COZY နှလုံးသားအာဟာရ အိမ်ပို့
  • Home
  • COZY နှလုံးသားအာဟာရ အိမ်ပို့
COZY  နှလုံးသားအာဟာရ အိမ်ပို့ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from COZY နှလုံးသားအာဟာရ အိမ်ပို့, .
မြန်မာ့တိုင်းရင်းဆေးပညာတွင် **နှလုံးရောဂါ**၊ သွေးတိုး၊ နှလုံးအားနည်းခြင်းစသည့်ပြဿနာများအတွက် **သဘာဝဆေးဖက်ဝင်အပင်များ**၊ ...
20/08/2025
မြန်မာ့တိုင်းရင်းဆေးပညာတွင် **နှလုံးရောဂါ**၊ သွေးတိုး၊ နှလုံးအားနည်းခြင်းစသည့်ပြဿနာများအတွက် **သဘာဝဆေးဖက်ဝင်အပင်များ**၊ **သတ္တုဓာတ်များ**နှင့် **တိရစ္ဆာန်ဆေးဝါးများ**ကို ရာစုနှစ်ပေါင်းများစွာအသုံးပြုလာခဲ့ကြပါသည်။ အောက်ပါတို့မှာ အသုံးများသော **မြန်မာတိုင်းရင်းဆေးနည်းများ**ဖြစ်ပါသည်။
---
# # # **၁။ နှလုံးအားကောင်းစေသော အပင်ဆေးများ**
# # # # **(က) ကြက်သွန်ဖြူ (Garlic)**
- **အသုံးပြုပုံ** : အစိမ်းစားခြင်း (တစ်နေ့ ၂-၃ မွှာ)၊ ပျားရည်နှင့်ရောစားခြင်း။
- **အကျိုး** : သွေးကြောပိတ်ခြင်းကိုကာကွယ်၊ သွေးတိုးကျစေသည်။
# # # # **(ခ) နနွင်း (Turmeric)**
- **အသုံးပြုပုံ** : နနွင်းမှုန့်ကို နွားနို့နှင့်ရောသောက်ခြင်း (Golden Milk)။
- **အကျိုး** : နှလုံးသွေးကြောရောင်ခြင်းကိုလျော့ကျစေသည်။
# # # # **(ဂ) ပင်စိမ်း (Holy Basil / Tulsi)**
- **အသုံးပြုပုံ** : အရွက်ကိုလက်ဖက်ရည်ကြမ်းအဖြစ်သောက်ခြင်း။
- **အကျိုး** : စိတ်ဖိစီးမှုလျော့ကျစေပြီး နှလုံးခုန်မြန်ခြင်းကိုထိန်းပေးသည်။
# # # # **(ဃ) အာလူးမွှေး (Hawthorn)**
- **အသုံးပြုပုံ** : အသီးနှင့်အရွက်ကိုပြုတ်၍သောက်ခြင်း။
- **အကျိုး** : နှလုံးညှစ်အားကောင်းစေပြီး သွေးလှည့်ပတ်မှုကိုမြှင့်တင်ပေးသည်။
---
# # # **၂။ သတ္တုဓာတ်နှင့် တိုင်းရင်းဆေးပစ္စည်းများ**
# # # # **(က) ပယင်းခဲ (Amber)**
- **အသုံးပြုပုံ** : ပယင်းခဲကိုရေစိမ်၍ သောက်သုံးခြင်း။
- **အကျိုး** : နှလုံးအားနည်းခြင်း၊ ရင်တုန်ခြင်းကိုသက်သာစေသည်။
# # # # **(ခ) ရွှေကြုတ် (Gold Ash)**
- **အသုံးပြုပုံ** : ရွှေကိုမီးရှို့ပြီး အမှုန့်ပြု၍ ပျားရည်နှင့်ရောစားခြင်း။
- **အကျိုး** : နှလုံးအားကောင်းစေပြီး သွေးသန့်စေသည်။
# # # # **(ဂ) ငါးမျက်စိကျောက် (Fish Eye Stone)**
- **အသုံးပြုပုံ** : ရေနွေးတွင်စိမ်၍သောက်ခြင်း။
- **အကျိုး** : နှလုံးခုန်မမှန်ခြင်းကိုသက်သာစေသည်။
---
# # # **၃။ တိရစ္ဆာန်ဆေးဝါးများ**
# # # # **(က) မြွေဆီ (Snake Oil)**
- **အသုံးပြုပုံ** : လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းကို ပျားရည်နှင့်ရောသောက်ခြင်း။
- **အကျိုး** : သွေးကြောကျဉ်းခြင်းကိုကာကွယ်ပေးသည်။
# # # # **(ခ) ကြောင်လျှာသီး (Deer Antler Velvet)**
- **အသုံးပြုပုံ** : အမှုန့်ကြိတ်၍ နွားနို့နှင့်ရောသောက်ခြင်း။
- **အကျိုး** : နှလုံးကြွက်သားအားကောင်းစေသည်။
---
# # # **၄။ နှလုံးအားဖြည့်တိုင်းရင်းဆေးနည်းများ**
1. **ကြက်သွန်ဖြူ + ပျားရည် + သံပရာရည်** : သွေးတိုးကျစေရန် နံနက်တိုင်းစားပါ။
2. **နနွင်း + နွားနို့ + ပျားရည်** : ညအိပ်ရာဝင်တိုင်း သောက်ပါ။
3. **အာလူးမွှေးသီး + ရှောက်ရွက်** : ပြုတ်၍တစ်နေ့ ၂ ကြိမ်သောက်ပါ။
---
# # # **သတိထားရန်**
- **ဆေးနှင့်ဓာတ်ပြုနိုင်ခြေ** : သွေးတိုးကျဆေး၊ နှလုံးဆေးများနှင့် တွဲမသောက်သင့်ပါ။
- **ကိုယ်ဝန်ဆောင်များ** : အချို့ဆေးများကိုရှောင်ကြဉ်ပါ။
- **အလွန်အကျွံမသုံးပါနှင့်** : ဆေးစွမ်းထက်ပါက ဘေးထွက်ဆိုးကျိုးရှိနိုင်သည်။
---
# # # **အချုပ်အားဖြင့်**
မြန်မာတိုင်းရင်းဆေးတွင် **နှလုံးရောဂါအတွက် သဘာဝဆေးနည်းများစွာ** ရှိသော်လည်း၊ ခေတ်မီဆေးပညာနှင့် **ပေါင်းစပ်အသုံးပြုရန်** အရေးကြီးပါသည်။
> 🌿
ဗြုံးမွှေးပင်၁ ) - မှတ်ဥာဏ် ကောင်းစေခြင်း ဗြုံးမွှေးပင်ကို မှတ်ဥာဏ်အတွက် အားပေးတဲ့ ဆေးဘက်ဝင်အဖြစ် သိကြပါတယ်။အသက် ၄၀မှ ၆၅...
25/08/2021
ဗြုံးမွှေးပင်
၁ ) - မှတ်ဥာဏ် ကောင်းစေခြင်း
ဗြုံးမွှေးပင်ကို မှတ်ဥာဏ်အတွက် အားပေးတဲ့ ဆေးဘက်ဝင်အဖြစ် သိကြပါတယ်။
အသက် ၄၀မှ ၆၅ နှစ်အတွင်းရှိသူ ၇၆ဦးကို စမ်းသပ်လေ့လာမူ တခုအရ ဗြုံးမွှေးဟာ လောလောလတ်လတ် သိရှိထားတဲံ့ အကြောင်းအရာတွေကိုမေ့လျော့မူနူန်းကို လျော့နည်းစေဖို့ အထောက်အကူပေးတယ်လို့ သိရပါတယ်။
၂.) - စိတ်ဖိစီးမူနဲ့ ပူပန်စိတ်ကို လျော့နည်းစေနိုင်ခြင်း
ဗြုံးမွှေးက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေတတ်တဲ့ စိတ်ဖိစီးမူနဲ့စိုးရိမ်ပူပန်စိတ်တွေကို လျော့ကျ
စေနိုင်တယ်လို့လည်း သိရပါတယ်။
ဗြုံးမွှေးက စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး အာရုံထွေပြားမူတွေနဲ့ ဂဏှာမငြိမ်ဖြစ်မူ​တွေကို လျော့ပါးသက်သာ
စေနိုင်တယ်လို့ ဆိုပါတယ်။
၃ ) - စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ အစာချေဖျက်မူပြဿနာ​တွေကို ကုသနိုင်ခြင်း
၄င်းက အယ်ဇိုင်းမှားရောဂါ အာရုံမစူးစိုက်နိုင်တဲ့ရောဂါနဲ့ မှတ်ဥာဏ်နဲ့ပတ်သက်တဲံ့ရောဂါတွေကို ကုသရာမှာ
အထောက်အကူပေးပါတယ်။
ဗြုံးမွှေးက ဦးနှောက်ထဲမှာရှိတဲ့ Gammaami-nobutyric. acid (GABA)နဲ့ glu - tamate. ဓာတ်တွေကို
ထိန်းညှိပေးပြီး ဥာဏ်ရည်ပိုင်း လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးတယ်လို့ လေ့လာမူတွေက ဖော်ပြခဲ့ပါတယ်။
အိပ်မပျော်တဲ့ဒေနာကို သက်သာစေတယ်လို့လည်း ဆိုပါတယ်။ ဝက်ရူးပြန်ရောဂါကြောင့် တက်ခြင်းကိုလည်း သက်
သာစေနိုင်သလို အူ လမ်းကြောင်းလူပ်ရှားမူ မူမမှန်တဲ့ရောဂါကို ကုသရာမှာလည်း အထောက်အကူပေးနိုင်တယ်လို့ ဆိုပါတယ်။
ဗြုံးမွှေး အဆီဲရ့အကျိုးကျေးဇူး
၄ ) - ဆံပင်ကျွတ်ခြင်း သက်သာစေ
ဗြုံးမွှေးအဆီက ဆံပင်ကျွတ်ခြင်းအတွက် အထိရောက်ဆုံး အိမ်သုံးဆေးနည်းတွေထဲက တခုဖြစ်ပါတယ် သူ့မှာ
Kinase ပရိုတင်းကို လုပ်ဆောင်​ချက်ကို မြှင့်တင် ပေး​​နိုင်တဲ့ lkaloids တွေပါဝင်ပါတယ်။
အဆီကို ဆံသားပေါ် တိုက်ရိုက်လိမ်းတာ သို့မဟုတ် ရေနွေးငွေ့နဲ့ ပေါင်းတင်ချိနိမှာ လိမ်းပြီး နှိပ်နယ်ပေးတာ စတဲ့
နည်းတွေ နဲ့ သုံးနိုင်ပါတယ်။
ဗြုံးမွှေးအဆီကို ဆံပင်မှာ လိမ်းပြီး ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့...
- ဆံပင်ကျွတ် သက်သာစေနိုင်ပြီး ဆံပင်ပေါက်နူန်း မြန်ဆန်စေတယ်။
- ဦးရေပြားကို အေးစေပြီး ယားယံခြင်းကင်းစေနိုင်တယ်
- ဗောက်ပျောက်စေနိုင်တယ်။
၅ ) - နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ခြင်း
ဗြုံးမွှေးအဆီကို ဦးရေပြားမှာ နှိပ်နယ်လိမ်းပေးပါ ။
ရေ မချိုးမီ ချိုးတဲ့ရေထဲ လဲ ထည့်ပြီးသုံးနိုင်ပါတယ်။ ကြက်သီးနွေးရေနွေးထဲမှာ ၄င်းအဆီ တစ်စက်နှစ်စက်ကို
ထည့် ရေချိုးပါ။
သည်နည်းတွေကို လုပ်ဆောင်ရင် ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။
၆ ) - အဆစ်အမြစ် နာကျင်ကိုက်ခဲမူကို လျော့စေနိုင်
ဗြုံးမွှေးအဆီမှာ ရောင်ရမ်းမူကိုလျော့့ကျစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။
အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း ခါးနာခြင်း ကြွက်သားနာကျင်ခြင်း ခေါင်းကိုက်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။
နာကျင် ကိုက်ခဲနေတဲ့ ဧရိယာတဝိုက်မှာ ဗြုံးမွှေးအဆီကို နှိပ်နယ်လိမ်းပေးခြင်းဖြင့် ဒါဏ်ကြေဆေးလိုပဲ နာကျင်မူ
ကိုခဏတာ သက်သာလျော့ပါးစေနိုင်ပါတယ် ။
တခြားဆေးဘက်ဝင် ပစ္စည်းတွေနဲ့ ရောစပ်သုံးရင်
ဗြုံးမွှေးဟာ အစာစားချင်စိတ်ကို လျော့နည်းစေတာကြောင့် ချင်း ဖာလာစေ့တို့လို အစာချေဖျက်မူကို အားပေးတဲ့
ပစ္စည်းတွေနဲ့ တွဲဖက်သင့်ပါတယ်။
အပူကန်တာကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေအတွက်ဆို ဗြုံးမွှေးကို နနွင်းနဲ့တွဲဖက် အသုံးပြုသင့်ပါတယ်။
စမုန်နက် ဇီယာတို့နဲ့ ပေါင်းစပ်လျှင် အူအတွက်ကောင်းတယ်လို့ သိရပါတယ်။
အသုံးဝင်တဲ့ နည်းတချို့
ဗြုံးမွှေးဟာ ကလေးမရတာ ဝက်ရှုးပြန် ရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ကုသရာမှာသုံးတဲ့ Sarasvataristha တင်ချာဆေးရည်အတွင်းအရေးပါတဲ့ပစ္စည်းဖြစ်ပါတယ်။
ဆေးဝါးအဖြစ် ဖော်စပ်ထားတဲ့ အဆီအဖြစ်ဆိုရင် အဆစ်အမြစ်နာကျင်မူ ခေါင်းကိုက်ခြင်းတွေအပြင် စိတ်ကို
ရှင်းလင်းစေဖို့ အထောက်အကူပေးပါတယ်။
​ဗြုံးမွှေးအဆီကို လည်ပင်းမှာ လိမ်းရင် ချောင်းဆိုးဒေနာနဲ့ အဆုတ်ရောင်ရောဂါအတွက် အရမ်းအသုံးဝင်ပြီး
( အထူးသဖြင့် ကလေးတွေမှာ သေးခံလောင်တာ ပွန်းတာ )သက်သာစေနိုင်ပါတယ်။
ဗြုံးမွှေးအရွက်ကြိတ်ရည်ကို တိုက်ရင် ကလေးတွေမှာ ဝမ်းသွားတာကို သက်သာစေပါတယ်။
စိတ်ပူပန်မူနဲ့ စိတ်ကျဝေဒ နာကိုကုသရာမှာ ဗြုံးမွှေးအဆီကို နှမ်းဆီ သို့မဟုတ် အုန်းဆီနဲ့ ရောပြီး ခြေဖဝါးအရိုးအဆစ်နဲ့ နားရွက်တို့ကို အိပ်ရာမဝင်ခင် လိမ်းပေးနိုင်ပါတယ်။
# သတိထားရမည့် အချက်များ
. ကိုယ်ဝန်ဆောင် သိ့မဟုတ် ကလေးနို့တိုက်နေဆဲ ဖြစ်လျှင် ဗြုံးမွှေးဓာတ်စာက ဘေးကင်းမကင်းကို ခိုင်မာတဲ့
အထောက်အထား ​​​​​ေဖာ်ပြချက် မရှိသေးတာကြောင့်ဆေးဝါးအဖြစ်မသုံးတာ ကောင်းပါတယ်။
နှလုံး ခုန်နူန်းကို နှေးစေနိုင်တာကြောင့် သည်အချက်ရှိနှင့်ပြီးသူတွေ သတိထားသင့်ပါတယ်။
ဗြုံးမွှေးက အစာအိမ်နဲ့အူတွေထဲမှာ စွန့်ထုတ်မူတွေတိုးစေနိုင်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောဂ်းမှာ အနာရှိသူတွေ အနေနဲ့ သတိထားသင့်ပါတယ်။
အဆုတ်အတွင်း အရည်စွန့်ထုတ်မူကို တိုးစေနိုင်တာကြောင့် ပန်းနာရင်ကျပ်လို အဆုပ်နဲ့ဆိုင်တဲ့ရောဂါရှိသူတွေ
သတိထား ပြီးသုံးစွဲသင့်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းပမာဏကို တိုးစေနိုင်တာကြောင့် သိုင်းရွိုက်ဟော်မုန်းဆေးတွေ သောက်သုံးနေရတဲ့သူတွေ
၄င်းရောဂါရှိသူတွေ သတိထားသုံးစွဲသင့်သို့မဟုတ် ရှောင်ရှားသင့်ပါတယ်။
ဆီးလမ်းကြောင်းအတွင်း စွန့်ထုတ်မူကို တိုးစေနိုင်တာကြောင့် ဆီးလမ်းကြောင်းပိတ်ဆို့မူရောဂါရှိသူတွေ ပိုဆိုး
စေနိုင်ပါတယ်။
သမားတော်တိုင်းရင်းဆေး health group.
သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ် စေလိုပါ။အခုတလောမှာ ကြုံတွေ့နေကြရတာက သွေးခဲပြီး  အသက်အန္တရယ်ထိခိုက်စေတဲ့ အဖြစ်တွေပါပဲ။ကိ...
15/08/2021
သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ် စေလိုပါ။
အခုတလောမှာ ကြုံတွေ့နေကြရတာက သွေးခဲပြီး အသက်အန္တရယ်
ထိခိုက်စေတဲ့ အဖြစ်တွေပါပဲ။
ကိုဗစ် ရောဂါကူးစက်ခံရလို့ နည်းမျိုးစုံနဲ့ကုသပြီး အသက်ဘေးက
လွတ်လာကြပေမဲ့နောက်ပိုင်းမှာ သွေးခဲပြီး ရုတ်တရက် သေနေကြ ပါတယ်။
အဲဒီသွေးခဲခြင်း မဖြစ်အောင်နည်းလမ်းရှာကြဖို့လိုပါတယ်။
သွေးမခဲအောင်ဆိုပြီး သွေးကျဲဆေးတွေသောက်ကြရတယ်။
ဒါကြောင့် သွေးကျဲဆေး ရဲ့ ဈေးနှုန်းတွေ မိုးပေါ်ရောက်သွားတယ်။
♦ လူအများမေးကြတာက သဘာဝနည်းနဲ့သွေးကျဲအောင်
လုပ်လို့ မရဘူးလားတဲ့။ ရပါတယ် ။
သဘာဝနည်းနဲ့ သွေးကျဲအောင်လုပ်တဲ့နည်းကို အခုပြောပြပါမယ်။
♦ သွေးကျဲဆေးလိုပဲ သဘာဝမှာသွေးကျဲအောင်
လုပ်ပေးနိုင်တာကတော့ ကြက်သွန်ဖြူ ပဲ ဖြစ်ပါတယ်။
ကြက်သွန်ဖြူဟာ ဓါတုသွေးကျဲဆေးထက် အများကြီး ပိုကောင်းပါတယ်။
ပြီးတော့ကမ္ဘာ့ကပ်ရောဂါ တစ်ခုဖြစ်တဲ့ပုလိပ်ရောဂါကိုလည်း
ကြက်သွန်ဖြူ နဲ့ပဲ အနိုင်ယူခဲ့ကြတာဖြစ်တယ်။
ထမင်းစားရင် ကြက်သွန်ဖြူ သုံးလေးတက်လောက်
ပုံမှန် စားပေးသင့်ပါတယ်။
သဘာဝမှာ သွေးမခဲအောင်လုပ်ပေးနိုင်တာ
နောက်တစ်ခု ရှိပါသေးတယ်။
♦ အဲဒါကတော့ နနွင်း ပဲ ဖြစ်ပါတယ်။
နနွင်းက ဆီနဲ့ဖျော်သောက်မှ အူတွေက နေစုပ်ယူနိုင်တာဖြစ်တယ်။
အခုလိုအခါမှာ ဇွန်းသေးနဲ့ မနက်တစ်ဇွန်း ညနေတစ်စွန်း သောက်သင့်တယ်။
♦ နောက်တစ်ခုကတော့ သံလွင်ဆီ ဖြစ်ပါယေ်။
ဆံချည်မျှင်သွေးကြောလေးတွေ အတွင်းထဲအထိ ရှင်းလင်းပေးနိုင်တာ
ကမ္ဘာပေါ်မှာသံလွင်ဆီတစ်မျိုးပဲရှိတယ်။
* နနွင်းဖျော်သောက်ရာမှာ သံလွင်ဆီနဲ့ပဲ ဖျော်သောက်ကြပေါ့ ဗျာ။
♦ သွေးခဲတဲ့သူတွေရဲ့သွေးဟာ ပျစ်နေလေ့ ရှိတယ်။
သွေးခဲ ရခြင်းက သွေးပျစ်နေလို့။
သွေးပျစ်ရတာက ရေသောက်နည်းလို့။
ရေကို များများသောက်ပေးမှသာ သွေးကကျဲလာတာဖြစ်တယ်။
ဒါကြောင့်
တစ်နေ့ကို ရေ ၄ လီတာလောက် သောက်ပေးသင့်တာ ဖြစ်ပါတယ်။
ရေခပ်နွေးနွေးလေးကို သောက်ပေးတာ အကောင်းဆုံးပဲ။
♦ သွေးပျစ်တဲ့သူတွေဟာ အချဉ်ကြောက်ကြသူတွေများတယ်။
အချဉ်ဓါတ်စားပေးရင်သွေးကျဲတယ်။
ဒါကြောင့် သံပရာရည်ချဉ်ချဉ်လေး သောက်ပေးဖို့ ကောင်းတယ်။
* အနောက်နိုင်ငံက လူတွေကတော့ သွေးကျဲဖို့ ကီဝီသီးတွေ စားလေ့ရှိပါတယ်။
* အခု ကျနော်တို့ မြန်မာပြည်မှာတော့ ကင်ပွန်းချဉ်ဟင်းချိုသောက်ပြီး
အဆင်ပြေနေကြပါတယ်။
♦ သွေးထဲမှာရောနေတဲ့ အရည်ကြည်တစ်မျိုးရှိပါတယ်။
အဲဒါကိုသွေးသည်းခြေလို့ခေါ်ပါတယ်။
သွေးသည်းခြေ နည်းနေရင်လည်းသွေးကပျစ်တတ်တယ်။
* သွေးသည်းခြေဓါတ်အား ကောင်းဖို့အတွက်ကတော့
အခါးကြွယ်ဝတဲ့ ကြောင်ရှာ၊ရဲယို၊ ငရုတ်ခါး၊ဆင်တုံးမနွယ်၊ခွေးတောက်၊
ဒန့်ဒလွန်တွေကို စားပေးသင့်တယ်။
အခါးစားမှလည်း ဝါယောအားကောင်းပြီး သွေးလည်ပတ်မှု မှန်မှာဖြစ်တယ်။
♦ အထိုင်များ အအိပ်များရင် သွေးလေးပြီး သွေးခဲတတ်တယ်။
ဒါကြောင့်
လမ်းလျှောက်ပေးရမယ်။ လမ်းလျှောက်လို့ခြေသလုံးကြွက်သားတွေ
ညှစ်တော့မှ သွေးကနှလုံးကိုတွန်းအားနဲ့
ရောက်တာဖြစ်တယ်။
ခြေသလုံး၂ ခုဟာ ဒုတိယ နှလုံးတွေ ဖြစ်တယ်။
ခပ်ဖြေးဖြေးလျှောက်ပေါ့။
သွေးခဲတာက ခြေထောက်ပိုင်းမှာအဖြစ်များတယ်။
ခဲတဲ့သွေးဖတ်က ပင်မသွေးကြောထဲမှာ ပါလာပြီးနှလုံး၊ဦးနှောက်တွေမှာ
သွားပိတ်တာများတယ်။
သွေးမခဲဖို့က တစ်ခုကောင်းလုပ်လို့မရဘူး။
အခုပြောခဲ့တာတွေကို Network နဲ့လုပ်မှပြည့်စုံမှာဖြစ်တယ်။
ဒီလိုပဲ ဉာဏ်ရှိသလိုလုပ် သွားရမှာပဲ။
ဉာဏ်ရှိရှိသာ လုပ်သွားမယ်ဆိုရင် ရောဂါဘေး သေဘေးကနေပြီး
ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
ချစ်ခင်လေးစားလျှက်.........
20210812:Thuya' Crd; (sharing is caring)
စိတ်မဆိုး တိုင်းရင်းဆေးတွင်
ဆနွင်းလုံး၊ ဆနွင်းမှုန့်စစ်စစ်၊ ရဲယိုဆေး၊ ငရုတ်ခါးဆေး ၊
များ ရရှိနိုင်ပါသည်။
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ရောဂါကုသနိုင်ပြီဆိုတဲ့ “ဆေးခါးကြီးခေါ် ငရုပ်ခါးပင်အကြောင်း” {Link-1}- ထိုင်းနိုင်ငံမှာတော့ ဖာ...
27/07/2021
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ရောဂါကုသနိုင်ပြီဆိုတဲ့ “ဆေးခါးကြီးခေါ် ငရုပ်ခါးပင်အကြောင်း” {Link-1}
- ထိုင်းနိုင်ငံမှာတော့ ဖာ့ထလိုင်းကျုံးန်း (Fah talai jone) လို့ခေါ်တဲ့ ဆေးခါးကြီး အပင်နဲ့အရွက်ကထုတ်တဲ့ ဆေးမှုန့်ကို ထိုင်းနိုင်ငံတိုင်းရင်းဆေးလောကမှာ ဆေးတစ်ဖုံအဖြစ် အသုံးပြုလာတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။
- အဓိက ကတော့ ချောင်းဆိုး ရင်ကြပ် လည်ချောင်းနာ ကနေ စပြီး အစာကြေလေလည် သွေးလေမှန်စေဖို့အထိ တိုင်းရင်းဆေး ဆရာတွေဟာ လူနာတွေအတွက် အသုံးပြုကြပါတယ်။ (ထိုင်းနိုင်ငံမှာ တိုင်းရင်းဆေးပညာဟာ ဘာသာရပ်တစ်ခုအနေနဲ့ တက္ကသိုလ်တွေမှာသင်ကြားပေးပါတယ်)
- ကမ္ဘာမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါ ကပ်ဆိုက်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံ ဆေးပညာလောကမှာ အဲဒီဆေးခါးကြီးအမှုန့်ကို ကိုဗစ်-၁၉ ရောဂါကုသရေးမှာ အသုံးပြုနိုင်ဖို့ သေသေချာချာ သုတေသနပြုခဲ့ကြပါတယ်။
- ထိုင်းလို Fah talai jone လို့ခေါ်တဲ့ ဆေးခါးကြီးအရွက်မှာပါဝင်တဲ့ Andrographolide ဓါတ်ဟာ ကိုဗစ်ဗိုင်းရပ်စ်ရောဂါပိုး ကိုယ်ခန္တာအတွင်း ပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ခြင်းရှိမရှိ သုတေသနပြုခဲ့ကြတာ
- ၂၀၂၀ ခု မတ်လလောက်မှာ တားဆီးနိုင်ကြောင်း အတည်ပြုခဲ့ကြပြီး၊ ဒီနှစ်(၂၀၂၁ ခုနှစ်)နှစ်ဆန်းပိုင်းလောက်မှာ စေတနာ့ဝန်ထမ်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်လူနာများ(ရာဂဏန်းခန့်)နဲ့ပါ စမ်းသပ်ခဲ့ရာ ၉၀% ခန့် တားဆီးပျောက်ကင်းနိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
- အဲဒီအချိန်(၂၀၂၀ မတ်လ ခန့်)ကစပြီး ဆေးခါးကြီးကို ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါ ကုဖို့ သုတေသနပြုခဲ့တဲ့ Chaopraya Abhaiphubeihr Hospital ကထုတ်လုပ်သော ဆေးခါးကြီးအမှုန့် ဆေးတောင့်တွေကို ဈေးကွက်ထဲ အလုအယက်ဝယ်ယူကြရာကနေ ဆေးခါးကြီးနဲ့ပါတ်သက်တာအားလုံး ရှားပါးလာပြီး ဈေးက (၁၀)ဆလောက်အထိ တက်လာပါတော့တယ်။
- အရင်က ဆေးခါးကြီးအပင် တစ်ကီလိုကို ဘတ် ၄၀ လောက်ပဲပေးရပြီး တစ်ဖြည်းဖြည်းစျေးတက်လာလိုက်တာ ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ (၁၅၀)ဘတ်ကနေ (၃၀၀)ဘတ်လောက်အထိဖြစ်လာပါတယ်။
- အခုတော့ ထိုင်းနိုင်ငံထဲမှာ ဆေးခါးကြီးအပင် တစ်ကီလိုကို ဘတ်(၅၀၀)လောက်အထိဈေးတက်သွားပြီး ဈေးကွက်ထဲမှာ လွယ်လွယ်ကူကူ ဝယ်လို့မရနိုင်တော့ပါဘူး။
- ကျန်းမာရေးဝန်ကြီးဌာနရဲ့ Department of Medical Sciences အောက်မှာရှိတဲ့ GPO လို့ခေါ်တဲ့
the Government Pharmaceutical Organization နဲ့
Department of Thai Traditional and Alternative Medicine လို့ခေါ်တဲ့ ထိုင်းနိုင်ငံတိုင်းရင်းဆေးဦးစီးဌာနတို့က
- “ဆေးခါးကြီး” အရွက်ကထုတ်ထားတဲ့ဆေးနဲ့ ကိုဗစ်ရောဂါပိုးကူးစက်လူနာတွေကို ကုသပေးဖို့ နှစ်ဖက် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြပါတယ်။
- ပြီးတော့ ဆေးခါးကြီးအရွက်ကို ဓာတ်ခွဲပြီး ရလာတဲ့ Andrographolide ဓာတ်နဲ့ဖော်စပ် ထားတဲ့ ဆေးတောင့်(Capsule) သို့မဟုတ် ဆေးပြား(Tablet) နဲ့
- ကိုဗစ်ရောဂါ ကူးစက်လူနာတွေကို ကုသပေးနိုင်ကြောင်း ၄-၆-၂၀၂၁ ရက်နေ့မှာ ထိုင်းနိုင်ငံကျန်းမာရေး ဝန်ကြီးဌာနက တရားဝင်ကြေညာခဲ့ပါတယ်။
- ဆေးပေးပုံက
ကိုဗစ်ကူးစက်လူနာအတွက် တစ်ရက်ကို Andrographolide 180 ml ပေးရမှာ ဖြစ်ပြီး သုံးကြိမ်ခွဲသောက်ရမှာဖြစ်ပါတယ်။
-------------------------------------
- ကိုဗစ်ရောဂါ ကူးစက်မှုအရှိန်မြင့်နေတဲ့ မြန်မာနိုင်ငံရဲ့ အခုလိုအခြေအနေမှာ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းတဲ့ ဆေးခါးကြီးဆေးကို အိမ်မှာကိုယ်တိုင်ပြုလုပ် သောက်သုံးနိုင်ပါတယ်။
- မြန်မာနိုင်ငံမှာ ဆေးခါးကြီး အပင်တွေ လွယ်လွယ်ကူကူ ရှာဖွေဝယ်ယူလို့ရနိုင်ပါ တယ်။
ပြုလုပ်ပုံကတော့ (Link 2 )
၁။ ဆေးခါးကြီးအရွက်ကိုခူးပါ၊ ဖြစ်နိုင်ရင် ပန်းပွင့်နေတဲ့အချိန်မှာခူးပါ၊ ပန်းပွင့်နေ တဲ့ အချိန်မှာ အရွက်က Andrographolide ဓာတ်အာနိသင် ပိုပြီးရှိပါတယ်။
၂။ ရေနဲ့စင်အောင်ဆေးပြီး အခြောက်လှန်းပါ၊ သို့မဟုတ် ဒယ်အိုးထဲမှာ မီးငွေ့ငွေ့ လေးနဲ့ ခြောက်အောင်လှော်ပါ။
၃။ ကြိတ်စက်နဲ့ အမှုန့်ဖြစ်အောင် ကြိတ်ပါ။
၄။ အမှုန့်ကြမ်းကို အချောရအောင် ဇကာနဲ့စစ်ပါ။
ပြီးရင် Capsule ဆေးတောင့်လေးတွေထဲ ထည့်ပြီး လေလုံတဲ့ ဗူးထဲမှာ ထည့် သိမ်းထားနိုင်ပါတယ်။
(Capsule ဆေးတစ်တောင့်မှာဆေးမှုန့် 400mg မှ 500mg အထိ ဝင်ဆံ့မှုရှိပါတယ်။ ဆေးခါးကြီးအရွက်ကိုကြိတ်ထားတဲ့ အမှုန့်ဟာ ဓာတ်ခွဲထားတာမဟုတ်တဲ့ အတွက် Andrographolide ဓာတ် ရာနှုန်းပြည့်မပါဝင်နိုင်တာကို သတိပြုဖို့မမေ့ပါနဲ့)
သောက်သုံးရန်အညွှန်းမှာ
- ရောဂါပိုးရှိမရှိ မစစ်ရသေးသူ၊ နေမကောင်းချင်သလိုခံစားနေခြင်း လည်ချောင်းနာ၊ အဖျားအနည်းငယ်ရှိ၊ အဖျားမရှိလည်း ကိုက်ခဲနေသလိုခံစားရခြင်းနဲ့ ကိုယ်လက် ကိုက်ခဲနေသူများအတွက် ဆေး ၅၀၀ မီလီဂရမ်ပါဝင်သော ဆေးတောင့်ကို တစ်ကြိမ်(၃)တောင့်နှုန်းနဲ့ တစ်နေ့ (၄)ကြိမ် (၅)ရက်ဆက်တိုက်သောက်ပါ။
- (၂)ရက်ဆက်တိုက်သောက်ပြီး၍ နေမကောင်းချင်သလိုခံစားနေခြင်း၊ လည်ချောင်းနာ၊ အဖျားအနည်းငယ်ရှိ၊ အဖျားမရှိလည်းကိုက်ခဲနေသလိုခံစားရခြင်းနဲ့ ကိုယ်လက်ကိုက်ခဲနေခြင်းတို့မှ သက်သာမှုမရှိလျှင် ကျန်သောနောက်ထပ် (၃)ရက်အတွက် ဆတိုးပြီးသောက်ပါ။
- ဆေးစစ်ပြီး ပိုးတွေ့သူဆိုပါက ဆေးခါးကြီးကို အမြန်ဆုံးနှင့် အများဆုံးသောက် သုံးရန်ဖြစ်သည်၊ ဆိုလိုသည်မှာ ဆေး(၄၀၀)မီလီဂရမ်ပါဝင်သော ဆေးတောင့်ကို တစ်ကြိမ်လျှင် (၅) တောင့်နှင့် တစ်နေ့ (၄)ကြိမ်သောက်ပါ။ အဖျားရှိ လည်ချောင်း နာနေမှသာ (၄)နာရီခြားတစ်ကြိမ် ဆက်တိုက် သောက်ပါ၊ ဒုတိယနေ့တွင် အဖျားကျလာမည်၊ ထိုမှဆက်ပြီး တစ်ကြိမ် (၅)တောင့်နှုန်းနှင့် ဆက်သောက်ပါ၊ နောက် ထပ်(၂)ရက်အတွင်း မသက်သာပါက ဆတိုးနှုန်းဖြင့် နောက်ထပ် (၅)ရက်အထိ ဆက်သောက်ပါ။
- ရောဂါပိုးတွေ့လူနာဖြစ်ပြီး အသက်ရှုရခက်ခဲနေသူ အောက်စီဂျင် ၉၅% ထက် လျှော့နည်းနေသူဖြစ်ပါက ဆေးခါးကြီးတစ်မျိုးတည်းနှင့်မကုနိုင်ပါ၊ ဆေးရုံသို့ အမြန်ဆုံး သွားပြရန် လိုအပ်ပါသည်။
မှတ်ချက်။ မည်သို့ပင်ဖြစ်စေ ဆေးခါးကြီးအမှုန့်ကြိတ်ထားသော ဆေးတောင့်သည် တိုင်းရင်းဆေးတစ်မျိုးသာဖြစ်ပြီး သိပ္ပံနည်းကျ ဖေါ်စပ်ထားသော ဆေးမဟုတ်သောကြောင့် သတ်မှတ်ထားသည့်အတိုင်း ဆေးပေးသော်လည်း သက်သာမှုမရှိပါက အနီးဆုံးဆေးရုံသို့ သွားပြရန်လိုအပ်ပါကြောင်း အသိပေးအပ်ပါသည်။
(Link-1) https://my.wikipedia.org/wiki/%E1%80%86%E1%80%B1%E1%80%B8%E1%80%81%E1%80%AB%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8(%E1%80%84%E1%80%9B%E1%80%AF%E1%80%90%E1%80%BA%E1%80%81%E1%80%AB%E1%80%B8)
(Link-2) https://www.youtube.com/watch?v=cd0EqaQtLWA (၁:၁၆ မိနစ်မှ စကြည့်ပါ)
ကိုးကား(၁) http://healthydee.moph.go.th/view_article.php?id=1531
ကိုးကား(၂) https://mgronline.com/infographic/detail/9640000067506
#ฟ้าทลายโจร
ထိုင်းနိုင်ငံမှာ ဆေးခါးကြီးပင်ကထုတ်တဲ့ တိုင်းရင်းဆေးကို ကိုဗစ်ကုသဆေးအဖြစ်သုံးဖို့ အတည်ပြု================ဇန်နဝါရီ (၂) ရက...
20/07/2021
ထိုင်းနိုင်ငံမှာ ဆေးခါးကြီးပင်ကထုတ်တဲ့ တိုင်းရင်းဆေးကို ကိုဗစ်ကုသဆေးအဖြစ်သုံးဖို့ အတည်ပြု
================
ဇန်နဝါရီ (၂) ရက်၊ ၂၀၂၁။
ဆေးခါးကြီးပင် Andrographis Paniculat ( green chiretta) က ထုတ်တဲ့ တိုင်းရင်းဆေးကို ကိုဗစ်ကုသဆေးအဖြစ်အသုံးပြုဖို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၃၀) ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
ဒီဆေးဟာ လူအများစုက Green Chiretta လို့ သိထားတဲ့ ဆေးဘက်ဝင် ငရုတ်ခါး(ခေါ်) ဆေးခါးကြီးအပင်ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရတာတွေကို သက်သာစေတဲ့အတွက် ကုသဆေးအဖြစ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒီလိုအသုံးပြုခွင့် ပေးလိုက်တာဟာ ကိုဗစ်ရောဂါပြင်းထန်မှုကို သက်သာစေဖို့နဲ့ ကုသစရိတ်သက်သာစေဖို့အတွက် ရည်ရွယ်ပြီး ကနဦးကုသမှုကို အစိုးရဆေးရုံငါးခုမှာ စတင်အသုံးပြုမယ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီတိုင်းရင်းဆေးကို အသက် (၁၈) နှစ်နဲ့ (၆၀) ကြားက လုပ်အားပေးတွေအတွက် စမ်းသပ်အသုံးပြုစေခဲ့ရာမှာ ထိရောက်မှုရှိတဲ့အတွက် အသုံးပြုခွင့်ပေးလိုက်တာဖြစ်ပါတယ်။
စမ်းသပ်မှုတွေအရ ရောဂါပိုးတွေ့ပြီး (၇၂) နာရီအတွင်း အဲဒီဆေးကိုသုံးရင် ဘေးထွက်ဆိုးကျိုးမရှိဘဲ သုံးရက်အတွင်း သိသိသာသာ သက်သာစေတယ်လို့လည်း သိရပါတယ်။
ဒီဆေးထုတ်တဲ့အပင်ကို ထိုင်းနိုင်ငံမှာ Fah Talai Jone လို့ ခေါ်ကြပြီး ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ပြီး ရောဂါပြင်းပြင်းထန်ထန် ခံစားရတာကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
အခုအချိန်မှာ‌တော့ အဲဒီဆေးကို ထိုင်းနိုင်ငံ FDA မှာ ကိုဗစ်ကာကွယ်ဆေးအတွက် မှတ်ပုံတင်နိုင်ဖို့ အသင့်အနေအထား ရှိနေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ (၃၁) ရက်နေ့က ကိုဗစ်ထပ်တိုးလူနာ (၂၅၀) ရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း (၇၀၀၀) ကျော် ရှိလာတာကြောင့် ကူးစက်မှုတွေ ထပ်တိုးလာမှာကို တားဆီးဖို့အတွက် လူတွေကို အိမ်ထဲမှာပဲနေကြဖို့၊ လူစုလူဝေးမလုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။
Ref : Bloomberg
Photo : The Nation
ထိုင်းနိုင်ငံမှာ ဆေးခါးကြီးပင်ကထုတ်တဲ့ တိုင်းရင်းဆေးကို ကိုဗစ်ကုသဆေးအဖြစ်သုံးဖို့ အတည်ပြု
================
ဇန်နဝါရီ (၂) ရက်၊ ၂၀၂၁။
ဆေးခါးကြီးပင် Andrographis Paniculat ( green chiretta) က ထုတ်တဲ့ တိုင်းရင်းဆေးကို ကိုဗစ်ကုသဆေးအဖြစ်အသုံးပြုဖို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၃၀) ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
ဒီဆေးဟာ လူအများစုက Green Chiretta လို့ သိထားတဲ့ ဆေးဘက်ဝင် ငရုတ်ခါး(ခေါ်) ဆေးခါးကြီးအပင်ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရတာတွေကို သက်သာစေတဲ့အတွက် ကုသဆေးအဖြစ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒီလိုအသုံးပြုခွင့် ပေးလိုက်တာဟာ ကိုဗစ်ရောဂါပြင်းထန်မှုကို သက်သာစေဖို့နဲ့ ကုသစရိတ်သက်သာစေဖို့အတွက် ရည်ရွယ်ပြီး ကနဦးကုသမှုကို အစိုးရဆေးရုံငါးခုမှာ စတင်အသုံးပြုမယ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီတိုင်းရင်းဆေးကို အသက် (၁၈) နှစ်နဲ့ (၆၀) ကြားက လုပ်အားပေးတွေအတွက် စမ်းသပ်အသုံးပြုစေခဲ့ရာမှာ ထိရောက်မှုရှိတဲ့အတွက် အသုံးပြုခွင့်ပေးလိုက်တာဖြစ်ပါတယ်။
စမ်းသပ်မှုတွေအရ ရောဂါပိုးတွေ့ပြီး (၇၂) နာရီအတွင်း အဲဒီဆေးကိုသုံးရင် ဘေးထွက်ဆိုးကျိုးမရှိဘဲ သုံးရက်အတွင်း သိသိသာသာ သက်သာစေတယ်လို့လည်း သိရပါတယ်။
ဒီဆေးထုတ်တဲ့အပင်ကို ထိုင်းနိုင်ငံမှာ Fah Talai Jone လို့ ခေါ်ကြပြီး ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ပြီး ရောဂါပြင်းပြင်းထန်ထန် ခံစားရတာကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
အခုအချိန်မှာ‌တော့ အဲဒီဆေးကို ထိုင်းနိုင်ငံ FDA မှာ ကိုဗစ်ကာကွယ်ဆေးအတွက် မှတ်ပုံတင်နိုင်ဖို့ အသင့်အနေအထား ရှိနေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ (၃၁) ရက်နေ့က ကိုဗစ်ထပ်တိုးလူနာ (၂၅၀) ရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း (၇၀၀၀) ကျော် ရှိလာတာကြောင့် ကူးစက်မှုတွေ ထပ်တိုးလာမှာကို တားဆီးဖို့အတွက် လူတွေကို အိမ်ထဲမှာပဲနေကြဖို့၊ လူစုလူဝေးမလုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။
Ref : Bloomberg
Photo : The Nation
🕺🕺 လက်တွေ့ပျောက်ကင်းသူတွေ များသထက်များလာတဲ့ COZY 🕺🕺🏠🏃‍♂️ အသက်သာဆုံးနှုန်းထားနဲ့အိမ်အရောက်ဝန်ဆောင်မှု 🏠🏃‍♂️ 🎁👕🧴 လက်ဆောင် ...
03/07/2020
🕺🕺 လက်တွေ့ပျောက်ကင်းသူတွေ များသထက်များလာတဲ့ COZY 🕺🕺
🏠🏃‍♂️ အသက်သာဆုံးနှုန်းထားနဲ့အိမ်အရောက်ဝန်ဆောင်မှု 🏠🏃‍♂️
🎁👕🧴 လက်ဆောင် T-shirt နဲ့ပျားရည် တွေလဲထည့်ပေးနေပြီနော် 🎁👕🧴
☎️☎️ 09 4333 4777 ☎️☎️
ကိုဆက်သွယ်မှာယူလို့ရပါတယ်
လက်တွေ့ပျောက်ကင်းသူများ
ရန်ကုန်တိုင်း၊ ဒလမြို့၊ အောင်မင်္ဂလာရပ်ကွက််၊ ၈လမ်း၊ အိမ်အမှတ်၁၈တွင် နေထိုင်သော ဦးခင်ဝင်း(ရေယာဥ်မှူး) အသက်၅၅နှစ်က ဇနီးဖြစ်သူဒေါ်အေးအေးနိုင် အသက်၅၄နှစ်အတွက် “COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်”ကို ယနေ့လာဝယ်စဉ်က ပြောပြသော အတွေ့အကြုံမှာ......... လွန်ခဲ့သော၁၁နှစ်ခန့်မှစ၍ ဇနီးဖြစ်သူတွင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ နှင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွါးနေသဖြင့် အင်္ဂလိပ်ဆေးဝါးဖြင့်ကုသသော်လည်းသက်သာရုံသာသက်သာပြီး ငွေကုန်ကြေးကျများသဖြင့် စိတ်ညစ်နေချိန်တွင် အသိမိတ်ဆွေတစ်ယောက်မှ “COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်”ကို သုံးစွဲကြည့်ရန်ပြောပြသဖြင့် လွန်ခဲ့သော၁နှစ်မှ၍သောက်သုံးကြည့်ရာ သွေးကြောကျဉ်းရောဂါနှင့်အတူ ဆီးချိုရောဂါပါ သက်သာသဖြင့် “COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်” ကိုသာ မှီဝဲသုံးဆောင်တော့ကြောင်း ဝမ်းမြောက်စွာဖြင့် ပြောပြပါတယ်။
ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်ရှိ Toll Gateအနီးတွင်နေထိုင်သော မသင်းသင်းထူး ဖုန်းနံပတ်၀၉၆၈၅၇၆၉၆၀၆သည် “COZY နှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်”ကို လွန်ခဲ့တဲ့၆လမှစ၍သောက်သုံးခဲ့ပါသည်။ ထိုအချိန်တွင်လည်း အင်္ဂလိပ်ဆေးကိုပါ သောက်သုံးလျက်ရှိပါသည်။
သို့သော် လွန်ခဲ့သောနှစ်လမှစ၍ အင်္ဂလိပ်ဆေးကိုဖြတ်ပြီး “COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်”ကိုပဲသောက်ရာတွင် သက်သာကြောင်း နှင့် ယခုအခါတွင် “COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်”တစ်မျိုးတည်းကိုပဲသောက်သုံး​တော့ကြောင်း လာရောက်ဝယ်ယူစဉ်က ပြောပြသွားပါတယ်။ ...........
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ အုန်းပင်လမ်း (အိမ်အမှတ်အတိအကျနှင့် ဖုန်းနံပတ်ကို တမင်မထည့်ထားတာပါခင်ဗျာ။ သို့သော် ကျနော်တို့ကို အတိအကျပြောပြထားပါသည်။) တွင်နေထိုင်သော ဒေါ်မငွေသည် နှလုံးသွေးကြောကျဥ်းရောဂါကြောင့် အသက်ရှူမဝခြင်း၊ မောပန်းနွမ်းနယ်ခြင်းဝေဒနာကို ခံစားရလျက်ရှိပါသည်။ ထို့ကြောင့် အသက်ရှူရာတွင်အထောက်အကူဖြစ်စေသောစက်ကိုဝယ်ယူပြီး ညအိပ်သောအခါတွင်စက်အကူအညီဖြင့်အသက်ရှူနေရပါသည်။
အသိမိတ်ဆွေတစ်ဦးမှ "COZYနှလုံးသွေးကြောကျဥ်းသူများအတွက်သဘာဝဖျော်ရည်"ကို သောက်သုံးကြည့်ရန် ပြောသောကြောင့် ဝယ်ယူသောက်သုံးကြည့်ပြီး တစ်လအကြာတွင် အသက်ရှူရလွယ်ကူလာခြင်း၊ မောပန်းမှုဒဏ်ခံနိုင်လာခြင်းတို့ကြောင့် ညအိပ်သောအခါတွင် အသက်ရှူအထောက်အကူစက်အသုံးပြုရန်မလိုတော့ကြောင်း ၂၅.၄.၂၀၂၀နေ့တွင် “COZYနှလုံးသွေးကြောကျဥ်းသူများအတွက်သဘာဝဖျော်ရည်"ကို လာရောက်ဝယ်ယူချိန်က ဝမ်းသာအားရပြောပြသွားပါတယ်။
ဤအကြောင်းအရာများကို ဝေဒရှင်များထံမှ ခွင့်ပြုချက်တောင်းပြီးမှ ဖော်ပြတာပါခင်ဗျာ။
........
ဝမ်းသာစရာသတင်းကောင်း
ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ထူပါရုံ၄လမ်းတွင်နေထိုင်သော ကိုကျော်ထူး (ဖုံး ၀၉၇၈၈၇၉၂၀၃၃) သည် နှလုံးသွေးကြောမကြီး၃ကြောပိတ်နေသဖြင့် ခွဲစိတ်ကုသခြင်းမပြုဘဲ “COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်”ကို သောက်သုံးခဲ့တာ ၄လရှိပြီဖြစ်ကြောင်း နှင့် သက်သာပျောက်ကင်းကြောင်း၊ အမောခံနိုင်ကြောင်း ဝမ်းသာအားရပြောပြသွားပါတယ်ခင်ဗျာ။
လက်တွေ့ပျောက်ကင်းသူများ 1
https://m.facebook.com/story.php?story_fbid=397659517496255&id=320453878550153
လက်တွေ့ပျောက်ကင်းသူများ 2
https://m.facebook.com/story.php?story_fbid=438955906699949&id=320453878550153
ခုလိုကြားသိရတဲ့အတွက် “COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်” မိသားစုမှလည်း ဝမ်းသာပါတယ်။
ဤအကြောင်းအရာကို ဝေဒနာရှင်ထံမှ ခွင့်ပြုချက်တောင်းပြီးမှ ဖော်ပြတာပါခင်ဗျာ။
"COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်"ကို ကြက်သွန်ဖြူ ၊ ဂျင်း၊ ရှောက်ရည်၊ ရှာလကာရည်နှင့် ပျားရည်စစ်စစ်တို့ဖြင့်သာ ဖော်စပ်ထားပါသည်။
ဆီးချိုဝေဒနာ၊ အစာအိမ်ဝေဒနာနှင့်အတူ နှလုံးသွေးကြောကျဉ်းရောဂါရှိသော ဝေဒနာရှင်များ စိတ်ချစွာမှီဝဲသုံးဆောင်နိုင်ပါတယ်။
မှတ်ချက်။
COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်ကို နံနက်အိပ်ယာထအစာမစားခင် ဟင်းခပ်ဇွန်းတစ်ဇွန်းသာသောက်သုံးရပါသည်။ ဆေးသောက်ပြီး အနဲဆုံးမိနစ်သုံးဆယ်ကြာပြီးမှ အစာစားလျှင် နှလုံးသွေးကြောကျဉ်းရောဂါ အမြန်ဆုံးသက်သာပျောက်ကင်းစေပါသည်။ နှလုံးသွေးကြောပိတ်လို့ ခွဲစိတ်ရမည့်လူများ တစ်နေ့နှစ်ကြိမ်သောက်သုံးနိုင်ပါသည်။
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
ပုလင်းကြီး၁လုံးနဲ့ပုလင်းသေး၁လုံး ဒါမှမဟုတ်
ပုလင်းသေး၃လုံး မှာယူရင်ပို့ဆောင်ခအခမဲ့ပို့ပေးပါတယ်။😎
🎁👕ပုလင်းကြီး၂လုံးဒါမှမဟုတ်ပုလင်းသေးလေးလုံးမှာယူရင်
Champion t-shirt ဒါမှမဟုတ် ပျားရည်၂ဗူး လက်ဆောင်ထည့်ပေးနေပါပြီ 🎁👕
**ဆေးကိုသဘာဝအတိုင်း ထုတ်လုပ်ထားလို့ ဆေးမှာယူပြီး ငါးလအတွင်းသုံးဆောင်နိုင်ရင် အကောင်းဆုံးအာနိသင်ရရှိမှာပါ**
🛵🛵သတ်မှတ်အလုံးရေပြည့်ရင် အခမဲ့ပို့ဆောင်ပေးမယ့်မြို့နယ်တွေကတော့ 🛵🛵
လှိုင်၊ကမာရွတ်၊ကြည့်မြင်တိုင်၊စမ်းချောင်း၊အလုံ၊တာမွေ၊ကျောက်မြောင်း၊လသာ၊လမ်းမတော်၊ပန်းဘဲတန်း၊ကျောက်တံတား၊ပုဇွန်တောင်၊ဗိုလ်တစ်ထောင်၊မင်္ဂလာတောင်ညွန့်၊ဗဟန်း၊ရန်ကင်း၊သင်္ကန်းကျွန်း၊သာကေတ၊ဒေါပုံ၊မရမ်းကုန်း၊တောင်ဥက္ကလာ၊မြောက်ဥက္ကလာ၊အင်းစိန်၊မင်္ဂလာဒုံ၊လှိုင်သာယာ၊တောင်ဒဂုံ၊မြောက်ဒဂုံ၊ရွှေပြည်သာ၊သန်လျင်၊ထောက်ကြံ့၊မှော်ဘီ၊ဒဂုံ၊ရွှေပေါက်ကံ၊အရှေ့ဒဂုံ၊ဒဂုံဆိပ်ကမ်း
🚌🚌 နယ်ဝေး
🚛🚛 ကားဂိတ်အရောက်
🏠🚪အိမ်အရောက်
ပို့ဆောင်ပေးပါသည်
မှာယူလိုပါက
☎️☎️ 09-4333-4777 ကိုသာဆက်သွယ်ပေးပါ အခြားဖုန်းများသည်
Cozy နှလုံးသားအာဟာရ အိမ်ပို့ service မှမဟုတ်ပါသဖြင့်အိမ်အရောက်ပို့ဆောင်ပေးမည်မဟုတ်ပါ
👉👉ဖုန်းမကိုင်မိရင်
Viber(0943334777),Page messenger or comment မှာ မှာထားလို့ရပါတယ် 😅
ဆေးဝါးသုံးစွဲနေရသူတိုင်း နှလုံးသွေးကြောကျဉ်းရောဂါ အရှင်းပျောက်ပါစေလို့ COZY နှလုံးသားအာဟာရမှစိတ်ရင်းစေတနာဖြင့် ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။ 😄😄😄
25/05/2020
အဂ်လန်က ကိုယ်တွေ့ . . . .ကျမ အမျိုးသား ကိုအောင်ကျော်စိုး ဆေးရုံကမဆင်းရသေးပါဖူး လိုအပ်တဲ့ဆေးတွေစောင့်နေရတယ် ဆေးရရင်တော့ဒီ...
10/04/2020
အဂ်လန်က ကိုယ်တွေ့ . . . .
ကျမ အမျိုးသား ကိုအောင်ကျော်စိုး ဆေးရုံကမဆင်းရသေးပါဖူး လိုအပ်တဲ့ဆေးတွေစောင့်နေရတယ် ဆေးရရင်တော့ဒီနေ့ဆင်းရမယ်ထင်ပါတယ်
ကျမတို့မိသားစုကြုံခဲ့ရတာလေးကိုရေးတတ်သလိုလေးရေးပြမယ်နော်
ပထမဆုံးပြောချင်တာက တကယ်သေတတ်တဲ့ဗိုင်းရပ်ပါအရမ်း​ကြောက်စရာကောင်းပါတယ်မပေါံ့ကြပါနဲ့ လက်ဆေးတာ mask တပ်တာ လက်အိပ်ဝတ်တာတွေလဲအပြင်သွားရင်လုပ်ကြပါ မလိုအပ်ရင်အပြင်မထွက်ပါနဲ့ရှိ့တာနဲ့စားကြပါနော် (ဆရာလုပ်တာမဟုတ်ပါဘူးနော် လက်တွေ့ကြုံခဲ့ရတာမို့ ကိုယ် survive ဖြစ်ခဲ့တာလေးမျှဝေတာပါ)
ဆားရေခပ်ပူပူနွေးနွေးလေးတနေ့ ၅ခါလောက်ငုံပါ၊အရည်များများသောက်ပါ စဖျားပြီဆိုရင်တော့ Paracetamol သောက်| ဂျင်းထညက်|ပျား+သံပုရာ၊ကွမ်းရွက်ပြုတ်|ကြက်ရိုးပြုတ် အဆင်ပြေသလိုလုပ်နိုင်သလို သောက်နိုင်သလောက် သောက်ပါအဖျားတက်ရင်ချမ်းပါတယ် | ဖျားပြီး ၅ရက်/၆ရက်လောက်မှာဝမ်းလျောတယ်
ကျမအမျိုးသားကအိမ်မှာအသက်ရူအရမ်းမကြပ်ဘဲ Oxygen level နဲ့ heart rate ကအရမ်းကျသွားတာပါ ဘေးမှာကျမစောင့်မနေရင်သူတ​ဖြေးဖြေးနှလုံးခုန်ရပ်သွားမှာပါ 😥😥😥
UK မှာစဖြစ်တော့ဆေးရုံဆေးခန်းတွေကိုလူကိုယ်တိုင်မလာဖို့ ဖုန်းဆက်ပြီးမှ သူတိုပြောတဲ့အတိုင်းလုပ်ဖို့လိုက်နာရပါတယ် ဖျားလို့ အဖျားကြီးရင်111ကိုခေါ်ရပါတယ်။
ကျမတိုမိသားစုမှာတော့ ကျမအမျိုးသားက public transport သုံးလို့ ရလာတာထင်ပါတယ် သူနဲ့ကျမတရက်ထဲဖျားတာပါ ၊
ကျမကတနေ့ဆားရည် နွေးနွေး ၅ခါလောက် gargle လုပ်ပါတယ်၊ ၂ယောက်စာလုပ်ထားတဲ့ဂျင်းထညက်ပြုတ်ရည်| ကွမ်းရွက်ပြုတ်ရည်| nettle tea | ကြက်ပြုတ် ကြက်ပေါင်း သူမသောက်သမျှ အကျန်အားလုံးသောက်တယ် 😁 ကျမထင်တာ အရည်များများသောက်တာရယ်ဆားရည်ငုံတာရယ်ကြောင့်ကျမဆေးရုံမရောက်တာပါ။ ဆေးကတော့Paracetamol 500mg တနေ့တလုံးနဲ့ Echinacea max strength တလုံးသောက်ခဲ့ရတယ် ဒါပေမဲ့အခုနှာခေါင်းဘာအနံမှမရပါဘူး အရသာကတော့အခုနဲနဲပြန်ရလာပါပြီ။
အခုဆက်ပြောမှာကသူ့အကြောင်းပါ
23/03/20 Monday မှာအဖျား 37.6 လောက်ကစပြီးတပါတ်လုံး 37.6 နဲ့ 38.7 လောက်ကြားမှာပါ အစပိုင်းချောင်မဆိုး နှာမစီးပါဖူး သောကြာနေ့လောက်မှချောင်းနည်းနည်းဆိုးပါတယ်
ဒါကြောင့် 111 ကိုခေါ်ရပါတယ် ခေါ်တော့လဲ အသက်ရူမကြပ်သေးရင် အိမ်မှာနေ ပါရာသောက်ဖို့အကြံပေးပါတယ် ။
Saturday မှာ ကိုအောင့်အကိုက Oxygen level တိုင်းတဲ့စက်ကလေးလာပို့ပေးရှာတယ်၊ တိုင်းကြည့်တော့ oxygen နဲနဲစကျ နေပါပြီ
Sunday မှာoxygen level နဲ့ heart rate ပါ အတော်ကျလာတဲ့အတွက် 111ကိုထပ်ခေါ် (ဖုန်းဝင်ဖို့တနာရီစောင့်ရပါတယ်) ရတော့သူတို့မေးတာဖြေပီး ဆရာဝန်ဖုန်းပြန်ခေါ်မယ်ဆိုလို့ 20မိနစ်စောင့်ရပါတယ် ဆရာဝန်နဲ့စကားပြောပြီးသူက covid - 19 လို့ယူဆတယ် ambulance လွတ်မယ် ဆေးရုံတက်ဖို့အဆင်သင့်ပြင်ထားခိုင်းတယ်
ambulance လာတော့ ပြန်တိုင်းချိန်မှာအဖျားကျ အောက်စီဂျင်ကောင်း heart rate ပြန်ကောင်းနေတော့ အိမ်မှာနေလို့ရသေးတယ်ဆိုပြီး ထားပစ်ခဲပါတယ် ထပ်ဖြစ်ရင်ဖုန်းထပ်ဆက်ပါတဲ့🤷‍♀️🤷‍♀️🤷‍♀️
ကျမတညလုံးမအိပ်နိုင်ပါဖူး သူဘယ်အချိန်တခုခုဖြစ်မလဲဆိုပီးသောကနဲ့မိုးလင်းခဲ့တာပါ Monday မနက် မှာအဖျားပြန်တက်တော့ ကျမ gp ဖုန်းဆက်ပီးဆရာဝန်နဲ့စကားပြောတယ် သူတို့ကဆေးခန်းကိုလာခိုင်းပြီးဆေးခန်းအထဲမဝင်ရပါဖူး ကားparking ထဲမှာ ဆရာဝန်ထွက်လာပြီးကားပေါ်မှာဘဲ စစ်ပေးတယ် ချက်ချင်း ဆေးစာထုတ်ပေးပြီး ambulance မစောင့်နဲ့ ကိုယ့်ဖာသာဆေးရုံသွားပါတဲ့🚘🚘
သောကအပြည့်နဲ့ဆေးရုံရောက်ပြီးသူ့ကို နာစ့်၂ယောက်လာခေါ်တယ် ကျမကိုအိမ်ပြန်ခိုင်းလိုက်ပါတယ်
ဆေးရုံကိုလူနာသွားကြည့်လို့မရပါဖူး သိချင်တာရှိ့ရင် phone ဆက်မေး လို့ရပါတယ်
နောက်တနေ့မှာတော့ သူ့ကို ICU ပြောင်းရမယ်လို့ဖုန်းဆက်ပါတယ်နောက်ထပ်ဆက်ကြည့်တော့ ventilator ပေါ်ရောက်နေပြီသတိမရတော့ဖူးဆိုတဲ့သတင်းကြားရပါတယ် (ဝမ်းနည်းလွန်းလို့ ငိုလိုက်ရတာလေ )
ဆေးရုံကလိုအပ်တဲ့ဆေးဝါးကုသမူ့တွေလုပ်ပြီး 02/04/20 Thursday မှာသူသတိပြန်ရလာပြီးတဖြေးဖြေးပြန်ကောင်းလာတယ် စိတ်ချရတဲ့အခြေအနေရောက်လာခဲ့ပါတယ်။ ICU ကနေ normal ward ကိုပြောင်းရပြီဆိုမှစိတ်နည်းနည်းအေးရတာပါ။
UK မှာ COVID ဖြစ်လို့ဆေးရုံရောက်လာသူတွေထဲမှာ ventilator ပေါ်ရောက်ရင် 20%လောက်ဘဲအသက်ရှင်ပါတယ် နော် အသက်ရှင်ဖို့အခွင့်အလမ်းအရမ်းနဲတဲ့ရောဂါပါ သတိရှိ့ကြပါနော်
ကံကောင်းလွန်းတာရယ် ဘုရားတရားသံဃာ ရတနာ၃ပါးမိဘ ဆရာ ဂုဏ်ကျေးဇူးတွေကြောင့် သေမင်းလက်ကလွတ်ခဲ့တာပါ။
ကိုရိုနာ virus ဘေးမှလူသားအားလုံးကင်းဝေးကြပါစေ 🙏🙏🙏
Crd: Aye Moe မှ ကူးယူဖော်ပြပါသည်။9799
ဒေါပုံမြို့နယ်၊ ယမုံနာ၂ရပ်ကွက်၊ စံပြ၂လမ်းတွင်နေထိုင်သော ဒေါ်အေးအေးမွန်သည် နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရသူတစ်ယောက်ဖြစ်...
18/08/2019
ဒေါပုံမြို့နယ်၊ ယမုံနာ၂ရပ်ကွက်၊ စံပြ၂လမ်းတွင်နေထိုင်သော ဒေါ်အေးအေးမွန်သည် နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရသူတစ်ယောက်ဖြစ်သောကြောင့် "COZYနှလုံးသွေးကြောကျဉ်းသာများအတွက်သဘာဝဖျော်ရည်" ကိုမှီဝဲသုံးစွဲခဲ့သည်မှာ ၄လခန့်ရှိပြီ။
"ဆီးချိုရောဂါရှိသော်လည်း COZYဆေးကိုသောက်သုံးရာတွင် ဆီးချိုလည်းမတက်ကြောင်း နှင့် သွေးကြောကျဉ်းရောဂါလည်းသက်သာကြောင်း" ယနေ့နံနက်တွင် လာရောက်ဝယ်ယူရင်း ပြောပြသွားပါတယ်။
======== ======== ========
ပန်းလှိုင်ဆေးရုံမှာ နှလုံးသွေးကြောပိတ်လို့ဆေးတက်ကုသနေတာပါတယ်။
ဆေးရုံပေါ်ကနေ Cozy နှလုံးသွေးကြောပွင့်ဆေးကို လှမ်းမှာပြီး ဆရာဝန်တွေကိုကြောက်လို့ မသောက်ရဲပါဘူးတဲ့။
သွေးကြောက ကျဉ်းတာမဟုတ်ဘူး။
လုံးဝပိတ်နေတာလို့ ဆရာဝန်ကပြောပါတယ်။
ဘယ်နှစ်ချောင်းလည်းတော့မပြောဘူး။
ဆေးရုံကဆင်းတော့ ဆရာဝန်တွေကမှာလိုက်ပါတယ်။
အမောဖောက်ရင် ဆေးရုံကိုအမြန်ပြန်လာပါတဲ့။
ကားလုံးဝ မမောင်းပါနဲ့တဲ့။
အိမ်ရောက်လို့ Cozy နှလုံးသွေးကြောပွင့်ဆေး ၃ရက်သောက်ပြီးတော့ Cozy ကို သူ့အမျိုးသမီးက ဖုန်းဆက်လာပါတယ်။
အမျိုးသားက
မိန်းမရေ ဒီမှာလာစမ်းကြည့်ပါအုန်း နှလုံးခုန်သံ ပြန်ကြားရပြီတဲ့။
(**သောက်သုံးသူရဲ့ပြောကြားချက်ပါ**)
အမျိုးသမီးက လက်နဲ့စမ်းလိုက်တော့ နှလုံးခုန်သံပြန်ကြားရပါတယ်။
ယခင်က လုံးဝမကြားရပါဘူးတဲ့။
ကားလည်းပြန်မောင်းနေပါပြီတဲ့။
ဖုန်းခေါ်လာတာ ဝမ်းသာလို့ အသံတွေတောင်တုန်နေတယ်။
Cozy နှလုံးသွေးကြောပွင့်ဆေးဆိုင်ကို လာတွေ့ပါအုန်းမယ်တဲ့။
သူတို့က အဝေးပြေးကားဝယ်ပြီး ကိုယ်တိုင်မောင်းဖို့ဝယ်ပြီးမှ
နေမကောင်းလို့ မမောင်းရတာတဲ့။
အခုပြောထားရတယ် အဝေးပြေးကားတော့ မမောင်းပါနဲ့အုန်းလို့။
လာတွေ့တဲ့အခါ ခွင့်တောင်းပြီး သူတို့ခွင့်ပြုရင် ဓာတ်ပုံနှင့်တကွ ပြန်တင်ပေးပါ့မည်။
======== ======== ========
နည်းနည်းလေးလှုပ်တာနဲ့ မောမောနေတာတဲ့။
စေစောက စိတ်မဆိုးဆိုင်ကို ကိုဇီ နှလုံးသွေးကြောပွင့်ဆေး လာဝယ်တော့ ဘာလို့သောက်မလဲမေးကြည့်လိုက်တော့ အမတယောက်က ညွှန်လိုက်လို့ပါတဲ့။
အမဖြစ်နေတာနဲ့ အမေဖြစ်နေတာက အကုန် အတူတူပဲတဲ့။ နည်းနည်းလေးလှုပ်တာနဲ့ မောမောနေတာတဲ့။
16. 01. 29019
======== ======== ========
မွေးရာပါ နှလုံးရောဂါအတွက် ဝမ်းမြောက်ဖွယ် ( နှစ်ဦး )
ဦးခင်မောင်က စိတ်မဆိုး ဆေးအိုးပုတ် တိုင်းရင်းဆေးဆိုင်ကို အစောကြီးလာဝယ်နေကြပါ။
ပထမတခါ စကားပြောဘူးပေမဲ့မရေးဖြစ်ဘူး။
ဒီတခါတော့ သူ့သမီးလေးအကြောင်းသေသေခြာခြာလေးပြောပြတော့ နားထောင်ဖြစ်သွားတာပါ။
သမီးအတွက် သူတော်တော် စိတ်ချမ်းသာနေရပါပြီတဲ့။
သူ့အမျိုးသမီးက သမီးလေးကိုယ်ဝန် (၆)လမှာ အစာစားလို့မဝင်တော့ဘူး။
ရေသောက်ရင်တောင်ပြန်အန်ထွက်နေတော့တာတဲ့။
သုံးခွဆေးရုံ၊ ရန်ကုန် ဆေးရုံကြီး၊ ရန်ကုန်အမျိုးသမီးဆေးရုံ ဆေးရုံ ၃ရုံပြောင်းတက်ရပါတယ်။
ဒါနဲ့ သမီးလေးမွေးတော့ (7)လနဲ့ဖွားတယ်။
မိခင်နို့ကလည်း ပြတ်နေတော့ အိမ်လည်းရောက်ရော နို့လိုက်လာတော့ ဝမ်းသာအားရ သမီးကို တိုက်တော့တာပဲ။
ဆရာဝန်ကြီး ဦးမောင်မောင်ဝင်း (သမ္မတကြီး ဦးစန်းယု သမက်) က ခလေးကိုချစ်ရင် မိခင်နို့မတိုက်ပါနဲ့ ခင်ဗျားအမျိုးသမီးက ကျန်းမာရေးမကောင်းလို့ပါဆိုလို့၊
အဲ့ခေတ်က နွားနီတံဆိပ်နို့နဲ့ တလလောက်ကွာတဲ့ အကိုဝမ်းကွဲကိုဖွားမြင်ထားတဲ့ အဒေါ်နို့ကို စို့ပြီး ကြီးလာတာတဲ့။
သမီးက အသံနည်းနည်းကြားတာနဲ့ ခြေဖျားလက်ဖျားအေးပြီး သတိလစ်သွားပါတယ်တဲ့။
ဆေးလိုက်စစ်တော့လည်း ဘာရောဂါမှမရှိပဲ၊
ပိုက်ဆံတွေလည်းကုန် ဆေးလည်းစုံနေတာပဲတဲ့။
အဲ့ဒါနဲ့ အမေရိကန်ကုမ္မဏီ တရုတ်ကထုတ်တဲ့ coffee mix လိုသောက်ရတဲ့ဆေးဝယ်သောက်တယ်။
သက်သာတယ်။ ဒါနဲ့ ဆေးကုမ္မဏီအစီအစဉ်နဲ့ မြဝတီမှာ အင်တာဗျူးတွေတောင်လုပ်လိုက်သေးတယ်။
အဲ့ဒီဆေးသောက်တုန်းခဏပဲ။ ပြီးရင်ပြန်ဖြစ်တာပဲတဲ့။ ကုမ္မဏီကလူတွေကိုတောင်နောက်လိုက်သေးတယ်။ ဗူးခွံတွေ ပြန်လက္ခံမလား များလွန်းနေလို့တဲ့။ ဆေးဖြတ်လို့ကိုမရတာတဲ့။
နောက်တော့ ဝေါမြို့နယ်က ဒေါ်တင်နွဲ့သောက်တဲ့ ကိုဇီ နှလုံးသွေးကြောပွင့်ဆေးဖတ်မိတော့ စမ်းသောက်မယ်ဆိုပြီး သောက်ပါတယ်တဲ့။
ထူးခြားမှု့ (1)
======
တရက် သမီးက ဖုန်းခေါ်လာပါတယ်။ ကားပေါ်မှာ ခါးပိုက်နှိုက်ပါလာလို့ ရဲစခမ်းကို စီးလာတဲ့ကားမောင်းသွားလို့ သူမပါပါသွားတယ်ဆိုတော့
အရမ်းဝမ်းသာသွားတာတဲ့။ အရင်က ဒီလိုအခြေအနေမျိုးဆို သမီး သတိလစ်သွားပြီတဲ့။
ထူးခြားမှု့ (2)
======
ဟိုရက်က ကား ၄စီးဆင့်တိုက်တာ ကားပေါ်မှာ သမီးပါလာတာ ဘာမှမဖြစ်တော့ဘူးတဲ့။
ဘေးက အမျိုးသမီးက အခြေအနေကြည့်ပြီး သမီးဘာမှမပူနဲ့ ဘာမှမဖြစ်ဘူး။ လိုအပ်ရင် အဒေါ်အိမ်အထိလိုက်ပို့ပါ့မယ်လို့ အားပေးတယ်တဲ့။
ခြေဖျားလက်ဖျားတွေ အေးစက်သွားပေမဲ့ ခံနိုင်ရည်တက်လာတယ်တဲ့။
အခု နေ့တိုင်သောက်နေရာကနေ ဆေးကို စမ်းဖြတ်ကြည့်လို့ရနေပြီတဲ့။
၂ရက်တခါ အခု ၃ရက်တခါပဲသောက်တော့တယ်တဲ့။
အခုသမီးက အလုပ်လည်းပုံမှန်လုပ်နေပါတယ်တဲ့။
ဘေးအိမ်က အဖွားတယောက်ကလည်း သမီးနဲ့ ရောဂါဝေဒနာက အတူတူပါပဲတဲ့။
သမီးသောက်သမျှ သူလည်းလိုက်သောက်နေတာတဲ့။ အခုအဖွားကြီးလည်းလည်း ကားစီးဘာညာ သွားသွားလာလာနဲ့ ကျန်းမာနေပြီတဲ့။
Cozy " ကိုဇီ နှလုံးသွေးကြောပွင့်ဆေး " ပဲသောက်တော့တယ်။ အင်္ဂလိပ်ဆေးတွေလည်း အကုန်ဖြတ်လိုက်ပါပြီတဲ့။
24/09/2018
========= ========= =========
ဆရာဝန် အံဩသွားတဲ့ နှလုံးသွေးကြောပွင့် လက်တွေ့ဆေးလေးပါ။
အသက် ၅၀ကျော် ဒေါ်တင်နွဲ့ပါ။
ဝေါမြို့ကနေ Cozy ကော်ဇီနှလုံး သွေးကြောပွင့်ဆေးကို လာဝယ်ရင်း ပြောပြသွားတာပါ။
အိမ်ရှေ့ကနေ နောက်ဖေးသွားလည်းမောပါတယ်။
တခုခုကိုင်လည်းမောပါတယ်။
ထမင်းစားရင် တလုပ်လောက်ဝင်ပြီး မူးတယ် မူးတယ်ဆိုပြီး ဆက်မစားနိုင်လည်းဖြစ်ပါတယ်။
ရေချိုးလည်းတွဲပေးနေရပါတယ်။
လမ်းလျှောက်ရင် ခြေတွေ လက်တွေတုန်နေတတ်ပါတယ်။
တချိန်လုံးပဲလှဲလျောင်းနေနေရပါတယ်။
ပြင်ပ ပုဂ္ဂလိက ဆေးရုံတခုမှာ ငွေလည်း 14သိန်း 15သိန်းလောက်ကုန်နေပြီ။
ဦးနှောက် အကျိတ်တည်သလိုလို ဟိုလိုလို ဒီလိုလိုနဲ့ 7လလောက်ကြာသွားတာပါတယ်။
ကျောက်မြောင်းဖက် ဆေးရုံတခုမှာ ဆရာမကြီးအရမ်းကောင်းတယ်လို့ မိတ်ဆွေညွှန်လို့ သွားပြတော့မှ နှလုံးအဆီဖုံး နှလုံးသွေးကြောကျဉ်းမှန်းသိပြီး
သွေးကြဲဆေးတွေပေးပါတယ်။
ပထမအကြိမ်ပြပြီး 1ပတ်ပြန်ချိန်းတယ်။
ဒုတိယအကြိမ်ပြပြီး 1လပြန်ချိန်းတယ်။
တတိယအကြိမ်ပြပြီး 1လပြန်ချိန်းတဲ့အချိန်မှာ
Cozy နှလုံးသွေးကြောပွင့်ဆေး နဲ့ တိုက်ကြီးကလူနာသွေးကြောလုံးဝပိတ်တာ ပြန်ပွင့်သွားတယ် ဖတ်မိလို့၊
Cozy နှလုံးသွေးကြောပွင့်ဆေးဆိုင်ကိုဖုန်းဆက် ဆေး၂ဗူးဝယ်ပြီး ရက်၂၀လောက်သောက်ပြီးတော့ တလရက်ချိန်းပြည့်တာနဲ့ ပြန်လာစစ်ပြီး ကောင်းရင်တော့ ထပ်ဝယ်သွားမယ်ဆိုပြီး ၃ဗူးလာဝယ်ရင်း ပြောပြသွားတာပါ။
ဆရာမကြီးက အံဩနေတယ်တဲ့။
သူ့ဆေးက အဲ့ဒီလောက်မမြန်နိုင်ဘူး။
ဘာလုပ်လိုက်လည်းစစ်တော့ မပြောလို့မရတော့တာနဲ့ Cozy နှလုံးသွေးကြောပွင့်ဆေးလည်း သောက်တယ်လို့ပြောပြလိုက်ရတယ်တဲ့။
ဆရာမကြီးကို ပြန်လာစရာမလိုတော့ဘူးနော်ဆိုတော့။
နည်းနည်းကောင်းသွားတာနဲ့ မလာချင်တော့ဘူးလားလို့ ပြန်နောက်ပြီး
ပြန်စစ်ချင်သေးလို့ပါဆိုပြီး
၂လကြာရင်ပြန်တော့လာစစ်ပါလို့ ချိန်းလိုက်တယ်တဲ့။
္ဓဓာတ်ပုံခွင့်ပြုချက်တောင်းပြီးတင်ပေးလိုက်ပါမယ်။
13 Jan 2018
သူကပုလင်းကုန်ခါနီးရင် ဆေးကပြစ်တော့ သောက်ချင်လို့ ရေနည်းနည်းကျင်းပြီးသောက်လိုက်တာပဲတဲ့။
========= ========= =========
်ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၈လမ်း၊ အမှတ်၈၂/၈၆တွင် နေထိုင်သော ဦးသိန်းညွန့်ကြီး၏ဖခင် အသက်၈၆နှစ်သည် လွန်ခဲ့သော၃နှစ်မှစ၍ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နေကြောင်း သိရှိခဲ့ရပါသည်။ ထို့ကြောင့်အဂ်လိပ်ဆေးဝါးများမှီဝဲသုံးဆောင်လျက်ရှိပါသည်။ သို့သော် ၂၀၁၇နှစ်ကုန်ပိုင်းတွင် "COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်" ကို မိတ်ဆွေမှညွန်းပေးသောကြောင့် စမ်းသပ်ဝယ်ယူသောက်သုံးခဲ့ပါသည်။ ယနေ့ထိမှီဝဲသုံးဆောင်နေပါသည်။ "COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်" ကို "သောက်သုံးသည့်နေ့မှစ၍ သက်သာကြောင်း" ယနေ့လာရောက်ဝယ်ယူစဉ်တွင် ပြောပြသွားပါသည်။
"COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်"သည် ကြက်သွန်ဖြူ ၊ ဂျင်း၊ ရှောက်ရည်၊ ရှာလကာရည်နှင့် ပျားရည်စစ်စစ်တို့ဖြင့်သာ ဖော်စပ်ထားပါသည်။ COZYဖျော်ရည်ကို နံနက်အိပ်ယာထအစာမစားခင်တွင် ထမင်းစားဇွန်းဖြင့် တစ်ဇွန်းသာသောက်သုံးရပါသည်။
=======================================
တာမွေ 133 လမ်းမှာနေတဲ့ အမတစ်ယောက်ကလဲဆေးမှာလို့ သွားပို့တော့
"အမကခွဲပြီးစက်တပ်ရတော့မှာ ဒီဆေးကိုတွေ့တော့သောက်ကြည့်မယ်ဆိုပြီးသွားဝယ်သောက်တာ သက်သာပြီး စက်တပ်ဖို့မလိုတော့ဘူး အဲ့ဒါလိုင်းပေါ်မှာအိမ်အရောက်ပို့တာတွေ့လို့ မှာလိုက်တာပါ" တဲ့
========================================
"မည်သည့်ဆရာဝန်ကိုမှ မလေးမစားပြုလုပ်ခြင်း မဟုတ်ကြောင်း နှင့် လက်ရှိရောဂါဝေဒနာခံစားနေရသောလူနာများ သိရှိစေရန်ရည်ရွယ်၍ တင်ပြခြင်းဖြစ်ကြောင်း" ဦးစွာပြောချင်ပါတယ်။
လက်ပံကုန်းအကောက်စခန်း၊ ဆိပ်ကြီးခနောင်တိုတွင်နေထိုင်သော ဦးပြုံး ခေါ် ဦးပြုံးအောင်၏ဇနီးသည် နှလုံးသွေးကြောပိတ်သဖြင့် ခွဲစိပ်ကုသရန် ဆရာဝန်မှရက်ချိန်းပေးပြီးသော်လည်း ခွဲစိပ်ကုသရန်အခက်အခဲရှိသောကြောင့် ခွဲစိပ်ကုသရန်ရက်ချိန်းအား နောက်တစ်လသို့ရက်ချိန်းရွှေ့ပြောင်းချိန်းဆိုခဲ့ပါသည်။ နောက်တစ်လသို့ရက်ချိန်းပြောင်းပြီးနောက် ဆိပ်ကြီးခနောင်တိုသို့ မပြန်ခင်တွင် "COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်"ကို လာရောက်ဝယ်ယူသွားပါသည်။ "COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်"ကို နံနက်အိပ်ယာထ အစာမစားခင် နှစ်နာရီကြိုတင်၍သောက်သုံးခြင်းနှင့် ညစာမစားခင်တစ်နာရီကြိုတင်၍ သောက်သုံးခြင်းကို တစ်လနီးပါးပြုလုပ်ခဲ့ပါသည်။ ဝေဒနာရှင်သည် ဆေးရုံမှဆရာဝန်ပေးသောဆေးများနှင့် COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်တို့ကို နေ့စဉ်မှီဝဲသောက်သုံးခဲ့ပါသည်။
ထို့နောက် ရက်ချိန်းပြည့်သောကြောင့် ခွဲစိပ်ကုသရန် ရန်ကုန်ရှိဆေးရုံသို့ ထပ်မံလာရောက်ခဲ့ပါသည်။ ခွဲစိပ်ကုသခြင်းမပြုလုပ်မီ ဆရာဝန်မှ လိုအပ်သောဆေးစစ်မှုများကို ထပ်မံပြုလုပ်ကြည့်ပြီးနောက် "ရောဂါသက်သာကြောင်းနှင့် ခွဲစိပ်ကုသခြင်းမခံယူလိုသေးလျှင် ခွဲစိပ်ကုသခြင်း မပြုလုပ်သေးပဲ နေနိုင်သေးကြောင်း" ပြောသည်ဟု သိရပါသည်။
ထို့ကြောင့် ယနေ့တွင် ဆေးရုံမှအပြန်၌ "COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်"ကို ထပ်မံလာရောက်ဝယ်ယူရင်း ဆေးရုံမှအကြောင်းအရာများကို ပြောပြသွားပါတယ်။
ဆရာဝန်ဆေးမှတ်တမ်းအချို့ကို ဓာတ်ပုံရိုက်ယူထားပြီး ဦးပြုံးအောင်အား မေးမြန်းထားသောအသံfileလည်း ကျနော်တို့ထံတွင်ရှိပါသည်။
=======================================
ဧရာဝတီတိုင်း၊ မြင်းကကုန်းမြို့ ၊ ဓမ္မပါလရပ်ကွက် (မြို့လယ်)တွင် နေထိုင်သူ ဦးကျော် 09422536873၏သားဖြစ်သူ ကိုကျော်နိုင်ဦး 09427980428မှ ပြောပြသွားသည်မှာ..... အဖေ့တွက် COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည်ကို နေ့စဉ်တိုက်တာ သုံးလရှိပြီဖြစ်ကြောင်းနှင့် သက်သာသောကြောင့် မြင်းကကုန်းမြို့ရှိ သမနသုခရုမ်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဥူးပဒုမအားလည်း လစဉ်လှူဒါန်းလျက်ရှိရာ ဆရာတော်မှ နှလုံးရောဂါသက်သာသဖြင့် ရန်ကုန်မြို့ကိုရောက်လျှင် COZYနှလုံးသွေးကြောကျဉ်းသူများအတွက်သဘာဝဖျော်ရည် ပိုဝယ်လာပေးရန်မိန့်ကြောင်း ပြောပြသွားပါတယ်။
ထို့ကြောင့် COZYဆေးတိုက်မှလည်း ဆရာတော်ဥူးပဒုမအတွက် တစ်လစာဆေးပုလင်းကုသိုလ်ယူလိုက်ပါတယ်။
👇👇👇👇👇👇👇 မှာယူလိုပါက 👇👇👇👇👇👇👇
ပုလင်းသေး၃လုံး မှာယူရင်ပို့ဆောင်ခအခမဲ့ပို့ပေးပါမယ်။😎
🎁👕ပုလင်းကြီး၂လုံးဒါမှမဟုတ်ပုလင်းသေးလေးလုံးမှာယူရင် Champion t-shirt လေးတွေလက်ဆောင်ထည့်ပေးနေပါပြီ 🎁👕
🚛နယ်ကားဂိတ်အရောက်ပို့ပေးပါသည်🚛
🚪🚪🚪ရန်ကုန်၊မန္တလေး၊မုံရွာ၊လားရှိုး၊ကြယ်ခေါင်
အိမ်အရောက်ပို့ပါသည် 🚪🚪🚪
🏃‍♂️🏃‍♂️အိမ်အရောက်မှာယူလိုပါက🏃‍♂️🏃‍♂️
👉👉ဖုန်းကအလုပ်ချိန်ဆိုမကိုင်မိမှာစိုးလို့
Viber(0943334777),Page messenger or comment မှာပြောလို့ရပါတယ် 😅
👆👆👆👆👆👆👆 မှာယူလိုပါက 👆👆👆👆👆👆👆
COZY ဆေးမှာယူသူတိုင်း နှလုံးသွေးကြောကျဉ်းရောဂါ အရှင်းပျောက်ပါစေလို့ COZYမှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျ။ 😄😄😄
Address
Telephone
0943334777
Website
Alerts
Be the first to know and let us send you an email when COZY နှလုံးသားအာဟာရ အိမ်ပို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
  • Want your business to be the top-listed Transport Service?
Share