01/01/2026
"နှစ်သစ်ဆုတောင်း"
ငြိမ်းချမ်းသောအရပ်မှာ
နေထိုင်ခွင့်ရ၍ပိုကောင်းတဲ့အနာဂတ်ကိုသာ
ပိုင်ဆိုင်ခွင့်ရပါစေ🙏
အပူအပင်ကင်းကင်း အိပ်စက်ပြီး
အေးချမ်းစွာ နိုးထနိုင်ပါစေ🙏
ဒုက္ခရောက်နေသူနဲ့ တွေ့တဲ့အခါ
အားပေးနိုင်သူဖြစ်ရပါလို့၏🙏
အဆင်ပြေတဲ့သူနဲ့ တွေ့တဲ့အခါ
ဝမ်းသာပေးနိုင်သူ ဖြစ်ရပါလို့၏🙏
မြင်သမျှ မေတ္တာဖြင့်ကြည့်ရှုနိုင်ရပါလို့၏
မုန်းသူမရှိ ချစ်သူသာ ရှိရပါလို့၏🙏
မကောင်းသောအလုပ်ဖြင့်
အသက်မွေးမြူရခြင်းမှကင်းလွတ်ရပါလို၏🙏
သူတစ်ပါးတို့သည် မိမိကြောင့်
မငိုကြွေးရပါစေနှင့်သူတစ်ပါးတို့ကြောင့်
မိမိသည် မငိုကြွေး၊မပူလောင်ရပါလို၏🙏
မြန်မာနိုင်ငံသူ၊
မြန်မာနိုင်ငံသားအားလုံး၊ကမ္ဘာသူ၊
ကမ္ဘာသား အားလုံးစိတ်ချမ်းသာ၊
ကိုယ်ကျန်းမာစွာဖြင့် ကပ်ကြီး ၃ပါးကင်းဝေး၍
ကောင်းကျိုးလိုအင်ဆန္ဒများ
ပြည့်ဝကြပါစေ🙏🙏🙏