Happy Cargo Myanmar

Happy Cargo Myanmar We deliver your packages promptly and safely across the countries.

📦 ထိုင်းနိုင်ငံက ဆိုင်ပေါင်းစုံမှာ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူပြီးတဲ့အခါ ပို့ခကို တစ်ခေါက်စာပ...
17/08/2026

📦 ထိုင်းနိုင်ငံက ဆိုင်ပေါင်းစုံမှာ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူပြီးတဲ့အခါ ပို့ခကို တစ်ခေါက်စာပဲ ကျသင့်စေမယ့် အလွယ်ကူဆုံး နည်းလမ်းလေးတစ်ခု ရှိပါတယ်။ ဒါကတော့ ထိုင်းနိုင်ငံမှာ ကိုယ်ပိုင်ဂိုဒေါင်ရှိတဲ့ Happy Cargo နဲ့ ချိတ်ဆက်ပြီး သယ်ယူတာပဲ ဖြစ်ပါတယ်။

🛍 မိတ်ဆွေတို့အနေနဲ့ ကြိုက်နှစ်သက်ရာ ဆိုင်တွေ၊ နေရာတွေကနေ မိမိနာမည်နဲ့ ဝယ်ယူပြီး Happy Cargo ဂိုဒေါင်ကိုသာ တိုက်ရိုက် လှမ်းပို့ထားလိုက်ရုံပါပဲ။ Flight မထွက်မီ သုံးရက်အတွင်း ရောက်လာသမျှ ပစ္စည်းတွေကို လုံလုံခြုံခြုံ စုသိမ်းပေးထားပြီး၊ အကုန်စုံပြီဆိုမှ တစ်ခါတည်း တစ်သုတ်တည်း ပေါင်းပြီး အရောက်ပို့ပေးသွားမှာ ဖြစ်ပါတယ်။

💰 ဒီလို ကိုယ်ပိုင်ဂိုဒေါင်ရှိတဲ့ အားသာချက်ကြောင့် အခေါက်ခေါက်အခါခွဲပြီး ပို့နေစရာမလိုတော့ဘဲ ကုန်ကျစရိတ်တွေ အများကြီး သက်သာသွားမယ့်အပြင် ပစ္စည်းတွေ အကုန်လုံးက တစ်ချိန်တည်းမှာ ရောက်လာမှာဖြစ်လို့ အချိန်ကုန်လည်း အရမ်းသက်သာသွားစေမှာ အသေအချာပါပဲ။

❗️ ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ချောချောမွေ့မွေ့ ဖြစ်စေဖို့အတွက်တော့ Flight ထွက်မယ့်ရက်ထက် အနည်းဆုံး (၃) ရက်အလိုလောက်တော့ ပစ္စည်းတွေအကုန် ဂိုဒေါင်ကို အရောက်ပို့ပေးထားဖို့ ကြိုပြီး မေတ္တာရပ်ခံချင်ပါတယ်။

🤝 ဒါကြောင့် "မြန်တယ်၊ တန်တယ်၊ စိတ်ချရတယ်" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို အချိန်ကုန်၊ ငွေကုန်သက်သာစွာနဲ့ စိတ်အချရဆုံး ပို့ဆောင်ချင်တယ်ဆိုရင်တော့ Happy Cargo ကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်တော့နော်။

📌 BKK - YGN Cargo အပ်နှံဖို့ အသေးစိတ် သိချင်တာလေးတွေရှိရင် Page Messenger မှာ အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါတယ်။ 📩

🏠 Bangkok Address - 898/84 Soi Wachirathamsathit 24, Sukhumvit 101/1 Rd., Bang Na Subdistrict, Bang Na District

📞 Phone - 09 964 000410 | 09 964 000710

Online Shop လုပ်ငန်းတစ်ခုဆိုတာ Order ကောက်ပြီးတာနဲ့ ပစ္စည်းတွေ Customer လက်ထဲ သေသေချာချာ အရောက်ပို့ပေးရတဲ့အထိ စေ့စပ်သေချ...
14/08/2026

Online Shop လုပ်ငန်းတစ်ခုဆိုတာ Order ကောက်ပြီးတာနဲ့ ပစ္စည်းတွေ Customer လက်ထဲ သေသေချာချာ အရောက်ပို့ပေးရတဲ့အထိ စေ့စပ်သေချာနေဖို့ လိုအပ်ပါတယ် ... 💁‍♀️

အထူးသဖြင့် ဘန်ကောက်၊ တရုတ် စတဲ့ ပြည်ပနိုင်ငံတွေကနေ ပစ္စည်းသယ်ယူချင်တဲ့အခါ Cargo Service တွေကို အဓိက အားကိုးရတာကြောင့် မကြာခဏဆိုသလို ခေါင်းကိုက်စရာလေးတွေ ကြုံရတတ်ပါတယ်။

💸 ဝယ်ရင်းဈေးထက် Cargo ခတွေက အရမ်းဈေးကြီးနေလို့ တွက်ခြေမကိုက်ဘဲ အမြတ်တွေ နည်းသွားတာမျိုး ....

📦 လမ်းခရီးမှာ ကိုယ်မှာထားတဲ့ ကုန်ပစ္စည်းတွေ ပျောက်ရှသွားတာ၊ ဒါမှမဟုတ် အထိအခိုက် အပျက်အစီးတွေ ရှိလာတာမျိုး ...

⏳ သတ်မှတ်ထားတဲ့ ရက်အတွင်း အချိန်မီ မရောက်လာဘဲ ပစ္စည်းရက်ကြာနေလို့ Customer တွေရဲ့ အပြစ်တင်တာကို ခံရတာမျိုး ...

🤦‍♀️ ဆိုင်ပေါင်းစုံကနေ ခွဲပြီးမှာထားတဲ့ ပစ္စည်းတွေက တစ်သုတ်တည်း မရောက်လာဘဲ ဟိုတစ်စ ဒီတစ်စနဲ့ ခွဲခွဲပြီးမှ ရောက်လာတာမျိုး ...

ဒီလိုမျိုး အခက်အခဲတွေကို Online Shop လုပ်ငန်းရှင်တွေအနေနဲ့ အမြဲလိုလို ကြုံတွေ့နေရတယ်ဆိုတာ ထုတ်မပြောလည်း သိကြမှာပါ။

ကဲ ... ဒါဆိုရင် စာဖတ်နေတဲ့ Online Shop ပိုင်ရှင်တွေအနေနဲ့ရော ပစ္စည်းသွင်းတဲ့အခါ ဒီအချက်တွေထဲက ဘယ်အခက်အခဲကို အဆိုးရွားဆုံးနဲ့ အများဆုံး ကြုံတွေ့ရတတ်လဲဆိုတာကို Comment မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ ✍️

ဒီလိုမျိုး ပြည်ပကနေ ပစ္စည်းသယ်ယူတဲ့အခါ ခေါင်းကိုက်စရာတွေ အားလုံးကို အကောင်းဆုံး ဖြေရှင်းပေးဖို့အတွက် ကျွန်တော်တို့ 𝐇𝐚𝐩𝐩𝐲 𝐂𝐚𝐫𝐠𝐨 က အမြဲတမ်း အသင့်ရှိနေတယ် ဆိုတာကိုလည်း မမေ့လိုက်နဲ့ဦးနော် ... 💁‍♀️

🏠 Bangkok Address - 898/84 Soi Wachirathamsathit 24, Sukhumvit 101/1 Rd., Bang Na Subdistrict, Bang Na District

📞 Phone - 09 964 000410 | 09 964 000710


✈️ အလှကုန်ပစ္စည်းတွေကို Air Cargo မှာယူ၊ ပို့ဆောင်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ …လူအများစုက နိုင်ငံခြားကနေ အလှကုန်ပစ္...
11/08/2026

✈️ အလှကုန်ပစ္စည်းတွေကို Air Cargo မှာယူ၊ ပို့ဆောင်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ …

လူအများစုက နိုင်ငံခြားကနေ အလှကုန်ပစ္စည်းတွေ မှာယူတဲ့အခါ ပစ္စည်းတိုင်းကို Air Cargo နဲ့ အလွယ်တကူသယ်ယူလို့ရမယ်လို့ ထင်နေတတ်ကြပါတယ်။ 💄

ဒါပေမဲ့ ရေမွှေး၊ Spray ဘူးတို့လို Alcohol နဲ့ Gas ပါဝင်တဲ့ အလှကုန်တွေဆိုရင် ပါဝင်ပစ္စည်းနဲ့ ထုပ်ပိုးမှုအပေါ်မူတည်ပြီး လေကြောင်းလိုင်းရဲ့ လုံခြုံရေးစည်းမျဉ်းတွေအရ သတ်မှတ်ချက်တွေ ရှိပါတယ်။

ဒါကြောင့် Cargo ပို့တဲ့အခါ အောက်ပါအချက်တွေကို သိထားဖို့ လိုအပ်ပါတယ်။

📦 Air Pressure နဲ့ ဖိထားတဲ့ Spray ဘူးများနှင့် Gas ပါဝင်တဲ့ အလှကုန်များ

Spray ဘူးအချို့မှာ ဖိအားနဲ့ ထည့်သွင်းထားတဲ့ Gas ပါဝင်နိုင်ပါတယ်။ လေယာဉ်အတွင်း သယ်ယူတဲ့အခါ ဖိအားအခြေအနေတွေ ပြောင်းလဲနိုင်တာကြောင့် ဒီလိုပစ္စည်းတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း စစ်ဆေးပြီး သယ်ယူဖို့ လိုအပ်ပါတယ်။

📦 Alcohol ပါဝင်မှုများတဲ့ ရေမွှေးနဲ့ Liquid အမျိုးအစားများ

ရေမွှေးနဲ့ Liquid အလှကုန်အချို့မှာလည်း Alcohol ပါဝင်နိုင်ပြီး Alcohol က မီးလောင်လွယ်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် လေကြောင်းပို့ဆောင်ရာမှာ ပါဝင်ပမာဏနဲ့ ထုပ်ပိုးမှုအပေါ်မူတည်ပြီး သတ်မှတ်ချက်တွေ ရှိနိုင်ပါတယ်။

📦 ဖိတ်စင်နိုင်တဲ့ Liquid နဲ့ Cream အမျိုးအစားများ

Liquid နဲ့ Cream ပစ္စည်းတွေက အဖုံးမလုံခြင်း၊ ထုပ်ပိုးမှုမသေချာခြင်းတွေရှိပါက သယ်ယူပို့ဆောင်နေစဉ်အတွင်း ဖိတ်စင်ခြင်း၊ ပျက်စီးခြင်းတွေ ဖြစ်နိုင်တာကြောင့် သေချာထုပ်ပိုးထားဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ပို့ဆောင်မယ့်ပစ္စည်းအမျိုးအစားကို ကြိုတင်သိရှိပြီး မှန်ကန်တဲ့ Cargo Service ကို ရွေးချယ်ခြင်းက ပစ္စည်းတွေ လုံခြုံစွာ ရောက်ရှိဖို့ အရေးကြီးတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်။ 🤗

အခုလို အလှကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံ ဒါမှမဟုတ် တရုတ်နိုင်ငံကနေ မှာယူချင်တဲ့အခါ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပို့ဆောင်လို့ ရ၊ မရ သိချင်တယ်ဆိုရင် 𝐇𝐚𝐩𝐩𝐲 𝐂𝐚𝐫𝐠𝐨 မှာ လာရောက်ဆွေးနွေးပြီး လူကြီးမင်းတို့ရဲ့ ကုန်ပစ္စည်းတွေကို စိတ်ချယုံကြည်စွာ ပို့ဆောင်နိုင်ပါပြီ။ 💁‍♀️

Bangkok Address - 898/84 Soi Wachirathamsathit 24, Sukhumvit 101/1 Rd., Bang Na Subdistrict, Bang Na District.

Phone - 09 964 000410 | 09 964 000710





Fashion လောကမှာ Trend တွေက အမြဲပြောင်းလဲနေပါတယ် … 👗 ဒီနေ့ လူကြိုက်များတဲ့ Design တစ်ခုက မနက်ဖြန်မှာ Trend ပြောင်းသွားနို...
08/08/2026

Fashion လောကမှာ Trend တွေက အမြဲပြောင်းလဲနေပါတယ် … 👗

ဒီနေ့ လူကြိုက်များတဲ့ Design တစ်ခုက မနက်ဖြန်မှာ Trend ပြောင်းသွားနိုင်တာကြောင့် ရောင်းအားတက်နေတုန်းမှာ အချိန်မီ Stock ဖြည့်တင်းနိုင်ဖို့က အဝတ်အထည်လုပ်ငန်းတွေအတွက် အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ 📦

ဒါကြောင့် အဝတ်အထည်လုပ်ငန်းတွေအတွက် ကုန်ပစ္စည်းရောက်ရှိချိန်က ရောင်းအားနဲ့ တိုက်ရိုက်သက်ဆိုင်နေတာမို့ လိုအပ်တဲ့အချိန်မှာ Stock အမြန်ပြန်ဖြည့်နိုင်ဖို့က မှန်ကန်မြန်ဆန်တဲ့ Cargo Service ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

Happy Cargo ရဲ့ Air Cargo Service နဲ့ဆိုရင် လေယာဉ်ထွက်ပြီးတာနဲ့ အမြန်ဆုံး ပို့ဆောင်ပေးတာကြောင့် ထိုင်းနိုင်ငံ ဒါမှမဟုတ် တရုတ်နိုင်ငံကနေ မှာယူထားတဲ့ အဝတ်အထည်တွေကို အချိန်မီ ရရှိနိုင်ပြီး Stock ပြတ်မှာကို စိတ်ပူစရာမလိုတော့ဘူးနော်။ ✈️

အသစ်ထွက်လာတဲ့ Fashion Item တွေ၊ ရာသီအလိုက် Collection တွေနဲ့ လူကြိုက်များတဲ့ Design တွေကို အချိန်မီ ရောင်းချနိုင်ဖို့ Happy Cargo က မြန်ဆန်ပြီး ယုံကြည်စိတ်ချရတဲ့ Cargo Service နဲ့ ပို့ဆောင်ပေးနေပါတယ်။

အချိန်က Fashion လောကအတွက် အရေးကြီးတာကြောင့် Stock မပြတ်စေဖို့နဲ့ Trend ဖြစ်နေတဲ့အချိန်မှာ များများရောင်းရဖို့ ထိုင်းနိုင်ငံ ဒါမှမဟုတ် တရုတ်နိုင်ငံကနေ အဝတ်အထည်မှာယူချင်တယ်ဆိုရင် 𝐇𝐚𝐩𝐩𝐲 𝐂𝐚𝐫𝐠𝐨 မှာ အမြန်ဆုံး လာရောက်အပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ 💁‍♀️

Bangkok Address - 898/84 Soi Wachirathamsathit 24, Sukhumvit 101/1 Rd., Bang Na Subdistrict, Bang Na District.

Phone - 09 964 000410 | 09 964 000710





ပစ္စည်းတွေကို အချိန်မီ ပို့ဆောင်နိုင်ဖို့ဆိုတာ Online Shop လုပ်ငန်းတွေအတွက် အဓိကကျတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ 📦ဈေးကွက်ထဲ...
07/08/2026

ပစ္စည်းတွေကို အချိန်မီ ပို့ဆောင်နိုင်ဖို့ဆိုတာ Online Shop လုပ်ငန်းတွေအတွက် အဓိကကျတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ 📦

ဈေးကွက်ထဲမှာ Demand မြင့်နေတဲ့အချိန် ဒါမှမဟုတ် Customer တွေက ပစ္စည်းကို အမြန်ဆုံးလိုချင်နေတဲ့အချိန်တွေမှာ ပို့ဆောင်မှု နှောင့်နှေးသွားတာမျိုး မဖြစ်စေဖို့ ယုံကြည်စိတ်ချရတဲ့ Cargo Service ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ✈️

Happy Cargo ၏ Air Cargo Service နဲ့ဆိုရင် လေကြောင်းပျံသန်းမှု အမြန်ဆုံး ပို့ဆောင်ပေးတာကြောင့် ထိုင်းနိုင်ငံ ဒါမှမဟုတ် တရုတ်နိုင်ငံကနေ မှာယူထားတဲ့ ပစ္စည်းတွေကို အချိန်မီ ရရှိနိုင်ပြီး Stock ပြတ်မှာကို စိတ်ပူစရာမလိုတော့ဘူးနော်။ 💯

လုပ်ငန်းရှင်တို့ရဲ့ ရောင်းအားတွေ တိုးတက်ဖို့နဲ့ Customer တွေရဲ့ ယုံကြည်မှုကို ရယူဖို့အတွက် ကုန်စည်ပို့ဆောင်ရေးပိုင်းမှာ Happy Cargo က အမြဲတမ်း အသင့်ရှိနေပါတယ်။ 🤝

အသေးစိတ် နှုန်းထားများနှင့် ပစ္စည်းအပ်နှံလိုသည်များရှိပါက Happy Cargo မှ အမြန်ဆုံး လာရောက်ဆက်သွယ်နိုင်ပါတယ်ရှင့် 👩‍💻

🏠 Bangkok Address - 898/84 Soi Wachirathamsathit 24, Sukhumvit 101/1 Rd., Bang Na Subdistrict, Bang Na District.
📞 Phone - 09 964 000410 | 09 964 000710




ပစ္စည်းတွေကို အချိန်မီ ရောက်စေချင်ရင် Flight ထွက်မယ့်နေ့ကိုပဲ ကြည့်ထားလို့ မရပါဘူးနော်။ ✈️Flight ထွက်မယ့်နေ့ကိုပဲ ကြည့်ပ...
30/07/2026

ပစ္စည်းတွေကို အချိန်မီ ရောက်စေချင်ရင် Flight ထွက်မယ့်နေ့ကိုပဲ ကြည့်ထားလို့ မရပါဘူးနော်။ ✈️

Flight ထွက်မယ့်နေ့ကိုပဲ ကြည့်ပြီး ပစ္စည်းပို့မယ်ဆိုရင် အဲ့ဒီ Flight ကို မမှီတာ၊ ပစ္စည်းရောက်ရှိမယ့်ရက် နောက်ကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပစ္စည်းမှာယူနေတဲ့ Online Shop လုပ်ငန်းရှင်တွေအနေနဲ့ ဒီအချက်ကို သေချာသိထားဖို့ လိုပါတယ်။ 📦

Happy Cargo မှာဆိုရင်တော့ Flight တွေကို အပတ်စဥ်သောကြာနေ့တိုင်း ပြေးဆွဲပေးနေတဲ့အပြင် လူကြီးမင်းတို့ ပို့ဆောင်လိုတဲ့ ပစ္စည်းတိုင်းကိုလည်း အချိန်မီ ဂရုတစိုက်နဲ့ ရောက်ရှိဖို့ အထူးအလေးထားဆောင်ရွက်ပေးနေပါတယ်။

ဒါပေမဲ့ သောကြာနေ့ Flight ကို မှီဖို့အတွက် သောကြာနေ့မှ ပစ္စည်းလာအပ်လို့တော့ မရပါဘူးနော်။ Flight မထွက်ခင် (၃)ရက်မတိုင်ခင် ဘန်ကောက်ရုံးချုပ်ကို ပစ္စည်းအပ်နှံပေးထားဖို့လည်းလိုအပ်ပါတယ်။

ဥပမာ - သောကြာနေ့ (၂၆) ရက်နေ့ Flight နဲ့ ပစ္စည်းပို့ဆောင်ချင်ရင် (၂၃) ရက်နေ့ နောက်ဆုံးထားပြီး ဘန်ကောက်ရုံးချုပ်ကို ပစ္စည်းအပ်နှံပေးရမှာ ဖြစ်ပါတယ်။

Online Shop လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ Order တွေကို Customer တွေဆီ အချိန်မီ ပို့ဆောင်ပေးနိုင်ဖို့ Flight ထွက်မယ့်ရက်ကိုပဲ ကြည့်ထားတာမျိုးမဟုတ်ဘဲ ပစ္စည်းအပ်နှံရမယ့် Deadline ကိုပါ ကြိုတင်သိထားဖို့ လိုအပ်ပါတယ်နော်။ 📦✈️

အခုဆိုရင် ပစ္စည်းအချိန်မီအပ်နှံဖို့ Deadline လေးတွေအကြောင်းကိုလည်းနားလည်သွားပြီဆိုတော့ ထိုင်းနိုင်ငံကနေ ပစ္စည်းသယ်ယူပို့ဆောင်လိုတဲ့ Online shop လုပ်ငန်းရှင်တွေအနေနဲ့ လူကြီးမင်းတို့ ကုန်ပစ္စည်းတွေ လုံလုံခြုံခြုံနဲ့ အချိန်မီ ရောက်ရှိဖို့အတွက် 𝐇𝐚𝐩𝐩𝐲 𝐂𝐚𝐫𝐠𝐨 ကိုသာ သတိရလိုက်ပါနော်။

Bangkok Address - 898/84 Soi Wachirathamsathit 24, Sukhumvit 101/1 Rd., Bang Na Subdistrict, Bang Na District.

Myanmar Address - No (36) B, Ground floor, 109 St, Mingala Taungnyunt Township, Ygn.

Phone - 09 964 000410 | 09 964 000710





ယနေ့ဟာဆိုရင်တော့ ဗုဒ္ဓမြတ်စွာဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးတို့ကို ဓမ္မစကြာတရားဦး စတင်ဟောကြားတော်မူခဲ့တဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ...
29/07/2026

ယနေ့ဟာဆိုရင်တော့ ဗုဒ္ဓမြတ်စွာဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးတို့ကို ဓမ္မစကြာတရားဦး စတင်ဟောကြားတော်မူခဲ့တဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါတယ် ခင်ဗျာ။ 🌕🙏

ဒီလို မြင့်မြတ်လှတဲ့ အခါသမယကစပြီး Happy Cargo နဲ့ ယုံယုံကြည်ကြည် လက်တွဲလာခဲ့ကြတဲ့ မိတ်ဆွေများအားလုံး ရင်တွင်းသောကတွေ ကင်းဝေးပြီး၊ ပြုသမျှ ကောင်းမှုကုသိုလ်တွေကြောင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာနဲ့ အေးချမ်းသာယာတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Happy Cargo မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ခင်ဗျာ။ 💛

#ဓမ္မစကြာနေ့

တရုတ်ကနေ ရန်ကုန်ကို ကုန်ပစ္စည်းမှာယူလိုတဲ့ Online Shop လုပ်ငန်းရှင်တွေအတွက် Happy Cargo မှ သတင်းကောင်းတစ်ခု ယူဆောင်လာပါပ...
28/07/2026

တရုတ်ကနေ ရန်ကုန်ကို ကုန်ပစ္စည်းမှာယူလိုတဲ့ Online Shop လုပ်ငန်းရှင်တွေအတွက် Happy Cargo မှ သတင်းကောင်းတစ်ခု ယူဆောင်လာပါပြီ။ 📦

တရုတ်ကနေ ရန်ကုန်အထိ ပစ္စည်းမှာယူတိုင်း ရောက်ရှိဖို့ အချိန်ကြာမြင့်တာ၊ ပစ္စည်းတွေအများကြီးကို ဆိုင်အမျိုးမျိုးကနေ မှာမိတဲ့အခါ ပစ္စည်းအားလုံး တစ်သုတ်တည်း မရောက်တာတွေက Online Shop လုပ်ငန်းရှင်တွေအတွက် အဓိကပြဿနာကြီးတစ်ခု ဖြစ်နေတတ်ပါတယ်။ 🤦‍♀️

ဒါပေမဲ့ Happy Cargo ရဲ့ ထိုင်းနဲ့ ဒူဘိုင်းတင်မကဘဲ ထပ်မံတိုးချဲ့လိုက်တဲ့ China to Yangon Cargo လမ်းကြောင်းအသစ်လေးနဲ့ဆိုရင်တော့ ဒီပြဿနာတွေအားလုံးအတွက် စိတ်ပူစရာမလိုတော့ပါဘူး။

ဆိုင်အမျိုးမျိုးကနေ မှာယူထားတဲ့ ပစ္စည်းတွေအားလုံးကို Happy Cargo ရဲ့ ကွမ်ကျိုးက ဂိုဒေါင်မှာ ပစ္စည်းတွေ စုံစုံလင်လင်ဖြစ်အောင် သေချာစုစည်းပြီးမှ ရန်ကုန်ကို တစ်သုတ်တည်း ပို့ဆောင်ပေးသွားမှာပါ။

ဒါ့အပြင် လေယာဉ်ထွက်ပြီး ၃ ရက်အတွင်း ပစ္စည်းအရောက် ပို့ဆောင်ပေးမှာဖြစ်လို့ တရုတ်နိုင်ငံကနေ ပစ္စည်းမှာယူပြီး မြန်မာနိုင်ငံမှာ ပြန်လည်ရောင်းချနေတဲ့ Online Shop လုပ်ငန်းရှင်တွေအတွက် ပိုမိုမြန်ဆန်၊ စိတ်ချရပြီး အဆင်ပြေတဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုကို ရရှိနိုင်မှာပါနော်။ ✈️

ဒါကြောင့် တရုတ်နိုင်ငံကနေ ရန်ကုန်ကို ပစ္စည်းမှာယူလိုတဲ့ Online Shop လုပ်ငန်းရှင်များအနေနဲ့ ပိုမိုမြန်ဆန်ပြီး ယုံကြည်စိတ်ချရတဲ့ 𝐇𝐚𝐩𝐩𝐲 𝐂𝐚𝐫𝐠𝐨 ရဲ့ China to Yangon လမ်းကြောင်းအသစ်လေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ Page Messenger မှာ လာရောက်ဆက်သွယ်လိုက်ပါနော်။ 💁‍♀️

Bangkok Address - 898/84 Soi Wachirathamsathit 24, Sukhumvit 101/1 Rd., Bang Na Subdistrict, Bang Na District.
Myanmar Address - No (36) B, Ground floor, 109 St, Mingala Taungnyunt Township, Ygn.
Phone - 09 964 000410 | 09 964 000710





လကုန်ပိုင်းရောက်တိုင်း Customer တွေရဲ့ Order တွေ ပိုပြီးများလာတာကြောင့် Online Shop တွေအနေနဲ့ Stock ဖြည့်တင်းဖို့ ပစ္စည်...
25/07/2026

လကုန်ပိုင်းရောက်တိုင်း Customer တွေရဲ့ Order တွေ ပိုပြီးများလာတာကြောင့် Online Shop တွေအနေနဲ့ Stock ဖြည့်တင်းဖို့ ပစ္စည်းမှာယူမှုတွေလည်း ပိုပြီးများပြားလာတတ်ပါတယ်။ 💁‍♀️

ဒါပေမဲ့ Order တွေများလာတာကိုပဲ အာရုံစိုက်ပြီး ပစ္စည်းသယ်ယူပို့ဆောင်ရေးပိုင်းကို သေချာမစီမံနိုင်ရင်တော့ ပစ္စည်းရောက်ရှိချိန် နောက်ကျတာ၊ Stock ပြတ်လပ်တာနဲ့ မလိုအပ်တဲ့ အခြားကုန်ကျစရိတ်တွေပါ တိုးလာတတ်ပါတယ်။ 😅

ဒီလိုအချိန်မျိုးမှာ Online Shop လုပ်ငန်းတွေအတွက် အရေးကြီးဆုံးအရာတွေထဲက တစ်ခုကတော့ ယုံကြည်စိတ်ချရပြီး အချိန်တိကျတဲ့ Cargo Partner တစ်ယောက် ရှိနေဖို့ပါပဲ။ ✈️

ဒီလိုမျိုး ယုံကြည်စိတ်ချရတဲ့ Cargo Partner သာရှိနေမယ်ဆိုရင်တော့ မှာယူထားတဲ့ ပစ္စည်းတွေကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာပဲ အမြန်ဆုံးရောက်ရှိနိုင်အောင် ပို့ဆောင်ပေးမှာ ဖြစ်သလို ပစ္စည်းတွေ ထိခိုက်ပျက်စီးမှာကိုလည်း တွေးပြီး စိတ်ပူနေစရာမလိုတော့ပါဘူးနော်။

ဒါ့အပြင် မလိုလားအပ်တဲ့ကုန်ကျစရိတ်တွေကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပြီး Online Shop လုပ်ငန်းရှင်များအနေနဲ့ သယ်ယူပို့ဆောင်ရေးပိုင်းမှာ စိတ်ပူနေမယ့်အစား ရောင်းအားမြှင့်တင်ရေးနဲ့ Customer Service ပိုင်းမှာ ပိုမို အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။ ✅

လူတိုင်းက Online Shop လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာ ရောင်းအားတစ်ခုတည်းနဲ့ပဲ လုံလောက်နေပြီလို့ ထင်နေကြပေမဲ့ တကယ်တမ်းတော့ မပြည့်စုံသေးပါဘူး။ ဒါကြောင့် ရောင်းအားမြှင့်တင်ဖို့၊ Customer Service ကောင်းတွေရှိဖို့အပြင် ယုံကြည်စိတ်ချရပြီး အချိန်တိကျတဲ့ Cargo Partner သာရှိနေမယ်ဆိုရင်တော့ လုံးဝ Perfect ပါပဲနော်။

ဒါကြောင့် လကုန်ပိုင်းလို ပစ္စည်းမှာယူမှုများပြားတဲ့အချိန်တွေမှာ လူကြီးမင်းတို့ရဲ့ Online Shop လုပ်ငန်းတွေကို ပိုပြီး အထောက်အကူပြုပေးနိုင်မယ့် ယုံကြည်စိတ်ချရတဲ့ Cargo Partner ကို ရှာနေတယ်ဆိုရင်တော့ အာမခံမှု၊ တာဝန်ယူမှုအပြည့်နဲ့ အချိန်တိကျတဲ့ 𝐇𝐚𝐩𝐩𝐲 𝐂𝐚𝐫𝐠𝐨 နဲ့သာ လာရောက်လက်တွဲလိုက်ပါနော်။ 🙆‍♀️

Bangkok Address - 898/84 Soi Wachirathamsathit 24, Sukhumvit 101/1 Rd., Bang Na Subdistrict, Bang Na District.
Myanmar Address - No (36) B, Ground floor, 109 St, Mingala Taungnyunt Township, Ygn.
Phone - 09 964 000410 | 09 964 000710






ယုံကြည်စိတ်ချရတဲ့ Cargo Service ဆိုတာ ပို့ဆောင်ပေးရုံတင်မကဘဲ အပ်နှံထားတဲ့ ပစ္စည်းတွေကို အထိအခိုက်၊ အပျက်အစီးမရှိ တာဝန်ယူ...
22/07/2026

ယုံကြည်စိတ်ချရတဲ့ Cargo Service ဆိုတာ ပို့ဆောင်ပေးရုံတင်မကဘဲ အပ်နှံထားတဲ့ ပစ္စည်းတွေကို အထိအခိုက်၊ အပျက်အစီးမရှိ တာဝန်ယူ ပို့ဆောင်ပေးခြင်း ဖြစ်ပါတယ်။ ✅

ကုန်ပစ္စည်းတစ်ခုကို အပ်နှံတဲ့အချိန်တိုင်းမှာ Customer တွေအနေနဲ့ ပစ္စည်းတွေ ရောက်ရှိသွားဖို့အပြင် လုံခြုံစိတ်ချစွာနဲ့ အထိအခိုက်၊ အပျက်အစီးမရှိဖို့ကိုလည်း မျှော်လင့်ကြပါတယ်။

Happy Cargo မှာတော့ လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကို အလေးအနက်ထားပြီး အပ်နှံလိုက်တဲ့ ကုန်ပစ္စည်းတိုင်းကို ဂရုတစိုက်ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ။ ✈️

မမျှော်လင့်ထားတဲ့ အခြေအနေအမျိုးမျိုးကြောင့် ကုန်ပစ္စည်းများ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့ရင်လည်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ တာဝန်ယူဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ 📦

ကျွန်တော်တို့ Happy Cargo မှာဆိုရင်တော့ လူကြီးမင်းတို့ အပ်နှံထားတဲ့ ကုန်ပစ္စည်းတိုင်းကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးနိုင်အောင် အလေးအနက်ထား ကြိုးစားလျက်ရှိပါတယ်ခင်ဗျာ။

ဒီလိုမျိုး ယုံကြည်မှုကို အခြေခံပြီး တာဝန်ယူမှုအပြည့်နဲ့ ဝန်ဆောင်မှုပေးနေတဲ့ 𝐇𝐚𝐩𝐩𝐲 𝐂𝐚𝐫𝐠𝐨 ရဲ့ Service အသေးစိတ်အချက်အလက်တွေကို သိချင်တယ်ဆိုရင်တော့ အခုပဲ Page Messenger မှာ လာရောက်ဆက်သွယ်နိုင်ပါပြီခင်ဗျာ။ 🙋🏻

Bangkok Address - 898/84 Soi Wachirathamsathit 24, Sukhumvit 101/1 Rd., Bang Na Subdistrict, Bang Na District.
Myanmar Address - No (36) B, Ground floor, 109 St, Mingala Taungnyunt Township, Ygn.
Phone - 09 964 000410 | 09 964 000710




Address

လိပ်စာ​/၁၀၉လမ်း အမှတ်(36)B ​မြေညီထပ်၊ မင်္ဂလာ​​တောင်ညွှန့်မြို့နယ်
Yangon

Telephone

+959964000410

Website

Alerts

Be the first to know and let us send you an email when Happy Cargo Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Happy Cargo Myanmar:

Shortcuts

Share