Minn Zaw R9 YBS Travelers' Forum & Tour Packages

Minn Zaw R9 YBS Travelers' Forum & Tour Packages YBS & Tour Forum

23/02/2026

မြစ်ကြီးနား တခေါက် ပြန်သွားခဲ့ပြန် 23/2/26.......

28/01/2026

အလုပ်တွေ မစဖြစ်သေးဘူးဗျာ ကိစ္စတွေက မလှည့်နိုင်သေးလို့ 😪😪😪 ဒီလိုပဲ အကောင်းဆုံး ဆက်သွားရမှာပေါ့ ဘယ်လို အခက်ခဲတွေပဲ ရှိရှိပေါ့ဗျာ

11/12/2025

YBS 115 က R9 ပါ တခုလောက်တော့ ထပ်ရေးမယ်နော် ကားမောင်းတဲ့သူက ကိုယ့်ကို သေချာမြင်ရတဲ့ မြင်ကွင်းမျိုးမှ ကားပေါ်တက်ပါ တံခါး ဖွင့်ထားလည်း သူ့ရဲ့ မျက်ကွယ် အမြင်ကဆို လုံးဝ မတက်ပါနဲ့ အထူးသဖြင့် ဘေးကနေ ကပ်ပြီးမှ လုံးဝ မတက်ပါနဲ့ ဘက်မှန်ပျောက်တတ်လို့ မမြင်ရနိုင်ပါ အန္တရယ် အရမ်းများပါတယ် မဖြစ်မနေ အလုပ်ရေးကြီးနေရင် အော်ပြောပြီးမှ သူ့ဘက်က ကြားမှ တက်ပါ ကားကြီးတွေ ရှေ့က အထူးသဖြင့် YBS တွေ အရှေ့က ကားသမား သတိ မထားမိနိုင်တဲ့ အခြေနေမျိုးနဲ့ ရှေ့က လုံးဝ မဖြတ်ပါနဲ့ အရမ်း အန္တရယ် များပါတယ် အဲ့ကားကြောင့်မဟုတ်လည်း သူ့ဘေးက ကျော်တက်လာမယ့် ကားကြောင့် အန္တရယ် များပါတယ် ယာဉ်မောင်း တံခါးဖွင့်ပေးလို့ အရှိန်လေး နည်းနည်းလေး ကျန်နေရင်တောင် လုံးဝ လုံးဝ မဆင်းပါနဲ့ ကားလုံးလုံးရပ်မှ ဆင်းမှ လုံးဝ အန္တရယ် များပါတယ် ညဘက်ဆို လမ်းကူးရင် လုံးဝ ကြိမ်းသေပြီဆိုမှ ကူးပါ ဖြတ်ပြေးရမယ့် အခြေနေမျိုးဆို လုံးဝ မကူးတာ ပိုကောင်းပါတယ် မြန်မာမှာ ကုန်းကျော် တံတားက လွဲရင် လူကူး မျဉ်းကြားလည်း စိတ်မချရပါ အပေါ်မှာ ပြောခဲ့သမျှ အကုန်လုံး သုံးစက္ကန့်အတွင်း ဘာမဆို ဖြစ်နိုင်ပါတယ် တကယ် အသက်သေဆုံးမှု ဖြစ်နိုင်ပါတယ်

05/12/2025

တချို့တွေ ဇဝေဇဝါ ဖြစ်နေကြမှာ စိုးလို့ ကားထွက်ချိန် ကားသိမ်းချိန် ပြီးတော့ တရက် တရက် ကားစောင့်တဲ့အခါမှာ ကြာတာ မကြာတာတွေနဲ့ ပတ်သက်ပြီး တခုလောက် ရေးပါရစေ ဥပမာ 115 ဆို မနက် ၆ နာရီစထွက်တယ် ညနေ ၅:၃၀ ထိ လိုင်းထပ်တက်လို့ရတယ် သို့ပေမယ့် Gas ဆိုင်အခြေနေတွေ ပြီးတော့ ကားပျက် ကားကောင်းပေါ်လည်း မူတည်ပါတယ် ဥပမာ ပျက်ကား များပြီး ကားထွက်နည်းရင်လည်း ညနေလေးနာရီလောက်နဲ့ ကားကုန်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ် ထွက်ကားများရင်တော့ ညနေ ၅:၃၀ ထိ တက်တဲ့ကားတွေ ရှိပါတယ် YBS 2 ဆို မနက် ၆:၃၀ ဝန်းကျင် အောင်မင်ဂလာကနေ စထွက်ပြီး ညနေဆို ၅:၄၅/၆ နာရီ ဝန်းကျင်ထိ ရှိတတ်ပါတယ် ဘာလို့ စထွက်ချိန်တွေ နောက်ဆုံးထွက်ချိန်တွေ တလိုင်းနဲ့ တလိုင်း မတူလည်းဆိုရင် ကားအနည်းများ Gasဆိုင်အနေထားပေါ် အဲ့ဒါတွေနဲ့လည်း သက်ဆိုင်ပါတယ် 42 တို့ 35 တို့ဆို ကားများတော့ ည ၇:၃၀ ၈ နာရီထိ ရှိပါတယ် ပြီးတော့ 119 ဆိုလည်း မဥဘက်ကနေ ၆ နာရီ ၆:၃၀ လောက်ထိ ရှိတတ်ပါတယ်

03/11/2025

YBS 115 က ယာဉ်မောင်း R9 ပါ ပထမ ထီးတချောင်းလည်း အခုထိ မဆက်သွယ်ပါ

ဒီနေ့ 3/11/25 YBS 115 စီးတဲ့ ခရီးသည်များ ထီးတချောင်း မနက်ပိုင်းက ကျန်ခဲ့ပါတယ် ပိုင်ရှင် ဆက်သွယ်ပေးပါ 09 952500911 09 777936097

25/10/2025

Hello Everyone!!!

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Minn Zaw R9 YBS Travelers' Forum & Tour Packages posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share