04/08/2025
Air Ticket ဝယ်တဲ့အခါ အခြေအနေအပေါ်မူတည်ပြီး flexibility တွေကိုယ်လိုရွေးချယ်မလဲ။
1. စျေးသက်သာတာအဓိလိုချင်တယ် ခရီးသွားမဲ့ရက်က အတိအကျမဟုတ်လည်းရတယ်ဆိုဘယ်လိုဝယ်ရမလဲ?
Ans 1 : သွားမဲ့ရက်မတိုင်ခင် အချိန် ၁လကျော်လောက်စောပြီး လက်မှတ်ကိုကြည့်ထားဝယ်ထားသင့်ပါတယ်။ သွားမဲ့ရက်ပတ်ဝန်းကျင်မှာမှ ကြားရက်တွေဆိုစျေးနှုန်းပိုမိုသက်သာနိုင်ပါတယ်။
အားနည်းချက်အနေနဲ့ကတော့ promotion class စျေးနှုန်း non refundable, date change not allowed စတဲ့ကန့်သတ်ချက်တွေရှိနိုင်ပါတယ်။
2. အသွားရက်အတိအကျသိပေမဲ့ အပြန်ရက်ကို အတိအကျ မသိသေးဘူး အလုပ်ရှိရင်ရှိသလောက် ပိုကြာနိုင်တယ် ၃-၄ ရက်အပြောင်းအလဲရှိနိုင်တဲ့ဆိုရင်ရော ဘယ်လိုဝယ်ရမလဲ?
Ans 2: သွားမဲ့ရက်ကိုအဓိကကြည့်ပြီးလက်မှတ်ကိုဝယ်သင့်ပါတယ်။ အပြန်ရက်ကိုတော့ခန့်မှန်းဖြစ်နိုင်တဲ့ရက်နဲ့ဝယ်ပြီး Saver class (promotion class) နဲ့ မယူပဲ Eco flexi class နဲ့ ဝယ်ရင်ပိုအဆင်ပြေပါတယ်။ အဲ့ဒါမှ အပြန်လက်မှတ်အတွက်ရက်ပြောင်းတဲ့အခါ အခက်အခဲမရှိ change fees အနည်းအငယ် / ပေးရန်မလိုပဲ ပြောင်းနိုင်မှာပါ။ အလုပ်ကိစ္စနဲ့သွားတဲ့ခရီးစဉ်တွေအတွက်သင့်တော်ပါတယ်။
3. အသွားအပြန်လက်မှတ်ဝယ်ပြီးမှ အပြန်လက်မှတ်ကိုသုံးဖို့မသေချာဘူး။ အပြန် ticket refund လုပ်ဖို့ အစီစဉ်ရှိတယ်ဆိုရင်ရော ဘယ်လိုဝယ်ရမလဲ?
Ans 3: PNR ခွဲပြီး အသွားသက်သက် အပြန်သက်သက် ဝယ်တာ ကောင်းပါတယ်။ အဲ့ဒါမှ refund process လုပ်တဲ့အခါ refund ပမာဏများများပြန်ရရှိနိုင်မှာဖြစ်ပြီး တချို့ Airline policy အရ half used ticket တွေက parcial refund ပြန်မရတတ်တာကြောင့် အပြန်လက်မှတ်မဆုံစေဖို့ ခွဲဝယ်သင့်ပါတယ်။
ကျွန်တော်တို့ Gong Saung Team အနေနဲ့လည်း လူကြီးမင်းတို့ရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး သင့်တော်တဲ့လေယာဉ်လက်မှတ်များကို ရွေးချယ်ဖို့အကြံပေးတဲ့ service ပါရှိတာကြောင့် ခရီးစဉ်များအတွက်လိုအပ်ပါက ဆက်သွယ်ဖို့သတိရပေးပါနော်။
ကျေးဇူးအများကြီးတင်ပါတယ်။ ဗဟုသုတများလည်းရ ငွေကြေးလည်းသက်သာပြီး ခရီးစဉ်ချောမွေ့စေဖို့ရည်ရွယ်ရေးသားလိုက်ပါတယ်ခင်ဗျာ။