KO NAUNG - ခရီးသွားခြင်း

KO NAUNG - ခရီးသွားခြင်း ခရီးသွား - ဈေး၀ယ် - ဆေးကု - ပညာရေး- ဧည်လမ်းညွန်

12/04/2026

ဒံပေါက် 😋😋 ၊ စီးပွာဖြစ် ဒံပေါက်ချက်နည်း တင်ပေးမယ်နော်

08/04/2026

သင်္ကြန် ပိတ်ရက် ချဉ်ပေါင်ကျော်

စီပွာဖြစ်/အသေးစာ ၀ယ်ရောင်းစလုပ်ချင်သူများ ဘန်ကောက်မြို့၊ တရုတ်တန်း နှင့် ကုလားတန်း ယှဉ်တွဲးရှိလျှက် လက်လီ လက်ကားဈေးရှိရာ...
29/03/2026

စီပွာဖြစ်/အသေးစာ ၀ယ်ရောင်းစလုပ်ချင်သူများ ဘန်ကောက်မြို့၊ တရုတ်တန်း နှင့် ကုလားတန်း ယှဉ်တွဲးရှိလျှက် လက်လီ လက်ကားဈေးရှိရာ ထူးခြားတဲ့ရပ်ကွက် ၊

‌ယဉ်ယဉ်ကျေးကျေး ပြေားရသော် ၊ indian square - china town၊ အရပ်သုံးစကားဆိုရသော် တရုတ်တန်း နှင့် ကုလားတန်း လက်လီ လက်ကာ ဈေးကြီရှိရာ ဘန်ကောက်မြို့ရဲ့ ထူးခြားတဲ့ရပ်ကွက်ပါ ။

ပါ၀ရတ် (ခေါ်) ကုလားတန်းမှာဆိုရင် အိန္ဒိယ ထုတ်ကုန် အထည်လိပ် ဇာချည် ပိုးထည် အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင် စတီး သတ္တု ဒန် အိုးခွက် အိန္ဒိယ အစားအသောက် အခန်းအနားအပြင်အဆင်ပစ္စည်းမျိုးစုံ လက်လီလက်ကား အများဈေး လိုအပ်သလို၀ယ်ယူနိုင်ပါသည် ၊ ဝယ်ရောင်းလုပ်ချင်သူများအတွက် ကုမ္ပဏီ တိုက်ရိုက် ပွဲရုံကြီးတွေလည်ရှိပါတယ် ၊ ဆိုင်ရဲ့ အခြေနေကိုကြည့်ပြီ စကားပြေားကြည့် ငါက ပြန်ရောင်းမယ် ဆိုင်ဖွင့်မယ် လက်ကာ ကုမ္ပဏီဈေး ရနိုင်လာမေး သူတို့ ဂိုလ်ထောင်လိုက်ပြတယ် ၊ ဆိုင်ရှေ့မှာတော့ အနည်းငယ်သာ ခင်းကျင်းပြသထားကြပါတယ်

ယ၀လ (ခေါ်) တရုတ်တန်း မှာ လူသုံးကုန်အမျိုးမျိုး အ၀တ်အထည် ကလေးကစားစရာ အလှကုန် ဖန်စီ လျပ်စစ်ပစ္စည်းမျိုးစုံ စက်ပစ္စည်းမျိုးစုံ သေးအမွှား အပ် ချည်မျှဉ် ကနေစပြီ ကား လေယဉ်အစိတ်အပိုင်အထိ လက်လီလက်ကား ရနိုင်တဲ့နေရာပါ၊
ထုံစံအတိုင်း ရှေ့မှာအနည်းငယ်သာ ခင်းကျင်းပြသထားပေမဲ့ ဈေးညှိ အရောင်းအ၀ယ်ဖြစ်မယ်ဆိုရင် သူတို့ ဂိုထောင်ထဲမှာ လိုသလောက်ရပါတယ်၊

ဘန်ကောက်မြို့(ပါ၀ရတ် + ယ၀လ) တရုတ်တန်း နှင့် ကုလားတန်းက ကျေားချင်းကပ် ရပ်ကွက်ပါပဲ ၊၊ မြန်မာအများစုက ဘန်ကောက်ရောက်တဲ့အခါ တရုတ်တန်းကို လူအတော်များ ရောက်ကြပါတယ် ၊ ‌ညဈေး တရုတ်အစားစာ လှည်ပတ်စားပြီပြန်ကြတာပေါ တကယ်တမ်းက တရုတ်းဟာ အဲဒါထက်အများကြီး ကျယ်ပြန့်ပါတယ် ၊ လိုချင်တာ အကုန်ရနိုင်တဲ့နေရာကြီးပါ ၊၊

ဒါကတော့ စီးပွားရေး ၀ယ်ရောင်း လုပ်ချင်သူတွေ နဲ့ တခြားလိုအပ်တာရှာကြံသူတွေတွက် အကြံပြုချက်ဖြစ်ပါတယ် ၊ ၊

ကျောင်းတက် ဆေးကု နှစ်ရှည်နေထိုင်ရန် အသင့်တော်ဆုံဘန်ကောက်မြို့ မြောက်ဘက်စွန်က ဘန်ခဲမြို့နယ်စီရင်စု ၊ အကြောင်းအမျိုးမျိုးက...
26/03/2026

ကျောင်းတက် ဆေးကု နှစ်ရှည်နေထိုင်ရန် အသင့်တော်ဆုံဘန်ကောက်မြို့ မြောက်ဘက်စွန်က ဘန်ခဲမြို့နယ်စီရင်စု ၊

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းမှာ နှစ်ရှည်အခြေချ နေထိုင်ရန်လိုအပ်သူများ အနေဖြင့် ဘန်ကောက်မြို့တွင်၏ ယဉ်ကျောပိတ်ဆို့ခြင်း ရှုပ်ထွေမွန်းကြပ်ခြင် နေထိုင်စားသောက်စာရိတ်ကြီးမြင်ခြင်းကို ရှောင်ဖယ်ရန်လိုအပ်သူများ ရွေးချယ်စဉ်းစားသင့်တဲ့ ဘန်ခဲမြို့ဖြစ်ပါတယ် ၊

ထိုင်း တက္ကသိုလ်ပညာရေးမှတဆင့် အမေရိက ဥရောပနိုင်ငံတွေကို တက်လှမ်းရန်ကြိုးပမ်းလိုသူများအတွက် ၊ ဘန်ကောက်မြို့စွန်မှာရှိတဲ့ ဘန်ခဲမြို့ စီရင်စု ၊ နခေါ့ပထုန်ပြည်နယ် အထိအထိချိတ်ဆက်ထားတဲ့(ဖေ့ကစင်လမ်းမကြီး)တလျှောက်မှာ international private university. ၃ ကျောင်ရှိပါတယ် BA.MA.Ph.D . MBA . Sunday Program Degree တွေကို တက်ရောက်သင်ယူနိုင်ပါတယ် ၊

ဘန်ခဲမြို့စီရင်းစု(ဖေ့ကစင် လမ်းမကြီးတလျှောက်)နေထိုင်စားသောက်စာရိတ် အလွန်သက်သာပြီ မိမိသက်နိုင်တဲ့ ပမာဏတန်ဖိုးနဲရွေးချယ်နေနိုင်ပါတယ် ၊ ဘတ် 2000 တန် ရိုးရိုးပန်ကာ အခန်းကနေစပြီ 5000 တန် condo apartment ၊ 10000 တန် family house အထိရနိုင်ပါတယ် ၊

ဘန်ခဲမြို့စီရင်စု(ဖေ့ကစင် လမ်းမကြီးတလျှောက်) နားနားနေနေ ဆေးကုသမှု ခံယူဖို့လိုအပ်သူများအတွက်လည်း ရွေးချယ်စရာများပါတယ် ၊ ဈေးနှုန်း အသင့်သင် international private hospital ၅ ခုထက်မနည်း ရှိပါတယ် ၊ ဈေးနှုန်းသင့်တော် သက်သာပြီ ကောင်းမွန်တဲ့ ၀န်ဆောင်မှုပေးတဲ့ ဆေးရုံများစွာလည်းရှိပါတယ် ၊ ဘန်ကောက်မြို့ထဲက ဇိမ်ခံဆေးရုံကြီးတွေထက် ၅၀% နှုန်း ဈေးသက်သာပြီ ကောင်းမွန် အာမခံချက်အပြည့်ရှိတဲ့ ဆေးရုံတွေရှိပါတယ် ၊ ဇိမ်ခံအပိုပစ္စည်းထည့်သွင်းမထားတဲ့အတွက် ရောဂါ‌ကုသ‌ရေးအဓိက ဆေးကုစရိတ်သက်သာတာမျိုးပါ အချိန်ယူပြီ ဝေဒနာပျောက်ကင်းရုံ ဆေးကုသမှုခံယူချင်သူများ ရွေးချယ်သင့်တဲ့ နေရာမျိုးပါ ၊

ထိုင်းနိုင်ငံရဲ့ ဆေးရုံတွေမှာ ဈေးကြီးလွန်းတာနဲ့ ဈေးသက်သာခြင်ဟာ ဆေးရုံ၏ဖွဲ့စည်းပုံ အပိုဇိမ်ခံပစ္စည်းအများပြားအသုံးပြုထားခြင်း ၊ အပို၀န်ဆောင်မှု အများပြားထားရှိခြင်း အပေါ်ဈေး‌နှုန်းကွဲပြာတာပဲဖြစ်ပါတယ် သုံးစွဲးတဲ့ဆေးဝါး ကုထုံး ကုနည်းတွေက ထိုင်းအစိုးရစည်ကမ်းထိန်းသိမ်းမှုအောက်မှာအားလုံးတန်းတူပါပဲ။

ဇိမ်ခံစရာလိုပဲ ဈေးနှုန်းသက်သက်သာသာရောဂါပျောက်ကင်းရုံ ဆေးကုသလိုသူတွေအတွက် အလယ်အလတ်အဆင့် ပုဂ္ဂလိကဆေးရုံတွေကို ရွေးချယ်ပါ။

ဘန်ခဲမြို့စီရင်စု(ဖေ့ကစင် လမ်းမကြီးတလျှောက်) ဈေး၀ယ်စင်တာကြီးတွေ အစားသောက်စင်တာတွေ လက်ညိုးထိုးမလွဲး နေရာတိုင်းမှာရှိတာမို့ နေထိုင်စားသောက် ကုန်ကျစာရိတ် ချွေတာနိုင်ပါတယ် ၊

ဘန်ခဲမြို့စီရင်စု(ဖေ့ကစင် လမ်းမကြီး) ကနေ
ဘန်ကောက်မြို့တွင်းသွားဖို့ ကားစီ မိနစ် ၃၀ ယဉ်လိုင်းပေါင် ၂၀ ကျော်ရှိပြီ ၊ မိုးပျံ ရထား မြေအောက်ရထား တွေနဲ့သွားရင် ၁၀ မိနစ် ဘန်ကောက်မြို့ထဲရောက်ပါတယ် ၊

ဒါကတော့ ထိုင်းကို နှစ်ရှည်နေထိုင် ကျောင်းတက် ဆေးကုရန် အလိုရှိသူများအတွက် အကြံပြုချက်ဖြစ်ပါသည် ။

✍️နောင်နောင်

ที่อยู่

Bangkok
Bang Khun Thian
10150

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KO NAUNG - ခရီးသွားခြင်းผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์