးတက လုပ်လို့ . . . ကျေးဇူးတင်ပါတယ်” လို့ ပြောရင်း သူလည်း ဆေးလိပ်ထုပ်ကလေးယူတယ်။ တာယာတွေ၊ ကျွတ်တွေ၊ ဂွေတွေကိုင်၊ မျက်နှာတွေ သုတ် လုပ်ထားလို့ နည်းနည်း မဲနေတဲ့ မျက်နှာကတောင် ၀င်းလက်လို့နေတယ်။ ကျနော်လည်း အိမ်ပြန်ခဲ့တယ်။

ကျနော့်အိမ်မရောက်ခင် နှစ်အိမ်မြောက်ကလေးမှာ ထမင်းဆိုင်ကုပ်ကုပ်ကလေးတဆိုင်ရှိတယ်။ ဖွင့်တာ သုံးလလောက်သာ ရှိဦးမယ်။ စျေးသမားတွေ စားကြတဲ့ ဆိုင်ကလေးပါပဲ။ နေ့လယ်နေ့ခင်းကြီးမှာတောင် ဆိုင်အတွင်းထဲ လှမ်းကြည့်လိုက်ရင် မဲမှောင်နေလို့ ဆိုင်အခင်းအကျင်းဘယ်လိုရှိမယ် မခန့်မှန်းတတ်ဘူး။ အဲဒီဆိုင်ရဲ့ နံဘေးကပ်လျက်မှာ လူတယောက် ပက်လက်ကုလားထိုင်ကလေးနဲ့ အိပ်အိပ်နေတာ မြင်ရတာလည်း အဲဒီဆိုင်လေး စဖွင့်ကတည်းက ဆိုပါတော့။ တခါတလေ ခွေးခြေပုကလေးတလုံးပါ ရှေ့ချပြီး ခြေထောက်တွေပါတွေတင်လို့ သူ့ကြည့်ရတာများ ကျနော်တခါမှ မမြင်ဖူး မရောက်ဖူးတဲ့ မြက်ခင်းပြင်ကျယ်ကြီးတခုမှာ ပက်လက်လှန် အိပ်မောကျပြီး ဇိမ်တွေ့နေတဲ့အတိုင်းပဲ။ ဆိုင်နံဘေးကလေးတင် ဆိုတော့ ဆိုင်ရှင်ရဲ့ ယောကျာ်းတို့ ဘာတို့ ဖြစ်မှာပေါ့။

ကျနော် အိမ်ကအထွက် လက်ဖက်ရည်ဆိုင်သွား၊ ထို့နောက် လက်ဖက်ရည်ဆိုင်ကအပြန် တနေ့ တနေ့ အဲဒီအတိုင်းကလေးပဲ။ ခေါင်းအောက်ကို လက်နှစ်ဖက်ယှက်ထိုးထည့်ထားတဲ့ပြီး တခါတလေလည်း မျက်လုံးကလေးဖွင့်လို့ ကောင်းကင်ကို ငေးနေတယ်။ များသောအားဖြင့်တော့ သူ အိပ်နေတာပါပဲ။ ပုံစံကြည့်ရတာတော့ အရက်ကလေး တခွက်နှစ်ခွက် ကစ်လိုက် ဇိမ်ယစ်လိုက်နေတာဖြစ်မှာပါ။ တခြားသော ကျနော်တပ်အပ်မပြောနိုင်တဲ့ သူ့ရဲ့ အလုပ်မလုပ်ခြင်း (ဆိုင်က မနက်အစော စားစရာလေးတွေပါ ရောင်းတတ်တာဆိုတော့ အစောဖွင့် အဲဒီအချိန်တွေမှာ သူ့မိန်းမကို သူကူလုပ်ရင်လဲ ကျနော် ဘယ်သိနိုင်မလဲ။ ကျနော်က နေဖင်ထိုးမှ နိုးတဲ့ကောင်မျိုး) သောက်လိုက် မူးလိုက် မူးတဲ့အရသာကို ခံစားလိုက်၊ ဒီလိုခေတ်ကြီးမျိုးမှာ လူ့တာ၀န်မကျေတာဘာညာ ရှည်လျားထွေပြားတဲ့ ကိစ္စတွေ၊ အဲဒါတွေကို ထည့်စဉ်းစားမနေဘဲ မြင်ရတဲ့အတိုင်း သက်သက်ကလေးပဲ ယူလို့ ဆိုရရင်တော့ ကျနော်ဟာ ဘာရယ်မဟုတ် တနေ့တနေ့ သူ့ကို ကြည့်ပြီး အင်မတန်အားကျလို့ နေမိတယ်။ လူ့ဘ၀ အရသာဆိုတာ ဒါမျိုးပဲ စသဖြင့်ပေါ့လေ။
အဲဒီနေ့ကတော့ ကျနော်လည်း အိမ်ကအပြန် အိမ်ရှေ့မရောက်မီလေး သူ့သတိရမိသွားလို့ သူ့ကို လှမ်းကြည့်လိုက်တော့ သူဟာလည်း ကျနော့်ကို လှမ်းကြည့်လို့နေတယ်။ သူ့ရှေ့က ဖြတ်သွားတဲ့ အရာမှန်သမျှ လိုက်ငေးကြည့်နေပုံမျိုးထင်ပါရဲ့။ အင်း ဒါပေမယ့် ကျနော့်စိတ်အထင် ကျနော့်ကိုတောင် ပြုံးပြလိုက်သေးသလားပဲ။ သေချာတော့ မသိဘူး။ စိတ်ထဲကတော့ ဒီဘဲကတော့ ထာ၀ရ ဒီအတိုင်းလေးပဲလို့ ခံစားမိသလို ဖြစ်လာတာပေါ့။

ဒါပေမယ့် ကျနော်သုံးလိုက်တဲ့ ထာ၀ရဟာ တော်တော်ကုန်လွယ်တဲ့ ထာ၀ရဆိုတာမျိုးနဲ့ တူပါတယ်ဗျာ။ ၀တ္ထုဇာတ်လမ်းများလိုပဲ ညနေခင်းမှောင်စပျိုး မမှောင်ခင်ကလေးလောက်မှာ ရုတ်ရုတ်နဲ့ ဆူဆူညံညံအသံတွေ ထမင်းဆိုင်ဘက်က အတိုင်းသား ကြားနေရတယ်။ ကျနော်လည်း အင်မတန် စပ်စုတတ်တဲ့ကောင်ဆိုတော့ ဘာများတုန်းလို့ အိမ်ရှေ့ထွက်ရပ်မိတော့ ထမင်းဆိုင်နံဘေး ပက်လက်ကုလားထိုင်ကလေးချ ထာ၀ရနေသွားတော့မယ် ကျနော်ထင်ခဲ့တဲ့ လူဟာ သူ့အတိုင်းလေး သေရှာနေသတဲ့။ ဘယ်အချိန်ကတည်းက သေနေတယ်တော့ မသိ။ ဆိုင်ပိတ်မယ် လုပ်ကာမှ နှိုးမရလို့ သိသတဲ့။

အဲဒီထက် မမျှော်လင့်သေးတဲ့ ကိစ္စက ထမင်းဆိုင်ရှင်ကလည်း အဲဒီလူကို ဘယ်ကမှန်းကို မသိတာတဲ့။ တနေ့တနေ့ အဲဒီလိုလေး လာလာထိုင်၊ လမ်းမကို လာလာငေး။ သူတို့ထင်တာက ဒီရပ်ကွက်ထဲက လူတယောက်ပဲ ထင်ထားတာ။ တယောက်ကဆို ကျနော့်အိမ်ကလို့တောင် ထင်နေသေးသတဲ့။ ရပ်ကွက်ထဲက လူတွေဆိုတာကလည်း တယောက်မျှ သူ့ကို မသိ။ အဲသလိုနဲ့ ကျနော်လည်း ကိုယ့်အိမ်ထဲ ကိုယ်ပြန်၀င်ထိုင်နေ၊ အမည်မသိ ငေးသူတယောက် ပိုင်ရှင်မဲ့ မသာ ဖြစ်သွားတော့ ဘယ်လိုတွေ ဆက်လုပ် ဆက်ဖြစ်ကြမှာပါလိမ့် ဆိုတာထက် အဲဒီအမည်မသိ ငေးသူဟာ ဘယ်မှာအရွယ်ရောက်၊ ဘယ်မှာကြီးပြင်း၊ ဘယ်ဒေသရဲ့ ဘယ်လို ပျော်ပွဲရွှင်ပွဲတွေမှာ ပျော်ခဲ့သူ၊ ဘယ်လို ကြေကွဲ၀မ်းနည်းခဲ့ရသူ ဖြစ်ခဲ့မလဲလို့ ဘယ်ပေါ်မှာမှ ထင်ကျန်မနေရစ်တဲ့ ဘ၀တခုရဲ့ ခြစ်ရာကို စဉ်းစားလို့ နေမိပါတယ်။

#လင်းခါး
#လခစကပ

၂၀၁၉

ပတ်ဝန်းကျင်ပေါ်တင်နေတဲ့ အကြွေးကိုကဖေးဆိုင်မှာ ပေးဆပ်ခဲ့တယ်ဘယ်အရွယ်ရောက်ရောက်ကျဆိမ့်ပဲသောက်မယ်။ ။ #အောင်ခိုင်မြတ်  #ကဖေးဆ...
20/07/2025

ပတ်ဝန်းကျင်ပေါ်တင်နေတဲ့ အကြွေးကို
ကဖေးဆိုင်မှာ ပေးဆပ်ခဲ့တယ်
ဘယ်အရွယ်ရောက်ရောက်
ကျဆိမ့်ပဲသောက်မယ်။ ။

#အောင်ခိုင်မြတ်
#ကဖေးဆိုင်ညများ
#ပျံကြဲနေသောရတနာများ

"𝗜 𝗱𝗼𝗻'𝘁 𝗳𝗼𝗹𝗹𝗼𝘄 𝘁𝗶𝗺𝗲; 𝗜 𝗳𝗼𝗹𝗹𝗼𝘄 𝗺𝘆 𝗿𝗵𝘆𝘁𝗵𝗺. 𝗠𝘆 𝗺𝗼𝗿𝗻𝗶𝗻𝗴 𝗯𝗲𝗴𝗶𝗻𝘀 𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗜 𝘄𝗮𝗸𝗲 𝘂𝗽
23/05/2025

"𝗜 𝗱𝗼𝗻'𝘁 𝗳𝗼𝗹𝗹𝗼𝘄 𝘁𝗶𝗺𝗲; 𝗜 𝗳𝗼𝗹𝗹𝗼𝘄 𝗺𝘆 𝗿𝗵𝘆𝘁𝗵𝗺.

𝗠𝘆 𝗺𝗼𝗿𝗻𝗶𝗻𝗴 𝗯𝗲𝗴𝗶𝗻𝘀 𝘁𝗵𝗲 𝗺𝗼𝗺𝗲𝗻𝘁 𝗜 𝘄𝗮𝗸𝗲 𝘂𝗽

တို့ ပြန်အားပါပီ🤪🤪
21/05/2025

တို့ ပြန်အားပါပီ🤪🤪

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Note what i love, just share with you,feel free but nothing specialผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์