02/10/2024
စလုံးလို့ တို့ရွှေတွေခေါ်တဲ့ စင်ကာပူမှာ အစားအသောက်အတွက် ပုံမှန်ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ
ဒါကတော့ ST လို့ အတိုခေါ်တဲ့ သူ့နိုင်ငံရဲ့ Straight Times သတင်း၎ာနက ကောက်ယူထားတဲ့ ကုန်ကျစရိတ်ပုံလေးပဲ ဖြစ်ပါတယ်။
စလုံးမှာ ကိုယ်တွေ နိုင်ငံခြားသားကတော့ PR မရသရွှေ့ မဖြစ်မနေ အလုပ်လုပ်မှ နေထိုင်ခွင့်ကဒ်ရှိပြီး နေခွင့်ရတာဆိုတော့ ၁ ပတ် အနည်းဆုံး ၅ ရက်ကတော့ အလုပ်ရောက်နေမှာပဲ ဖြစ်ပါတယ်။ ဒီတော့ စလုံးထုံစံအတိုင်း အလွယ်တကူ စားသောက်ဆိုင်တန်း food court တွေမှာပဲ ကျနော်တို့ ဝယ်စားလေ့ရှိပါတယ်။ အချိန်ပေးနိုင်ပြီး တော်တော်ဝါသနာပါတဲ့သူတွေမှသာ ကိုယ့်ဘာသာ ချက်ပြုတ်လေ့ရှိတာမို့လို့ သူ့နိုင်ငံစတိုင်အတိုင်း ကျနော်တို့ ပုံမှန် ဝယ်စားမယ်ဆိုရင် ဒီကုန်ကျစရိတ်မျိုးကို လက်ရှိ တက်လာတဲ့ သူတို့နိုင်ငံရဲ့ စျေးနှုန်းတွေအတိုင်း ခန့်မှန်းကြည့်နိုင်ပါတယ်။
မနက်စာကို 4.81 ဆိုတဲ့အတိုင်း ၅ ဒေါ်လာ နီးပါကျမယ်။ ဒီမှာ ကျနော်တို့ ကိုယ်တွေ့အရ ကော်ဖီတစ်ခွက် သို့မဟုတ် လက်ဖက်ရည်တစ်ခွက်သည် အနည်းဆုံး ၁ ကျပ် ပြား ၂၀ (ဆိုင်တော်တော်ရှားသွားပြီ) ၁ ကျပ်ခွဲ အနည်းဆုံးကနေ ပေါင်မုန့်ယိုသုတ်သည်လည်း (၂ ကျပ်ဆိုင် တော်တော်ရှားသွားပြီ) ၃ ကျပ် လောက်သွားကျမှာဖြစ်ပါတယ်။
ဒါနဲ့ ကျပ် လို့ပဲ ကျနော်တို့ မြန်မာတွေ အချင်းချင်း စလုံးမှာ သုံးနှုန်းတာက (စလုံးဒေါ်လာကို) ဆိုလိုတာဖြစ်ပါတယ်ခင်ဗျ။
နေ့လယ်စာကတော့ mixed rice လို့ ခေါ်တဲ့ ထမင်းပုံစား ဆိုင်တွေမှာ အရွက် ၁ မျိုး အသား ၁ မျိုးဆို ၃ ကျပ် ခွဲလောက် (ဒီစျေးလည်း နည်းနည်းရှားလာပြီ) ရနိုင်သေးပေမယ့် သူလည်း မဝလို့ ၃ မျိုး ထည့်မိရင် အနည်းဆုံး ၅ ကျပ်ကတော့ ကျပါတယ်။ ရေနွေးကြမ်း ၁ ကျပ် ပြား ၃၀ သို့မဟုတ် အအေးသံဘူး ၁ ကျပ်ခွဲကနေ ၂ ကျပ် လောက်နဲ့ တွက်ရင် ၇ ကျပ်လောက် အသာလေး ကျနိုင်ပါတယ်။ ရေသန့်ကတော့ ၁ ကျပ်တန် ဝယ်သောက်နိုင်ပါတယ်။
ညစာလည်း နေ့လယ်စာနှုန်းထားတဲ့ အတူတူပါပဲခင်ဗျ။
ဒါက သူတို့ရဲ့ food court လို့ ခေါ်တဲ့ လူတန်းစားစုံ ဒီဆိုင်တွေမှာ လွယ်လွယ်ကူကူ ပါဆယ်ဖြစ်စေ ထိုင်စားတာပဲဖြစ်စေ စားကြပါတယ်။
မိတ်ဆွေတို့ ပက်ဝန်းကျင်မှာ စလုံးကို အပျော်ပဲဖြစ်ဖြစ်... အလုပ်နဲ့ပဲဖြစ်ဖြစ် သွားဖို့ စီစဉ်နေပြီဆိုရင်တော့ လေယာဉ်လက်မှတ်နဲ့ အခြားသိလိုတာများကို..
EP Tours & Tickets
ဖုံး 09446445856
အမှတ် ၃၁၊ မဟာမြိုင်လမ်း (အထက ၂ ကျောင်း ပင်မဂိတ်ရှေ့) စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။