12/12/2023
#ရန်ကုန်_မန္တလေး_အခမဲ့ခရီးစဉ်
====================
မနက်ဖြန် မနက် ၄ နာရီ
Alphard ကား ၃စီး
မန္တလေးပို့ရန် ရှိပါသည်။
ကားတစီးလျှင်
ယာဉ်မောင်းတဦး စပါယ်ယာတဦးသာ
ပါမည်ဖြစ်ပါသဖြင့်
Alphard ကား တစီးလျှင်
လမ်းကြုံခရီးသည် ၅ ဦး
ကား ၃စီးစာ ၁၅ ဦး
ရန်ကုန် မန္တလေး ခရီးစဉ် စဆုံး
#အခမဲ့ ( #အခမဲ့ဖြစ်ပါတယ်)
လမ်းကြုံ လိုက်နိုင်ပါတယ်။
အတူပါ ခရီးသည်များ၏ လုံခြုံရေးကို
အလေးထားသည့်အနေဖြင့်
#ကြားမှတ်တိုင် #ဆင်းခွင့်မပြုပါ။
ခရီးစဉ်အတွက် #အခမဲ့ စီးခွင့်ရရုံသာမက
ခရီးစဉ် အစမှ အဆုံးထိ
Zero mile တွင် Breakfast
လက်ဖက်ရည်/ကော်ဖီ နှစ်သက်ရာနှင့်
ထမင်းကြော် ကြက်မွ/ကြက်ဥ အဝစား။
၁၁၅ မိုင်တွင်
နှစ်သက်ရာ ဟင်းလျာဖြင့်
နေ့လည်စာ အဝစား။
မိတ္ထီလာလမ်းခွဲတွင်
Teatimeအဖြစ်
လက်ဖက်ရည်/ကော်ဖီ နှင့် မုန့် စသဖြင့်
အခမဲ့ ( ငွေကြေးပေးစရာမလို)
ကျွေးမွေး ဧည့်ခံသွားမည်ဖြစ်ပါသည်။
လမ်းကြုံလိုက်ပါလိုသူများ အနေဖြင့်
မှတ်ပုံတင်တမျိုးသာ
မဖြစ်မနေ ယူဆောင်လာရန်လိုပြီး
ခရီးစဥ်အတွက် ပိုက်ဆံ တပြားတကျပ်မှ
ယူဆောင်လာရန်မလိုပါ။
ခရီးစဉ် စထွက်ရက် နဲ့ အချိန်ကတော့
မနက်ဖြန် မနက် ၄နာရီ တိတိဖြစ်ပြီး
ခရီးသည် စုရပ် ကတော့
ရန်ကုန် ကမ်းနားလမ်း
သီရ်မဂ်လာဈေးဟောင်း မှတ်တိုင်
ဖြစ်ပါတယ်။
လိုက်ပါလိုသူများ
အချိန်မီ ဖုန်း/messenger ဖြင့်
ဆက်သွယ် စာရင်းပေးစေလိုပါသည်။
ဒီ ခရီးစဉ်နဲ့ ပတ်သက်ပြီး
အထူးပန်ကြားလိုတာ တခုကတော့----
=
=
=
=
=
=
=
=
=
=
"""တလှေထဲစီး တခရီးထဲသွား စိတ်ဓါတ်"""
"""မိသားစုအသွင် #ဝိုင်းလုပ်ဝိုင်းစားပုံစံ"""မျိုးဖြင့်
အဆိုပါ မောင်းစရာဓါတ်ဆီ မရှိသည့် Alphard ကား ၃စီးအား
#ရန်ကုန် မှ #မန္တလေးထိ
၃ယောက် နား
၃ယောက်တွန်း ပုံစံမျိုးဖြင့်
တလှဲ့စီ တွန်းလိုက် စီးလိုက် လုပ်ရင်း
စည်းစည်းလုံးလုံး ချီတက်ကြဖို့ဘဲ
ဖြစ်ပါတယ်။
😁😁😁😁😁😁
Oriiginal Uploder & Photo
#စောင်စုတော့ရီရတာပေါ့😂😂😂😂
သူများဆီကcopyပါနော်