12/10/2026
Kalaw to Innlay လမ်းလျှောက် ခရီးစဉ် ..
Final Day (ပက်တူပေါက်ရွာ~အင်းလေး)
ကလောဘူတာကနေ အင်းလေးကန်ထဲကို ၃ ရက်တိတိ လမ်းလျှောက်ခဲ့တဲ့ Trekking ခရီးစဉ်လေး နောက်ဆုံးနေ့ အဖြစ် ဆက်လျှောက်ဖြစ်ခဲ့ကြတယ် .. တတိယနေ့ကတော့ ၇ နာရီကျော် ကြာခဲ့ပြီး ပထမနဲ့ ဒုတိယနေ့တွေလိုပဲ တောင်ကုန်း/တောင်တန်းတွေ တက်လိုက်/ဆင်းလိုက်နဲ့ ထမင်းစားပြီး အချိန်ကစပြီး အဆင်းကြမ်းကြမ်းနဲ့ အင်းလေးကန် ထဲကို ဆင်းခဲ့ကြရတယ် .. (တနာရီကျော်ရှိတဲ့ အဆင်းက အတော်လေး မတ်ပြီး မြလိပ်မြေသားလမ်းနဲ့ ခပ်ဆင်ဆင်ပဲ ..)
ရာသီဥတုကတော့ မနက်ပိုင်းထွက်ခါစမှာ မိုးဆွဲလို့ ဒီခရီးစဉ်တခုလုံး နွေ/မိုး/ဆောင်း ပုံစံမျိုး လျှောက်ခဲ့ရတာလဲ အမှတ်တရပါပဲ .. နေ့ခင်းပိုင်းကျတော့ မိုးအုံ့ပြီး အင်းလေးရောက်ခါနီးလေ နေပူလေပါပဲ ..
ထုံးစုံအတိုင်း အရင်နေ့တွေလိုပဲ လမ်းခရီးမှာ တောင်တန်းတွေ .. လွင်ပြင်တွေ .. စိုက်ခင်းတွေ .. ချောင်းစပ်တွေ .. ရွာတွေကို ဖြတ်လျှောက်ခဲ့ကြရလို့ .. ဓာတ်ပုံတွေ ရှယ်ရိုက်ဖြစ်ခဲ့တယ် .. သုံးရက်စလုံး မတူတဲ့ Vibe တွေရလို့ မောလို့ မောရမှန်း မသိအောင်ပဲ ခရီးစဉ်လေး ပြီးဆုံးခဲ့တယ် ..
သုံးရက်စလုံး ကား/ဆိုင်ကယ် အကူအညီ မယူပဲနဲ့ ကလောကနေ အင်းလေးထိကို လမ်းလျှောက်ခဲ့တဲ့ ခရီးစဉ်လေး အောင်မြင်ခဲ့လို့ ပင်ပန်းပေမဲ့လဲပျော်ခဲ့ရပါတယ် ..
ရက် ၃ ရက်မှာ လမ်းကြောင်းတွေ မတူသလို နဲ့ ကြမ်းပုံခြင်း မတူခဲ့လို့ Vibe ၃ မျိုး ခံစားရတာလဲ ကလော-အင်းလေး Trekking က အနှစ်သာရ အစစ်လို့ပဲ မြင်မိတယ် .. ဒီခရီးက Vlog ကော .. ဓာတ်ပုံတွေပါ .. အကောင်းဆုံး .. လိုချင်တဲ့ အတွက် .. ကိုယ်ရော စိတ်ပါ .. အတော်လေး ပင်ပန်းခဲ့ရတယ် ..
(၃ ရက်စာ ပုံပေါင်း .. ၂၀၀ ကျော်ကိုလဲ .. ခံစားလို့ ရပါပြီ .. Vlog ကျရင်တော့ .. ပတ်ဝန်းကျင် အလှတွေ .. ဒီထက် ပိုမြင်ရမယ်လို့လဲ မျှော်လင့်ပါတယ် .. Vlog ကတော့ ထုံးစံအတိုင်း နဲနဲတော့ ကြာအုံးမှာမို့ .. ခရီးစဉ်တလျှောက် အသေးစိတ် ရိုက်ပြတာတွေကို စောင့်ကြည့် ခံစားကြပါအုံးလို့ 😁 .. )
ဘာလုပ်လုပ် အကောင်းမြင်စိတ်နဲ့ အားပေးကြတဲ့ follower တယောက်ချင်းစီကိုလဲ ကျေးဇူးအထူး တင်ပါတယ်ဗျာ ..