The Translator

The Translator Tell us what you want to be.

If you see this card, …..
17/12/2025

If you see this card, …..

ဒီနှစ်အတွင်း အိမ်ထောင်ကျမှာလား????တစ်ခုပဲ ရွေးပါ။
18/03/2025

ဒီနှစ်အတွင်း အိမ်ထောင်ကျမှာလား????

တစ်ခုပဲ ရွေးပါ။

17/03/2025

မြန်မာစံတော်ချိန် ည (၈) နာရီကနေ (၁၀) နာရီအထိက အဓိဌာန်ဝင်နေလို့၊
ကြည့်ပေးစေချင်တာရှိရင်တော့ ည (၁၀) နာရီကျော် မှ ကြည့်ပေးလို့ ရပါမယ်နော်။

Relationship အတွက် ရာသီဖွားကိုက်မကိုက် ကြည့်ချင်ရင် နှစ်ယောက်ရဲ့ မွေးသက္ကရာဇ် လိုပါမယ်။
တရုတ်ရိုးရာနည်းအရ ကြည့်ပေးတာပါ။
ရာသီခွင် ကိုက်မကိုက် ကြည့်တာက 5,000 ပါ။



#ဖဲဗေဒင်

အဓိဌာန် ၅ ရက်မြောက်နေ့
16/03/2025

အဓိဌာန် ၅ ရက်မြောက်နေ့

တစ်ကဒ် ရွေးပြီး Share ပါ။နောက်အပတ်ဟာ သာမန်ပဲလား?ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေ ဖြစ်ဖို့ရှိလား သိချင်ရင်ဖဲကဒ်တွေထဲက A, 4, 5...
09/03/2025

တစ်ကဒ် ရွေးပြီး Share ပါ။

နောက်အပတ်ဟာ သာမန်ပဲလား?
ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေ ဖြစ်ဖို့ရှိလား သိချင်ရင်

ဖဲကဒ်တွေထဲက A, 4, 5, 7,8,9,10, J, K, Q ထဲက တစ်ကဒ်ရွေးပြီး

Clubs ♣️
Spades ♠️
Diamonds ♦️
Heart ❤️

ထဲက ကြိုက်ရာ တစ်ခု ပြောပါ။

ဥပမာ- အောက်မှာ ကဒ် ဆွဲပြထားသလို King ရဲ့ Diamond ပါ။

ဒီ Post လေးကို share ပြီး၊ ကိုယ် ရွေးထားတဲ့ ကဒ်ကို comment box မှာ လာပြောပြပေးပါ။

* အိမ်မှာ ဖဲထုပ်ရှိလည်း ဖဲထုပ်ထဲက တစ်ချပ်ဆွဲကြည့်ပြီး ကျတဲ့ ကဒ် လာပြလို့လည်း ရပါတယ်နော်။

Let’s fighting for next week.

#အနာဂတ်ကိုကြည့်ကြမယ်

#ရှေ့ဖြစ်ဟော
#ဖဲဗေဒင်

26/02/2025

တို့ကတော့ Career Background ရဲ့ knowledge တွေ မပါဘဲ၊ဖဲချပ်တွေက ပြောတဲ့ ရလဒ်ကိုပဲ ကြည့်ပြီး ဟောပေးတာပါ။ 😁😁

Yes or No Question 1,000 Ksတစ်လအတွင်းဖြစ်နိုင်၊ မဖြစ်နိုင် မေးခွန်းYes or No ပဲ ဖြေပေးပါမည်။မေးမြန်းသည့်သူ Online တွင် ရ...
11/02/2025

Yes or No Question
1,000 Ks
တစ်လအတွင်းဖြစ်နိုင်၊ မဖြစ်နိုင် မေးခွန်း
Yes or No ပဲ ဖြေပေးပါမည်။

မေးမြန်းသည့်သူ Online တွင် ရှိသည့်အချိန်ပဲ
ကြည့်ပေးပါသည်။

မေးခွန်းချန်ထားခဲ့လည်း ကြည့်မပေးပါ။

Message me your Question.

လမင်းကြီးဆီက ကြည်လင်တဲ့ စွမ်းအားတွေ ခံယူရင်း……. #ဖဲဗေဒင်   #ရှေ့ဖြစ်ဟော #အနာဂတ်ကိုကြည့်ကြမယ်
11/02/2025

လမင်းကြီးဆီက ကြည်လင်တဲ့ စွမ်းအားတွေ ခံယူရင်း…….

#ဖဲဗေဒင်


#ရှေ့ဖြစ်ဟော
#အနာဂတ်ကိုကြည့်ကြမယ်

07/02/2025

ဖဲဗေဒင်တွက်ဖို့ ဖဲထုပ်အသစ်လေး ဝယ်လာတယ်။

ဒီနေ့ည ဖဲဗေဒင်မေးချင်တဲ့သူ ????

ကျွန်မ တွက်တဲ့ဖဲဗေဒင်တွက်နည်းက တကယ်တော့ တရုတ်ရိုးရာကို အခြေခံတဲ့ တွက်နည်းပါ။အတော်လေး လူ သိနည်းသလိုပါပဲ။နောင် အားမှ မျှဝေ...
29/01/2025

ကျွန်မ တွက်တဲ့ဖဲဗေဒင်တွက်နည်းက တကယ်တော့ တရုတ်ရိုးရာကို အခြေခံတဲ့ တွက်နည်းပါ။

အတော်လေး လူ သိနည်းသလိုပါပဲ။

နောင် အားမှ မျှဝေပေးပါဦးမယ်။

တရုတ်နှစ်သစ်မှာ

စီးပွါးဥစ္စာတွေ တိုးပွါးပြီး၊

ကိုယ်၏ ကျန်းမာခြင်း

စိတ်၏ ချမ်းသာခြင်းနှင့်

ပြည့်စုံကြပါစေ…….

21/01/2025

ကိုယ်တိုင်က ဗေဒင် ဝါသနာပါတဲ့သူ ဆိုတော့လေ

လူမှန်း သိတတ်စ၊ ကိုယ့်ဟာကိုယ် ပိုက်ဆံသုံးလို့ရတဲ့

အချိန်ကတည်းက ဗေဒင်လိုက်မေးတာပဲ။ 😁

လက္ခဏာ၊ ခြေခဏာ၊ အကြားအမြင်၊ တားရော့ခ်၊ နက္ခတ် …

အို …စုံနေတာပဲ။

ငယ်ငယ်တုန်းကကျ ကျောင်းသူဆိုတော့ မေးစရာ ထွေထွေထူးထူးလည်း မရှိဘူးလေ၊

အိမ်ကလည်း အဆင်ပြေ၊

ဘဝမှာ ပူပန်စရာလည်း မရှိဆိုတော့

ဒီအတိုင်းကို ပတ် လျှောက် မေး၊

ပြီးရင် “ဆရာ မြင်တာ အကုန် ပြောပေးပါ” ပေါ့😁

အဲ့တော့ ဟောတဲ့သူတွေ အနေနဲ့ကြည့်တော့လည်း

ဘာမှ ထူးထူးခြားခြား ရှိမနေနဲ့တော့၊

“အကုန် ကောင်း၏” ပေါ့။

ဗေဒင်တွေ လျှောက်သာ မေးနေတာ၊

ဘယ်လောက် နာမည်ကြီးတဲ့သူပဲ

ဖြစ်နေနေ

ကိုယ်နဲ့ ကံစပ်မှ ၊

ကိုယ် ကိုယ်တိုင်ကလည်း အဲ့ဒီ ဟောတဲ့၊ ကြည့်ပေးတဲ့သူအပေါ်

ယုံကြည်လေးစားမှု ရှိမှ မှန်တယ် ဆိုတာတော့

ကိုယ်တွေ့ပဲ။

မနေ့ကတင် အားနေလို့ ကိုယ်တ်ုင်အတွက် ဗေဒင်သွားမေးသေးတယ် 😁

သွားဖို့ ရည်ရွယ်တဲ့ ဗေဒင်ဆရာက တစ်ယောက်၊

ရောက်သွားတာ တနေရာ၊

မေးဖြစ်တော့ တခြားတစ်ယောက်၊

ရေစက်တို့ ၊ ကံတိုက်ဆိုင်မှုအရ ဆုံကြရတယ်ဆိုတာ

အဲ့ဒါမျိုး ထင်ပါတယ်။

ကိုယ်သွားမေးတဲ့ ဆရာက အပြင်ရောက်နေလို့

ဟောခန်းပိတ်ထား၊

နောက်ဆုံး မေးဖြစ်သွားတာက တစ်ယောက်ပေါ့။

မနေ့က ကိုယ့်အတွက်ကို မေးကြည့်တော့လည်း

“အကုန် ကောင်းပါ၏၊ ဘာမှ မလိုပါ” တဲ့😂

“လူတွေကို ကူညီလို့ရတုန်း သူတို့ ကံကြမ္မာတွေ ဖတ်ပြီး၊ ကူညီပါ ၊ မင်းမှာ ဒီရှေ့ဖြစ်ဟောတာက
အထုံရော၊ ပါရမီရော ပါတယ် “

လို့

ဘယ်ဆရာ့ဆီ သွားသွား အပြောခံရတာလည်း ပါလို့သာ

ဒီ Pageကို ထောင်ပြီး ကြည့်ပေးတာရယ်။

သူတို့ တွက်ပုံနဲ့ ကိုယ့်တွက်ပုံနဲ့တော့ မတူဘူးပေါ့။

ဗေဒင်တွေ အားလုံးမယုံပေမဲ့၊

တစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံမှု

“ရှေးရေစက်” “အတိတ်ဘဝက ရေစက်” စတဲ့

“ကံ” တွေကိုတော့ ယုံပါတယ်။

အဲ့တော့ အရမ်း အခက်အခဲ၊ အကျပ်အတည်း ဖြစ်ပြီး

ကိစ္စတစ်ခုခုကို ဆုံးဖြတ်ရခက်နေတဲ့သူတွေက

အချိန်မရွေး လှမ်းမေးလို့ရပါတယ်။

ဒါပေမဲ့ ကျွန်မရော၊ မေးတဲ့သူရော

နှစ်ဖက်လုံး Online မှာ အတူရှိနေတဲ့ အချိန်ပဲ ကြည့်ပေးမှာပါ။

21/01/2025

မေးချင်တဲ့သူ ရှိရင် ဒီနေ့ည (၃) ဦး ကြည့်ပေးလို့ရပါတယ်။

အကြောင်းအရာတစ်ခုအတွက်ပဲ ကြည့်ပေးပါမယ်။

ကြည့်ပေးခကို စေတနာရှိသလောက် ပေးရပါမယ်။

*လိုအပ်တဲ့သူတွေကို ပြန်လှူမှာပါ။

Address

Yangon
111112

Website

Alerts

Be the first to know and let us send you an email when The Translator posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share