21/04/2026
ACCA (Association of Chartered Certified Accountants) ကို
လူတိုင်းတက်လို့ရပေမယ့်
ဒီလိုလူတွေတွက် ပိုသင့်တော်ပါတယ်
၁။ စာရင်းကိုင် (Accounting) နဲ့
ငွေကြေးပိုင်းကို စိတ်ဝင်စားသူများ
Finance, accounting, audit, tax စတဲ့ ကဏ္ဍတွေမှာ
အလုပ်လုပ်ချင်သူတွေ၊ သို့မဟုတ်
ဒီလို career ကို စတင်ချင်သူတွေ အတွက်
ACCA က အခြေခံမှ စတင်ပြီး professional အဆင့်ထိ သင်ကြားပေးနိုင်ပါတယ်။
၂။ နိုင်ငံတကာမှာ အလုပ်လုပ်ချင်သူများ
ACCA ဟာ ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြုထားတဲ့
လက်မှတ်ဖြစ်လို့ နိုင်ငံခြားမှာ အလုပ်လုပ်ချင်သူ၊ multinational companies တွေမှာ
career တည်ဆောက်ချင်သူတွေအတွက် သင့်တော်ပါတယ်။
၃။ ဘွဲ့ရပြီး career ပြောင်းချင်သူများ
Accounting background မရှိသော်လည်း business, economics သို့မဟုတ် အခြားဘွဲ့ရပြီး
finance field ထဲ ဝင်ချင်သူတွေလည်း
ACCA ကို စတင်လေ့လာနိုင်ပါတယ်။
၄။ စာရင်းကိုင်အလုပ်လုပ်နေပြီး အဆင့်မြှင့်ချင်သူများ
Junior accountant, bookkeeper စတဲ့ အလုပ်တွေမှာ လုပ်နေသူတွေက ACCA တက်ခြင်းဖြင့်
promotion ရနိုင်ပြီး senior level သို့ တက်နိုင်ပါတယ်။
၅။ စီးပွားရေးလုပ်ငန်းရှင်များ (Entrepreneurs)
ကိုယ်ပိုင်စီးပွားရေးလုပ်သူတွေက ACCA knowledge ရှိရင် financial planning, budgeting, risk management တို့ကို
ပိုမိုကောင်းမွန်စွာ စီမံနိုင်ပါတယ်။
၆။ စည်းကမ်းရှိပြီး ကြိုးစားနိုင်သူများ
ACCA ဟာ အချိန်ယူရပြီး စာမေးပွဲခက်ခဲမှုရှိတဲ့
qualification ဖြစ်တာကြောင့် self-discipline ရှိပြီး
ဆက်တိုက်လေ့လာနိုင်သူတွေ အတွက် သင့်တော်ပါတယ်။
✨✨
ACCA ဟာ accounting နဲ့ finance ကို career အဖြစ်
ရွေးချယ်ချင်သူ၊ နိုင်ငံတကာအဆင့်မှာ အလုပ်လုပ်ချင်သူ၊
ကိုယ့်အရည်အချင်းကို မြှင့်တင်ချင်သူတိုင်းအတွက် သင့်တော်တဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
long term leaning ဖြစ်လို့
တကယ်ကိုကြိုးစားပါတော့လိုအပ်ပါတယ်
#