San on the move

San on the move I will Share everything I know to everyone

12/07/2026

ဗိုက်ဆာဆာနဲ့ တန်တန်လေး စားချင်သူများအတွက် Giburu ကို ပြေးခဲ့ပြီ! 🍲🥓

ဒီနေ့ Vlog လေးမှာတော့ Giburu Hotpot and Buffet သွားစားထားတာလေး ပြပေးသွားမယ်နော်။ သူက Hotpot ကော Barbecue ပါ Buffet စနစ်နဲ့ စိတ်ကြိုက်စားလို့ရတာဆိုတော့ တကယ့်ကို တန်မှတန်ပဲ။ 🤤

ဆိုင်ရဲ့ Space ကလည်း အကျယ်ကြီးဆိုတော့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အေးအေးဆေးဆေး စားလို့ရသလို၊ အဓိက သဘောကျတာက ဆိုင်က အရမ်းသန့်ရှင်းသပ်ရပ်နေတာပဲ။ အသားတွေ၊ အသီးအရွက်တွေကအစ လတ်ဆတ်ပြီး ခင်းကျင်းထားတာ သပ်ရပ်နေတော့ စားရတာ ပိုမြိန်တယ်

အဝစား Buffet ဆိုပေမယ့် ဈေးနှုန်းကလည်း ပေးရတာထက် ပိုတန်လို့ အသားကြိုက်သူတွေအတွက်တော့ လုံးဝ လက်မလွှတ်သင့်တဲ့နေရာလေးပါ။

အချိန်လေးကတော့ ၂နာရီ သတ်မှတ်ထားပါတယ်🥰
တယောက်ကို-48,500ကျပ်ပါ

ဘာတွေ စားခဲ့လဲဆိုတာ ဗီဒီယိုထဲမှာ အဆုံးထိ ကြည့်ပေးသွားဦးနော်! ✨

📍 Giburu Hotpot and Buffet

Vlog

12/10/2025

Zoo မရောက်ဖြစ်တာလဲ တော်​တော်ကြာပြီ
ရောက်ဖြစ်တုန်းလေး တော်တော် အဆင်ပြေတာတွေ့လို့ မသွားဖြစ်တာ ကြာရင် သွားကြည့်စေချင်တယ်❤️

09/10/2025

မြို့ထဲ ၁၅ လမ်းထိပ်နားက ဒိန်ချဉ်ဆိုင် ကောင်းကောင်းလေး❤️

18/07/2025

Hi Tea Set စျေးတန်တန်လေးနဲ့ ကောင်းကောင်းလေး စားရမယ့် နေရာလေး ပြောပြမယ်ဆို စိတ်ဝင်စားကြလား😍🤩☕️

မုန့်လေးတွေကလဲ စားကောင်းတယ် Drink ဆိုလဲ Coffee or Juice ရွေးလို့ရတယ်☕️🧃

စိတ်ကြိုက်ပုံလှလှလေးရိုက်လို့ရပြီး အေးဆေးDate လို့ကောင်းတယ်📸

နေရာလေးကတော့ Yangon Thanlwin Hotel မှာပါ

ထိုင်ခုံလေးတော့ အဆင်မပြေဖစ်ခဲ့တာက လွဲရင် ကျန်တာ အကုန်အဆင်ပြေခဲ့ပါတယ်

တခြား Hotel ကြီး Hi Tea Set တွေထက် စျေးသက်သာတဲ့အပြင် အရသာကောင်းကောင်းလေးမို့ သွားစားကြည့်သင့်တယ်နော်😍❤️

13/07/2025

မိုးရာသီမှာ ပူပူလေး မူကထလေးသွားစားလိုက်ရရင်တော့ ရှယ်ပဲနော်😍😋🤤

ဒီဆိုင်လေးက တန်လဲတန် စားစရာစုံတာမို့ သွားစားကြည့်သင့်တဲ့ ဆိုင်ထဲတခုအပါအဝင်ပဲနော်

Video လေးကြည့်ရင်းနဲ့ ဘာတွေပါမလဲဆိုတာကြည့်ပေးပါအုံးရှင့်❤️

Suki Hotpot and Buffet

➡️ အခန်း G-2, ဗိုလ်မြတ်ထွန်း တာဝါ, အောက်ဘလော့ ဗိုလ်မြတ်ထွန်းလမ်း, B.E.H.S(2) ဗိုလ်တထောင် , ဗိုလ်ထထောင်မြို့နယ်,ရန်ကုန်မြို့


14/05/2025

စျေးအရမ်းတန်ပီး လှိုင်မြို့နယ်ထဲတင်မို့ သွားစားလိုက်တော့နော်

Tiktok acc လေးလဲ ဖွင့်ထားတာမို့ Tiktok မှာလဲ အားပေးပေးပါအုံးရှင့်❤️

https://www.tiktok.com/?_t=ZS-8wLG9pFuuTV&_r=1

12/05/2025

ဒီနေ့အတွက်တော့ လူငယ်တွေအကြိုက်တွေ့စေမယ့် နေရာလေးတခု မိတ်ဆက်ပေးမယ်နော်

Junction Square မှာအလှပုံရိုက်လို့ရပြီး
12000,15000 လောက်နဲ့တင် ရမှာဆိုတော့တန်နေရောပဲ

ဦးထုပ် မျက်မှန် ဘီးကုပ်စိတ်ကြိုက်ရွေးလို့ရပြီး
ကိုယ်ထုတ်ထားတဲ့ ပုံတွေကို ပုံမှာပါတဲ့Scan ဖတ်ပြီး
Photo and vd ကိုsoft Copy ရပါသေးတယ်

သူငယ်ချင်း ချစ်သူရည်းစား တွေသွားသင့်တဲ့ နေရာ လေးတခုပဲနော်❤️
ဒါနဲ့ဆိုင်နာမည်လေးက Say cheeseတဲ့ JS Third Floor မှာရှိတယ်နော်❤️

ပုံမှန်နဲ့ မတူပဲ Mr. jerry မှာ Set နဲ့စားလို့ရပြီဆိုတာ သိကြလား Jerry တို့ရေ❤️😋ဒီနေ့လေးမှာတော့ လူတိုင်းကြိုက်ကြတဲ့ Mr.Jer...
06/03/2025

ပုံမှန်နဲ့ မတူပဲ Mr. jerry မှာ Set နဲ့စားလို့ရပြီဆိုတာ သိကြလား Jerry တို့ရေ❤️😋

ဒီနေ့လေးမှာတော့ လူတိုင်းကြိုက်ကြတဲ့
Mr.Jerry Bbq and Hotpot ဆိုင်လေးအကြောင်းပါ

ကဲ စမ်းသွားစားခဲ့ပြီးပြီဆိုတော့
Honest Review လေး ရေးပေးမယ်😍

စမ်းတို့လို များကြီးလဲ မစားနိုင် Budget လဲ ၀င်ချင်တဲ့ သူတွေ လက်မလွှတ်သင့်တဲ့ အရာပဲနော်

Set 2 မျိုးရှိပြီး
Set A က 52000 ,Set B က 92000 အပြီး အစီးပါ

Set A က အနည်းဆုံး ၂ယောက်ရပြီး
Set B က အနည်းဆုံး ၄ယောက်ရပါတယ်

Set မှာပါတဲ့ ပွဲတွေကို အောက်မှာ ပုံနဲ့ တကွ ရှင်းပြထားပါတယ်ရှင့်

ခုက စမ်း စားခဲ့တဲ့ Set Aအကြောင်းပြောပြမယ်နော်
နှစ်ယောက်စားခဲ့တာမို့ Set A က အဆင်ပြေတယ် ပြောရမယ် ။ဗိုက်အပြည့်လဲ စားခဲ့ရတယ် Cheese လေးလဲ ရွှေးစားလို့ရသေးတယ်ဆိုတော့ Mr.Jerry ရိုးရာမပျက်ပေါ့နော်
အရသာကတော့ လူတိုင်းသိပြီးသားမို့ အထူးတလည် ပြောစရာမလိုတော့ဘူးနော်😍

မကုန်လို့ ပါဆယ်တောင် သယ်ခဲ့ရသေးတယ်
Buffet စားရင်တော့ သယ်လို့ရဘူးနော်😜

Buffet ဆိုရင်တော့ တယောက် 49500 ပါ
၅သောင်း ဆိုတော့ မစားနိုင်တော့ဘူး အစားလဲ အရမ်းမရွေးဘူးဆိုရင် ရွှေးသင်တဲ့ Set ပါပဲရှင့်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when San on the move posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category