Hirani Travels & Tours

Hirani Travels & Tours ပျော်ရွှင်ဖွယ်ရာ အမှတ်တရနေ့ရက်များကို Hirani နှင့်ဖန်တီးပါ

09669002869 / 09978773030

အဖွဲ့လိုက် ခရီးထွက်ဖို့ ဟိုတယ်၊ ကားနဲ့ လမ်းကြောင်းတွေ လိုက်စီစဉ်ရတာ ခေါင်းခြောက်နေပြီလား။ 🤯ကုမ္ပဏီ Annual Trip ပဲဖြစ်ဖြစ...
14/09/2026

အဖွဲ့လိုက် ခရီးထွက်ဖို့ ဟိုတယ်၊ ကားနဲ့ လမ်းကြောင်းတွေ လိုက်စီစဉ်ရတာ ခေါင်းခြောက်နေပြီလား။ 🤯

ကုမ္ပဏီ Annual Trip ပဲဖြစ်ဖြစ်၊ အသင်းအဖွဲ့လိုက် လည်ပတ်တာပဲဖြစ်ဖြစ်၊ မိသားစုအလိုက် အပန်းဖြေတာပဲဖြစ်ဖြစ် လူများလာရင် အစစအရာရာ လိုက်စီစဉ်ရတာ တကယ် မလွယ်ပါဘူး။

ကားငှားရတာ၊ ဟိုတယ်အခန်းတွေ ချိတ်ဆက်ရတာနဲ့ သွားမယ့် လမ်းကြောင်း အချိန်ဇယားဆွဲရတာတွေကို ခေါင်းခြောက်မခံဘဲ အေးအေးဆေးဆေး ခရီးသွားနိုင်ဖို့ Hirani Travels & Tours က ကားစီးလုံးငှား သီးသန့်ခရီးစဉ် များကို စနစ်တကျ ပြင်ဆင်ပေးနေပါပြီရှင့်။ 🚌✨

အများဆုံး ကြိုက်နှစ်သက်ကြတဲ့ မတူညီတဲ့ ခရီးစဉ် လမ်းကြောင်း (၂) မျိုးထဲမှ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

🏛️ ပုဂံ – ညောင်ဦး – ပုပ္ပါး ခရီးစဉ်

ရှေးဟောင်းယဉ်ကျေးမှု အငွေ့အသက်များ၊ စည်းကမ်းတကျ သပ္ပါယ်လှသည့် စေတီပုထိုးများနှင့် ပုပ္ပါးတောင်ကလပ်၏ သဘာဝအလှတရားများကို မိသားစု/အဖွဲ့လိုက် လွတ်လပ်စွာ လည်ပတ်နိုင်မည့် ခရီးစဉ်။

ရှမ်းတောင်တန်း၏ Vibe မျိုးစုံကို ခရီးတစ်ခေါက်တည်းနဲ့ သိမ်းပိုက်
ချင်သူများအတွက်

🏔️ တောင်ကြီး – အင်းလေး – ပင်းတယ – ကလော – ရွာငံ ခရီးစဉ်

အင်းလေးကန်၏ ရေပြင်အလှ၊ ပင်းတယ ရွှေဥမင်ဂူ၏ သပ္ပါယ်မှု၊ ကလောနှင့် ရွာငံ၏ အေးမြစိမ်းစိုသည့် သဘာဝအလှတရားများကို အဖွဲ့လိုက် သက်သောင့်သက်သာ ခံစားရမည့် ခရီးစဉ်။

🌟 Hirani ရဲ့ ကားစီးလုံးငှါးခရီးစဉ်မှာဆိုရင်

🚌 အခြားသူများနှင့် ရောစီးစရာမလိုဘဲ အဖွဲ့ဝင်အင်အားအလိုက် (VIP Bus, Express, Alphard, Commuter) များကို စိတ်ကြိုက် ရွေးချယ်နိုင်ခြင်း။

🏨 အဖွဲ့၏ Budget နဲ့ စိတ်ကြိုက်ဖြစ်မယ့် ဟိုတယ်၊ Resort များကို စနစ်တကျ ချိတ်ဆက်ပေးခြင်း။

🗓️ သူများတွေနဲ့ အချိန်လု လည်ပတ်စရာမလိုဘဲ ကိုယ့်အဖွဲ့ အဆင်ပြေမယ့် နားချိန်၊ လည်ချိန်များအတိုင်း သီးသန့် အချိန်ဇယားဆွဲပေးခြင်း။

🤝 ခရီးစဉ်တစ်လျှောက် လုံခြုံစိတ်ချစွာ စီးနင်းနိုင်ရန် ဝါရင့်
ယာဉ်မောင်းများနဲ့ အစအဆုံး ကူညီဆောင်ရွက်ပေးမည့် Tour Leader များ ပါဝင်ပေးခြင်း။

ဟိုတယ်၊ ကား၊ အစားအသောက်နဲ့ လည်ပတ်ရေး အစီအစဉ်တွေကို ကိုယ်တိုင် လိုက်စီမံမနေဘဲ Hirani ကိုသာ တိုင်ပင်ဆွေးနွေးလိုက်ပါ။

မိသားစုအလိုက် ဒါမှမဟုတ် ကုမ္ပဏီ၊ အသင်းအဖွဲ့လိုက် ထွက်ခွါလိုက်မဲ့ ရက်စွဲ၊ လူဦးရေနှင့် သွားချင်တဲ့လမ်းကြောင်းကို Chat Box (သို့) ဖုန်းမှတစ်ဆင့် ဆက်သွယ်တိုင်ပင် စုံစမ်းနိုင်ပါပြီရှင့်။ 💛

☎️ 09 669 002 869
☎️ 09 978 773 030
☎️ 09 697 546 868(Viber)

🏡 အမှတ် (၁၄၁)က၊ မြို့မ (၁၅)လမ်းအလယ်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

#ကားစီးလုံးငှားခရီးစဉ်

✨ ကျောင်းပိတ်ရက်မှာ အိမ်မှာပဲ ဖုန်းကြည့်ရင်း ပျင်းနေမယ့်အစား… ကလေးတွေအတွက် အမှတ်တရပြည့်နှက်နေမယ့် ဘားအံခရီးစဉ်လေး ဖန်တီး...
13/09/2026

✨ ကျောင်းပိတ်ရက်မှာ အိမ်မှာပဲ ဖုန်းကြည့်ရင်း ပျင်းနေမယ့်အစား… ကလေးတွေအတွက် အမှတ်တရပြည့်နှက်နေမယ့် ဘားအံခရီးစဉ်လေး ဖန်တီးပေးလိုက်ပါ။ 🏞️🚌

ဒီတစ်ခေါက် သီတင်းကျွတ် ကျောင်းပိတ်ရက်ရှည်မှာ ကလေးတွေကို အိမ်ထဲမှာပဲ မနေစေဘဲ သဘာဝတောင်တန်းကြီးတွေ၊ စိမ်းစိုနေတဲ့ လယ်ကွင်းတွေနဲ့ ဂူကြီးတွေဆီ ခေါ်သွားဖို့ စဉ်းစားစေချင်ပါတယ်။

စာမေးပွဲတွေပြီးလို့ စိတ်လက်ပေါ့ပါးနေတဲ့ ကလေးတွေအတွက်ရော၊ အလုပ်တွေနဲ့ မောပန်းနေတဲ့ မိဘတွေအတွက်ပါ ဘားအံခရီးစဉ် က အိမ်မက်ဆန်ဆန် အပန်းဖြေနိုင်မယ့် အကောင်းဆုံးနေရာလေးမို့လို့ပါ။ 🌿

ဒီသီတင်းကျွတ်မှာ Hirani Travels & Tours က မိသားစုတိုင်းအတွက် အထူးသီးသန့် စီစဉ်ပေးထားတဲ့ —

✨ ဘားအံ သီတင်းကျွတ် VIP ခရီးစဉ် ✨

📅 ရက်စွဲ - October 24 – 26 (၂ ညအိပ် ၃ ရက်)
🏨 Zwekapin Valley Resort

ဒီခရီးစဉ်မှာ Hirani က ဘာတွေ ဖန်တီးပေးမှာလဲ…

💚 ဇွဲကပင်တောင်ခြေက အေးမြတဲ့ လေနုအေးကို ရှူရှိုက်ရင်း ကလေးတွေကို သဘာဝတရားရဲ့ အလှတရားနဲ့ မိတ်ဆက်ပေးမယ်။ Hotel မှာ ရေကူးကန်အကြီးကြီးလဲ ရှိတော့ ရှယ်ပေါ့။

🛶 သဘာဝဂူကြီးတွေဆီ လည်ပတ်မယ်၊ လှေစီးမယ်၊ ကလေးတွေအတွက် မေ့မရနိုင်မယ့် ပျော်ရွှင်စရာ လှုပ်ရှားမှုလေးတွေ ပါဝင်မယ်။

📸 ရှုခင်းသာယာ လှပတဲ့ ဘားအံမြို့ရဲ့ အမှတ်တရ နေရာတိုင်းမှာ မိသားစုလိုက် ရယ်မောပျော်ရွှင်နေတဲ့ ပုံရိပ်လှလှလေးတွေ ရိုက်ကူးမယ်။

🚌 ကား၊ ဟိုတယ်၊ လည်ပတ်ရေးအစီအစဉ်နဲ့ အစားအသောက်အထိ မိသားစုတိုင်း မပင်ပန်းရအောင် Hirani က အစအဆုံး စနစ်တကျ တာဝန်ယူပေးထားတာကြောင့် မိဘတွေက ကလေးတွေနဲ့အတူ စိတ်လက်ပေါ့ပါးစွာ ပါဝင်ရုံပါပဲ။ ကလေးတွေအကြိုက် မုန့်အစုံလဲ
ဝယ်လို့ရအုံးမှာနော်။

“ကျောင်းဖွင့်ရင် သူငယ်ချင်းတွေကို ပြန်ကြွားစရာ ခရီးသွားအမှတ်တရလေးတွေ” ကလေးတွေမှာ ရှိသွားဖို့ ဒီသီတင်းကျွတ်မှာ ဘားအံကို အတူတူ ခရီးထွက်ကြမယ်။🥳

မိသားစုလိုက် သက်သောင့်သက်သာ ခရီးထွက်ဖို့ VIP Package နေရာများ ကန့်သတ်ချက်ရှိတာမို့ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ။

📩 ခရီးစဉ်အသေးစိတ်နှင့် စာရင်းပေးသွင်းရန် Chat Box သို့လည်းဆက်သွယ်နိုင်ပါတယ်။💛

☎️ 09 669 002 869
☎️ 09 978 773 030
☎️ 09 697 546 868(Viber)

🏡 အမှတ် (၁၄၁)က၊ မြို့မ (၁၅)လမ်းအလယ်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

#ဘားအံခရီးစဉ် #ကျောင်းပိတ်ရက်ခရီးစဉ် #သီတင်းကျွတ်ကျောင်းပိတ်ရက်

🫢 စက်တင်ဘာလမှာ ခရီးထွက်ဖို့ တွေးထားတဲ့သူတွေ ရှိရင် ဒီ post ကို ကျော်မသွားပါနဲ့.. ဘာကြောင့်လဲ ဆိုတော့ ဝန်ဆောင်မှုကို ဦးစာ...
13/09/2026

🫢 စက်တင်ဘာလမှာ ခရီးထွက်ဖို့ တွေးထားတဲ့သူတွေ ရှိရင် ဒီ post ကို ကျော်မသွားပါနဲ့..

ဘာကြောင့်လဲ ဆိုတော့ ဝန်ဆောင်မှုကို ဦးစားပေးပြီး ခရီးစဉ်တွေ စီစဉ်ပေးနေတဲ့ ဟီရဏီ Travel & Tourရဲ့ ခရီးစဉ်တွေမှာ လိုက်ပါဖို့အတွက် မသိလိုက်မှာ စိုးလိုပါ..

ဟီရဏီမှာ ဘယ်လို အမိုက်စား ခရီးစဉ်တွေ ရှိမလဲ..

🚌VVIP ဘားအံ ခရီးစဉ်

လူ ၈ ယောက်ထဲကိုသာ အထူး ဝန်ဆောင်မှု ပေးမယ့် VVIP ခရီးစဉ်မှာ ဆိုရင်
⚜️တောင်ကြား Hotel 2 ညအိပ်၊
⚜️VIP 2+1 ကား၊
⚜️မူကထ ဘူဖေး ညစာ တစ်နပ် အပါအဝင် အစားအသောက် ၆ နပ်၊
⚜️ဘားအံမြို့ရဲ့ တောင်ပတ်လည် ဝိုင်းနေတဲ့ ရှုခင်းအလှကို နောက်ခံထားပြီး အမိုက်စား Video တွေ ရိုက်နိုင်မယ့် The Valley Riders အစီအစဉ်စတဲ့ အမိုက်စား ဝန်ဆောင်မှုတွေပါဝင်မှာ ဖြစ်ပါတယ်။
🥰ဒီလို VVIP ခရီးစဉ်အတွက် တစ်ဦးလျှင် ၆၈၀၀၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။

🚌Zero Stress ဘားအံ ခရီးစဉ်

ခရီးစဉ် အစအဆုံး ဘာကိုမှ စိတ်ပူဖို့မလိုအောင် စီစဉ်ပေးထားတဲ့ Zero Stress ခရီးစဉ်မှာတော့
⚜️တောင်ကြား Hotel 2 ညအိပ်၊
⚜️VIP 2+1 ကား၊
⚜️မူကထ ဘူဖေး ညစာ တစ်နပ် အပါအဝင် အစားအသောက် ၆ နပ်
⚜️ ၂ ညအိပ် ၃ ရက်ခရီး အပြီးအစီး ကိုမှ ၃၈၀၀၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။

🚌 Free & Easy ဘားအံ ခရီးစဉ်

Tour Package တွေအတိုင်း မသွားချင်သူတွေအတွက် အနည်းဆုံး ၂ ဦး ရှိရုံနဲ့ စီစဉ်ပေးတဲ့ Free & Easy အစီအစဉ်ပဲ ဖြစ်ပါတယ်။ အသွားအပြန် ကားခ ၊လည်ပတ်မယ့် ကုန်ကျစရိတ်နဲ့ တည်းခိုစရိတ်တွေကို အသက်သာဆုံးနဲ့ အဆင်ပြေဆုံး ဖြစ်အောင် စီစဉ်ပေးမှာဖြစ်ပါတယ်။ သက်တောင့်သက်သာ ခရီးသွားချင်သူတွေအတွက် အမိုက်စား အစီအစဉ်ဖြစ်တာကြောင့် ရွေးချယ်သင့်ပါတယ်။

🚌Zero Stress ပုဂံ ခရီးစဉ်

ပုဂံမှာ အေးအေးဆေးဆေး ဘုရား ဖူးချင်သူများအတွက် ပုဂံမြို့ သီးသန့် ဘုရား ဖူး အလည်အပတ် ခရီးစဉ်ဖြစ်ပါတယ်။ ဘုရားဖူးခရီးစဉ်ဆိုတော့ ဓာတ်ပုံရိုက်ချင်သူတွေအတွက်ကရောလို့ မေးချင်သူများအတွက်လည်း ဟီရဏီက ဓာတ်ပုံလှလှရိုက်နိုင်ဖို့အတွက် ပုဂံမြို့မှာ မြင်းလှည်းစီးမယ့်အစီအစဉ်နဲ့ ဓာတ်ပုံ အမိုက်စား Video အလန်းစားတွေ ရိုက်ကူးပေးမယ့် အစီအစဉ်လည်းပါဝင်ပါတယ်။
⚜️4 Star အဆင့်ရှိတဲ့ ခမ်းနားတဲ့ Hotel မှာ ၂ ညအိပ် ရမှာ ဖြစ်ပြီး
⚜️VIP 2+1 ကားကြီးနဲ့ လည်ပတ်မှာ ဖြစ်ပါတယ်။
⚜️အစားအသောက် ၇ နပ် ဘူဖေး စီစဉ်ပေးမှာ ဖြစ်တဲ့ ၃ ညအိပ် ၄ ရက် ခရီးစဉ်အတွက်ကတော့ ၃၈၀၀၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။

🚌Zero Stress တောင်ကြီး-အင်းလေး-ကလော-ပင်းတယ-ရွာငံ ခရီးစဉ်

ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အလှဆုံး ဒေသတွေဆီကို အခုလို မိုးတဖွဲဖွဲနဲ့ လှပတဲ့ ကာလမှာ အလည်သွားဖို့အတွက် စိတ်ဝင်စားတယ်ဆိုရင်တော့ ဟီရဏီရဲ့ Zero Stress ခရီးစဉ်နဲ့သာ ချိတ်ဆက်လိုက်ပါ။
⚜️အင်းလေးစက်လှေစီးခ တောင်ပေါ်တန်းဘုရားဖူးကားခ စတဲ့ ထပ်ဆောင်း အပို ကုန်စရာ တွေ ဘာမှ ထပ်ပေးဖို့မလိုတဲ့အပြင်
⚜️VIP 2+1 ကား
⚜️အဆင့်မြင့် Hotel 2 ညအိပ်
⚜️အစားအသောက် ၇ နပ် ပါဝင်တဲ့ ၃ ညအိပ် ၄ ရက် ခရီးစဉ်ဖြစ်ပါတယ်။

စက်တင်ဘာလမှာ ချစ်ခင်ရသူတွေနဲ့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေကို ဖန်တီးဖို့ ဟီရဏီရဲ့ ခရီးစဉ်တွေနဲ့ ချိတ်ဆက်လိုက်တော့ဗျို့

ခရီးစဉ်တိုင်းအတွက်

🔸သမိုင်းကြောင်းကျွမ်းကျင်သော လမ်းကြောင်းတာဝန်ခံများ၊
🔸ရေသန့် Free flow
🔸အဆာပြေမုန့် ၂ကြိမ်၊ အားဖြည့်အချိုရည်
🔸 စနိုးတာဝါ
🔸 အခြေခံအိမ်သုံးဆေးဝါးများ ပါဝင်မှာ ဖြစ်ပါတယ်။

ခရီးစဉ်လက်မှတ်များကို 𝒃𝒂𝒏𝒌𝒊𝒏𝒈 များဖြင့်အလွယ်တကူငွေပေးချေနိုင်ပါတယ်။

✨ခရီးစဉ်အသေးစိတ် သိရှိလိုပါက
☎️09 669 002 869
☎️09 978 773 030 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ရုံးသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လိုသော လူကြီးမင်းများ အနေဖြင့်

အမှတ်(၁၄၁) ၊ မြို့မ(၁၅)လမ်း(အလယ်) သာကေတမြို့နယ်။

🚌၇၄ ကြိမ်မြောက် အဘထွက်ပွဲ နဲ့ ပုဂံ ညောင်ဦး ပုပ္ပါး ခရီးစဉ်ကို 410000 ကျပ်ထဲနဲ့ အဆင့်မြင့်မြင့် သက်တောင့်သက်သာနဲ့ သွားလို...
13/09/2026

🚌၇၄ ကြိမ်မြောက် အဘထွက်ပွဲ နဲ့ ပုဂံ ညောင်ဦး ပုပ္ပါး ခရီးစဉ်ကို 410000 ကျပ်ထဲနဲ့ အဆင့်မြင့်မြင့် သက်တောင့်သက်သာနဲ့ သွားလိုရပါပြီ

ဟီရဏီရဲ့ အဘထွက်ပွဲခရီးစဉ်လေးက စက်တင်ဘာ ၂၅ ရက်နေ့မှာ စထွက်မှာ ဖြစ်ပြီး ၃ ညအိပ် ၄ ရက် ခရီးစဉ်ပဲဖြစ်ပါတယ်

အဘထွက်ပွဲကို တနှစ်တခါ ရောက်အောင်သွားနေကြတဲ့သူတွေအတွက်လည်း အချိန်မီ အရောက်သွားနိုင်မှာ ဖြစ်ပြီး

လမ်းခရီးမှာ အေးအေးချမ်းချမ်း ခရီးသွားနိုင်ဖိုကိုလည်း ဟီရဏီက အပြည့်အဝ တာဝန်ယူမှာဖြစ်ပါတယ်။

ဒါကြောင့် အဘထွက်ပွဲ ခရီးစဉ်ကို စောင့်မျှော်နေသူတွေ အတွက် ဟီရဏီရဲ့ စက်တင်ဘာ လ ၂၅ရက်နေ့ ခရီးစဉ် လေးမှာလိုက်ပါလိုရပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါရစေ..

🚌 ကားအမျိုးအစား - VIP 2+1
🏨ရေကူးကန်ပါသော 4star အဆင့်ရှိဟိုတယ်
🍛အစားအသောက် ဘူဖေး ၇နပ်

လည်ပတ်မည့် နေရာများ

✨အဘစင်မြင့်ရွာ
🎇 အာနန္ဒာဘုရား(နု)
🎇 သဗ္ဗညုဘုရား(ဉာဏ်)
🎇 ဓမ္မံရံကြီးဘုရား(ထု)
🎇 ရွှေစည်းခုံစေတီတော် (တန်ခိုး)
⛰️ပုပ္ပါးတောင်ကလပ်

ပြည့်ငါးပြည့် ဘုရား(၅)ဆူ ကုသိုလ်ယူဖို

🎇 တာမဏီ
🎇 လောကနန္ဒာ
🎇 ဓမ္မရာဇိက
🎇 ရွှေဆံတော်
💧 မနူဟာ
💧 ဘူးဘုရား
💧 ငှက်ပစ်တောင်
💧 ကန်တော့ပလ္လင်
💧 ထီးလိုမင်းလို
💧 အလိုတော်ပြည့်
💧 နှစ်ထပ်ဘုရား
💧 မီးမလောင်ကျောင်း

ပါဝင်သော ဝန်ဆောင်မှုများ

🔸စက်လှေ ခ၊ မြင်းလှည်းခ
🎁ကံစမ်းမဲအစီအစဉ်
🔸သမိုင်းကြောင်းကျွမ်းကျင်သော လမ်းကြောင်းတာဝန်ခံများ၊
🔸ရေသန့် Free flow
🔸အဆာပြေမုန့် ၂ကြိမ်၊ အားဖြည့်အချိုရည်
🔸 စနိုးတာဝါ
🔸 အခြေခံအိမ်သုံးဆေးဝါးများ

လက်မှတ်ဝယ်ယူဖို အတွက် အသေးစိတ်သိရှိချင်တယ်ဆိုရင်တော့
☎️09 669 002 869
☎️09 978 773 030 သိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

ရုံးသို ကိုယ်တိုင်ကိုယ်ကျ လာရောက်လိုသော လူကြီးမင်းများ အနေဖြင့်

အမှတ်(၁၄၁) ၊ မြိုမ(၁၅)လမ်း(အလယ်) သာကေတမြိုနယ်။

11/09/2026

ဘားအံ မှ အခုချိန် ပိုလှတယ်ဆို ယုံနိုင်မလား... #ဘားအံ

အင်းလေးရေပြင်ပေါ်မှာ ရိုးရာအမွေအနှစ်တွေ အသက်ဝင်လာတဲ့အချိန် ရောက်ပါတော့မယ်။ 🪷ဝါလကင်းလွတ် သီတင်းကျွတ် ရာသီဥတု အေးအေးလေးမှာ...
10/09/2026

အင်းလေးရေပြင်ပေါ်မှာ ရိုးရာအမွေအနှစ်တွေ
အသက်ဝင်လာတဲ့အချိန် ရောက်ပါတော့မယ်။ 🪷

ဝါလကင်းလွတ် သီတင်းကျွတ် ရာသီဥတု အေးအေးလေးမှာ မြန်မာနိုင်ငံရဲ့ အခမ်းနားဆုံးနဲ့ ရှမ်းပြည်နယ်ရဲ့ ဂုဏ်ယူဖွယ်ရာ
"အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်" ဆိုတာ

ခရီးသွားချစ်သူတိုင်း ဘဝမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ် လူကိုယ်တိုင် သွားရောက်ခံစားသင့်တဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်ကြီးဖြစ်ပါတယ်။

ထူးခြားဆန်းကြယ်တဲ့ အင်းလေးရဲ့ ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုအလှတရားတွေကို ဒီခရီးစဉ်မှာ မဖြစ်မနေ တွေ့ကြုံခံစားရမှာ ဖြစ်ပါတယ်။

✨ မြတ်စွာဘုရားရှင်ရဲ့ ရုပ်ပွားတော်မြတ် (၄) ဆူကို ရွှေရောင်ဝင်းပြောင်နေတဲ့ ကရဝိက်ဖောင်တော်ကြီးပေါ် ပင့်ဆောင်ကာ အင်းလေးကန်တစ်ခွင် ကျေးရွာများကို ဒေသစာရီ လှည့်လည်ပူဇော်တဲ့
ပုံရိပ်

🚣‍♂️ ဖောင်တော်ကြီးရဲ့ ရှေ့ကနေ ရိုးရာဝတ်စုံအပြည့်နဲ့ အင်းသားတို့ရဲ့ ညီညာဖျတ်လတ်စွာ ခြေနဲ့ လှေလှော်ကာ လှေများနဲ့ ခြံရံ ပင့်ဆောင်
တဲ့မြင်ကွင်း

🥁 အင်းသား၊ ပအိုဝ်း၊ ရှမ်း စတဲ့ တိုင်းရင်းသားတို့ရဲ့ ရိုးရာမောင်း၊ လင်းကွင်းသံ၊ ရှမ်းအိုးစည်သံ၊ တိုးနယားအကနဲ့ အတူ စိတ်လှုပ်ရှားဖွယ် ခြေလှော်လှေ ပြိုင်ပွဲများ၊ ရိုးရာ အကအလှများကို အနီးကပ် တွေ့မြင်ခံစားရမှာပါ။

🕯️ညနေခင်း ရေပြင်ကျယ်ကြီးပေါ်မှာ ဆီမီးပူဇော်ကြရင်း တောင်တန်းတွေကြားက သီတင်းကျွတ်လပြည့်ည အလှကို ငေးမောရတဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့မရတဲ့ အေးချမ်းမှုကို ပေးစွမ်းမှာပါ။

ဒီလို ထူးခြားပြီး နှစ်စဉ် ကြည့်မဝနိုင်တဲ့ သီတင်းကျွတ် အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် ခရီးစဉ် ကို Hirani Travels & Tours ကနေ အထူးသီးသန့် အစီအစဉ်များ နဲ့ စနစ်တကျ ပြင်ဆင်ပေးနေပါပြီ။ 🥳

ဧည့်သည်တော်များအတွက် ခရီးစဉ်တစ်လျှောက် သက်သောင့်သက်သာ လည်ပတ်နိုင်မဲ့ အကောင်းဆုံး လည်ပတ်ရေးအစီအစဉ်၊ အဆင့်မြင့် တည်းခိုရေးနဲ့ အမှတ်တရ နေရာဆန်းလေးများ ကို သေချာစိစစ် စီစဉ်နေဆဲဖြစ်တာမို့ ခရီးစဉ် အသေးစိတ်နှင့် ဈေးနှုန်းများကို မကြာမီ သီးသန့် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။🔔

သီတင်းကျွတ် ပွဲတော်ကာလဖြစ်တာ ကြောင့် တည်းခိုရေးနဲ့ ကား၊ လှေ နေရာများ ကန့်သတ်ချက်ရှိ လို့

👉 Hirani ရဲ့ Page ကို အမြဲစောင့်ကြည့်ပြီး ခရီးစဉ်သစ် ထွက်လာတာနဲ့ အမြန်ဆုံး လက်ဦးမှုယူနိုင်ဖို့ စောင့်မျှော်ပေးကြပါအုံးနော်။✨

☎️ 09 669 002 869
☎️ 09 978 773 030

🏡 အမှတ် (၁၄၁)က၊ မြို့မ (၁၅)လမ်းအလယ်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

ခရီးသွားရင် ဘယ်လိုနေရာမျိုးကို ရွေးမလဲ။တောင်ပေါ်က မြို့အေးအေးလေးလား…ရေပြင်ကျယ်ကြီးနဲ့ သဘာဝရှုခင်းလား…ဒါမှမဟုတ် တောင်တန်း...
09/09/2026

ခရီးသွားရင် ဘယ်လိုနေရာမျိုးကို ရွေးမလဲ။

တောင်ပေါ်က မြို့အေးအေးလေးလား…
ရေပြင်ကျယ်ကြီးနဲ့ သဘာဝရှုခင်းလား…

ဒါမှမဟုတ်
တောင်တန်းလမ်းလေးတွေနဲ့ အေးမြတဲ့အငွေ့အသက်လား…

ဒီ ခရီးစဉ်နဲ့ဆို တစ်ခုတည်း ရွေးစရာမလိုတော့ပါဘူး။

Hirani Travels & Tours က
တောင်ကြီး – အင်းလေး – ကလော
၄ ညအိပ် ၅ ရက် ခရီးစဉ်မှာ
သုံးမျိုးလုံးကို တစ်ခရီးတည်းနဲ့ စီစဉ်ပေးထားပါတယ်။

🏔️ တောင်ကြီး
🌊 အင်းလေး
🌲 ကလော

အင်းလေးမှာ လှေစီးခ၊
တောင်တက်ကားခနဲ့ ဆက်လက်သွားလာရမယ့် ကားခတွေကိုလည်း
သီးသန့် ထပ်မံပေးဆောင်စရာမလိုဘဲ ခရီးစဉ်အတွင်း အပြီးအစီး စီစဉ်ပေးထားပါတယ်။

တည်းခိုရေးမှာလည်း—

• တောင်ကြီးမြို့ပေါ် ဟိုတယ် ၁ ည
• အင်းလေးကန်အနီး ရေကူးကန်ပါ ဟိုတယ် ၁ ည
• အသွားအပြန် VIP 2+1 ကား

နေရာရွေးစရာမလို၊
သွားလာရေး စီစဉ်စရာမလိုဘဲ
တစ်ခရီးလုံးကို အေးအေးဆေးဆေး လိုက်ပါခံစားရုံပါပဲ။

ဒီခရီးစဉ်လေးနဲ့
ရှမ်းပြည်ရဲ့ မတူညီတဲ့ ရှုခင်း ၃ မျိုးကို
၅ ရက်အတွင်း တစ်ခါတည်း ခံစားလိုက်ပါ။

📍 တောင်ကြီး – အင်းလေး – ကလော
📅 ၄ ညအိပ် ၅ ရက်

Hirani Travels & Tours ရဲ့
ရှမ်းတောင်တန်းခရီးစဉ်အတွက် Booking ပြုလုပ်နိုင်ပါပြီ။ 🥳

☎️ 09 669 002 869
☎️ 09 978 773 030
☎️ 09 697 546 868(Viber)

🏡 အမှတ် (၁၄၁)က၊ မြို့မ (၁၅)လမ်းအလယ်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

ပြည်ပခရီးစဉ်အတွက် လိုအပ်တဲ့ Passport & Visa ဝန်ဆောင်မှုများကို Hirani တွင် စနစ်တကျ ဆောင်ရွက်နိုင်ပါပြီ။ 📣ပြည်ပခရီးစဉ်တစ်...
07/09/2026

ပြည်ပခရီးစဉ်အတွက် လိုအပ်တဲ့ Passport & Visa ဝန်ဆောင်မှုများကို Hirani တွင် စနစ်တကျ ဆောင်ရွက်နိုင်ပါပြီ။ 📣

ပြည်ပခရီးစဉ်တစ်ခု စီစဉ်ရာမှာ
လေယာဉ်လက်မှတ်နဲ့ ဟိုတယ် Booking တင်မကဘဲ
Passport၊ Visa နဲ့ လိုအပ်သော စာရွက်စာတမ်းများကို မှန်ကန်စွာ ပြင်ဆင်ထားနိုင်ဖို့က ခရီးစဉ်ချောမွေ့ရေးအတွက် အရေးကြီးပါတယ်။

အထူးသဖြင့်

• Passport အသစ် လျှောက်ထားရန် လိုအပ်သူများ
• Passport သက်တမ်းကုန်ဆုံးရန် နီးကပ်နေသူများ
• ပထမဆုံးအကြိမ် Visa လျှောက်ထားမည့်သူများ
• Visa လျှောက်ရာတွင် လိုအပ်ချက်များနှင့် ပတ်သက်၍ မသေချာသူများ
• ခရီးစဉ်မတိုင်မီ စာရွက်စာတမ်းများကို စနစ်တကျ စစ်ဆေးပြင်ဆင်လိုသူများ

အတွက် Hirani မှ Passport & Visa Service ကို စနစ်တကျ ကူညီဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်ရှင့်။

Hirani ရဲ့ ဝန်ဆောင်မှုများတွင် —

✓ လိုအပ်သော စာရွက်စာတမ်းများ စစ်ဆေးပေးခြင်း
✓ Visa လျှောက်ထားမှုအတွက် လိုအပ်ချက်များကို ရှင်းလင်းပေးခြင်း
✓ Application Preparation နှင့် Submission ပိုင်းတွင် ကူညီပေးခြင်း
✓ ခရီးစဉ်အခြေအနေအလိုက် သင့်လျော်သော ပြင်ဆင်မှုများကို အကြံပြုပေးခြင်း

ခရီးမထွက်မီ “ဘာတွေလိုမလဲ၊ ဘယ်လိုပြင်ဆင်ရမလဲ” စတဲ့
စိုးရိမ်ပူပန်မှုများ လျော့နည်းစေရန် ဝါရင့်ခရီးသွားအတွေ့အကြုံဖြင့် စနစ်တကျ ကူညီပေးမှာ ဖြစ်ပါတယ်ရှင့်။

Passport & Visa ကိစ္စများကို ယုံကြည်စိတ်ချစွာ စတင်ဆွေးနွေးလိုပါက Hirani Travels & Tours Page Chat Boxx သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ 09 669 002 869
☎️ 09 978 773 030
☎️ 09 697 546 868 (Viber)

🏡 အမှတ် (၁၄၁)က၊ မြို့မ (၁၅)လမ်းအလယ်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

# internationalTravel # travelDocumentation

07/09/2026

(၇၄)ကြိမ်မြောက် အဘအောင်မင်းခေါင် ထွက်ပွဲ
ပုဂံ-ညောင်ဦး-ပုပ္ပါး အဘ(စင်မြင့်ရွာ) ခရီးစဥ်

ပွင့်လင်းရာသီနဲ့အတူ အေးစိမ့်တဲ့ ဆောင်းလေညှင်းဝန်ရောက်လာချိန်မှာ
မြန်မာတို့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေ အနစ် မြေ ပုဂံကို အေးအေးဆေးဆေးလည်ပတ်ကြမယ်နော်...

ပုဂံရဲ့ အထင်က တန်ခိုးကြီး ဘုရားတွေရယ် ....နာမည်ကြီး မင်းနန်သူရွာရယ်....ပုဂံ နန်းမျှော်စင်တို့ကိုပါ စုံစုံလင်လင်နဲ့ ပို့ဆောင်ပေးသွားမှာပါ....
အခု ခရီးစဥ်လေးရဲ့ အဓီက နေရာလေးကတော့ အဘ အောင်မင်းခေါင်ရဲ့ (၇၄)ကြိမ်မြှောက်ထွက်ပွဲကြီး ကျင်းပချိန်မှာ ပုပ္ပါးတောင်ကလပ် ရယ် အဘ ရဲ့ မွေးဖွားရာ အရပ်ဒေသ အဘ နေအိမ်တည်ရှိရာ ဖြစ်တဲ့ စင်မြင့်ရွာကိုပါ ပို့ဆောင်ပေးသွားမှာ မို့...စုံစုံလင်လင် သွားရောက်လည်ပတ်ရမဲ့ ခရီးစဥ်လေးဖြစ်ပါတယ်....

ခရီးစဥ်မှာတော့ (2+1) Vip Car ကို အသုံး ပြုပေးထားပြီ လူဦးရေ (၂၇)ယောက်သာ ရောင်းချပေးမှာ မို့ ခုံနေရာကောင်းတွေ ရရှိဖို့ အတွက်အခုပဲ ဆက်သွယ်စုံစမ်း လက်မှတ် ဖြတ်လို့ရပါပြီနော်

🍀ခရီးစဥ် ထွက်ခွာမည်ရက်-(၂၅.၉.၂၀၂၆)
🍀ခရီးစဥ် ပြန်လည်ရောက်ရှိမည့်ရက်-(၂၈.၉.၂၀၂၆)
🛑တဦးလျှင် စရိတ်ငြိမ်း - 410000 ကျပ်🛑

#ခရီးစဥ်
Bagan

Address

No. (141)A, MyoMa 15 Street (Middle), Thakata Township
Yangon

Website

Alerts

Be the first to know and let us send you an email when Hirani Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category