05/12/2019
Medical Tourism ဆိုတာ သိကြပါသလား
နိုင်ငံခြားမှာ ဆေးလဲကုရင်း၊ အပန်းဖြေ အနားယူရင်း ခရီးထွက်တဲ့ သဘောမျိုးပါ။ ဒီ ဝန်ဆောင်မှုနဲ့ ပတ်သတ်ပြီး သိချင်တယ်ဆိုရင် ဒိမှာ ဖတ်ကြည့်ပါ
✈️Why medical tourism??🏨
ဘာကြောင့် နိုင်ငံခြားမှာ ဆေးသွားကုဖို့ ဆုံးဖြတ်ကြတာလဲ ။
၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံအများစုက နိုင်ငံခြားမှာ ဆေးသွားကုသခြင်းက Trend တစ်ခုအနေနဲ့ ရှိလာခဲ့ရာ ကျွန်တော်တို့ မြန်မာ နိုင်ငံတွင်လည်း ၂၀၁၅-၂၀၁၆ နောက်ပိုင်းမှစ၍ နိုင်ငံခြားဆေးသွား ကုသခြင်းက ခေတ်စားလာခဲ့သည်။ ဆိုတော့ ဘယ်လို အချက်တွေက medical tourism ကို အားပေးစေခဲ့လဲ။
1. Budget💸
အနောက်ပိုင်း နိုင်ငံ အများစုရဲ့ Medical tourism ပြုလုပ်ရခြင်းရဲ့ အဓိက အကြောင်းအရင်း က တော့ ကုန်ကျစရိတ်ကို ထက်ဝက်ခန့် လျှော့ချ ချင်လို့ဘဲ ဖြစ်ပါတယ်။ America မှ medical tourism ပြုလုပ်သူတစ်ယောက် က India တွင် Liver Transplant ( အသည်းအစားထိုး ) ပြုလုပ်ခြင်းက လေယာဉ် လက်မှတ်ဖိုး ၊ ဟိုတယ် တည်းခိုခ ၊ ဆေးရုံစရိတ် အားလုံးစုစုပေါင်း ကုန်ကျငွေက america ရှိဆေးရုံများ မှကုသမှု ထက် ၅၀% လောက် သက်သာပြီး Result ကလည်း ကျေနပ်စရာ ကောင်းသောကြောင့် medical tourism ကို ရွေးချယ်သင့်ကြောင်း ရှင်းပြထားပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံအတွက်တော့ medical tourism က ဈေးသက်သာလို့ ရွေးချယ်တာမျိုး မဖြစ်နိုင်ပါ။ ရွေးချယ်ကုသမည့် ဆေးရုံ တစ်ရုံ နှင့် တစ်ရုံသာ ဈေး ကွာခြားချက် ရှိနိုင်ပါမည်။
2. Quality and qualification 🚑
Quality and qualification ပိုင်းနှင့် ပတ်သတ်ပြီး ပြောရမည်ဆိုလျှင် ဆေးရုံ၏ facility ပိုင်း ၊ နည်းပညာမြင့်မားမှု ၊ သန့်ရှင်းသပ်ရပ်ခြင်း အစရှိသည်တို့ က အဓိက ကွာခြားမှု တစ်ရပ်ဖြစ်သွားသည်။ မြန်မာ နိုင်ငံမှ Specialist များက နိုင်ငံတကာ နှင့် ရင်ဘောင်တန်း နိုင်သော်လည်း Lab result များက အားရစရာ မရှိပေ။ ပြည်တွင်းရှိ lab တစ်ခုနှင့် တစ်ခုတောင် အဖြေ မတူတတ်ကြပေ။ သည့်အပြင် advanced technology ( ပို၍အဆင့်မြင့်သော နည်းပညာ ) ဖြင့် ရောဂါရှာဖွေခြင်း ၊ Robotic surgery (ခေါ်) စက်ဖြင့် ခွဲစိတ်ခြင်း ၊ computerized personal data ( လူနာ၏ ရောဂါ အခြေနေများကို ကွန်ပြူတာ တွင် သိမ်းဆည်းထားခြင်း ) စသော နည်းပညာများ ကျွန်တော်တို့ စ်ီတွင်မရှိသေးသောကြောင့် အခြားနိုင်ငံတွင် ဆေးကုသမှုခံယူရန် စဉ်းစားသင့်ပါသည်။
3. Time management ⏰
International Medical Tourism Location တစ်ခုအဖြစ် ရေပန်းအစားဆုံး ဘန်ကောက်မြို့ရှိဆေးရုံများတွင်တောင် time management အလွန်ကောင်းမွန်လှသည်။ ဆေးရုံတက်ဖို့ လိုအပ်လျှင်သော် လည်းကောင်း၊ ခွဲစိတ်မှုများ ပြုလုပ်ဖို့ လိုအပ်လျှင် သော်လည်းကောင်း၊ အလွန်ဆုံး တစ်ပတ်ခန့် ကြိုတင် appointment ယူလျှင် အစစ အရာရာ အဆင်သင့် ဖြစ်ကာ အလွန်အဆင်ပြေလှ ပါသည်။ Medical tourism လုပ်ငန်းများ ခေတ်စားလာသည်နှင့်အညီ ဆေးရုံမှ အကြိုအပို့ ဝန်ဆောင်မှုများ ၊ စကားပြန်ဝန်ဆောင်မှု များအစရှိ သည်တို့ကို ပါအဆင်ပြေအောင် အဆင်သင့် ဆောင်ရွက်ပေးထားသောကြောင့် မလိုအပ်သော အချိန်ဆုံးရှုံးမှုများ ကို လျှော့ချနိုင်မည်ဖြစ်ပါတယ်။
4. Traveling ✈️
နောက်ဆုံး အချက် ကတော့ ခရီးသွားရခြင်းဘဲ ဖြစ်ပါတယ်။ U.S မှ survey တစ်ခုအရ ခရီးသွားခြင်းသည် ကိုယ်ရောစိတ်ပါ လန်းဆန်းစေရုံသာမက မိမိခံစားနေရသော ရောဂါဝေဒနာများ ကိုပါ ထက်ဝက်ခန့် သက်သာ ပျောက်ကင်း သွားနိုင်သည် ဟုဖော်ပြထားပါသည်။ မှန်ပါတယ်။ Healthy lifestyle ဆိုသည်မှာ Physical wellbeing ရော Mental wellbeing ပါ သင့်တင့်မျှတမှသာလျှင် အမှန်တကယ် ကျန်းမာပျော်ရွှင်သော လူနေမှုဘဝ ပုံစံကို ရရှိမှာဖြစ်ပါတယ်။ အလုပ်ကြောင့် ရရှိသော Stress induced hypertension များ၊ ရောဂါ တစ်ခုခုခံစားနေရမှာကို စိုးရိမ်နေသော anxiety များကို လျှော့ချနိုင်ရန် Medical Tourism နည်းကို ရွေးချယ်ခြင်းဖြင့် ထိထိရောက်ရောက် သက်သာ ဖြေရှင်းနိုင်ပါတယ်။
♥️528 online medical tourism မှ လည်း လူကြီးမင်းတို့၏ ရောဂါအခြေအနေ အမျိုးမျိုးကို အချိန်ပေး ရှင်းလင်းဆွေးနွေးနိုင်ပြီး ကုသမှုခံယူနိုင်ရန်အတွက် ဘန်ကောက်ဆေးရုံများ နှင့် ချိတ်ဆက်ကာ appointment ရယူနိုင်ပါပြီ ခင်ဗျာ။ ✅
Dr.Hein
[email protected]