Royal CMK Logistics and General Trading Services Company

Royal CMK Logistics and General Trading Services Company Your Trusted Gateway to Global Trade

Gong Xi Fa ChaiRoyal CMK Logistics and General Trading Services Company
16/02/2026

Gong Xi Fa Chai

Royal CMK Logistics and General Trading Services Company

အသိပေးကြေညာချက်။
11/02/2026

အသိပေးကြေညာချက်။

လျှပ်စစ်သုံးယာဥ်များအသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာ​စေရန် အကောက်ခွန်နှုန်းထားအား သုည သို့ လျော့ချသ...
10/02/2026

လျှပ်စစ်သုံးယာဥ်များအသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်လာ​စေရန် အကောက်ခွန်နှုန်းထားအား သုည သို့ လျော့ချသတ်မှတ်လိုက်​ကြောင်း အ​ကောက်ခွန်ဦးစီးဌာနမှ ​ကြေညာ။

List of Container Vessels Scheduled to Call Yangon Port in February, 2026.Credit to MPA
29/01/2026

List of Container Vessels Scheduled to Call Yangon Port in February, 2026.

Credit to MPA

မော်လမြိုင်မြို့ ကျိုက္ခမီအဝရှိ နေရာတွင် ယာယီစက်သုံးဆီတင်ချဆိပ်ကမ်း ပြုလုပ်မည်ရန်ကုန်၊ ဇန်နဝါရီ ၁၆မော်လမြိုင်မြို့၊ ကျို...
16/01/2026

မော်လမြိုင်မြို့ ကျိုက္ခမီအဝရှိ နေရာတွင် ယာယီစက်သုံးဆီတင်ချဆိပ်ကမ်း ပြုလုပ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မော်လမြိုင်မြို့၊ ကျိုက္ခမီအဝရှိ တည်နေရာတစ်ခုမှာ ယာယီအပြည်ပြည်ဆိုင်ရာ စက်သုံးဆီတင်ချဆိပ်ကမ်း ပြုလုပ်သွားမယ်လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနရဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

Credit

နိုင်ငံတကာ ဆန်ဈေးကွက်သတင်း။ (၁၅.၁.၂၀၂၆)🌾ထိုင်းနိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိုင်းဆန်ဈေ...
15/01/2026

နိုင်ငံတကာ ဆန်ဈေးကွက်သတင်း။ (၁၅.၁.၂၀၂၆)

🌾ထိုင်းနိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိုင်းဆန်ဈေးကွက် ချဲ့ထွင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိက ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့များကို ဟောင်ကောင်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ စေလွှတ်ရန် စီစဉ်ထားပါသည်။

🌾၂၀၂၅ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ပမာဏနှင့် တန်ဖိုး နှစ်ခုစလုံး သိသိသာသာ လျော့ကျခဲ့သည်ကို တွေ့ရပါသည်။တင်ပို့မှုပမာဏ ဆန်တန်ချိန် ၈,၀၆၂,၈၃၈ တန် (ယခင်နှစ်ထက် ၁၀.၈% လျော့ကျ ခဲ့သည်။)တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄,၁၀၃.၆ သန်း ခန့် (ယခင်နှစ်ထက် ၂၇.၆% လျော့ကျ ခဲ့သည်။

🌾ဖိလစ်ပိုင် နှင့် ဗီယက်နမ်နိုင်ငံ ဆန်တန်ချိန် ၂.၅ သန်း ဝယ်ယူမည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ပြင်ဆင်နေပြီး၊ စပါးဈေးနှုန်းမှာ ၃ နှစ်အတွင်း အနိမ့်ဆုံး (တစ်ကီလိုလျှင် ၁၇.၇ ပီဆို) သို ကျဆင်းသွားပါသည်။

🌾၂၀၂၅ ခုနှစ်၊ ဧပြီလမှ စတင်သည့် ဘဏ္ဍာနှစ်၏ ပထမ (၉) လအတွင်း မြန်မာနိုင်ငံသည် ဆန်နှင့် ဆန်ကွဲ စုစုပေါင်း တန် ၂.၁ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၇၅ သန်း ခန့် ရရှိခဲ့ပါသည်။

🌾အင်ဒိုနီးရှားအစိုးရသည် ၂၀၂၆ ခုနှစ်မှစ၍ တစ်နိုင်ငံလုံးရှိ ဒေသအားလုံးတွင် ဆန်ဈေးနှုန်းကို တူညီသော ဈေးနှုန်းတစ်ခုတည်းဖြင့် ရောင်းချနိုင်ရန် ပြင်ဆင်နေပါသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့အထိ စာရင်းများအရ အင်ဒိုနီးရှားနိုင်ငံ၏ ဆန်အရန်ရိက္ခာ တန်ချိန် ၃.၃၅ သန်း ရှိနေပြီ ဖြစ်ပါသည်။

🌾၂၀၂၅ ခုနှစ်တွင် အိန္ဒိယ၏ ဆန်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်က တင်ပို့ခဲ့သော စံချိန်တင် တန်ချိန် ၂၂.၃ သန်းအနီးသို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။• ဘာစမာတီမဟုတ်သောဆန် (Non-Basmati) ၂၅% တိုးတက်လာပြီး တန်ချိန် ၁၅.၁၅ သန်း ရှိခဲ့သည်။ဘာစမာတီဆန် (Basmati) ၈% တိုးတက်လာပြီး တန်ချိန် ၆.၄ သန်း ဖြင့် အမြင့်ဆုံး စံချိန်သစ် တင်နိုင်ခဲ့သည်။

🌾ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိ၌ အစိုးရ၏ သီးနှံအရန်ရိက္ခာ ပမာဏသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ၎င်းသည် ရေတိုအတွင်း ဆန်ဈေးနှုန်း တည်ငြိမ်လာစေရန် အလားအလာကောင်းများ ဖန်တီးပေးလျက် ရှိပါသည်။

🌾နိုင်ဂျီးရီးယား ဆန်ထုတ်လုပ်မှု တိုးမြှင့်ရန်အတွက် လယ်သမားများကို တစ်လလျှင် နိုင်ရာ သန်း ၂၀၀ ထောက်ပံ့ရန် အတည်ပြုခဲ့ပါသည်။

🌾ဂိုင်ယာနာ အစိုးရမှ ဆန်စပါးစိုက် လယ်သမားများကို ဒေါ်လာ သန်းနှင့်ချီ၍ ထောက်ပံ့ကြေးများ ပေးအပ်နေပါသည်။

🌾အီရတ် (Kurdistan) နိုင်ငံ ကာ့ဒ်ဒေသထွက် ဆန်များကို ယူကေ (UK) နိုင်ငံသို ပထမဆုံးအကြိမ် စတင်တင်ပိုနိုင်ခဲ့ပါသည်။

🌾အီရန်နိုင်ငံအတွင်း မငြိမ်မသက်မှုများကြောင့် အိန္ဒိယသို ပေးချေရမည့် ဘာစမာတီဆန်ဖိုး ကုဋေ ၂,၀၀၀ ခန့် နှောင့်နှေးနေသဖြင့် အိန္ဒိယတင်ပို့သူများက ဈေးကွက်သစ်များကို ရှာဖွေနေပါသည်။

🌾ကမ္ဘာ့ဆန်တင်ပို့သည့် နိုင်ငံများအကြား ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းကြောင့် ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာ့ဆန်ဈေးနှုန်းများအပေါ် ဆက်လက် ဖိအားရှိနေနိုင်ပါသည်။

Credit
Royal CMK Logistics and General Trading Services Company

15/01/2026

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Royal CMK Logistics and General Trading Services Company

07 January, 2026ဖမ်းဆီးရမိ ကုန်ကား (၄၇၀) မှ အကောက်ခွန်မဲ့ပစ္စည်းများကို ဒဏ်ကြေးလျှော့ပေးရန် အသနားခံတိုင်းနှင့် ပြည်နယ် (...
14/01/2026

07 January, 2026
ဖမ်းဆီးရမိ ကုန်ကား (၄၇၀) မှ အကောက်ခွန်မဲ့ပစ္စည်းများကို ဒဏ်ကြေးလျှော့ပေးရန် အသနားခံ

တိုင်းနှင့် ပြည်နယ် (၄) ခုမှ ဖမ်းဆီးရမိသည့် ကုန်ကား (၄၀ဝ) ကျော်ပေါ်ရှိ အကောက်ခွန်မဲ့ပစ္စည်းများကို ဒဏ်ကြေးလျှော့ပေးရန် အသနားခံစာ တင်ပြမှုများ ရှိနေကြောင်း ကုန်ကားများနှင့် နီးစပ်သူ သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် လပိုင်းက ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် ဖမ်းဆီးရမိသည့် မော်တော်ယာဉ် (၄၇၀) ပေါ်မှ ကန့်သတ်/တားမြစ်ကုန်များကို သိမ်းဆည်းခဲ့သည်။

ခွင့်ပြုချက်နှင့် ကွဲလွဲ တင်သွင်းလာသည့် သို့မဟုတ် လုံးဝ ခွင့်ပြုချက်မပါဘဲ တင်သွင်းလာသည့် လိုင်စင်မဲ့၊ အ ကောက်ခွန်မဲ့ကုန်များကို သင့်လျော်သည့် ရွေးယူဒဏ်ငွေ တပ်ရိုက်ခဲ့ရာ ကုန်သည်များက ပြန်လည်ရွေး ယူရန်အတွက် ဒဏ်ငွေများ လျှော့ပေါ့ပေးရန် အ သနားခံစာ တင်ပြမှုများ ရှိနေကြောင်း သိရသည်။

“ အခု ဖမ်းခံထားရတဲ့ ကားအစီးပေါင်း (၄၀ဝ) ကျော်နဲ့ ပတ်သက်ပြီး ပြန်ရွေးဖို့ လုပ်တဲ့အခါမှာ ကာစတန်က ညွှန်ကြားထားတဲ့၊ ဘဏ္ဍာအခွန်ကနေ ထုတ်ထားတဲ့ ညွှန်ကြားချက်မှာ ကားဆို ဘယ်နှဆဆိုပြီး ဆတွေများတော့ ဘယ်လိုလုပ် ရွေးနိုင်မှာလဲ။ တန်ဖိုးထက် ဆက ပိုများနေတယ်။ ဆလျှော့ပေးရင် ရွေးချင်တယ် ဆိုတဲ့ အသနားခံစာတွေ တင်ကြတယ်လို့ ကြားတယ်။ ” ဟု ကုန်ကားများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို ရွေးယူ ဒဏ်ငွေတပ်ရိုက်ခဲ့ရာတွင်…
• လယ်ယာလုပ်ငန်းသုံး ထော်လာဂျီ/ E Three Wheel Motorcycle နှင့် ဆေးဝါးအချို့ကို (ဝ.၅) ဆ၊
• ရုံးသုံး Stationary များကို (ဝ.၇၅) ဆ၊
• စက်မှုကုန်ကြမ်းနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများကို (၁) ဆ၊
• ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ တာယာနှင့် ဆောက်လုပ်ရေးသုံး၊ ဆက်သွယ်ရေးသုံးပစ္စည်းများ၊ လုပ်ငန်းသုံးမော်တော်ယာဉ်၊ နောက်တွဲယာဉ်များကို (၂) ဆ၊
• Electronic Goods၊ ယန္တရား (၃) ဆနှင့် လူစီးမော်တော်ယာဉ်ကို (၄) ဆအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ကန့်သတ်၊ တားမြစ် ကုန်ပစ္စည်းများဖြစ်သည့် Vape၊ စီးကရက်၊ ဘီယာ၊ ဖဲထုပ်တို့ကိုလည်း သိမ်းဆည်းမည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ အသနားခံစာ တင်ပြမှုများ ရှိနေရသည့်အတွက် အချို့ကုန်ပစ္စည်းများကို ဒဏ်ငွေများ လျှော့ပေါ့ပေးသင့်ကြောင်းလည်း ၎င်းက အကြံပြုထားသည်။

“ တချို့ဟာတွေ ဖြေလျှော့ပေးသင့်တယ်။ City Mart တွေမှာဆိုရင် တချို့ယိုးဒယားပစ္စည်းတွေ ဘာမှမရှိတော့ဘူး။ မရှိတော့တဲ့အတွက် နေတာက နေနိုင်ပါတယ်။ ဒါပေမဲ့ တခြားပစ္စည်းတွေ ဈေးတက် လာတယ်။ ယိုးဒယားဆပ်ပြာမှုန့် မရရင်လည်း ဗမာဆပ်ပြာမှုန့်တွေက လျှပ်စစ်မီတာကြေးတွေ မြင့်လို့ သူတို့လည်း တက်လာတာပဲ။ “

“ အိမ်သုံးပစ္စည်းကတော့ နည်းနည်းတက်လာတာပေါ့။ တိရစ္ဆာန်အစာလေးတွေတောင် ရှားသွားတယ်။ မှောင်ခိုကို လုပ်လိုက်တာ ကောင်းတာကတော့ ကောင်းတယ်။ တချို့ ကျတော့ နည်းနည်းတော့ ဖြေလျှော့ပေးသင့်တယ်။ တချို့ကျ နည်းနည်းထိခိုက်သွားတာပေါ့။ အသုံးပြု နေတဲ့လူတွေပေါ့။ ” ဟု ၎င်းက ဆက်ပြောသည်။




Source: NP News — at Infinity Cargo - Bangkok Cargo.

ရန်ကုန်-ရ​နောင်း ရေယာဉ်လမ်း​ကြောင်းအတွက် ကြေညာချက်ပါ။Credit Ko Min Maung
14/01/2026

ရန်ကုန်-ရ​နောင်း ရေယာဉ်လမ်း​ကြောင်းအတွက် ကြေညာချက်ပါ။

Credit Ko Min Maung

သွင်းကုန်လုပ်ငန်းရှင်များအား အသိပေးကြေငြာခြင်း။ပို့ကုန်လုပ်ငန်းရှင်များအား တိုက်တွန်းနှိူးဆော်ခြင်း။
09/01/2026

သွင်းကုန်လုပ်ငန်းရှင်များအား အသိပေးကြေငြာခြင်း။

ပို့ကုန်လုပ်ငန်းရှင်များအား တိုက်တွန်းနှိူးဆော်ခြင်း။

Address

Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Royal CMK Logistics and General Trading Services Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share