Taxibook

Taxibook ကားများနှင့်ပါတ်သက်သောအကြောင်း အရာများ

19.1.2026 မှစ၍ကနဦး ယာဉ်စစ်ကားများအား  မီးသတ်ဆေးဘူးတပ်ဆင်ပြီးမှ ယာဉ်စစ်ဝင်လို့ရပါမည် ဟုကြားသိရပါသည်။
16/01/2026

19.1.2026 မှစ၍

ကနဦး ယာဉ်စစ်ကားများအား မီးသတ်ဆေးဘူးတပ်ဆင်ပြီးမှ ယာဉ်စစ်ဝင်လို့ရပါမည် ဟုကြားသိရပါသည်။

တောင်ဒဂုံ ကညန  မနက်7:45 အချိန်လောက်က စက်မူ့ဇုံလမ်းမကြီး မီးသတ်ရှေ့က တန်းစီတာ အခုမှရုံးရှေ့ရောက်။ရုံးအထဲရောက်မှအမည်ပေါက် ...
09/10/2025

တောင်ဒဂုံ ကညန မနက်7:45 အချိန်လောက်က စက်မူ့ဇုံလမ်းမကြီး မီးသတ်ရှေ့က တန်းစီတာ အခုမှရုံးရှေ့ရောက်။
ရုံးအထဲရောက်မှအမည်ပေါက် နှင့် ကိုယ်စားလှယ် သပ်သပ် တန်းစီရပါသည်။

ခု လက်ရှိသုံးနေကြသော Jpn Used Car များသည် အသက်အတော်ကြီးနေကြပါပြီ။---မည်သို့ပင် ဆိုစေကာမူ မြန်မာပြည်က သုံးစွဲသူများက အကြိ...
30/09/2025

ခု လက်ရှိသုံးနေကြသော
Jpn Used Car များသည်
အသက်အတော်ကြီးနေကြပါပြီ။
---
မည်သို့ပင် ဆိုစေကာမူ
မြန်မာပြည်က သုံးစွဲသူများက
အကြိုက်တွေ့နေဆဲဖြစ်ကြပါသည်။
---
ကီလိုဘယ်လောက်များများ
အရှိအတိုင်း ရောင်းသူများလည်း ရှိ၏။
ဝယ်သူအကြိုက် လျှော့ထားပြီး
ရောင်းကြသူများလည်း ရှိကြပါသည်။
--
နာမည်ရ ကားတံဆိပ်များကလည်း ထိပ်ဆုံးမှ ပန်းပန်လျက်ရှိကြဆဲပင်ဖြစ်ပါသည်။
--
မူရင်းစွဲ မပျက်သေးပါဆိုသည့်
အဖွင့် အလှပ်မရှိသေး၊
နပ်ဖြုတ်ရာမရှိသေးဆိုပြီး
ပြောဆို ရေးသား ရောင်းကြလေသည်။
---
ယခု အခါ ကားအို ကားဟောင်းများထဲက ကားကောင်း တော်တော်ရှားနေပါပြီ။
--
အင်ဂျင် မီးခိုးမထွက်သေးပဲ
အင်ဂျင်စွမ်းအားကျနေသောကားများစွာ ရှိနေပါပြီ။
အရင်ကားဟောင်းများရဲ့ အင်ဂျင်ကျသည် ဆိုသော သင်ကေတသည်
မီးခိုး ဖြစ်ပါသည်။

ယခု ခေတ်ပေါ် ကွန်ပြူတာစနစ်ဖြင့် ထိန်းချုပ်မောင်းနှင်သော ကားများသည် မီးခိုးအလွယ်မထွက်တော့ပေ။

လောင်စာဆီ စားတာများလာ၏။
အင်ဂျင်ဝိုင် လျော့တာများလာသည်။
--
အင်ဂျင်ကျသည် ဆိုခြင်းမှာ
စက်စွမ်းအား ကျလာခြင်းကို ဆိုလိုခြင်းဖြစ်သည်။
--
ဆလင်ဒါ အတွင်းလေကျစ်အားခေါ်သည့် ကွန်ပရက်ရှင်း ကျလာခြင်းဖြစ်သည်။
---
အရင်ဆုံး ကျသွားတာ
အင်ဂျင်အဖုံးခေါင်းပိုင်းဖြစ်သည့်
အင်ဂျင်ဟက် ဖြစ်ပါသည်။
သူသည် အောက်ပိုင်းဟုခေါ်သည့်
အင်ဂျင်ဘလောက် နဲ့ သီးခြားဖြစ်၏။
ခွာလို့ရသည်။ ဟက် နဲ့ ဘလောက်ကြားကို လေလုံ စေဘို့ ဂတ်စကက်နဲ့
ကြားညှပ်ဖုံးအုပ်ပြီး နပ်တိုင်မူလီများစွာ နဲ့ တင်းကျပ်ပေးထားသည်။
ဒီ ၂ခုကြားက လွယ်လွယ် လေမကျွံနိုင်ပါ။ မူမမှန် အပူလွန်ကဲမှ
ဂတ်စကက် အပြီးပြတ်သွားတတ်သည်။
---
အရင်ဆုံး မသိမသာ လေကျွံ / ချောဆီကျွံ လာတာက
Valve ခေါ်သည့် အင်းလက် လေစုပ်ဗါး / အိပ်ဇော လေထုတ်ဗါး များဖြစ်ကြပါသည်။

သူတို့သည် မရေမတွက်လောက်အောင် အကြိမ်များစွာ ဖွင့်ပိတ် လုပ်ပေးနေရ၏။
ပြင်းထန်သော ဖိအား + အပူချိန်တို့ကို အလွန်အမင်း ခံစားနေရ၏။
အချို့ Valve Seat ဗါးအထိုင်များ
ဗါးအပွင့်များ လောင်ကျွမ်းပုံပျက်ကြရသည်။
မူမမှန်အင်ဂျင်စနစ်ကြောင့် ကာဗွန်ဂျိုးများ ကြားဝင်ခုခါ လေမလုံ ဖြစ်ကြရသည်။

Valve Steam ခေါ်သည့် ဗါးတံကို
အလွန်သေးငယ်သည့် Valve Oil Seal လေးများဖြင့် တပ်ဆင်ထိန်းသိမ်းပေးရ၏။ သူတို့လေးတို့သည် ရော်ဘာအခြေခံ ဓါတုပစ္စည်းဖြင့်တည်ဆောက်ထားရလေတော့
ရော်ဘာ သဘောသဘာဝ သဘောအရ အသက်ရှိသည်။
မာကျွတ်အသားသေလာကြရသည်။
ညီညာစွာ ဖိညှစ်ထိန်းကျောင်းပေးခြင်းကို မစွမ်းဆောင်နိုင်တော့ပေ။
ထိုအခြေအနေရောက်ပါက
Valve Guide ခေါ်သည် အထိန်းသည် အဆင်မပြေ ချောဆီ နဲ့ လေပါ အနဲငယ်စကျွံပါတော့သည်။
ဆလင်ဒါအတွင်းက လေကျစ်လေညှစ်ပေးတဲ့အလုပ်ကို လျော့ပါးစေသည်။
ကွန်ပရက်ရှင်း ပျော့သွားတော့
စွမ်းအားလျော့သွားတာပေါ့။
---
**** ရေခဏ ခဏ ဆူခံထိတဲ့ကား
Over Heat ခဏ ခဏ ဖြစ်ဘူးတဲ့ကားများ၏ အင်ဂျင်ဟက်သည် နာသွားပါသည်။
Valve Oil Seal လေးများ
ကျွတ်ဆတ်မာကျောသွားပါသည်။
သူတို့လေးတွေက မျက်စိနဲ့မမြင်တဲ့နေရာမှာ ရှိလေတော့ ရုတ်တရက်လည်းထူးခြားမှုမပြတော့
စိတ်မဝင်စားဘူးပေါ့။

Over Heat ကြောင့် အပူလွန်ကဲ​ခြင်း
ပျက်စီးမှုကို Honda Fit GE6 လိုကားမျိုးတွင် အတွေ့များရတာကတော့ Spark Plug Coil များ အရည်ပျော်ကာ ဟက်ထဲမှာ ကပ်နေခြင်းကို သက်သေပြနိုင်ပါသည်။
ကပ်နေသောကွိုင်များလည်း အပြီးလောင်ကျွမ်းပျက်သွားကြပါသည်။
--
အချုပ်အားဖြင့် ပြောချင်တာ အင်ဂျင် ကျ တယ် ဆိုတာ ဟက်က စကျတာပါ။
Valve အရေအတွက်များလေ
ဖြစ်နိုင်ခြေ များလေပါ။

စက်အခြေခံလည်းပါသူ
ဝါသနာလည်းပါသူဆိုပါက
အင်ဂျင်အလွန်မကျခင်
ဟက်ဖွင့်ခါ အပေါ်ပိုင်း အိုဗာဟော စလုပ်သင့်သည်။
တိုင်ပင်ချိန်း / Belt အနေအထားများ သိရမည်။

မူမမှန်ရှိမနေတော့တဲ့ ဗါးများကို စနစ်တစ်ကျ ပြန်လည်ပြုပြီး ဂတ်စကက်အသစ် ဆီးလ် အသစ်များဖြင့်
ပြန်လည် တည်ဆောက်ပေးရမည်။
ပြုင်မှု စနစ်ကျလျှင် စက်စွမ်းအား ပြန်တက်လာမည်။
ဆီစားသက်သာလာမည်။
အင်ဂျင်ဝိူင်လည်းမလျော့တော့ပေ။
--
ဒီ က လက်ရှိပြသနာကား
အင်ဂျင်ဖွင့်လိုက်တဲ့ လက်စလက်န တွေ့သွားပါက ဝယ်သူမကြိုက်တော့ပေ။

ဆလင်ဒါ ရှိနေသည့် အောက်ပိုင်းသည် အကျနောက်ကျပါသည်။
ချောဆီ ဟောင်းဟောင်း / ကောင်းကောင်း ချောဆီရှိနေသမျှ
လျင်မြန်စွာ ပွန်းစားမှုမရှိနိုင်ပါ။
ပွန်းစားချိန် ရောက်ဦးတော့
ဆလင်ဒါမနာသေးပါ။
Ring သာ စားသွားပါမည်။
အစားလွန်မှ ပစ္စတင်အိုးဘေးခတ်ပါမည်။

ခု အစစ အရာရာ ရှားပါးနေတဲ့ ခေတ်ကြီးမှာ မသိမသာ အင်ဂျင်ကျနေတဲ့ ဆီစားများနေတဲ့
စက်ဆီများ ခဏ ခဏ လျော့နေတဲ့
ကားအို ကားဟောင်းများကို
ဒီအတိုင်းဆက်စီးနေမှာလား၊
သင်စဥ်းစား -?
---
လက်ရှိ ခေတ်ပေါ်ကားများ၏
Valve သည် အသက်!

ဆရာသက် FBမှ ကူးယူမျှဝေပါသည်။

ဟို အရင်ကလည်း အပြောလေးတွေကောင်းကောင်းနဲ့ Taxi လောက ကားသစ်လေးတွေနဲ့သန့်သန့်ပြန့်ပြန့် ခေတ်မှီစွာနဲ့ အသုံးပြုသူတွေ အဆင်ပြေ...
23/09/2025

ဟို အရင်ကလည်း အပြောလေးတွေကောင်းကောင်းနဲ့ Taxi လောက ကားသစ်လေးတွေနဲ့သန့်သန့်ပြန့်ပြန့် ခေတ်မှီစွာနဲ့ အသုံးပြုသူတွေ အဆင်ပြေအောင်လို့ brand new ကားအသစ်တွေ သွင်းခဲ့ဘူးပါတယ်ခင်ဗျာ ဘယ်နှနှစ်ခံလည်း သိတဲ့သူ ကိုယ်တိုင်ပါဝင်ခဲ့သူတွေ သိမှာပါ အခြေအနေမှန်ကို
အဲ့ဒီနိုင်ငံထုတ် ပြီး ကိုယ့်နိုင်ငံသွင်းတဲ့ ကား ဘယ်ကားက နှစ်ဘယ်လောက်ခံလည်း သွင်းတဲ့သူ ပါတ်သက်သူတွေသာ အဆင်ပြေမယ် user အသုံးပြုသူတွေကတော့ အောက်စျေးနဲ့ရောင်း ဒါမမဟုတ် အရည်ကြို ပြန်အပ် နောက် jdm တွေသွင်း ငွေထပ်ကုန်
အခု ဘယ်မလည်း အဲ့ဒီကားတွေ ....

၂၀၁၇ ကမေးထားတာလေးပါ။ရန်ကုန်မှာ လမ်းနံပါတ်လမ်းတွေက တစ်လမ်းမောင်းတွေများတော့  ကားအသုးံပြုသူတိုင်း ဘယ်လမ်းက ဘယ်ကဝင်ရမယ်ဆိုတ...
17/08/2025

၂၀၁၇ ကမေးထားတာလေးပါ။

ရန်ကုန်မှာ လမ်းနံပါတ်လမ်းတွေက တစ်လမ်းမောင်းတွေများတော့ ကားအသုးံပြုသူတိုင်း ဘယ်လမ်းက ဘယ်ကဝင်ရမယ်ဆိုတာ သေချာမသိရှိပါဘူး ဒီစာသားလေးကတော့ ကျွန်တော်က မောင်းသက် နှစ် ၂၀ နီးပါးရှိတဲ့ ဘော်ဒါဆရာချို ကိုမေးတော့ မှ ဘယ်လိုသိလဲ မှတ်ထားတာရှိရင်လည်းပေးပါ လူအများသိအောင် ရှယ်လိုက်မယ်ဆိုလို့ ကိုချိုက ရွတ်ပြပါတယ် ။ အောက်က စာသားလေးပါ။

`လမ်းနံပါတ်ကိုတည် ၄ နှင့်စား`
၃,၀ ကြွင်း ဗိုလ် ဗန် ကမ်း ကဝင်
၁,၂ ကြွင်းရင် နော်, ကုန် ကဝင်၊

‌မှတ်ချက် ၊ အရင် Trader Hotel (ယခုshangri la hotel yangon)
နောက်က ၃၂ အပေါ်လမ်း hotel ရှိလို့ ၊ ၄၉ လမ်း နှင့်လမ်း ၅၀ ကတော့ ကျောင်းရှိလို့ ပြောင်းပြန်ဖြစ်နေတယ် ကျန်တာကတော့ ဒီအတိုင်းပါပဲ။

ဥပမာ ၄၆လမ်းဆိုပါတော့ ၄နှင့့်စား အကြွင်း ၂ ရတော့ နော် ကုန် ဆိုတော့ အပေါ်ဘလောက်ဆို အနော်ရထာလမ်း ကဝင် ဟိုဘက်ဆို ကုန်သည်လမ်းကဝင် ။

နောက်တစ်လမ်း ၁၅ လမ်းကို ၄နှင့်စား ၃ကြွင်းတော့ ဗိုလ် ဗန် ကမ်း ဆိုတော့ ဗိုလ်ချုပ်လမ်း(သို့) ဗန္ဓုလလမ်း (သို့)ကမ်းနားလမ်းကဝင် ။
(ဗိုလ်ချုပ်ဘက်ကမရှိတော့မလိုဘူးပေါ့)

၂လမ်းဆိုရင် အကြွင်း ၂ ၊နော် ကုန်ဆိုတော့ အနော်ရထာလမ်းကဝင် 😊😊

‌စာဖတ်သူဟာ ကားအသုံးပြုသူဆိုရင် ယခုပဲ စာလေးရွတ်ပြီး သွားကြည့်လိုက်ပါ ။ အသုံးတည့်တယ်ဆိုရင် မျှဝေလိုက်ပါ ခင်ဗျား။

ဟိုအရင် ၂၀၁၇ ကမေးထားတာ အခုနောက်ပိုင်းမြို့နယ်များများက လမ်းတွေတစ်လမ်းမောင်းတွေဖြစ်ကုန်ပြီ ဘယ်လိုမှတ်ရလွယ်အောင် လုပ်မလဲ
အရင်လူတွေက အဲ့လိုဖြတ်ထိုးဥာဏ်သုံးရတာပဲ
အခုကတော့ google map တွေသုံး Map App ​တခုခုသုံးရင်အဆင်ပြေနေတော့ ခေါင်းမသုံးရတော့ဘူးပေါ​့
တခါက အဲ့လိုမှတ်ရတယ်ဆိုတာ သတိတရပေါ့

🚖 🚖 🚖 🚖

ကားတာယာ အ​ကြောင်း 🚖🚖🚖🚖တာယာကို အမေရိကန်လို tire နှင့်ဗြိတိန်လို tyre ဟုခေါ်ဆိုကြသည်။ တာယာကို definition ဖွင့်လျှင် ယာဉ်၏စ...
14/08/2025

ကားတာယာ အ​ကြောင်း
🚖🚖🚖🚖

တာယာကို အမေရိကန်လို tire နှင့်ဗြိတိန်လို tyre ဟုခေါ်ဆိုကြသည်။

တာယာကို definition ဖွင့်လျှင် ယာဉ်၏စက်ဝိုင်းပုံအစိတ်အပိုင်းတစ်ခုဟု ဆိုနိုင်မည်ဖြစ်သည်။ ဘီးဂွေကိုအကာအကွယ်ပေးသလို ကား၏စွမ်းဆောင်ရည်ကို ပိုမိုတိုးတက်စေမည်ဖြစ်သည်။

မော်တော်ယာဉ်များနှင့် စက်ဘီးကဲ့သို့သော ယာဉ်များတွင်သုံးထားသော တာယာအများစုသည် ယာဉ်နှင့်လမ်းကြားကုပ်ကား ကိုထောက်ပံ့ပေးသလို ဆောင့်အောင့်မှုဒဏ်များကိုလည်း တတ်နိုင်သလောက် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။🚖🚖🚖🚖

တယာဆိုသည့်အမည်
သမိုင်းကြောင်းအရဆိုပါ ပြင်သစ်ဘာသာစကားက လာသည်ဟုဆိုရမည်ဖြစ်သည်။ ထို့ကြောင့် tire ကနေလာပြီး pull ဟုအဓိပ္ပာယ်သဖြင့် ဆွဲသည်ဟုလည်း အဓိပ္ပာယ်ရမည်ဖြစ်သည်။

ခရီးဝေးအတွက် သင့်လျော်သောတာယာ
ခရီးဝေးသွားမည်ဆိုပါက H/T (highway) တာယာပန်း၊ ခရီးဝေးနဲ့ မြေသား လမ်းမျိုးဆိုပါက A/T (All Terrain) တာယာပန်းနှင့် တောင်တက် ရွှံ့နွံလမ်းများတွင် M/T (Mud Terrain) တာယာပန်းများကို သုံးသင့်ပါသည်။

ခရီးဝေးသွားတော့မည်ဆိုပါက မိမိတာယာသက်တမ်းလွန်နေသလား၊ တာယာတွင်အက်ကွဲကြောင်းလေးများ၊ ထိခိုက်မိတာမျိုးများရှိ၊ မရှိ၊ အသုံးပြုနိုင်သည့် တာယာပန်းရှိ၊ မရှိ၊ သတ်မှတ်ထားသော လေပေါင်ချိန်ရှိ၊ မရှိဆိုသည်များကို ကျွမ်းကျင်သောဆိုင်များတွင် စစ်ဆေးပြင်ဆင်သင့်ပါသည်။

တာယာပန်းသားထူသော်လည်း ထုတ်လုပ်မှုရက်စွဲသည် ဂဏန်း ၃လုံးတည်းဖြစ်ပါက မသုံးသင့် တော့ပေ။ ဥပမာအားဖြင့် before Y2K ဖြစ်သည်။ ယင်းသည် ၂၀၀၀ပြည့်နှစ်မတိုင်မီ ထုတ်လုပ် ထားသောတာယာဖြစ်သည်။ တာယာအရည်အသွေးကိုလိုက်ပြီးလည်း မောင်းနှင်နိုင်သော ကီလို မီတာကွာခြားသွားမည်ဖြစ်သည်။

အလွိုင်း (Alloy)
အလွိုင်း (Alloy) ဆိုသည်မှာ အလူမီယံသတ္ထုဖြင့် ပြုလုပ်ထားသည်။ ပေါ့ပါးသလို သံချေးမတက်သော ကြောင့် Nut ပေါက်များ၊ Tubless တိုင်ပေါက်များ ကျယ်ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။

တာယာဆိုသည်မှာ
တာယာဆိုသည်ကို တစ်ပေပတ်လည်ရပ်တည်သွားသည်ဟုလည်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ တာယာ များပေါ်တွင်ရေးသားထားသော ဂဏန်းအက္ခရာများသည် တာယာများ၏အချက်လက်များပင်ဖြစ် သည်။

ဥပမာ 195/65R 15 ဆိုသည်တွင် နောက်ဆုံး 15 သည်တာယာ၏အရွယ်အစားဖြစ်သည်။

195 ဆိုသည်မှာ section width တာယာ၏ဗျက် 195 mm ရှိသည်ကို ရည်ညွှန်းခြင်းဖြစ်သည်။
65 မှာ aspect ratio ဖြစ်ပြီး တာယာ၏ဗျက်မှာ 65% ရှိသည်ဟု ဆိုခြင်းဖြစ်သည်။
R သည် Tire Construction ဖြစ်သည်။

91T ဆိုသည်မှာ Load to speed အချိုးကိုရည်ညွှန်းခြင်းဖြစ်သည်။ ယင်း တွင် 91 သည် 635 kg ကိုရည်ညွှန်းခြင်းဖြစ်ပြီး T ဆိုသည်မှာ 190km/h ကိုဆိုလိုသည်။

စက်ရုံထုတ် နေ့စွဲကိုမူ ဂဏန်း ၄လေးဖြင့်ဖော်ပြလေ့ရှိသည်။ ရှေ့နှစ်လုံးသည် ရက်သတ္တပတ် (week) ဖြစ်ပြီး၊ နောက် ၂လုံးသည် နှစ် (year) ကိုဖော်ပြသည်။ ဥပမာ (0616) ဆိုပါက ၂၀၁၆ခုနှစ်ဖေဖေါ်ဝါရီ ဒုတိယ အပတ်ထုတ်တာယာဖြစ်သည်။

Inflation Pressure 51 psi ဆိုသောဂဏန်းမှာ အများဆုံး လေထိုး နိုင်သောပမာဏကို ဖော်ပြပေးခြင်းဖြစ်သည်။ Temperature Resistance ဆိုသည်မှာ တာယာများကို ဒေသအလိုက် သုံးစွဲနိုင်ရန်ဖော်ပြပေးခြင်းဖြစ်ပြီး ယင်းတွင် A,B and C ဟုရှိမည်ဖြစသည်။

A သည် အပူပိုင်းဒေသ၊ B သည်ပုံမှန် (Normal) နှင့် C ဆိုသည်မှာ အအေးပိုင်း (Cold) ကိုရည်ညွှန်းပါသည်။

Traction ဆိုသည်မှာ ဘရိတ်ဖမ်းရာတွင် ကားရပ်တန့်ရန်လိုအပ်သော အကွာအဝေးညွှန်းကိန်းဖြစ်ပြီး AA,A,B နှင့် C တို့နှင့်ဖော်ပြလေ့ရှိသည်။ AA သည်အတိုဆုံးသော အကွာအဝေးတွင် ဘရိတ်မိခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

Treadwear ဆိုသည်မှာ တာယာပန်းစားနှုန်းကိုဖော်ပြပေးခြင်းဖြစ်ပြီး ဂဏန်း ၃လုံးဖြစ်သော 250,350 and 450 ဖြင့်ဖော်ပြလေ့ရှိသည်။ 450 သည်တာယာစားနှုန်း အနည်းဆုံးဖြစ် သည်။ Tread Depth (Twi) သည်အစွန်းထိပ်တွင် Twi သတိပေးအမှတ်အသားဖြင့် ဖော်ပြလေ့ရှိသည်။ Twi အမှတ်အသားရောက်လာပါက တာယာလဲသင့်ပြီဟု ဆိုလိုခြင်းဖြစ်သည်။

🚖 🚖 🚖 🚖


Credit to kyaw tyre and alloy...

🚖 🚖 🚖 🚖ကားအသုံးပြုသူတိုင်း ဖတ်သင့်တဲ့ဆောင်းပါးပါခင်ဗျာ...ဒီအကြောင်းအရာလေးကလည်း မော်ဒယ်မြင့်ကားအသုံးပြုသူတိုင်း...သိသင့်တ...
10/08/2025

🚖 🚖 🚖 🚖
ကားအသုံးပြုသူတိုင်း ဖတ်သင့်တဲ့ဆောင်းပါးပါခင်ဗျာ...

ဒီအကြောင်းအရာလေးကလည်း မော်ဒယ်မြင့်ကားအသုံးပြုသူတိုင်း...
သိသင့်တဲ့အချက်လေးပါခင်ဗျာ...
Toyota Yaris ဒီကားလေးက ကားမဆွဲဘဲ ထုံနေပါတယ်...
တောင်တက်ဆို ပိုသိသာပြီး လုံးဝ မတက်နိုင်ဘဲ...
ဖြေးဖြေးချင်းသာတက်ပါတယ်...

1NZ - FE Engine ပါ...
Scanner စက်နဲ့ စစ်ကြည့်ရင် ဘာကုတ်နံပါတ်မှ မရှိသလို...
ချက်မီးလည်းမလင်းပါ...
တစ်ခြားဝပ်ရှော့ ၂ ခုမှာ ပြင်ထားပြီးပါပြီ...
ပလပ်...မီးကွိုင်...ဆီပန့်...ဆီစစ်...လေစစ်...အင်္ဂျင်ဝိုင်...ဂီယာဝိုင်...
တွေအသစ်လဲထားပြီး...ငွေလည်းတော်တော်ကုန်နေပါပြီ...
ကျွန်တော်မောင်းကြည့်ပြီး အတွေ့အကြုံအရ...
Mass Air Flow Sensor ကိုဖြုတ်စစ်ကြည့်တော့...
ဖုန်တွေနဲ့ ညစ်ပတ်နေတာတွေ့ရပါတယ်...

MAF ဆင်ဆာမှာ မီးကြိုး ၅ ကြိုးပါပါတယ်...
B+, E2G, VG, E2 , THA , ပါ...

B+, E2G, VG နဲ့ E2, THA, တို့က လုပ်ငန်းသတ်သတ်စီလုပ်ဆောင်ပါတယ်...

B+, E2G, တို့က ဆင်ဆာကို မီးပို့ပေးပြီး...
VG (in) က လေဝင်တဲ့ အရှိန်ကိုတိုင်းတာပြီး ECM ကိုပို့ပေးပါတယ်...

လည်ပတ်နေတဲ့ အင်္ဂျင်အပတ်ရေနဲ့ လေဝင်တိုင်းတာပေးပို့မှု့နှုန်းထား မမှန်ပါက...
ဆီပေးမမှန်ဖြစ်ကာ ကားထုံနေတတ်ပါတယ်...
E2(out) က မီးပို့ပေးတာဖြစ်ပြီး...THA က လေရဲ့အပူချိန်ကို...
တိုင်းတာပြီး ECM ကိုမီးပို့ပေးတာပါ...

လေအပူချိန်အာရုံခံဆင်ဆာမှပေးပို့သော လေအပူချိန်ကို...
THA(in) မီးကြိုးမှ ECM ကိုပို့ပေးပါတယ်...
လေအပူချိန်ဆင်ဆာတွင် ချေးများကပ်ကာ အာရုံခံမမှန်ပါက ဆီတွက်ချက်ပေးပို့မှု့မမှန်ဖြစ်ပြီး...
ကားမဆွဲဖြစ်ကာ ဆီပိုစားပါတယ်...

အင်္ဂျင် Injector ဆီပေးပုံဟာ...
VG နဲ့ THA တို့က ပို့လာတဲ့အချက်အလက်တွေကိုတိုင်းတာကာ...
ရေအပူချိန်တို့ကိုပါတွက်ချက်ပြီး...
Throttle Valve ဖွင့်တဲ့ရာခိုင်နှုန်းကို လိုက်ပြီး ECU က ဆီပေးတာပါ...
ဒါကြောင့် အဲ့ဒီဆင်ဆာလေးမှာ ဖုန်တွေနဲ့ကပ်ပြီး ညစ်ပတ်နေရင်...
လေအဝင်နဲ့ လေအပူချိန်ကို အမှန်အတိုင်း မတွက်ချက်နိုင်တော့လို့...
ဆီပေးမမှန်ဖြစ်ကာ အင်္ဂျင်လုပ်ဆောင်ပုံမမှန်တော့ပါဘူး...
ဒါကြောင့် ကားမဆွဲတော့ပါဘူး...

တိုယိုတာနဲ့ ဒီဇယ်...ဓါတ်ဆီမည်သည့်ကားမဆို MAF ဆင်ဆာ ညစ်ပတ်နေရင်...
ကားမဆွဲတာမို့ ကီလို ၅၀၀၀ခန့်တစ်ခါ ဖြုတ်ပြီးသန့်ရှင်းရေးလုပ်သင့်ပါတယ်...

သန့်ရှင်းရေးလုပ်တဲ့အချိန် MAF Cleaner , Electronic cleaner,
စတာတွေနဲ့ သန့်ရှင်းရေးလုပ်ကာ...
တိုယိုတာ MAF ဆင်ဆာကို နားကလော်တဲ့ ဂွမ်းလေးဖြင့်...
သုတ်ပေးကာ သန့်ရှင်းရေးလုပ်နိုင်ပါတယ်...

ကျွန်တော့်အတွေ့အကြုံအရ တိုယိုတာ MAF ဆင်ဆာများပျက်သည်ကို သိပ်မတွေ့ဖူးပါ...
ဖုန်များ အမှုန်များနှင့် ညစ်ပတ်နေသည်ကို သန့်ရှင်းရေးလုပ်လိုက်သည်နှင့်...
ကားဆွဲကာကောင်းသွားပါသည်...

1/2 KD Engine ဒီဇယ်ကားများတွင် လေစစ်ညစ်ပတ်ကာ...
MAF ဆင်ဆာ ညစ်ပတ်၍ အာရုံခံမမှန်ဖြစ်ပါက...
ကုန်မပါသော ကားချည်းသက်သက်ပင် တောင်တက်များတွင်...

နံပါတ် (၁) ဂီယာဖြင့် တလိမ့်ချင်းတက်ရသည်ကိုလည်း တော်တော်များများကြုံခဲ့ဖူးပါတယ်...
ဒါကြောင့် အင်္ဂျင်အားမရှိကာ ကားမဆွဲဖြစ်ရသည့် အကြောင်းရင်းများစွာထဲက...
တစ်ချက်ဖြစ်တဲ့ MAF Sensor အကြောင်းကို ရေးသားတင်ပြလိုက်ပါတယ်...

MAF ဆင်ဆာ သန့်ရှင်းရေးလုပ်ပြီးတော့...
ကားစမ်းမောင်းကြည့်ပြီး ကောင်းသွားလို့ ကားချက်ချင်းပြန်ပေးလိုက်ပါတယ်ခင်ဗျာ...
ဒါကြောင့်မို့ တိုယိုတာ ကားအသုံးပြုသုံးများအနေဖြင့်...
Mass Air Flow Sensor ညစ်ပတ်ခြင်းမဖြစ်အောင်...
ဂရုစိုက်သင့်ပါတယ်ခင်ဗျာ...
🚖🚖🚖🚖



Credit : Toetar Atoe

ကားနှင့်ပါတ်​သက်​သမျှအ​ထွေ​ထွေသိလို ဖတ်​လိုလျင်​ ကိုသာ Like and Follow ထားလိုက်​ပါမိတ်​​ဆွေ။

 # ပုံသေတော့ မဟုတ်ပါ မြို့တွင်း မောင်းနှင်ချိန် နှင့် အဝေးပြေးလမ်းမောင်းချိန် ဆီကုန်တာမတူပါဥပမာအနေနဲ့ 1.5cc  မြို့တွင်းA...
07/08/2025

# ပုံသေတော့ မဟုတ်ပါ
မြို့တွင်း မောင်းနှင်ချိန် နှင့် အဝေးပြေးလမ်းမောင်းချိန် ဆီကုန်တာမတူပါ
ဥပမာအနေနဲ့ 1.5cc မြို့တွင်းA/C ဖွင့်မောင်းလျင် တစ်လီတာ ၁၀ ကီလိုဝန်းကျင်ရပေမဲ့
အဝေးပြေးလမ်းတွေမှာမောင်းနှင်လျင် AC ဖွင့် မောင်းအတူတူ ၁၆ကီလိုဝန်းကျင်ရပါသည်။

ထို့အတူ အင်ဂျင်ပါဝါကြီးသောကား မြို့တွင်းမောင်းလျင် ဆီစားများသလိုဖြစ်ပြီး အဝေးပြေးမောင်းလျင် ဆီစားသက်သာနေပါသည်။

အတက်/အဆင်း မောင်နှင်ရချိန်

အင်ဂျင်ကျ အရုန်း အဆွဲ မကောင်းချိန်

လေတခါး ဆင်ဆာ မကောင်း
ဆီပန့်ကြောင်

Air fiter လေစစ် ပိတ်
ပလပ် မကောင်း
သည့်အချိန်တွေမှာဆိုလျှင်

ဆီစားနှုန်းသည် တွက်ထားသည့်ထက် ပို၍
ကုန်ကျနိုင် ပါသည်။

Taxibook
credit to FB

ယာဥ်မောင်း လိုင်စင်သက်တမ်းတိုးတဲ့အခါသတိထားရမှာက ကုန်ဆုံးလ ချင်း တူနေရင်တောင် ရက်ချင်းမတူနိုင်ပါ။မိမိလိုင်စင်ကဒ်ထဲမှာပြထာ...
06/08/2025

ယာဥ်မောင်း လိုင်စင်သက်တမ်းတိုးတဲ့အခါ
သတိထားရမှာက
ကုန်ဆုံးလ ချင်း တူနေရင်တောင် ရက်ချင်းမတူနိုင်ပါ။
မိမိလိုင်စင်ကဒ်ထဲမှာပြထားတဲ့ရက်က
နောက်ဆုံးသက်တမ်းကုန်ရက်ပါ။
၁ ရက်ကျော်တာနဲ့
ဒဏ် ငွေ တစ်နှစ်စာ ပဲသတ်မှတ်ပါတယ်။
၁၁လ ကျော်လည်း ဒဏ်၁နှစ်ပါပဲ။
ထပ်ဆောင်းငွေ ၁နှစ်စာထပ်ပေးရပါတယ်။

D အညို နှင့် E အနီလိုင်စင် များကို ၃နှစ်ပဲပေးပါတယ်။
နှစ်လွန်နေပီး လာဆောင်တဲ့
ရက် လ နှစ် ကနေ
ထပ်ပေါင်း ၃နှစ် တွက်မပေးပါဘူး။
ကတ်ပြားမှာ ရေးထားတဲ့
Date ကိုပဲ ၃နှစ်ပြန်ပေါင်းပေးတာပါ။
---
*** နားလည်မှု လွဲမှားခြင်းဖြစ်နေကြတဲ့ အကြောင်းများကတော့
မိမိ လိုင်စင် ကုန်ဆုံးလကို
လကုန်ရက်ပဲထင်နေခြင်း၊
---
၁ရက်ပဲကျော်ကျော်
၁လပဲကျော်ကျော်
၁နှစ်စာဒဏ်ကြေးပေါင်းသည်ကို မသိကြခြင်း၊
--
နှစ်လွန်သုံးပီးမှ
သက်တမ်းလာတိုးတာ
၃နှစ်ထပ်ရမည်ဟု
ထင်သွားခြင်း၊

eg. ၂နှစ်ကျော်ပီးလာတိုးရင်
ကတ်ပြားထဲက Date ကိုပဲ
၃နှစ်ပေါင်းပေးတာမို့
လက်ကျန် ၁နှစ်သာ
ပြန်ရခြင်း။
( ကြိုတင်ငွေ သုံးထားလို့
လခ ထဲက ပြန်နှိမ်တာမျိုး )
---
ရဲစစ်တဲ့အခါ
လမကျော်သေးပေမယ့်
ရက်ကျော်နေတာကို
သဘောမပေါက်ပဲ
အငြင်း ပွားကြခြင်း၊
စသဖြင့်
လက်တွေ့မြင်နေရပါသည်။
---
ထို့အပြင်
လိုင်စင်အကျိုးဆောင်များကို
ဆောင်ခိုင်းတာ
၃နှစ်စာလေ
ကတ်ပြားမှာ သက်တမ်း
၁နှစ်ပဲကျန်လို့
၂နှစ်ပဲကျန်လို့
စသဖြင့် အထင်လွဲကြခြင်းတို့ ရှိကြလေသတည်း။
---
**** Remark !
ကားလိုင်စင်သည်
လတိုင်း၏ နောက်ဆုံးရက်ကို
Expire Date အဖြစ်သတ်မှတ်ထားလို့
မိမိ လကို သတိပြုမိ၏။
နှစ်လွန် ဒဏ် ၁နှစ်စာ=7500
ပဲရှိ၏။
--
ယာဥ်မောင်းလိုင်စင်က
ရက်အမျိုးမျိုးရှိနေရုံမက မိမိလိုင်စင်အပေါ်မူတည်ပြီး

ဒဏ်ကြေး ၁သောင်း
၂သောင်း
၂သောင်းခွဲ အသီးသီးသတ်မှတ်ထားလို့ နစ်နာရပါမည်။
ကား/လူ လိုင်စင် များကို
၃လကြိုတိုးရလို့
ကြိုတိုးထားကြပါလို့

--
Taxibook
Credit to Ko Thet Win

ကားအမည်ပြောင်း လျှောက်မယ်ဆိုဘာတွေလိုအပ်မလဲသိပြီးသောသူများ အတွက်မဟုတ်ပါ။ စမ်းတဝါးဝါးဖြင့် ဘယ်သွားပြီး ဘာလုပ်ရမလဲဟု သိချင်...
05/08/2025

ကားအမည်ပြောင်း လျှောက်မယ်ဆိုဘာတွေလိုအပ်မလဲ

သိပြီးသောသူများ အတွက်မဟုတ်ပါ။ စမ်းတဝါးဝါးဖြင့် ဘယ်သွားပြီး ဘာလုပ်ရမလဲဟု သိချင်နေသူများအတွက်သာဖြစ်သည်။

မိမိကား အမည်ဖောက်လုပ်ရန်အတွက် အရင်ဆုံး မိမိနေထိုင်ရာ မြို့နယ် အခွန်ရုံးသို့ အောက်ပါစာရွက်စာတမ်းများနှင့်အတူ သွားရောက် လျှောက်ထားရပါမည်။



1 - သန်းခေါင်စာရင်း (မူရင်း၊ မိတ္တူ)

2 - မှတ်ပုံတင် (မူရင်း၊ မိတ္တူ)

3 - Owner book (မူရင်း၊ မိတ္တူ)

4 - Wheel tax (မူရင်း၊ မိတ္တူ)

5 - အရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ) (အရောင်းအဝယ်စာချုပ်သည် အမည်ပေါက်နှင့် မိမိ တိုက်ရိုက်ချုပ်ဆိုထားသော စာချုပ်ဖြစ်ရပါမည်။)

6 - ကားဓာတ်ပုံ ( ရှေ့ပုံ၊ အနောက်ပုံ၊ ဘေးတိုက်ပုံ အားလုံးပေါင်း ၃ ပုံ။ ဓာတ်ပုံကို မိမိကိုယ်တိုင် ဖုန်းဖြင့်ရိုက်၍ ဓာတ်ပုံဆိုင်မှာ သွားကူးပါ။)
ထပ်ဖြည့်ပါရစေ...ဘေးပုံဆိုသည်မှာ စတီယာတိုင်ရှိတဲ့ဘက်အခြမ်းကိုပြောတာပါ။

(ကားဓာတ်ပုံမှအပ ကျန်စာရွက်စာတမ်းများအား မိတ္တူ ၂ စုံ ကူးပါ။ အခွန်ရုံးအတွက် တစ်စုံ၊ ကညန ရုံးအတွက်တစ်စုံ)



အထက်ဖော်ပြပါ စာရွက်စာတမ်းများ ပြည့်စုံပါက အခွန်ရုံးရှိ မိမိရပ်ကွက်ကို ကိုင်သော စာရေးထံတွင်တင်ရပါမည်။ စာရေးမှ မိမိကားအား ရာဖြတ်မှ သတ်မှတ်ပေးထါးသော ဇယားတွင် တန်ဖိုးကို ကြည့်၍ သက်မှတ်ထားသောရာခိုင်နှုန်းတွက်ချက်ပါသည်။



ထို့နောက် ဘဏ်သို့ ငွေသွင်း ချလန် ရရှိရန် စောင့်ရပါသည်။ ချလန် ရရှိပါက မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွားသွင်းရပါသည်။ (သက်ဆိုင်ရာမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်မှာငွေသွင်းရပါမယ် )

(ဘဏ်ငွေသွင်းရာတွင် ငွေသွင်းချလန်စာရွက်၏ နောက်ကျောတွင် သွင်းမည့်ငွေတွင် ၅၀၀၀ တန် ဘယ်နရွက်၊ တစ်သောင်းတန် ဘယ်နရွက် စသဖြင့် အတိအကျရေးထားပေးပါ။)



ဘဏ်တွင် ငွေသွင်းပြီးပါက ငွေသွင်းပြေစာကို မိတ္တူတစ်ရွက်ကူး၍ အခွန်ရုံးစာရေးထံသို့တခါ သွားရောက်ပေးအပ်ရပါမည်။ အခွန်ရုံးမှ အခွန်စိမ်းစာရွက် ၂ ရွက် ထုတ်ပေးပါမည်။

မူရင်းဟု ရေးထားသောစာရွက်မှာ ကညန ရုံးသို့ ပေးရပါမည်။ ပ-မူရင်းဟု ရေးထားသောစာရွက်နှင့် ဘဏ်ငွေသွင်းချလန်မှာ မိမိသိမ်းထားရပါမည်။ တစ်ရက်ကုန်သွားပါမည်။ (စောစောပြီးသူများပင် နေ့ခင်း ၁နာရီခန့်မှ ပြီးပါသည်။)

(အခွန်စိမ်းစာရွက်သည် ကားပြန်ရောင်းသည့်အခါ ထည့်မပေးရပါ။ မိမိကိုယ်တိုင် အခွန်ဆောင်ထားသော စာရွက်ဖြစ်သဖြင့် မိမိနှင့်သာ သက်ဆိုင်သည်။)

နောက်တစ်နေ့တွင် သင်၏ကား ယခင်သက်တမ်းတိုးခဲ့ဖူးသော ကညန ရုံးသို့ စာရင်း အထွက်သွားလုပ်ပါ။ (ဥပမာ ယခင်အမည်ပေါက်သူသည် လှိုင်မြို့နယ်လိပ်စာဖြစ်ပါက အင်းစိန် ကညန သို့သွားရပါမည်။ )



အောက်ပါစာရွက်စာတမ်းများ လိုအပ်ပါသည်။

- သန်းခေါင်စာရင်း (မူရင်း၊ မိတ္တူ)

- မှတ်ပုံတင် (မူရင်း၊ မိတ္တူ)

- Owner book (မူရင်း၊ မိတ္တူ)

- Wheel tax (မူရင်း၊ မိတ္တူ)

- အရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ)

- အခွန်ရုံးကထုတ်ပေးလိုက်သော မူရင်း ဟုရေးထားသော အခွန်စိမ်းစာရွက် (မူရင်း)

- မူရင်းများကို တောင်းကြည့်မှ ထုတ်ပြပါ။

ယာဉ်အား စစ်ဆေးမည်မဟုတ်ပါ။ ကားကို မယူသွားလဲရပါသည်။(ထပ်ဖြည့်ပါမည် ကားလိုင်စင်သက်တမ်းရှိလျင်မလိုအပ်၍သက်တမ်းတိုးအမည်ပြောင်းလျင်လိုအပ်ပါသည်။)

Owner book နှင့် wheel tax တွင် ပိုင်ရှင် အမည်နှင့် နေရပ်လိပ်စာပြောင်းပေးရုံသာဖြစ်သည်။ Wheel Tax အသစ် ထုတ်ပေးပါသည်။



ကညန ရုံးတွင်

- ကားအမည်ပြောင်းအတွက် ဟုပြောကာ ဖောင်ထုတ်ယူပါ။

- ဖောင်ဖြည့်ပြီး Computer ဌာနတွင် စစ်ပါ။

- ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဝင်တွေ့ပါ။ တန်းစီစောင့်ရသည်။ လူများလျှင် အတော်ကြာကြာ စောင့်ရပါသည်။

- ထို့နောက် ငွေတွက်ကောင်တာတွင် သွင်းရမည့်ငွေကို တွက်ပါ။ (ကောင်တာများတွင် ကားနံပါတ် ရှေ့အက္ခရာများ ရေးထားပါသည်။ မိမိကားနံပါတ်အက္ခရာရှိသော ကောင်တာသို့ သွားပါ။)

- ငွေသွင်းကောင်တာတွင် ငွေသွင်းပါ။ ပြေစာရမည်။

- ငွေတွက်ခဲ့သော ကောင်တာသို့ ပြန်သွားတင်ပါ။

- တော်ကြာကြာစောင့်ပြီးနောက် owner book (အတွင်းစာမျက်နှာတွင် သင်၏ အမည်ပါပြီး) ၊



Wheel tax အသစ်(သင်၏ အမည်ဖြင့်) ၊ အထွက်စာ ၂ စောင် တို့ကို ထုတ်ပေးပါသည်။

- ဝင်စာထွက်စာ ကောင်တာသို့သွားပါ။ မှတ်တမ်း စာအုပ်တွင် စာရင်းသွင်းပြီး အထွက်စာ တစ်စောင်ကို သိမ်းယူခဲ့ကာ ကျန်တစ်စောင်ကို စာအိတ်ဖြင့် တုံးထုပိတ်ပြီး ပြန်ပေးပါသည်။

- ငွေတွက်ခဲ့သော ကောင်တာသို့ ပြန်သွားပါ။ သူတို့စီစစ် စာရင်းသွင်းပြီးပါက အထွက်ကိစ္စပြီးပါပြီ။ owner book ၊ wheel tax အသစ်နှင့် စာအိတ်ထဲထည့်ထားသော အထွက်စာ၊ ကညန ငွေသွင်းချလန်တို့ကို ပြန်ပေးပါသည်။

- တစ်နေ့ကုန်သွားပါသည်။



နောက်တစ်နေ့တွင် သင်နေထိုင်ရာ လိပ်စာ၏ အပိုင် ကညနရုံးသို့ အထွက်ရုံးကပေးလိုက်သော စာရွက်စာတမ်းများဖြင့်သွားကာ အဝင်စာရင်းသွင်းရပါသည်။ လက်ရှိ လုပ်ထုံးလုပ်နည်းများနှင့် ကိုယ်တိုင်ကြုံတွေ့ သိရှိလာရသည်များကို မျှဝေခြင်းသာ ဖြစ်ပါသည်။ အားလုံး အဆင်ပြေနိုင်ကြပါစေ။

Taxibook

Credit; Original Writer

ကား နံပါတ်ပြားပေါ် ရှိရန်ကုန် Area Code နံပါတ်များ....crd
02/08/2025

ကား နံပါတ်ပြားပေါ် ရှိရန်ကုန် Area Code နံပါတ်များ....

crd

ရန်ကုန် လုပ်ငန်းရုံး သက်တမ်းတိုးမည့်သူများ online booking တင်မှရပါမည်တဲ့online တင်မည့်သူများအရင်ဆုံး လိုင်စင်လျှောက်ထားဖ...
01/08/2025

ရန်ကုန် လုပ်ငန်းရုံး သက်တမ်းတိုးမည့်သူများ online booking တင်မှရပါမည်တဲ့
online တင်မည့်သူများအရင်ဆုံး လိုင်စင်လျှောက်ထားဖို့ မှတ်ပုံတင်ရပါမည်။
မည်သို့လုပ်ရမည်ကို အရှင်းဆုံးရေးပြပါမည်။
၁။ playstore မှ appကိုဒေါင်းလုပ်ဆွဲပါ
ပုံပါပြထားပါသည်။

၂။ဆွဲထားသော appဖွင့်ပြီး ဦးစွာမှတ်ပုံတင်ရန် အချက်အလက်များဖြည့်ပါ။ပုံပြထားပါသည်။

မိမိသက်တမ်းတိုးရမည့်လမရောက်သော်လည်းအရင်ဆုံးမှတ်ပုံတင်ထားလို့ရပါသည်။

၃။မှတ်ပုံတင်ပြီးလျင် သက်တမ်းတိုးမလား အချက်အလက်ဖြည့်ပါ လုပ်ငန်းအပိုင်း၁စာရွက်ထဲကြည့်ဖြည့်ပါ။

ပုံများအောက်တွင်အသေးစိတ်ရေးထားပါသည်။

Taxibook

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Taxibook posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share