03/10/2026
EasyYBS ရဲ့ Powerful Map System နဲ့ မိတ်ဆက်ပေးမလို့ပါ
Huawei. Honor ဖုန်းတွေမှာ Map ကြည့်လို့မရလို့ အဆင်မပြေဖြစ်နေလား
Redmi Stable ဖုန်းတွေကိုင်ထားလို့ Google Map မပါဘဲ တိုင်ပတ်နေလား
EasyYBS Map မှာဆိုရင် ရန်ကုန်က လမ်းအများစုကို မြန်မာလို ရေးသားဖော်ပြထားပြီး Google Map ထက် လမ်းသွယ် လမ်းမ အချက်အလက် ပိုမိုစုံလင်တဲ့ Opemstreet Map နဲ့ Google Satellite View ထက်ပိုကြည်လင်ရှင်းလင်းတဲ့ AI Powered Satellite View ကို အသုံးပြုထားပါတယ်
Search ဘားတန်းမှာဆိုရင်လည်း ကားမှတ်တိုင်တွေအပြင် ရပ်ကွက်၊ လမ်းသွယ်၊ မြို့နယ် နဲ့ အထင်ကရနေရာအများစုကိုပါ ရိုက်ရှာနိုင်ပါတယ်
Sidenote အနေနဲ့တော့ မနှစ်က ထုတ်ဝေခဲ့တဲ့ error တွေပါနေတဲ့ version တွေကို ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး လက်ရှိမှာတော့ ပိုမိုကောင်းမွန်ပြီး lag လုံး၀မဖြစ်တဲ့ version 2.3 နဲ့ အထက်ဗားရှင်းတွေကိုသာ ဆက်လက်အသုံးပြုနိုင်မှာဖြစ်တာကြောင့် အသုံးပြုမရဖြစ်နေခဲ့ရင် အပ်ဒိတ်တင်လိုက်ပါ။