Flyme Driveme Online Ticketing

Flyme Driveme Online Ticketing ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Flyme Driveme Online Ticketing, บริการท่องเที่ยว, Bang Khen.

✈️ Flights | 🚌 Buses | 🏨 Hotels | 🚗 Cars | 🏕️ NPT Day-Tours | 💼 Seminar Support.
လေယာဉ်၊ ကား၊ ဟိုတယ်၊ Tour၊ Seminar Support များအတွက် ဆက်သွယ်နိုင်ပါသည်။ 📞 +95 9797732499

Jan 2026 အတွင်း Air Thanlwin ပျံသန်းမဲ့ ခရီးစဉ် အချိန်ဇယား။လေယာဉ်လက်မှတ် လိုအပ်ချက်တိုင်းအတွက် ဝန်ဆောင်မှုပေးရန် အသင့်ရှ...
01/01/2026

Jan 2026 အတွင်း Air Thanlwin ပျံသန်းမဲ့ ခရီးစဉ် အချိန်ဇယား။

လေယာဉ်လက်မှတ် လိုအပ်ချက်တိုင်းအတွက် ဝန်ဆောင်မှုပေးရန် အသင့်ရှိပါတယ်။

#ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်

၅ ရက်အတွင်း ရရှိမဲ့ ပတ်စပို့ စာအုပ် အမြန်လျှောက်ထားနိုင်မည်။ဝန်ဆောင်ခ 545000 ကျပ်။စာအုပ်လျှောက်ထားပြီး 5 ရက်အတွင်း ရရှိပ...
01/01/2026

၅ ရက်အတွင်း ရရှိမဲ့ ပတ်စပို့ စာအုပ် အမြန်လျှောက်ထားနိုင်မည်။

ဝန်ဆောင်ခ 545000 ကျပ်။
စာအုပ်လျှောက်ထားပြီး 5 ရက်အတွင်း ရရှိပါမယ်။

ကျန်းမာရေးကိစ္စ၊ အရေးပေါ် ကိစ္စများကြောင့် ပြည်ပထွက်ခွာလိုသူများအတွက် အဆင်ပြေပါတယ်။
5 Jan 2026 မှ စတင် ပြီး ဝန်ဆောင်မှု ရရှိပါမယ်။

#ပတ်စပို့အမြန်

✈️ ၂၀၂၆ မှာ ခရီးတွေထွက်ဖို့ အဆင်သင့်ဖြစ်ပြီလား? Adventure တိုင်းမှာ Energy အပြည့်ရှိနေစေမယ့် လျှို့ဝှက်ချက်! 🌍မင်္ဂလာပါ ...
31/12/2025

✈️ ၂၀၂၆ မှာ ခရီးတွေထွက်ဖို့ အဆင်သင့်ဖြစ်ပြီလား? Adventure တိုင်းမှာ Energy အပြည့်ရှိနေစေမယ့် လျှို့ဝှက်ချက်! 🌍

မင်္ဂလာပါ ခရီးသွားချစ်သူတို့ရေ... 👋
၂၀၂၆ နှစ်သစ်မှာ အိမ်မက်ထဲက ခရီးစဉ်တွေကို သွားဖို့ Plan ဆွဲထားကြပြီလား? ခရီးသွားတယ်ဆိုတာ စိတ်ပျော်ဖို့ကောင်းပေမယ့် လူကမကျန်းမာ၊ အိပ်ရေးမဝရင်တော့ ခရီးပန်းပြီး ဘယ်လောက်လှတဲ့ နေရာရောက်ရောက် ပျော်နိုင်မှာ မဟုတ်ပါဘူး။ 🙅‍♂️

ဒါကြောင့် American Heart Association (AHA) က အကြံပြုထားတဲ့ နည်းလမ်းကောင်းလေးတွေကို Traveler တို့အတွက် အထူးမှီငြမ်းပြီး ဖော်ပြပေးလိုက်ပါတယ်။
ဒီအချက် (၃) ချက်နဲ့ ပြင်ဆင်လိုက်မယ်ဆိုရင် သင့်ရဲ့ ၂၀၂၆ ခရီးစဉ်တိုင်းက အမောအပန်းမရှိ၊ အမှတ်တရတွေချည်း ဖြစ်နေမှာ သေချာပါတယ်။ 👇

🎒 Step 1: Ready! (ခရီးမထွက်ခင် အားမွေးပါ)
မနက်ဖြန် ခရီးစထွက်ရတော့မယ်ဆိုရင် ဒီနေ့ညကတည်းက ပြင်ဆင်ရပါမယ်။
* 💤 အိပ်ရေးဝဝ အိပ်ပါ: လူကြီးတစ်ယောက်ဟာ (၇) နာရီကနေ (၉) နာရီထိ အိပ်စက်မှသာ ခရီးပန်းဒဏ်ကို ခံနိုင်ရည်ရှိမှာပါ။
* ⏰ Body Clock ကို ချိန်ပါ: ပုံမှန်အိပ်ချိန်၊ ထချိန် မှန်ကန်နေမှသာ Jet Lag ဒဏ်ကို သက်သာစေပြီး ခရီးရောက်တဲ့အခါ လန်းဆန်းနေမှာ ဖြစ်ပါတယ်။
🌅 Step 2: Set! (အလှဆုံး View တွေကို လက်မလွတ်ပါစေနဲ့)
Traveler ကောင်းတစ်ယောက်ဟာ မနက်ခင်းကို တန်ဖိုးထားပါတယ်။
* 🚫 Don’t Hit Snooze: Alarm မြည်ရင် ချက်ချင်းထပါ။ Snooze လုပ်ပြီး ပြန်အိပ်လိုက်တာက သင့်ကို ပိုနွမ်းနယ်စေသလို၊ ဟိုတယ်က မနက်ခင်း Sunrise View အလှတွေကိုလည်း လွတ်သွားစေနိုင်ပါတယ်။ 😉
* ☀️ Let the Sun In: နိုးတာနဲ့ လိုက်ကာလေးဖွင့်၊ ပြတင်းပေါက်ဖွင့်ပြီး သဘာဝလေနဲ့ နေရောင်ခြည်ကို ခံယူလိုက်ပါ။ ဒါမှ တနေကုန် လည်ပတ်ဖို့ အားအင်တွေ ရရှိမှာပါ။
🚀 Step 3: Go! (ခရီးစဉ်ကို ပျော်ပျော်ရွှင်ရွှင် စတင်ပါ)
* 🍳 Fuel Up: ဒေသအစားအစာ (သို့) ဟိုတယ် Buffet မှာ အာဟာရရှိတာလေးတွေ ရွေးစားပါ။ မနက်စာက တနေ့တာ လည်ပတ်ဖို့အတွက် အဓိက လောင်စာပါပဲ။
* 🧘 Find Your Zen: ခရီးသွားရင်း စိတ်ဖိစီးမှုတွေ မပါရအောင် မနက်ခင်း (၁၀) မိနစ်လောက် တရားထိုင်တာ၊ View ကြည့်ပြီး ငြိမ်ငြိမ်လေး နေတာမျိုး လုပ်ပေးပါ။
💡 Travel Agent's Note:
ကျန်းမာလန်းဆန်းနေမှ ခရီးသွားရတာ အရသာရှိမှာနော်။ ဒီနည်းလမ်းလေးတွေအတိုင်း နေထိုင်ပြီး ၂၀၂၆ နှစ်သစ်မှာ ကမ္ဘာပတ်ဖို့ အဆင်သင့်ပြင်ထားလိုက်တော့!
🌏 ၂၀၂၆ နှစ်သစ်မှာ စိတ်ကူးထားတဲ့ အိပ်မက်ခရီးစဉ်တွေရှိရင် Flyme Driveme Online Ticketing ကို သတိရလိုက်ပါ...
စိတ်ရောကိုယ်ပါ အပန်းပြေစေမယ့် အကောင်းဆုံး ခရီးစဉ်တွေကို စီစဉ်ပေးနေပါပြီ။ ✨
👉 Booking ရယူလိုပါက Chat Box (သို့) Ph: 09-797732499ကို ဆက်သွယ်နိုင်ပါတယ်။

ဒီနေရာလေးက နိုင်ငံခြားမဟုတ်တဲ့ ရှမ်းပြည်တောင်ပိုင်းမိုင်းရှူးတောင်ပေါ်ကတိမ်ပင်လယ်ပါ☁️  တိမ်ပင်လယ်သွားချင်တာမဟုတ်ဘူး မင်း...
29/12/2025

ဒီနေရာလေးက နိုင်ငံခြားမဟုတ်တဲ့
ရှမ်းပြည်တောင်ပိုင်း
မိုင်းရှူးတောင်ပေါ်ကတိမ်ပင်လယ်ပါ☁️

တိမ်ပင်လယ်သွားချင်တာမဟုတ်ဘူး မင်းနဲ့အတူတိမ်ပင်လယ်သွားကြည့်ချင်တာပါ❤️

တောင်ပေါ်ဒေသအေးတာဖြစ်တဲ့အတွက်ကြောင့် ရည်စားနဲ့လာခဲ့ပါလို့မှာချင်ပါတယ်😍

📩လိပ်စာက - မိုင်းရှူးမြို့နယ် ကိုရောက်ရင် မိုင်းရှူးသူ /သားကိုမေးမြန်းနိုင်ပါတယ် မိုင်းရှူးတောင်ပေါ်တက်လမ်းကိုသူတို့ညွှန်ပြပါလိမ့်မယ် အဲ့လမ်းတိုင်းတက်လာခဲ့မယ်ဆို တောင်ပေါ်ကိုရောက်ခဲ့ရင် ဘိုးဘွားတောင်သွားလမ်း PNO ဘုရားအောက်ဘက်ဆို မိုင်းရှူးတောင်ပေါ်တိမ်ပင်လယ်ကိုရောက်ပါပြီ☁️

Paoh Stars

27/12/2025

နေပြည်တော်ရောက်လို့ မြန်မာထမင်းဟင်း အရန်ဟင်းအစုံနဲ့ စားမယ်ဆို။
#နေပြည်တော်မှာစားမယ်
#ခရီးသွား
#မြန်မာအစားအစာ

ဈေးတန်ပြီး 30 kg ရတဲ့ MNA ရဲ့ ပရိုမိုးရှင်း ခုံလေးတွေ ရပါအုံးမယ်။✈️ဘန်ကောက်သွားမယ်ဆို29,30,31 Dec 2025Yangon-Bangkok ပရိ...
27/12/2025

ဈေးတန်ပြီး 30 kg ရတဲ့ MNA ရဲ့ ပရိုမိုးရှင်း ခုံလေးတွေ ရပါအုံးမယ်။

✈️ဘန်ကောက်သွားမယ်ဆို

29,30,31 Dec 2025
Yangon-Bangkok ပရိုမိုးရှင်းခုံလေးတွေ ကျန်ပါအုံးမယ်။( 390,000-400,000 ဝန်းကျင်)

1 to 7 Jan 2026
Yangon- Bangkok ( 301,150 ဝန်းကျင်နဲ့) ပရိုမိုးရှင်းခုံလေးတွေ ရပါအုံးမယ်

စိတ်ဝင်စားရင် Hello လိုက်ပါနော်။

📌ငွေပေးချေမှုများအတွက် လုပ်ငန်း အကောင့် MMQR များသာ အသုံးပြုသောကြောင့် စိတ်ချ ယုံကြည်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။

#ဘန်ကောက်လေယာဉ်လက်မှတ်
#နေပြည်တော်ခရီးသွားဝန်ဆောင်မှု

အမြန်လမ်းပေါ်မှာ ဂရုစိုက်ပါ 🚨​ပျော်ရွှင်စရာ အားလပ်ရက်ခရီးစဉ်များ ဝမ်းနည်းစရာ အဖြစ်ဆိုးမကြုံရလေအောင်...​(ဓာတ်ပုံကို ကြည့်...
27/12/2025

အမြန်လမ်းပေါ်မှာ ဂရုစိုက်ပါ 🚨

​ပျော်ရွှင်စရာ အားလပ်ရက်ခရီးစဉ်များ ဝမ်းနည်းစရာ အဖြစ်ဆိုးမကြုံရလေအောင်...

​(ဓာတ်ပုံကို ကြည့်ပါ။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန် မြင်ကွင်းတစ်ခု ဖြစ်ပါသည်။)

​အားလပ်ရက်ရှည်ရက်များတွင် မိသားစု၊ မိတ်ဆွေများနှင့် ခရီးဝေးထွက်ကြခြင်းသည် အလွန်ကြည်နူးစရာ ကောင်းလှပါသည်။ သို့သော် ထိုပျော်ရွှင်မှုများ တစ်စက္ကန့်အတွင်း ပျောက်ဆုံးမသွားစေရန် "ဘေးကင်းလုံခြုံရေး (Safety)" ကို မဖြစ်မနေ ဦးစားပေးရပါမည်။

​ပုံတွင် မြင်တွေ့ရသည့်အတိုင်း နောက်ဆုံးပေါ် ကားကောင်းတစ်စီး ဖြစ်လင့်ကစား၊ Airbag များ ပါဝင်သည် ဆိုငြားလည်း၊ မထင်မှတ်ထားသော မတော်တဆမှုကြီးတစ်ခု ကြုံလာရသည့်အခါ ကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ရင်ဆိုင်ရနိုင်ကြောင်း သက်သေပြနေပါသည်။ "ငါ့ကားက အသစ်ပဲ၊ ငါ့ကားက မြင့်တယ်" ဟူသော အတွေးဖြင့် လမ်းခရီးအန္တရာယ်ကို လျှော့တွက်၍ လုံးဝမရပါ။
​သင်၏ အားလပ်ရက်ခရီးစဉ် ဘေးကင်းစိတ်ချရစေရန် ကိုယ်ပိုင်ကားဖြင့်သွားသည်ဖြစ်စေ၊ Tour ကုမ္ပဏီများဖြင့် သွားသည်ဖြစ်စေ အောက်ပါအချက်များကို အထူးဂရုပြု ပြင်ဆင်သင့်ပါသည်။

​⚠️ ၁။ ယာဉ်ကြံ့ခိုင်မှုသည် အသက် (Vehicle Check-up)
ခရီးဝေး မထွက်ခွာမီ သင့်မော်တော်ယာဉ်ကို ကျွမ်းကျင်သော Workshop တွင် စနစ်တကျ စစ်ဆေးပါ။
​တာယာအခြေအနေနှင့် လေပေါင်ချိန်: (Spare Wheel အပါအဝင်)
​ဘရိတ်စနစ် (Brake System):
​အင်ဂျင်ဝိုင်၊ ရေတိုင်ကီ နှင့် မီးစနစ်များ:

​EV (လျှပ်စစ်ကား) များအတွက်: ဘက်ထရီ ကျန်းမာရေး (Battery Health)၊ အားသွင်းကြိုး (Charging Cable) ကြံ့ခိုင်မှုနှင့် ခရီးစဉ်တစ်လျှောက် အားသွင်းစခန်း (Charging Station) နေရာများကို သေချာစွာ ကြိုတင်စီစဉ်ထားပါ။

​ကားအသစ်ဖြစ်နေလျှင်ပင် ခရီးဝေးမမောင်းနှင်မီ အခြေခံအချက်များကို ပြန်လည်စစ်ဆေးခြင်းသည် မောင်းနှင်သူ၏ တာဝန်ဖြစ်သည်။

​⚠️ ၂။ ယာဉ်မောင်းသူ၏ သတိနှင့် အမြန်လမ်းအန္တရာယ် (Driver Awareness)
အထူးသဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းကဲ့သို့သော လမ်းမကြီးများတွင် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း (Speeding) နှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်း (Drowsy Driving) တို့သည် အဓိက တရားခံများဖြစ်သည်။
📌​ယာဉ်မောင်းသူသည် လုံလောက်သော အနားယူမှု ရှိရမည်။
📌​သတ်မှတ်မိုင်နှုန်းထက် ပိုမမောင်းပါနှင့်။
📌​Tour ကုမ္ပဏီဖြင့် သွားမည်ဆိုပါကလည်း ယာဉ်အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးသော၊ အတွေ့အကြုံရင့် ယာဉ်မောင်းများရှိသော ကုမ္ပဏီကို ရွေးချယ်ပါ။
​🛡️ ၃။ အာမခံထားရှိခြင်းသည် မဖြစ်မနေ လိုအပ်ချက် (Insurance is a MUST)
ဒါသည် အလွန်အရေးကြီးသော ဘဏ္ဍာရေးဆိုင်ရာ အကာအကွယ် (Financial Protection) ဖြစ်သည်။ ပုံထဲကလို တန်ဖိုးကြီးကားတစ်စီး ပျက်စီးသွားသည့်အခါ ပြန်လည်ပြုပြင်စရိတ်မှာ သိန်းရာချီ၊ ထောင်ချီ ကုန်ကျနိုင်ပါသည်။

​Comprehensive Motor Insurance (အလုံးစုံ မော်တော်ယာဉ် အာမခံ) ထားရှိခြင်းသည် မတော်တဆမှုကြောင့် ဖြစ်ပေါ်လာသော ယာဉ်ပျက်စီးမှုစရိတ်နှင့် လူထိခိုက်မှု ဆေးကုသစရိတ်များကို ကုမ္ပဏီမှ တာဝန်ယူပေးသဖြင့် ငွေကြေးဝန်ထုပ်ဝန်ပိုးကို များစွာ သက်သာစေပါသည်။
📌​ခရီးသွား အသက်အာမခံ (Travel Insurance) ကိုလည်း ထပ်ဆောင်း စဉ်းစားသင့်ပါသည်။

​မတော်တဆမှုဆိုတာ ကြိုမမြင်နိုင်ပေမယ့် ကြိုတင်ပြင်ဆင် ကာကွယ်လို့ ရပါတယ်။ ပေါ့ဆမှု တစ်ခဏကြောင့် တစ်သက်တာ နောင်တမရကြပါစေနှင့်။

​သင့်မိသားစု၏ တန်ဖိုးရှိသော အားလပ်ရက် အချိန်လေးများကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့ ဒီအချက်တွေကို ဂရုပြုကြပါစို့။

နေပြည်တော်မှ ခရီးသွားမိတ်ဆွေ​အားလုံးပဲ ဘေးကင်းလုံခြုံသော ခရီးစဉ်လေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

YKKO နေပြည်တော်ဆိုင်များအတွက် အလုပ်ခေါ်စာပါ။
26/12/2025

YKKO နေပြည်တော်ဆိုင်များအတွက် အလုပ်ခေါ်စာပါ။

PJ Passport ဖြင့် ခွင့်ပြန်လာမည့်သူများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက် ကောင်တာတွင် သတင်းပို့ရန် အထူးသတိပြုပါ။ ...
23/12/2025

PJ Passport ဖြင့် ခွင့်ပြန်လာမည့်သူများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက် ကောင်တာတွင် သတင်းပို့ရန် အထူးသတိပြုပါ။


#အလုပ်သမားညွှန်ကြားမှုဦးစီးဌာန

ที่อยู่

Bang Khen

เบอร์โทรศัพท์

+959797732499

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Flyme Driveme Online Ticketingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์