AY Go Purchasing & International Logistics

AY Go Purchasing & International Logistics Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AY Go Purchasing & International Logistics, Cargo and freight company, South Okkalapa, Yangon.

08/08/2026
စက်ရုံ၊ အလုပ်ရုံနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းရှင်များအတွက် လိုအပ်တဲ့ Spare Parts သီးသန့် အစိတ်အပိုင်းတွေကစပြီး ခေတ်မီ A...
06/08/2026

စက်ရုံ၊ အလုပ်ရုံနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းရှင်များအတွက် လိုအပ်တဲ့ Spare Parts သီးသန့် အစိတ်အပိုင်းတွေကစပြီး ခေတ်မီ Assembly Equipment စက်ကိရိယာကြီးတွေအထိ တရုတ်နိုင်ငံရှိ အဆင့်မြင့် စက်ရုံများမှ တိုက်ရိုက်မှာယူပေးတဲ့ OEM Purchasing Service ကို AY GO မှဆောင်ရွက် ပေးနေပါပြီ။

တရုတ်နိုင်ငံမှ တိုက်ရိုက် Purchasing လုပ်မယ်ဆိုရင် လုပ်ငန်းရှင်တို့ရဲ့ လုပ်ငန်းအတွက် ဘယ်လိုအကျိုးအမြတ်တွေရရှိနိုင်မလဲ?

✨ စက်ရုံတိုက်ရိုက်မှာယူပေးခြင်း
Supplier တွေအဆင့်ဆင့် မချိတ်ရတဲ့အတွက်ထုတ်လုပ်မှု စရိတ်စကကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။

✨ Specifications အလိုက် OEM ဆောင်ရွက်ပေးခြင်း
လုပ်ငန်းရှင်တို့စက်ရုံရဲ့ Standard၊ Design ဒါမှမဟုတ် လိုအပ်ချက် နဲ့ ကွက်တိကိုက်ညီမယ့် Spare Parts , Equipment များကို တရုတ်စက်ရုံများနဲ့ တိုက်ရိုက် ညှိနှိုင်း ဆောင်ရွက်ပေးပါတယ်။

✨ Quality Control (QC) စနစ်တကျ စစ်ဆေးပေးခြင်း
ပစ္စည်းတွေမပို့ဆောင်ခင် အရည်အသွေး ထိန်းချုပ်မှု၊ Specifications မှန်ကန်မှုနှင့် စက်ပစ္စည်းတွေကို စက်ရုံမှာတင် စနစ်တကျ စစ်ဆေးပေးတဲ့အတွက် အရည်အသွေး ယုံကြည်စိတ်ချရမှာပဲဖြစ်ပါတယ်။

တရုတ်စက်ရုံတွေနဲ့ တိုက်ရိုက် ဆက်သွယ်ပြောဆိုခြင်း၊ စာချုပ်စာတမ်း ချုပ်ဆိုခြင်းကစပြီး Logistics & Custom Clearance အထိ တစ်နေရာတည်းမှာပဲအစအဆုံး တာဝန်ယူဆောင်ရွက်ပေးတဲ့ AY GO Purchasing & International Logistics ကိုပဲဆက်သွယ်ချိတ်ဆက်လိုက်တော့နော်။

လုပ်ငန်းအတွက် လိုအပ်တဲ့ Spare Parts သို့မဟုတ် Assembly Line များ OEM Purchasing ပြုလုပ်လိုပါက AY GO နဲ့ ဒီနေ့ပဲ အခမဲ့ ဆွေးနွေး တိုင်ပင်နိုင်ပါပြီရှင်။

📍BLOCK 105, INNO CITY, SOUTH OKKALAPA, YANGON, MYANMAR
📞09789666124, 09789666421

EV ကား တင်သွင်းတော့မယ့် လုပ်ငန်းရှင်ကြီးများအတွက် Logistics ပိုင်းမှာ ကုန်ကျစရိတ် သက်သာပြီး အဆင့်ဆင့် သယ်ယူပို့ဆောင်ရေး ...
05/08/2026

EV ကား တင်သွင်းတော့မယ့် လုပ်ငန်းရှင်ကြီးများအတွက် Logistics ပိုင်းမှာ ကုန်ကျစရိတ် သက်သာပြီး အဆင့်ဆင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်တွေကို အဆင်ပြေချောမွေ့စေဖို့ AY GO ရဲ့ EV Logistics Service က အကောင်းဆုံး ကူညီဆောင်ရွက်ပေးနေပါတယ်ရှင်။

EV တင်သွင်းတဲ့အခါ AY GO ရဲ့ ဝန်ဆောင်မှုကို အသုံးပြုမယ်ဆိုရင် လုပ်ငန်းရှင်တို့အတွက် ဘာကြောင့် စရိတ်သက်သာပြီး ပိုမို ထိရောက်စေတာလဲ?

⚡️ End-to-End One-Stop Service
ဆိပ်ကမ်းကစပြီးသတ်မှတ်နေရာအထိ ကုန်ပစ္စည်း လက်ခံခြင်း၊ သယ်ယူခြင်းနှင့် လွှဲပြောင်းခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်ကို တစ်နေရာတည်းမှာ တာဝန်ယူပေးတဲ့အတွက် တန်းစီစောင့်ရတာတွေ နဲ့ ကုန်ကျစရိတ် ပိုမိုကုန်ကျမှုများကို လျှော့ချပေးနိုင်ခြင်း။

⚡️ EV သီးသန့် Safety & Handling standard
EV Battery နှင့် ကားအစိတ်အပိုင်းများရဲ့ ထိခိုက်လွယ်တဲ့အချက်တွေကို နားလည်ပြီး အထူးပြု စက်ကိရိယာများ၊ ကျွမ်းကျင် ဝန်ထမ်းများဖြင့် စနစ်တကျ သယ်ယူပေးတဲ့အတွက်ပျက်စီးဆုံးရှုံးမှု ရာခိုင်နှုန်းကို အနည်းဆုံးဖြစ်အောင် ကာကွယ်ပေးခြင်း။

⚡️ Optimal Route & Transport Optimization
သယ်ယူစရိတ် ထိရောက်စေဖို့ အကောင်းဆုံး Route များဖြင့် စနစ်တကျသယ်ယူပေးတဲ့အတွက် Logistics Cost ကို ထိရောက်စွာ ချွေတာပေးနိုင်ခြင်း။

⚡️ Clear & Transparent Pricing
Hidden Fees မရှိဘဲ ပုံမှန်ဝန်ဆောင်ခနှုန်းထားများဖြင့် ဆောင်ရွက်ပေးခြင်း။

📌 EV တင်သွင်းမှု အဆင်ပြေချောမွေ့ စွာနဲ့ စရိတ်သက်သာစေဖို့ အတွက် AY GO ရဲ့ Logistics Team နဲ့ ဆက်သွယ်တိုင်ပင်လိုက်တော့နော်

📍BLOCK 105, INNO CITY, SOUTH OKKALAPA, YANGON, MYANMAR
📞09789666124, 09789666421

EV ကားတွေကို ပြည်ပကနေ ကိုယ်တိုင်/တိုက်ရိုက် တင်သွင်းတော့မယ်ဆိုရင် ဘာတွေ သတိထားရမလဲ? ဘယ်ကနေ စတင်ပြင်ဆင်ရမလဲ? 🚗⚡လက်ရှိ မြန...
01/08/2026

EV ကားတွေကို ပြည်ပကနေ ကိုယ်တိုင်/တိုက်ရိုက် တင်သွင်းတော့မယ်ဆိုရင် ဘာတွေ သတိထားရမလဲ? ဘယ်ကနေ စတင်ပြင်ဆင်ရမလဲ? 🚗⚡

လက်ရှိ မြန်မာ့ကားဈေးကွက်မှာ EV တွေ အသုံးများလာတာနဲ့အမျှ ပြည်ပကနေ EV တင်သွင်းဖို့ စိတ်ဝင်စားသူတွေ ပိုများလာပါတယ်။ ဒါပေမဲ့ EV ဆိုတာ ဆီကားတွေနဲ့ မတူဘဲ နည်းပညာနဲ့ စာရွက်စာတမ်းဆိုင်ရာ အသေးစိတ် သတိထားရမယ့်အချက်တွေ များစွာရှိပါတယ်။

ဒီနေ့မှာတော့ AY GO Purchasing & International Logistics ကနေ EV မသွင်းမီ မဖြစ်မနေ သိထားရမယ့် အချက်များနှင့် စတင်ရမယ့် အဆင့်လိုက် ပြင်ဆင်ပုံတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။

EV မသွင်းမီ မဖြစ်မနေ သတိထားရမယ့် အဓိက (3) ချက်
1️⃣Battery Type & Range
EV ရဲ့ အသက်က Battery ပဲဖြစ်ပါတယ်။ LFP (Lithium Iron Phosphate) လား ?NCM (Nickel Cobalt Manganese) လား?ဆိုတာ သေချာစစ်ဆေးရပါမယ်။

မြန်မာနိုင်ငံရဲ့ ရာသီဥတုနှင့် သင့်တော်ပြီး အပူဒဏ်ခံနိုင်မှု၊ သက်တမ်းကြာရှည်မှုတို့အတွက် မိမိအသုံးပြုမည့် ပုံစံနှင့် ကိုက်ညီတဲ့ Battery ကို ရွေးချယ်ရပါမယ်။

တိုက်ရိုက် တင်သွင်းတဲ့အခါ Battery ရဲ့ SOH (State of Health) သို့မဟုတ် Factory Certificate စနစ်တကျ ပါ၊ မပါ စစ်ဆေးဖို့ လိုအပ်ပါတယ်။

2️⃣Shipping & Cargo Safety
EV Battery တွေက Dangerous Goods (DG Cargo) အုပ်စုမှာ ပါဝင်နိုင်တဲ့အတွက် တခြား ပစ္စည်းတွေလိုသယ်ယူလို့မရပါဘူးရှင်

ရေကြောင်း သို့မဟုတ် ကုန်းကြောင်း Logistics ကုမ္ပဏီသည် EV Special Handling Certificate ရှိရပါမယ်။

သယ်ယူစဉ် လမ်းကြောင်းတစ်ခုလုံးမှာ Battery ထိခိုက်မှုမရှိအောင် ပို့ဆောင်ပေးနိုင်တဲ့ Logistics Partner ကို ရွေးချယ်ဖို့ အလွန်အရေးကြီးပါတယ်။

3️⃣Home Charger & Charging Port Standard
ကားမရောက်ခင် မိမိအိမ်မှာ 3-Phase မီတာ တပ်ဆင်နိုင်မှု ရှိ/မရှိ၊ Charger တပ်ဆင်ဖို့ လျှပ်စစ်လိုင်း အဆင်ပြေ/မပြေ ကြိုတင် စစ်ဆေးရပါမယ်။ ဒါ့အပြင် တင်သွင်းမည့် ကားရဲ့Charging Port အမျိုးအစား (ဥပမာ - တရုတ်စံနှုန်း GB/T သို့မဟုတ် နိုင်ငံတကာစံနှုန်း CCS2) ကို သေချာသိရှိထားရပါမယ်။

EV စတင်သွင်းယူတော့မယ်ဆိုရင် ဘယ်က စလုပ်ရမလဲ?

🔹 Step 1: ကားအမျိုးအစားနှင့် ကိုယ်တကယ်သုံးမယ့်အချက်ကို သတ်မှတ်ပါ
မိမိ စီးနင်းမည့် သွားလာမှု အကွာအဝေး (Range)၊ ဘတ်ဂျက်နှင့် ကားအမျိုးအစား (SUV, Sedan သို့မဟုတ် City Commuter) တို့ကို ကြိုတင် လျာထားပါ။

🔹 Step 2: ပြည်ပစက်ရုံ/Dealer မှ တိုက်ရိုက် Purchasing ပြုလုပ်ပါ
စိတ်ချရတဲ့ ပြည်ပ စက်ရုံ/Authorized Dealer တွေဆီက ကားအသစ် (သို့မဟုတ်) Quality စိတ်ချရသည့် ကားများကို တိုက်ရိုက် မှာယူပါ။

🔹 Step 3: စိတ်ချရတဲ့ Cargo & Logistics ဖြင့် သယ်ယူပါ
ကားမှာယူပြီးပါက ပြည်ပစက်ရုံမှ သိုလှောင်ရုံအထိ၊ ထိုမှတစ်ဆင့် မြန်မာပြည် အရောက် Door-to-Door Cargo Service ဖြင့် အေးဆေးစွာ ပို့ဆောင်ပါ။ Customs Clearance (ဆိပ်ကမ်း/နယ်စပ် ကင်းလွတ်ခွင့်နှင့် အခွန်ကိစ္စများ) စနစ်တကျ ဆောင်ရွက်ပေးနိုင်သည့် Logistics ကို ရွေးချယ်ပါ။

🔹 Step 4: လိုင်စင်နှင့် စာရွက်စာတမ်း လျှောက်ထားပါ
ကားရောက်ရှိလာပါက တရားဝင် လိုင်စင်လျှောက်ထားခြင်းနှင့် မော်တော်ယာဉ်စစ်ဆေးရေး လုပ်ငန်းစဉ်များကို ဌာနဆိုင်ရာ စည်းမျဉ်းများအတိုင်း ဆောင်ရွက်ပါ။

AY GO Purchasing & International Logistics ရဲ့ အကူအညီကို ရယူပါ
EV ကားတစ်စီး တင်သွင်းဖို့ စာရွက်စာတမ်း ရှုပ်ထွေးတာတွေ၊ သယ်ယူပို့ဆောင်ရေး အန္တရာယ်တွေအတွက် ပူပန်နေရပါသလား?

AY GO မှ
✅ တရုတ်နိုင်ငံမှ EV ကားများနှင့် Spare Parts များကို တိုက်ရိုက် Purchasing လုပ်ပေးခြင်း
✅ အန္တရာယ်ကင်းရှင်းသော EV Cargo & Logistics ဖြင့် စနစ်တကျ သယ်ယူပေးခြင်း
✅ Customs Clearance နှင့် လိုင်စင် လျှောက်ထားရေး ဝန်ဆောင်မှုများ
အစရှိသည်တို့ကို တစ်နေရာတည်းမှာ One-Stop Service အဖြစ် တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီ။

👉 မိမိ တင်သွင်းလိုသည့် EV ကားနှင့် ပတ်သက်ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက Messenger မှတစ်ဆင့် အခုပဲ ဆက်သွယ်လိုက်ပါ!

📍BLOCK 105, INNO CITY, SOUTH OKKALAPA, YANGON, MYANMAR
📞09789666124, 09789666421

💐 Happy National Girlfriend’s Day 🎉ချစ်ခြင်းမေတ္တာတွေ၊ နွေးထွေးမှုတွေနဲ့ အမြဲအချစ်ခံရတဲ့ အမျိုးသမီးလေးတွေ ဖြစ်ပါစေရှင်✨ ...
01/08/2026

💐 Happy National Girlfriend’s Day 🎉

ချစ်ခြင်းမေတ္တာတွေ၊ နွေးထွေးမှုတွေနဲ့ အမြဲအချစ်ခံရတဲ့ အမျိုးသမီးလေးတွေ ဖြစ်ပါစေရှင်✨

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဝါဆိုလပြည့် ဓမ္စကြာအခါတော်နေ့အခါသမယတွင် မြန်မာပြည်သူ၊ပြည်သား အ...
29/07/2026

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ဝါဆိုလပြည့် ဓမ္စကြာအခါတော်နေ့အခါသမယတွင် မြန်မာပြည်သူ၊ပြည်သား အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း များနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း AY GO Purchasing & International Logistics မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

မင်္ဂလာရှိသော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါစေရှင်။

#ဝါဆိုလပြည့်
#ဓမ္မစကြာအခါတော်နေ့

တရုတ် နဲ့ ထိုင်းနိုင်ငံကနေသယ်ချင်တာလား? မြန်မာကနေ တရုတ် နဲ့ ထိုင်းကိုပို့ချင်တာလား? AY GO နဲ့ချိတ်ဆက်ပြီး ယုံကြည်စိတ်ချစ...
27/07/2026

တရုတ် နဲ့ ထိုင်းနိုင်ငံကနေသယ်ချင်တာလား? မြန်မာကနေ တရုတ် နဲ့ ထိုင်းကိုပို့ချင်တာလား?
AY GO နဲ့ချိတ်ဆက်ပြီး ယုံကြည်စိတ်ချစွာပို့ဆောင်လို့ရနေပါပြီရှင်✨

လုပ်ငန်းရှင်များ၊ Online Shop ပိုင်ရှင်များ ပစ္စည်းမှာယူသူများအတွက် Air, Land, Sea Transport လမ်းကြောင်း (3) မျိုးလုံးဖြင့် Door-to-Door Delivery Service ပေးနေပါပြီ။

📍 China to Yangon , Yangon to China
Sea Freight - 2Months
Air Freight – 1 week
📍 Thailand to Yangon , Yangon to Thailand
Land Freight – 1 Month
Sea Freight – 2 Months
Air Freight- 1 week
လမ်းကြောင်းတိုင်းအတွက် တရားဝင်လိုင်စင်နဲ့သယ်ပေးတာဖြစ်လို လုပ်ငန်းရှင်တို့အနေနဲ့ စိတ်ချထားလို့ရပါတယ်ရှင်။

တင်သွင်းလိုသည့် ပစ္စည်းအမျိုးအစားနှင့် သယ်ယူခ အသေးစိတ်ကို Page Messenger သို စာပို့၍ သော်လည်းကောင်း၊ 09789666124, 09789666421 သို့ ဖုန်းဆက်၍သော်လည်းကောင်း တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်။

📍BLOCK 105, INNO CITY, SOUTH OKKALAPA, YANGON, MYANMAR
📞09789666124, 09789666421

နှစ် 20 ကျော်နေပြီဖြစ်တဲ့ကားဟောင်းကြီးကို EV အသစ်တစ်စီးနဲ့လဲလှယ်ဖို့ AYGO နဲ့ချိတ်ဆက်လိုက်ပါမိမိဆီမှာရှိတဲ့ နှစ် ၂၀ ကျော...
26/07/2026

နှစ် 20 ကျော်နေပြီဖြစ်တဲ့ကားဟောင်းကြီးကို EV အသစ်တစ်စီးနဲ့လဲလှယ်ဖို့ AYGO နဲ့ချိတ်ဆက်လိုက်ပါ

မိမိဆီမှာရှိတဲ့ နှစ် ၂၀ ကျော် ကားဟောင်း၊ သက်တမ်းကုန်/အသုံးပြုရခက်ခဲနေတဲ့ ယာဉ်တွေကို အစိုးရသတ်မှတ်ချက်အတိုင်း စနစ်တကျအပ်နှံပြီး EV အသစ်တင်သွင်းနိုင်ဖို့ AY GO က အစအဆုံး တာဝန်ယူပေးနေပါပြီ။

ကားဟောင်းအပ်နှံရုံတင်မကဘဲ မိမိကြိုက်နှစ်သက်တဲ့ Brand & Model ကို ရွေးချယ်နိုင်မယ့် One-Stop Multi-Brand EV Import Service ကို AY GO မှာ ရရှိနိုင်ပါပြီ! 🤝

AY GO ရဲ့ One-Stop Service မှာ ဘာတွေပါဝင်လဲ?
✅ ကားဟောင်း စစ်ဆေးပေးခြင်း
အပ်နှံခွင့် ရှိ/မရှိ အချက်အလက်များ အခမဲ့စစ်ဆေးပေးခြင်း
✅ အစိုးရရုံးလုပ်ငန်းများ
ကားဟောင်းအပ်နှံခြင်း၊ Deregistration Certificate, Form D, Replacement Slip များ ရရှိအောင် ဆောင်ရွက်ပေးခြင်း
✅ Multi-Brand ရွေးချယ်ခွင့်
SUV, Sedan, MPV မှ Commercial Vehicle အထိ Battery Range & Budget အလိုက် စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း
✅ တင်သွင်းရေးနှင့် ဆိပ်ကမ်းလုပ်ငန်းများအစိုးရခွင့်ပြုချက် ရယူခြင်း၊ Shipping၊ Customs Clearance နှင့် Port Process များ တာဝန်ယူပေးခြင်း
✅ နံပါတ်ထွက်သည်အထိ ဆောင်ရွက်ပေးခြင်း
RTAD Registration & Number Plate လုပ်ငန်းစဉ်များ ပြုလုပ်ပေးခြင်း
✅ စိတ်ချရသော After-Sales Service Showroom၊ Service Center၊ Spare Parts နှင့် Technical Support အပြည့်အဝ ပေးအပ်ခြင်း

✨ AY GO ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?
✔️အစိုးရ Approval မရမီ ငွေကြေးဆုံးရှုံးမှုမရှိအောင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးခြင်း
ဈေးနှုန်း၊ Specification နှင့် စာချုပ်စာတမ်းများကို တိကျစွာ ပြုလုပ်ပေးခြင်း
✔️China-Myanmar Logistics Network အခိုင်အမာရှိပြီး တိကျတဲ့ After-sales Service ပေးနိုင်ခြင်း

ကားဟောင်းအပ်နှံဖို့ ကနဦး ပြင်ဆင်ထားရမည့် စာရွက်စာတမ်းများကတော့
✨ကား Owner Book
✨Vehicle Registration
✨NRC Copy
✨Wheel Tax
✨Chassis Number နှင့်
✨Engine Number စာရွက်စာတမ်းများ ဖြစ်ပါတယ်ရှင်။

ကားဟောင်းအစားထိုးပြီး EV အသစ်တင်သွင်းလိုသူများအတွက်အသေးစိတ်သိရှိလိုပါက AY GO ရဲ့ Page Messenger သို့မဟုတ် 09789666124, 09789666421 ကိုဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါပြီရှင် 📩

📍BLOCK 105, INNO CITY, SOUTH OKKALAPA, YANGON, MYANMAR
📞09789666124, 09789666421

တရားမဝင်လမ်းကြောင်းက သယ်ရင် ဘာလို့ ပစ္စည်းသိမ်းခံရနိုင်တာလဲ?ပြည်ပကနေ ကုန်ပစ္စည်းတွေ မှာယူတင်သွင်းတဲ့အခါ သတင်းအချက်အလက် မ...
25/07/2026

တရားမဝင်လမ်းကြောင်းက သယ်ရင် ဘာလို့ ပစ္စည်းသိမ်းခံရနိုင်တာလဲ?

ပြည်ပကနေ ကုန်ပစ္စည်းတွေ မှာယူတင်သွင်းတဲ့အခါ သတင်းအချက်အလက် မစုံလင်လို့ဖြစ်ဖြစ် တရားမဝင်/လိုင်းကြေးပေး သယ်ယူတဲ့ လမ်းကြောင်းတွေ (Border / Grey Channels) ကို အသုံးပြုမိတတ်ကြပါတယ်။

"အဆင်ပြေပါတယ်၊ ဒီလိုသယ်တာပဲကြာပါပြီ" ဆိုပြီး သက်သာတာကို ကြည့်ပြီး သွားမိရင် ကုန်ပစ္စည်းအကုန်လုံး အသိမ်းခံရတာ/ဆုံးရှုံးရတာမျိုးထိ ဖြစ်သွားနိုင်တဲ့ အဓိက အန္တရာယ် (၄) ချက်ကို မျှဝေပေးချင်ပါတယ်ရှင်

🚨တရားမဝင် လမ်းကြောင်းတွေကပုံမှန်အားဖြင့် တရားဝင် အကောက်ခွန် (Customs) ခွင့်ပြုချက်မရှိဘဲ သွားကြတာဖြစ်ပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ရုတ်တရက် စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်လိုက်တာ သို့မဟုတ် ရှောင်တခင် ဝင်ရောက်စစ်ဆေးတာမျိုး (Raid) ကြုံရရင် ကုန်ပစ္စည်းအားလုံးကို တရားမဝင် တင်သွင်းမှုအဖြစ် တိုက်ရိုက် အသိမ်းဆည်းခံရနိုင်ပါတယ်။

🚨တရားဝင်လမ်းကြောင်းကသွားရင် Import License, Invoice, Packing List စတဲ့ စာရွက်စာတမ်း အပြည့်အစုံရှိပါတယ်။

တရားမဝင် သယ်ယူရာမှာတော့ ဒီလို အထောက်အထားတွေ မရှိတဲ့အတွက် လမ်းမှာ စစ်ဆေးခံရပါက "ပိုင်ရှင်မဲ့ သို့မဟုတ် တရားမဝင် ကုန်ပစ္စည်း" အဖြစ် သတ်မှတ်ခံရပြီး ပြန်လည်ထုတ်ယူဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။

🚨တရားဝင် Logistics နယ်ပယ်မှာ ကုန်ပစ္စည်း ပျောက်ဆုံးတာ/သိမ်းဆည်းခံရတာတွေအတွက် Cargo Insurance (ကုန်ပစ္စည်းအာမခံ) လျှော်ကြေး ရနိုင်ပေမဲ့၊ တရားမဝင် လမ်းကြောင်းမှာတော့ ကုန်ပစ္စည်း အသိမ်းခံရရင်တော့ဘယ်လျှော်ကြေးမှ ရရှိမှာမဟုတ်ပါဘူး။

🚨 ကုန်ပစ္စည်း သိမ်းဆည်းခံရရုံတင် မကဘဲ ကိုယ့်ရဲ့ Customer တွေဆီ ပစ္စည်း မရောက်နိုင်တော့တဲ့အတွက်ယုံကြည်မှုပျက်စီးသွားနိုင်ပါတယ်။

ဒါ့အပြင် တရားမဝင် တင်သွင်းသူအဖြစ် မှတ်တမ်းဝင်သွားရင် နောက်ပိုင်း တရားဝင် လုပ်ကိုင်ဖို့ပါ ခက်ခဲသွားနိုင်ပါတယ်ရှင်

Purchasing & Logistics အပိုင်းမှာ ခဏတာသက်သာဖို့ထက် ရေရှည် စိတ်အေးရဖို့ က ပိုအရေးကြီးပါတယ်။ တရားဝင် အကောက်ခွန်ဆောင်ပြီး သက်ဆိုင်ရာ လိုင်စင်၊ စာရွက်စာတမ်း အပြည့်အစုံနဲ့ သယ်ယူတာကမှ မိမိရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်ပစ္စည်းတွေကို အပြည့်အဝ အကာအကွယ် ပေးနိုင်မှာဖြစ်ပါတယ်ရှင်။

စိတ်ပူစရာမလိုပဲ တရားဝင်လမ်းကြောင်းကနေ တင်သွင်းချင်တယ်ဆိုရင်တော့ AY GO ကိုသတိရလိုက်နော်

📩 အသေးစိတ်ဆွေးနွေးလိုပါက
📍BLOCK 105, INNO CITY, SOUTH OKKALAPA, YANGON, MYANMAR
📞09789666124, 09789666421 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

📌 နိုင်ငံခြားက ပစ္စည်းတွေကို မြန်မာပြည်တွင်းမှာ တရားဝင် Distributor အဖြစ် လုပ်ကိုင်တော့မယ်ဆိုရင် ဘာတွေလိုအပ်မလဲ?အိမ်နီးန...
20/07/2026

📌 နိုင်ငံခြားက ပစ္စည်းတွေကို မြန်မာပြည်တွင်းမှာ တရားဝင် Distributor အဖြစ် လုပ်ကိုင်တော့မယ်ဆိုရင် ဘာတွေလိုအပ်မလဲ?

အိမ်နီးနားချင်းနိုင်ငံတွေ ဒါမှမဟုတ် နိုင်ငံတကာက နာမည်ကြီး Brand တွေ၊ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို မြန်မာပြည်တွင်းမှာ Exclusive Distributor (သို့မဟုတ်) Official Distributor အဖြစ် တရားဝင် ကိုယ်စားလှယ်ယူပြီး ဖြန့်ချိဖို့ စိတ်ကူးနေပြီလား?

ဒါဆိုရင်တော့ စိတ်ကူးရှိရုံတင်မကဘဲ စီးပွားရေးရေရှည်ခိုင်မာဖို့နဲ့ ဥပဒေကြောင်းအရ အဆင်ပြေချောမွေ့ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရမယ့် အဓိကအချက် (၅) ချက်ကို AY GO က မျှဝေပေးလိုက်ပါတယ်။

✅တရားဝင် ကုမ္ပဏီမှတ်ပုံတင်ခြင်း (Company Registration)
ကိုယ်က တစ်ဖက်နိုင်ငံက Brand တစ်ခုကို ကိုယ်စားလှယ်ယူမှာဖြစ်လို့ ကိုယ့်ဘက်ကလည်း တရားဝင် Legal Entity ဖြစ်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) မှာ MyCO စနစ်နဲ့ ကုမ္ပဏီ တရားဝင် မှတ်ပုံတင်ထားရပါမယ်။ အဲ့ဒါမှတစ်ဖက် Brand နဲ့ Contract ချုပ်တဲ့အခါ ယုံကြည်စိတ်ချရမှာ ဖြစ်ပါတယ်။

✅ပို့ကုန်/သွင်းကုန် လိုင်စင်နှင့် မှတ်ပုံတင်များ (Import/Export License)
နိုင်ငံခြားကနေ ပစ္စည်းတွေကို တရားဝင် အလုံးအရင်းနဲ့ သွင်းရမှာဖြစ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် (Importers/Exporters Registration) အရင်လုပ်ရပါမယ်။ ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး လိုအပ်တဲ့ သွင်းကုန်လိုင်စင် (Import License) တွေကိုလည်း လျှောက်ထားရမှာ ဖြစ်ပါတယ်။

✅သက်ဆိုင်ရာ ဌာနဆိုင်ရာ ထောက်ခံချက်များ (FDA / Regulatory Approvals)
ဒါက အရေးကြီးဆုံးအပိုင်းပါ။ ကိုယ်သွင်းမယ့်ပစ္စည်းက -
✨အစားအသောက်၊ ဆေးဝါးနဲ့ အလှကုန်ဆိုရင် ➡️ FDA ထောက်ခံချက်
✨လူသုံးကုန်နဲ့ လျှပ်စစ်ပစ္စည်းဆိုရင် ➡️ မြန်မာနိုင်ငံ စံချိန်စံညွှန်းများ အဖွဲ့အစည်း (MMSD) ရဲ့ သတ်မှတ်ချက်
✨စိုက်ပျိုးရေးသုံးဆိုရင် ➡️ စိုက်ပျိုးရေး ဦးစီးဌာန ရဲ့ ထောက်ခံချက် စတာတွေကို မဖြစ်မနေ လျှောက်ထား ရယူရပါမယ်။

✅ဖြန့်ချိခွင့် သဘောတူညီချက် စာချုပ် (Distribution Agreement)
မူရင်း Brand ပိုင်ရှင် (Manufacturer/Supplier) နဲ့ ချုပ်ဆိုရမယ့် စာချုပ် ဖြစ်ပါတယ်။ ဒီစာချုပ်မှာ -
✔️ကိုယ်က မြန်မာပြည်တွင်းမှာ တစ်ဦးတည်း ဖြန့်ချိခွင့် (Exclusive Right) ရတာလား?
✔️Contract သက်တမ်း ဘယ်လောက်လဲ?
✔️တစ်နှစ်ကို Target ဘယ်လောက် ရောင်းပေးရမလဲ?
✔️Marketingကို ဘယ်သူက ဘယ်လောက် ကုန်ကျခံမှာလဲ? ဆိုတာတွေကို သေချာတိကျစွာ ထည့်သွင်းချုပ်ဆိုရပါမယ်။

✅ပြည်တွင်း ဈေးကွက်နှင့် Logistics အဆင်သင့်ဖြစ်မှု
ပစ္စည်းတွေ တရားဝင်ဝင်လာပြီဆိုရင် ဂိုဒေါင်စနစ် (Warehousing)၊ ရန်ကုန်နဲ့ နယ်မြို့တွေကို ဖြန့်မယ့် Transport & Logistics စနစ် စတာတွေအပြင် Market ထဲမှာ နေရာရအောင်လုပ်မယ့် Digital Marketing Strategy တွေ အဆင်သင့် ရှိနေဖို့ လိုပါတယ်ရှင်။

Official Distributor တစ်ယောက် ဖြစ်လာဖို့ဆိုတာ စာရွက်စာတမ်းတွေ ပြည့်စုံရုံတင်မကဘဲ တစ်ဖက် Brand က ကိုယ့်အပေါ် ယုံကြည်လာအောင် ကိုယ့်ရဲ့ ဈေးကွက်ဖြန့်ချိနိုင်စွမ်း (Marketing & Distribution Power) ကို သေချာ ပြသနိုင်ဖို့ကလည်း အသက်ပါပဲ။

နိုင်ငံခြားကပစ္စည်းတွေကို မြန်မာပြည်တွင်းမှာ တရားဝင် သွင်းယူဖြန့်ချိဖို့ စာရွက်စာတမ်း ကိစ္စတွေ၊ လိုင်စင်ကိစ္စတွေအတွက် အကြံဉာဏ် လိုအပ်နေရင်တော့ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ဖို့အတွက် AY GO ကို အခုပဲ Page Messenger ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

📩 အသေးစိတ်ဆွေးနွေးလိုပါက
📍BLOCK 105, INNO CITY, SOUTH OKKALAPA, YANGON, MYANMAR
📞09789666124, 09789666421 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

Address

South Okkalapa
Yangon

Website

Alerts

Be the first to know and let us send you an email when AY Go Purchasing & International Logistics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share