Tun Touk Tun ဘုရားဖူးလုပ်ငန်း

Tun Touk Tun ဘုရားဖူးလုပ်ငန်း ဘုရားဖူးလုပ်ငန်း

📣📣📣မင်္ဂလာပါရှင့် 🙏🏻🙏🏻🙏🏻ရန်ကုန် ~ မန္တလေး ~ ပြင်ဦးလွင် ~ ကျောက်ဆည်ဘုရားဖူး + အပန်းဖြေ ခရီးစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်...
18/01/2026

📣📣📣
မင်္ဂလာပါရှင့် 🙏🏻🙏🏻🙏🏻
ရန်ကုန် ~ မန္တလေး ~ ပြင်ဦးလွင် ~ ကျောက်ဆည်
ဘုရားဖူး + အပန်းဖြေ ခရီးစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့် 🚘🚘🚘

February လရဲ့ အေးချမ်းလှတဲ့ ❄❄ ပြင်ဦးလွင်မြို့ ကို
ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ
မိသားစု၊ သူငယ်ချင်းများနဲ့အတူ
အပန်းဖြေ + ကုသိုလ်ယူ သွားဖို့ အကောင်းဆုံးအချိန်ဖြစ်လို့
လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင့် 🙏🏻✨
ရာသီဥတုအေးမျှ ☃
ထင်းရှူးပင်များ 🌲🌲
စတော်ဘယ်ရီခြံများ 🍓🍓
တောင်ပေါ်ရှုခင်းအလှများကို ခံစားရင်း
ရုက္ခဗေဒဥယျာဉ်ကြီး ရဲ့ ပန်းမျိုးစုံ သဘာဝအလှအပတွေနဲ့
အမှတ်တရဓာတ်ပုံများ 📸📸📸 ရိုက်ကူးနိုင်အုံးမှာပါရှင့်..
တရုတ်ဘုံကျောင်း ရောက်ရင်လည်း
ဝတ်စုံလှလှလေးတွေ ဝတ်ပြီး
Check-in ရိုက်ကူးလို့ရသေးတယ်နော် 📸✨

ဒါ့အပြင်
မန္တလေးမြို့ ရဲ့ တန်ခိုးကြီးဘုရားများ၊
မန္တလေးတောင်ပေါ်တန်းဘုရားများနှင့်
မြို့အလှအပတွေကိုပါ ထပ်မံခံစားရပါအုံးမည် 🌄🌅
ကျောက်ဆည်မြို့ ရောက်ရင်
အထင်ကရ မဟာရွှေသိမ်တော်ဘုရား တွင်
အဓိဌာန်ပွဲကပ်လှူ 🙏🏻
အောင်မြင်ရေး၊ ကျန်းမာရေးအတွက် ဆုတောင်းနိုင်ပါမယ်
ကျောက်ဆည်မြို့အတွင်းရှိ
တန်ခိုးကြီးဘုရားများကိုလည်း ထပ်မံပို့ဆောင်ပေးမှာဖြစ်ပြီး
အပန်းဖြေ စိတ်ရွှင်လန်းစေဖို့အတွက်
ဆင်ခေါင်းတောင် ကိုပါ ဝင်ရောက်လည်ပတ်ပေးပါမယ် 🏊‍♀️🏞

🎁 အထူးလက်ဆောင်အနေနဲ့
ကျောက်စိမ်းစေတီတော် ကိုပါ အခမဲ့လိုက်လံပို့ဆောင်ပေးမှာဖြစ်ပြီး
💰 တစ်ဦးလျှင် စားစရိတ်ငြိမ်း
👉 ၁၆၀,၀၀၀ ကျပ်သာ ဆိုတော့
နှစ်ခါစဉ်းစားနေစရာ မလိုတော့ပါဘူးရှင့် 🧏🏻‍♀️🧏🏻‍♀️
တစ်ယောက်တည်းလာရောက်မယ်ဆိုလည်း
အားငယ်စရာမလိုပါဘူးနော် 🤍
ပုံလှလှလေးတွေကိုလည်း မင်မင်တို့က ကူညီရိုက်ပေးပြီး
သူငယ်ချင်းတွေနဲ့အတူ သွားရတဲ့ vibe မျိုး ရအောင် စီစဉ်ပေးပါမယ် 🥰

⭐ မန္တလေးမြို့ရှိ လည်ပတ်မည့်နေရာများ ⭐
မန္တလေး မဟာမြတ်မုနိဘုရား
မန္တလေးတောင်ပေါ်တန်းဘုရား
ဗားကရာကျောင်းတိုက်
လေးထပ်ကြီးကျောင်း
ဝင်္ဂဘာစေတီ
အင်းဝမြို့ဟောင်း
ကျောက်စိမ်းစေတီတော်
ဦးပိန်တံတား

⭐ ပြင်ဦးလွင်မြို့ရှိ လည်ပတ်မည့်နေရာများ ⭐
မဟာအံ့ထူးကံသာဘုရားကြီး
တရုတ်ဘုံကျောင်း
ပွဲကောက်ရေတံခွန်
ပိတ်ချင်းမြောင်လှိုင်ဂူ
အမျိုးသားကန်တော်ကြီးဥယျာဉ်
တောင်ပုလတောင်တော်

⭐ ကျောက်ဆည်မြို့ရှိ လည်ပတ်မည့်နေရာများ ⭐
မဟာရွှေသိမ်တော်ဘုရား
ရွှေပင်ရွေဆက်သွား
တမုတ်ရွှေဂူကြီးဘုရား

🗓 ခရီးစဉ်ကြာချိန်
👉 (၃) ညအိပ် (၄) ရက်ခရီး
🗓 ခရီးထွက်မည့်နေ့
👉 (၁၁-၂-၂၀၂၆)
⏰ ညနေ (၅) နာရီ ထွက်ခွာပါမည်.

📌 မှတ်ချက်
ဘုန်းကြီးကျောင်းတည်းဖြစ်ပါတယ်ရှင့်

📞 ဆက်သွယ်ရန်
09971778720
0943157611
Viber – 09978492120
💬 သိလိုသမျှကို အားမနာတမ်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် 🙏🏻

မန္တလေး ကျောက်ဆည် ပြင်ဦးလွင် ခရီးစဥ်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်
08/01/2026

မန္တလေး ကျောက်ဆည် ပြင်ဦးလွင် ခရီးစဥ်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်

 #အားလုံးဘဲမင်္ဂလာပါရှင့်....ထွန်းတောက်ထွန်း ဘုရားဖူးဝန်ဆောင်မှုလေးနဲ့မိတ်ဆက်​ပေးပါရစေရှင်...ဟိုးအရင် နှစ်၃၀ လောက်ထဲက မြ...
17/10/2025

#အားလုံးဘဲမင်္ဂလာပါရှင့်....
ထွန်းတောက်ထွန်း ဘုရားဖူးဝန်ဆောင်မှုလေးနဲ့မိတ်ဆက်​ပေးပါရစေရှင်...
ဟိုးအရင် နှစ်၃၀ လောက်ထဲက မြန်မာပြည်အနှံ့ဘုရားဖူးဝန်ဆောင်မှုလေးတွေရှိတယ်ဆိုတာဘုရားဖူးလိုက်ပါကြဖူးတဲ့မိဘပြည်သူများသိကြပြီးဖြစ်ပါတယ်ရှင့်.....
Pageလေးကတော့ မင်မင်တို့ခုမှစ runတာဖြစ်ပါတယ်ရှင့်....
ပထမဦးစွာ Page စဖွင့်တဲ့အနေနဲ့မင်မင်တို့က
#ပုဂံဘုရားဖူးခရီးစဉ်လေးစတင်ဝန်ဆောင်မှုပေးမှာပါရှင့်...
3ညအိပ် 4ရက်ခရီးလေးဖြစ်ပြီး 3ရက်စာ ၅နပ်စားစရိတ်ငြိမ်းလေးပါရှင့်....စားစရိတ်ငြိမ်းအပြင်၃ညအိပ်၄ရက်ခရီးဆိုလို့ ဈေးများမယ်မထင်ပါနဲ့နော်....
မင်မင်တို့ရဲ့စားစရိတ်ငြိမ်း4ရက်ခရီးလေးကိုမှ ပျားရည်ထပ်ချိုတဲ့ လူတိုင်းလဲလိုက်နိုင်အဆင်ပြေချော့မွေ့စိတ်ချမ်းသာပြီးစေတနာအပြည့်ဝန်ဆောင်မှု့လေးနဲ့ကိုမှ
တစ်ဦးလျှင် 138000 ကျပ်ပဲကျသင့်မှာပါရှင့်.....
မင်မင်တို့ရဲ့တည့်ခင်းမှု့ဟင်လျာပုံစံလေးက အသားဟင်းတစ်မျိုး၊ ငါးပိရည် တို့စရာ၊ အရည်သောက် အပြင်အညာ​ဒေသရဲ့အရသာအစစ် ပုန်းရည်ကြီးသုပ်လေးကတော့မပါမဖြစ်ပါရှင့်...
ရုံးသမားတွေ ကျောင်းသမားတွေအတွက်လဲအဆင်ပြေအောင်မင်မင်တို့က ရန်ကုန်မှ ၁၂ရက်​​နေ့ညနေစတင်ထွက်ခွာမှာဖြစ်ပြီး ၁၃ရက်နေ့မနက်စောပိုင်းအေးစိမ့်စိမ့်လေးနဲ့တောင်ပေါ်တက်ရင်း ပုပ္ပါးတောင်ကလပ်သို့သွားရောက်ဖူးမျှော်မှာဖြစ်ပါတယ်ရှင်...ထိုမှတဆင့်နေ့လည်ဘက် ပုဂံညောင်ဦးသို့ဆက်လက်ထွက်ပါမည်... ဧည့်သည်တော်များအပန်းဖြေ အညောင်းညာပြေ ဓာတ်ပုံရိုက်ရန်အရမ်းလှတဲ့ « ပိုင် »ထန်းတောသို့ ပို့ဆောင်ပေးပါမည်....
13,14,15 «3»ရက်လုံးလုံး ပုဂံ_ ညောင်ဦးမြို့ရှိ ဘုရားများအားလုံးကိုစိတ်အေးချမ်းသာစွာဖူးမျှော်နိုင်ပါသည်.... Guide တစ်ဦးမှလည်း ဘုရားသမိုင်းကြောင်းများရှင်းပြမည့်အပြင် မင်မင်တို့မှဓာတ်ပုံလှလှလေးတွေလဲမေတ္တာဖြင့်ရိုက်ပေးအုံးမှာပါရှင့်..... ၁၆ရက်နေ့ဆိုရင်တော့ရန်ကုန်သို့ပြန်လည်ထွက်ခွာမှာပါရှင့်...
မေတ္တာလက်ဆောင်အနေနဲ့ မြန်မာနိုင်ငံရဲ့ Oasisလို့တင်စားရလောက်တဲ့**မင်းနန်သူ** ရွာလေးကိုလည်းပို့ဆောင်ပေးအုံးမှာပါရှင့်...
အဖော်မပါ တစ်ယောက်ဆိုပြီးမလိုက်ရမျိုးကိုလဲစိတ်ပူစရာမလိုဘူးနော် မင်မင်တို့ကဘေးကနေရှိနေပြီး ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးအုံးမှာနော်...😁😁
ကဲ....ဘာလိုသေးလဲပရိတ်သတ်ကြီးရေ...အတွေးမမှားဘဲစိတ်ချမ်းသာစွာပုဂံဘုရားဖူးဖို့ ထွန်းတောက်ထွန်းနဲ့ဘုရားဖူးစို့.....

“ထွန်းတောက်ထွန်း” Travel & Tours

Address

Thumeikta 3 Street
Yangon
NORTHOKKALAPA

Website

Alerts

Be the first to know and let us send you an email when Tun Touk Tun ဘုရားဖူးလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category