16/05/2026
Website တွေ Application Mode တွေကနေ လက်မှတ်ဝယ်လို့ရနေတာကို ဘာကြောင့် GDS System တွေသင်ယူရမှာလဲ.....?
Website တွေ၊ App တွေကနေ လေယာဉ်လက်မှတ်ဝယ်လို့ရနေပြီဆိုပေမယ့် Tourism / Air Ticketing Industry မှာ GDS System တွေက အခုထိ အရေးကြီးနေဆဲပါ။အကြောင်းကတော့ Website/App တွေက “Customer အသုံးပြုဖို့” အဓိကဖြစ်ပြီး GDS က “Professional Business Operation” အတွက် ဖြစ်လို့ပါ။Website / App နဲ့ GDS ကွာခြားချက်
1. Website / App
ဥပမာ —
airline website
Agoda
Traveloka
Trip.com
Skyscanner ဒါတွေက
ticket search
booking
payment
simple changes
လောက်ကို အလွယ်သုံးဖို့ ဖန်တီးထားတာပါ။
ခရီးသည်တစ်ယောက်အနေနဲ့တော့ အဆင်ပြေပါတယ်။
2. GDS System (Amadeus, Galileo(Travelport), Sabre) ဒါတွေက Travel Agency / Airline / Corporate Travel Company တွေ သုံးတဲ့ Professional System ပါ။
GDS မှာတော့ —
✔ Airlines အများကြီးကို တစ်နေရာတည်းက ရှာနိုင်တယ်
Website တစ်ခုချင်းလို လိုက်ဖွင့်စရာမလိုဘူး။
✔ Complex Itinerary တွေလုပ်နိုင်တယ်
ဥပမာ —
Yangon → Bangkok → Doha → London
Multi-city
Open-jaw
Mixed airlines
Website တချို့မှာ မလုပ်နိုင်ဘူး။
✔ Fare Rules အသေးစိတ်ကြည့်နိုင်တယ်
refund ရမရ
change fee
baggage allowance
transit rules
minimum stay
maximum stay တွေက Professional level မှာပဲသိနိုင်ပါတယ်။
✔ Corporate / Group Booking လုပ်နိုင်တယ်
company travel
student group
pilgrim group
incentive tour တွေအတွက်ဆိုရင်
Website တွေထက် control ပိုရှိတယ်။
✔ Special Requests လုပ်နိုင်တယ်
wheelchair
special meal
seat request
baggage request
SSR / OSI
✔ Reissue / Refund / Revalidation
Ticket ပြင်တာတွေကို professional level မှာပဲလုပ်နိုင်ပါတယ်။
✔ Travel Agency အလုပ်အကိုင်ရနိုင်တယ်
Agency အများစုက GDS knowledge လိုပါတယ်။
အရေးကြီးဆုံးအချက်
Website/App က “User” အတွက်
GDS က “Operator” အတွက်
ဥပမာနဲ့ပြောရရင် —
Foodpanda သုံးတာ = customer
Restaurant POS System သုံးတာ = business operator
ဒီလိုပဲ
Website ကနေ ticket ဝယ်တာ = passenger
GDS သုံးတာ = ticketing professional
ဘာကြောင့် GDS သင်ယူသင့်တာလဲ?
3. Professional Skill ဖြစ်လို့
လူတိုင်း website သုံးနိုင်ပေမယ့် GDS သုံးတတ်တဲ့သူက industry skill ရှိသူဖြစ်ပါတယ်။
4. Agency Business လုပ်လို့ရတယ်
5. ကိုယ်တိုင် Air ticketing,Tour operation,
6. Corporate travel service လုပ်နိုင်တယ်။
7. Airline Fare တွေကို Professional Level နဲ့ Handle လုပ်နိုင်တယ်
တချို့ fare တွေကို website မှာ မမြင်ရဘူး။
8. Problem Solving ပိုကောင်းတယ်
Flight cancel / missed connection / schedule change ဖြစ်ရင် GDS knowledge ရှိသူက ဖြေရှင်းနိုင်တယ်။
9. International Career အတွက် အသုံးဝင်တယ်
Dubai, Thailand, Singapore, Malaysia travel companies တွေမှာလည်း GDS skill ရှိသူတွေလိုအပ်နေဆဲဖြစ်ပါတယ်။
ယနေ့ခေတ်မှာ အမှန်တကယ်ဖြစ်နေတာ
Simple Travel
➡ Website/App နဲ့အဆင်ပြေ
Professional Travel Business
➡ GDS မရှိရင် ခက်တယ်
အထူးသဖြင့် —
corporate travel
complicated routing
group booking
visa-related itinerary
ticket reissue/refund
interline travel တွေမှာ GDS knowledge က အရမ်းအရေးကြီးပါတယ်။