Backpackers Myanmar

Backpackers Myanmar Backpackers Myanmar is an ecotourism company founded by environmentalists and travel lovers. Explore the Nature!

🔥𝐈𝐣𝐞𝐧 မီးတောင်ပြာ ဘယ်လိုဖြစ်တည်လာသလဲ..? အင်ဒိုနီးရှား၊ ဂျာဗားကျွန်းအရှေ့ပိုင်းမှာ ထူးထူးခြားခြား ဖြစ်တည်နေတဲ့ 🌋အီဂျင်မီး...
23/08/2026

🔥𝐈𝐣𝐞𝐧 မီးတောင်ပြာ ဘယ်လိုဖြစ်တည်လာသလဲ..?

အင်ဒိုနီးရှား၊ ဂျာဗားကျွန်းအရှေ့ပိုင်းမှာ ထူးထူးခြားခြား ဖြစ်တည်နေတဲ့ 🌋အီဂျင်မီးတောင်(𝗜𝗷𝗲𝗻 𝗩𝗼𝗹𝗰𝗮𝗻𝗼 / 𝗞𝗮𝘄𝗮𝗵 𝗜𝗷𝗲𝗻)ဟာ ကမ္ဘာပေါ်မှာ အရမ်းထူးခြားတဲ့ နာမည်ကြီး မီးတောင်တစ်ခု ဖြစ်ပြီး ညဘက်မှာ "အပြာရောင်မီးတောက်" (Blue Fire) နဲ့ ကမ္ဘာ့အက်ဆစ်ပါဝင်မှုနှုန်း အမြင့်ဆုံးဖြစ်တဲ့ အပြာရောင် မီးတောင်တွင်းအိုင် (Crater Lake) ကြောင့် ထင်ရှားပါတယ်။
မီးတောင်ထိပ်ဝက အက်စစ်ပြာကန် 🌋𝐈𝐣𝐞𝐧 ရဲ့ ဘယ်လိုဖြစ်တည်လာသလဲ ဆိုတာနဲ့ ထူးခြားတဲ့ သဘာဝဖြစ်စဉ်တွေကို လေ့လာကြည့်ကြရအောင်…
🌋 မီးတောင် ဖြစ်ပေါ်လာပုံ
အိန္ဒိယ-ဩစတြေးလျကမ္ဘာ့မြေလွှာချပ် (Indian-Oceanic Plate)က ယူရေးရှား ကမ္ဘာ့မြေလွှာချပ် (Eurasian Plate) အောက်ကို တိုးဝင်နိမ့်ဆင်းသွားတဲ့ ဖြစ်စဉ် (Subduction) ကြောင့် မီးတောင် ဖြစ်ပေါ်လာတာပါ။ကမ္ဘာ့မြေလွှာ တိုးဝင်ရာကနေ ဖြစ်ပေါ်လာတဲ့ အပူချိန်နဲ့ ဖိအားကြောင့် မြေအောက်အနက်မှာ ကျောက်စက်တွေ အရည်ပျော်ပြီး မဂ္ဂမာ (Magma)အနေနဲ့ ဖြစ်ပေါ်လာပြီးတော့ မြေပြင်ပေါ်ကို မီးတောင်အဖြစ်နဲ့ တိုးထွက်လာတာ ဖြစ်ပါတယ်..။
လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက မီးတောင်ကြီး ပေါက်ကွဲပြီးတဲ့နောက်မှာ မီးတောင်ထိပ်ဝ အလယ်က မြေသားတွေ ပြိုကျသွားရာကနေ မီးတောင်ချိုင့််ဝကြီး (Ijen Caldera) ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီ Caldera ထဲမှာမှ အခုမြင်တွေ့ရတဲ့ 🌋𝐈𝐣𝐞𝐧 မီးတောင်အပါအဝင် မီးတောင်ငယ်အသစ်တွေ ထပ်ပြီးဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
🔥 "အပြာရောင် မီးတောင်မီးတောက်" (Blue Fire) ဖြစ်ပေါ်ပုံ
မီးတောင်ကနေ အပြာရောင်မီး ထွက်နေတယ်ဆိုတ က ချော်ရည်က (Lava) အပြာရောင် ဖြစ်နေတာ မဟုတ်ပါဘူး။
🌋မီးတောင်အောက်ခြေ မြေအောက် အက်ကြောင်းတွေ အပူချိန်လွန်ကဲနေတဲ့ (၆၀၀ ဒီဂရီ စင်တီဂရိတ်ခန့်ရှိ) ဆာလဖာ (ကန့်) ဓာတ်ငွေ့တွေ ဖိအားပြင်းပြင်းနဲ့ ကန်ထွက်လာပြီး လေထုထဲက အောက်ဆီဂျင်နဲ့ ထိတွေ့လိုက်တဲ့အခါ မီးစတင်တောက်လောင်ပါတယ်။
🔥ကန့် (Sulfur) လောင်ကျွမ်းတဲ့အခါ ထွက်ပေါ်လာတဲ့ မီးတောက်ရဲ့ အရောင်ဟာ တောက်ပတဲ့ အပြာရောင် (Electric Blue) ဖြစ်လာတာပါ…. အဝေးကနေ မြင်ရတဲ့ အကွာအဝေးအရ ဆာလဖာဓာတ်ငွေ့တွေ အရည်ပျော်ပြီး အပြာရောင်မီးတောက်တွေအဖြစ်နဲ့ မီးတောင်တလျှောက် မြေပြင်အတိုင်း စီးဆင်းသွားတာမို့ "အပြာရောင် ချော်ရည်" စီးဆင်းနေတယ်လို့ ထင်ရတာ ဖြစ်ပါတယ်။ ဒါကို ညဘက်အမှောင်ထဲမှာ ထင်ထင်ရှားရှား မြင်ရတာမို့ ကမ္ဘာအနှံ့က တောင်တက်ခရီးသွားတွေ ဒီ Blue Fire 🔥ကို မြင်ရဖို့ တကူးတက စောင့်ကြည့်ကြတာပါ..
🔵ကမ္ဘာ့အက်ဆစ်ဓာတ် အပြင်းဆုံး မီးတောင်အိုင် (𝗔𝗰𝗶𝗱𝗶𝗰 𝗖𝗿𝗮𝘁𝗲𝗿 𝗟𝗮𝗸𝗲)
🌋မီးတောင်ထိပ်ဝမှာ ရှိတဲ့ လှပတဲ့ အပြာရောင် ရေကန်ကြီးဟာ ကမ္ဘာပေါ်မှာ အက်ဆစ်ဓာတ် အပြင်းဆုံး သဘာဝရေကန်တစ်ကန် ဖြစ်ပါတယ်။
မီးတောင်အောက်က ထွက်လာတဲ့ ဓာတ်ငွေ့တွေက မီးတောင်အိုင်ထဲက ရေတွေနဲ့ ပေါင်းစပ်သွားပါတဲ့အခါ ပြင်းအားမြင့်တဲ့ အက်ဆစ်တွေပြောင်းလဲသွားပြီး ရေကန်ရဲ့ pH Level ဟာ 0.5 ခန့် (ဘက်ထရီအက်ဆစ်ရေနီးပါး) ထိ ပြင်းထန်သွားပါတယ်။ ကန်ရေထဲမှာ ပျော်ဝင်နေတဲ့ သတ္တုဓါတ်တွေ နဲ့ အက်ဆစ်တွေရဲ့ ဓာတ်ပြုမှုကြောင့် စိမ်းပြာရောင် (Turquoise Blue) အဖြစ် လှပစွာ မြင်တွေ့ရခြင်း ဖြစ်ပါတယ်။
🌋𝐈𝐣𝐞𝐧 က Blue Fire 🔥 နဲ့ Turquoise Blue Acidic Lake ကို မြင်ဖူးချင်တဲ့ BPMer တွေအတွက် East Java ခရီးစဉ် စီစဉ်ပေးထားပါတယ်….. Page မှာ အသေးစိတ်မေးပြီး 🔔5% 𝙀𝙖𝙧𝙡𝙮 𝘽𝙞𝙧𝙙 𝘿𝙞𝙨𝙘𝙤𝙪𝙣𝙩 နဲ့ စာရင်းပေးလို့ရပါပြီ ခင်ဗျာ….😉

🙏 “သဘာဝချစ်သူများအားလုံး တန်ပြန်နွေးထွေးမှု ရနိုင်ပါစေကြောင်း နှင့် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်….”
နွေးထွေးစွာဖြင့်
𝗧𝗲𝗮𝗺 𝗕𝗣𝗠
“Explore Nature!”



🌲🏔️BPMနဲ့အတူ Adventure မယ့်သူတွေအတွက် Dopamine ခရီးတွေ ထွက်ရှိလို့လာပါပြီ။🌋🥾 (အစောဆုံးစာရင်းသွင်းပြီး discount လက်ဦးမှုရ...
23/08/2026

🌲🏔️BPMနဲ့အတူ Adventure မယ့်သူတွေအတွက် Dopamine ခရီးတွေ ထွက်ရှိလို့လာပါပြီ။🌋🥾
(အစောဆုံးစာရင်းသွင်းပြီး discount လက်ဦးမှုရယူလိုက်ပါ)
🏔️ဒီ စက်တင်ဘာကနေ ဒီဇင်ဘာထိ တောတိုးတောင်တက် Adventure ခရီးသွားအမျိုးတို့အနေနဲ့ စာရင်းသွင်းနိုင်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
🤙Early Bird promotion ရှိတာမို့ အစောဆုံသွင်းပြီး discount ရယူဖို့ မမေ့ပါနဲ့။ Let's explore nature with BPM မို့.. DM လိုက်ပါ ကျနော်တို့ ready ပါပဲခင်ဗျ။
နွေးထွေးစွာဖြင့်
Backpackers Myanmar
"Explore Nature - Build Stronger"
#သဘာဝကိုချစ်ပါ eprogramme

🌊အင်ဒိုနီးရှား အရှေ့ဂျာဗားရဲ့ အလှဆုံး 𝗧𝘂𝗺𝗽𝗮𝗸 𝗦𝗲𝘄𝘂 ရေတံခွန် ................................................................
19/08/2026

🌊အင်ဒိုနီးရှား အရှေ့ဂျာဗားရဲ့ အလှဆုံး 𝗧𝘂𝗺𝗽𝗮𝗸 𝗦𝗲𝘄𝘂 ရေတံခွန် ..........................................................................
BPM အမျိုးများ အားလုံးမင်္ဂလာပါခင်ဗျာ….

𝐁𝐚𝐜𝐤𝐩𝐚𝐜𝐤𝐞𝐫𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ Bucket List ထဲက တစ်ခုဖြစ်တဲ့ 💧𝗧𝘂𝗺𝗽𝗮𝗸 𝗦𝗲𝘄𝘂 ရေတံခွန်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းအရှေ့ပိုင်း (East Java)က Lumajang ဒေသမှာ တည်ရှိပြီးတော့ အင်ဒိုနီးရှားရဲ့ အလှပဆုံးရေတံခွန်တွေထဲက တစ်ခုဖြစ်ပါတယ်…။

💦"𝗧𝘂𝗺𝗽𝗮𝗸 𝗦𝗲𝘄𝘂" ဆိုတဲ့ နာမည်က ဂျာဗားဘာသာစကားနဲ့ဆိုရင် "ထောင်ပေါင်းများစွာသော ရေတံခွန်များ" လို့ အဓိပ္ပါယ်ရပါတယ်…။ 𝗧𝘂𝗺𝗽𝗮𝗸 𝗦𝗲𝘄𝘂 က သာမန်ရေတံခွန်တွေလို ရေကြောင်းတစ်ခုတည်း စီးဆင်းတာမဟုတ်ဘဲ စိမ်းလန်းနေတဲ့ သဘာဝကျောက်နံရံကြီးပေါ်ကနေ ရေတံခွန်အသေးလေးတွေ အများကြီး ပန်းကန်လုံးပုံစံချိုင့်ဝှမ်းကြီးထဲကို ခွဲဖြာပြီး ဝန်းရံစီးဆင်းနေတာ ဖြစ်ပါတယ်…။

🌋ရေတံခွန်ရဲ့ အမြင့်က မီတာ ၁၀၀ (၃၃၀ ပေ) ခန့် ရှိပြီး အင်ဒိုနီးရှားရဲ့ လူသိများကျော်ကြားတဲ့ 𝗦𝗲𝗺𝗲𝗿𝘂 မီးတောင် (Mount Semeru)ရဲ့ အောက်ခြေနားမှာ ရှိလို့ ရေတံခွန်နောက်ခံမှာ မီးတောင်ကြီးကို ရှုမောဖွယ် မြင်တွေ့ရမှာပါ…။

🚶"𝗧𝘂𝗺𝗽𝗮𝗸 𝗦𝗲𝘄𝘂" ကို ဘယ်လိုသွားရမလဲ

◾ပထမဆုံး အရှေ့ဂျာဗားပြည်နယ်ရဲ့ မြို့တော် ဆူရာဘာယာ (Surabaya) ကို အရင်သွားရပါမယ်…။ Surabaya Gubeng ဘူတာကနေ ရေတံခွန်သို့ သွားမယ့်စခန်းမြို့ Malang ဘူတာဆီကို ရထားနဲ့ (၂)နာရီဝန်းကျင် စီးရပါတယ်… လေယာဥ်နဲ့ သွားမယ်ဆိုလည်း ရပါတယ်…။ Malang မြို့ကို ရောက်ပြီဆိုရင် ရေတံခွန်တည်ရှိတဲ့ Pronojiwo / Lumajang ကို ဆိုင်ကယ် (သို့) ကား ငှားပြီး သွားလို့ရပါတယ်… (၂)နာရီခွဲလောက် သွားရပါတယ်… တခါတည်း Day Tour နဲ့ Private Guide ဌားပြီး သွားလိုက်ရင်လည်း အဆင်ပြေပါတယ်…။

◾ကားပါကင်မှ ၁၀ မိနစ် - ၁၅ မိနစ်လောက် လမ်းလျှောက်ရုံနဲ့ ရေတံခွန်ကြီးတစ်ခုလုံးကို အပေါ်စီးကနေ မြင်ရတဲ့ Panorama Viewpoint ကို အရင်ရောက်ပါမယ်…။ ရေတံခွန်အောက်ခြေကို ဆင်းဖို့ မိနစ် (၃၀) - (၄၅) မိနစ်လောက် လမ်းလျှောက်ရမည်။ အဆင်းလမ်းကြောင်းအခြေအနေကတော့ ဝါးလှေကားတွေ၊ ကျောက်ဆောင်တွေ၊ ရေစီးနေတဲ့ ကျောက်နံရံတွေနဲ့ သံကြိုးနဲ့ ကြိုးတွေ ကိုင်ပြီး ဆင်းရတဲ့ မတ်စောက်တဲ့ လမ်းကြောင်း ဖြစ်ပါတယ်…။ ရေတံခွန်အောက်ခြေကို ရောက်ပြီဆိုရင် ရေစီးကြောင်းအနည်းငယ်ကို ဖြတ်ကူးပြီး တကယ့် ရေတံခွန်ကြီး အရှေ့အထိ လမ်းလျှောက်သွားလို့ ရပါပြီ…။

◾မိုးရာသီအကုန်ပိုင်း (မေလမှ အောက်တိုဘာလအတွင်း)က သွားရောက်ရန် အကောင်းဆုံး ဖြစ်ပြီးတော့ သွားမယ့်သူတွေက ရေစိုခံ ခရီးသွားဖိနပ် (Water Shoes) (သို့) ရေနဲ့ မချော်သွားအောင် ဆုပ်ကိုင်အားမြတဲ့ ဖိနပ်တွေကို မဖြစ်မနေ စီးသွားသင့်ပါတယ်…။ ရေမွှားလေးတွေ လာစင်မှာမို့ ဖုန်းနှင့် ကင်မရာတွေ ရေမစိုအောင် ရေစိုခံအိတ် (Dry Bag) နဲ့ ထည့်သွားပြီး အဝတ်အစားပိုတစ်စုံ ယူသွားပါ…။
𝗧𝘂𝗺𝗽𝗮𝗸 𝗦𝗲𝘄𝘂 အနီးနားမှာ 𝗚𝗼𝗮 𝗧𝗲𝘁𝗲𝘀 (ဂူနှင့် ရေတံခွန်ငယ်များ) ရှိပြီး လမ်းကြောင်းတစ်ခုတည်းမှာမို့ သွားလည်လို့ ရပါတယ်..။

🌋𝗦𝗲𝗺𝗲𝗿𝘂 မီးတောင်နောက်ခံကြီးနဲ့ အဝိုင်းပုံစံ ဖြာထွက်စီးကျနေတဲ့ 𝗧𝘂𝗺𝗽𝗮𝗸 𝗦𝗲𝘄𝘂 ရေတံခွန်ကြီးကို ရောက်ရင် Adventure Movie တွေထဲကလို Imaginary ဖြစ်တဲ့နေရာမျိုးက အပြင်မှာ တကယ် ရှိပါလားလို့…. သိသွားပါလိမ့်မယ်…

👉𝐁𝐚𝐜𝐤𝐩𝐚𝐜𝐤𝐞𝐫𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့အတူ 𝗘𝗮𝘀𝘁 𝗝𝗮𝘃𝗮 ကို လိုက်ခဲ့ချင်တယ်ဆိုရင်တော့ Page ရဲ့ Chat Box ကနေ အသေးစိတ် လာမေးရင်း 🔔5% 𝙀𝙖𝙧𝙡𝙮 𝘽𝙞𝙧𝙙 𝘿𝙞𝙨𝙘𝙤𝙪𝙣𝙩 နဲ့ စာရင်းပေးလို့ရပါပြီ ခင်ဗျာ….😉

🙏 “သဘာဝချစ်သူများအားလုံး တန်ပြန်နွေးထွေးမှု ရနိုင်ပါစေကြောင်း နှင့် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်….”
နွေးထွေးစွာဖြင့်
𝗧𝗲𝗮𝗺 𝗕𝗣𝗠
“Explore Nature!”



18/08/2026

🏔️နီပေါမှာ လေထီးစီးခြင်း... 🪂
🪂တကယ်တော့ ခတ္တမန္ဒူမှာ လေထီးစီးတာကို လူတွေသိပ်မသိကြပါဘူး.. အများစုက ပိုခါရာမှာပဲ စီးကြတာပေါ့ နှင်းတောင် နောက်ခံတွေနဲ့ဆိုတော့ ပိုလှတယ်ပေါ့လေ။
🪂အကယ်၍ ကိုယ်က EBC လိုနေရာသွားတာဆိုရင် ပိုခါရာကို ရောက်ဖို့က လမ်းကြောမတူတော့ပါဘူး။ ဒါကြောင့် ခတ္တမန္ဒူမှာပဲ ကျွန်တော်တို့ စီးကြပါတယ်။
🪂 ဒါကတော့ ခတ္တမန္ဒူ Valley ကနေစီးပြီး Changragiri မှာ ပြန်ဆင်းတဲ့ Paragliding တွေရှိလို့ စီးဖြစ်ခဲ့တာလေးပါ။
နွေးထွေးစွာဖြင့်
Backpackers Myanmar

15/08/2026

🥾 ဧဝရက်တောင်ခြေသွားရာ..လမ်းတနေရာ
🏔️ဒီနေရာက ဖက်ဒင်းရွာကိုသွားနေရင်း ရှင်းပြနေတာဖြစ်ပါတယ်။ ဟိုးအရင် ၂၅နှစ်ဝန်းကျင်တုန်းက ဒီနေရာတွေဟာ ဘာအိမ်မှမရှိသေးတဲ့အကြောင်းနဲ့...
🏔️အဲ့တုန်းကဆိုရင် တောင်တက်သမားတွေအားလုံးဟာ ခတ္တမန္ဒူ ကနေ အစအဆုံး စီစဉ်ရပြီး တည်းဖို့၊ စားဖို၊ မီးကအစ အကုန်ပြင်ဆင်ပြီး လူအင်အားများများနဲ့ အကုန်သယ်သွားရတာဖြစ်ပါတယ်။
🏔️နောက်ပိုင်းနှစ်တွေကျမှ လူတွေအခြေချနေထိုင်ပြီး များလာတာဖြစ်ပါတယ်။ အများဆုံးကတော့ ရှာပါ တိုင်းရင်းသားတွေပဲ နေကြတာဖြစ်ပါတယ်။...
နွေးထွေးစွာဖြင့်
Backpackers Myanmar
"Explore Nature"


"𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮 𝗕𝗮𝘀𝗲 𝗖𝗮𝗺𝗽 𝗧𝗿𝗲𝗸" တက်ဖို့ မဖြစ်မနေ လိုအပ်တဲ့ ခွင့်ပြုချက်များ နဲ့ Gear များ“𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮 𝗕𝗮𝘀𝗲 𝗖𝗮𝗺𝗽” က သာမာန်တောင်တ...
15/08/2026

"𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮 𝗕𝗮𝘀𝗲 𝗖𝗮𝗺𝗽 𝗧𝗿𝗲𝗸" တက်ဖို့ မဖြစ်မနေ လိုအပ်တဲ့ ခွင့်ပြုချက်များ နဲ့ Gear များ

“𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮 𝗕𝗮𝘀𝗲 𝗖𝗮𝗺𝗽” က သာမာန်တောင်တက်ခရီး မဟုတ်ပဲ Trekking, Hiking (၂)မျိုးစလုံး ပါဝင်တဲ့ ရေခဲတောင် ခရီးစဥ် ဖြစ်တာကြောင့် မဖြစ်မနေ လိုအပ်တဲ့ Gears တွေ နဲ့ တောင်တက်ဖို့ ခွင့်ပြုချက်တွေကို BPMer တို့အတွက် မျှဝေပေးလိုက်ပါတယ်…

✅𝗣𝗲𝗿𝗺𝗶𝘁𝘀 𝗳𝗼𝗿 𝗔𝗕𝗖 𝗧𝗿𝗮𝗶𝗹 (ABC တက်ဖို့ လိုအပ်တဲ့ ခွင့်ပြုချက်များ)

▪️Annapurna Conservation Area Permit : Annapurna သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ဝင်ရောက်ဖို့ လျှောက်ထားရမယ့် ခွင့်ပြုချက် ဖြစ်ပါတယ်…။ Kathmandu (သို့) Pokhara မှာ ရှိတဲ့ Nepal Tourism Board (NTB) ရုံးတွေမှာ NPR 3,000 နဲ့ စာရွက်စာတမ်းတွေ ပေးပြီးလျှောက်ထားနိုင်ပါတယ်…။

▪️TIMS Card (Trekkers' Information Management System)

တောင်တက်ခရီးသွားများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သတင်းအချက်အလက်မှတ်တမ်း ဖြစ်ပါတယ်…။ NPR 2,000 ကျသင့်ပြီး စာရွက်စာတမ်းတွေနဲ့အတူ လျှောက်ထားလို့ရပါတယ်..။

⚠️မှတ်ချက်: Guide (လမ်းပြ) မပါဘဲ Solo Trekking သွားရောက်ခြင်းကို နီပေါအစိုးရက ကန့်သတ်ထားကြောင့် တရားဝင် Registered Guide နှင့်အတူ ချိတ်ဆက်လျှောက်ထားဖို့ လိုအပ်ပါတယ်…။

🔔 ဒါပင်မယ့် BPM တို့ နဲ့ အတူ သွားမယ်ဆိုရင်တော့ ဒါတွေကို ခေါင်းခြောက်စရာမလိုပါဘူးနော်။ အမျိုးတို့အတွက် BPM က အကုန် ကူညီလုပ်‌ဆောင်ပေးသွားမှာဖြစ်ပါတယ်။

🥾🎒𝗘𝘀𝘀𝗲𝗻𝘁𝗶𝗮𝗹 𝗚𝗲𝗮𝗿𝘀 𝗳𝗼𝗿 𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮 𝗕𝗮𝘀𝗲 𝗖𝗮𝗺𝗽

✅𝗖𝗹𝗼𝘁𝗵𝗶𝗻𝗴 & 𝗟𝗮𝘆𝗲𝗿𝗶𝗻𝗴
▪️Base Layers: ချွေးခြောက်မြန်သော Thermal အင်္ကျီ/ဘောင်းဘီ
▪️Mid Layer: လမ်းလျှောက်စဉ် ဝတ်ရန် ပေါ့ပါးသော Fleece အင်္ကျီ (၁) ထည်
▪️Outer Layer (Insulation): -10°C ထိ ခံနိုင်သော Down Jacket ၁ ထည် (Deurali, MBC နှင့် ABC တို့လို အမြင့်ပိုင်းညများအတွက် မရှိမဖြစ် လိုအပ်ပါတယ်)
▪️Waterproof/Windproof Shell: လေဒဏ် မိုးဒဏ်ခံနိုင်သော Shell Jacket (Gore-Tex) ၁ ထည် နှင့် ▪️မိုးကာဘောင်းဘီ (၁) ထည်
▪️Trekking Pants: ပေါ့ပါးပြီး လှုပ်ရှားရလွယ်ကူသော တောင်တက်ဘောင်းဘီ (၂-၃ ထည်)
✅𝗙𝗼𝗼𝘁𝘄𝗲𝗮𝗿 & 𝗔𝗰𝗰𝗲𝘀𝘀𝗼𝗿𝗶𝗲𝘀

▪️Trekking Boots: ခိုင်ခံ့ပြီး Waterproof ဖြစ်ကာ Ankle Support ပါသော တောင်တက်ဖိနပ်
▪️Sandals: Tea House များတွင် နားနားနေနေ စီးရန် ဖိနပ်ပါး/စီးနင်းရလွယ်သော ဖိနပ်
▪️Trekking Socks: သိုးမွေး သို့မဟုတ် ရာသီဥတုဒဏ်ခံ ထူထဲသော ခြေအိတ် (၃-၄ စုံ)
▪️နေ့ဘက်အတွက် UV Protection ပါဝင်တဲ့ နေကာမျက်မှန်၊ နေကာဦးထုပ် (၁) လုံး နှင့် ညဘက်အတွက် သိုးမွှေး/Fleece ဦးထုပ် (၁) လုံး
▪️လက်အိပ်အပါး (၁) စုံ၊ အအေးဒဏ်ခံ လက်အိပ်ထူ (၁) စုံ နှင့် လည်ပင်းစည်း (Buff)

✅𝗕𝗮𝗴𝘀 & 𝗚𝗲𝗮𝗿 (အိတ်နှင့် ကိရိယာများ)
▪️Daypack (30L - 40L): မိမိကိုယ်တိုင် လိုအပ်သည့် ရေ၊ ရေနွေး၊ အပိုအကျီ၊ ကင်မရာ စသည်တို့ သယ်ဆောင်ရန် ကျောပိုးအိတ်။
▪️Trekking Poles: ဒူးခေါင်း ဝန်သက်သာစေရန် တောင်တက်တုတ် (၁ စုံ)။
▪️Sleeping Bag: အနည်းဆုံး -10°C / -15°C ခံနိုင်သော အိပ်ယာအိတ်။
▪️Headlamp: ညဘက် သို့မဟုတ် နံနက်စောစော လမ်းလျှောက်ရန် လင်းအားကောင်းသော ခေါင်းစီးမီးအိမ်။
✅𝗠𝗲𝗱𝗶𝗰𝗮𝗹 & 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗖𝗮𝗿𝗲 (ဆေးဝါးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး)
▪️First-Aid Kit: အနာကပ်ပလာစတာ (Blister plaster)၊ အကိုက်အခဲပျောက်ဆေး၊ ဝမ်းပိတ်ဆေး နှင့် တောင်တက်ရေစီးကမ်းစီးရောဂါ (Altitude Sickness) ကာကွယ်ဆေး (Diamox)
▪️1-Liter ဆံ့ Nalgene ရေဘူး ၂ ဗူး (ညဘက်တွင် ရေနွေးပူပူထည့်၍ အိပ်အိတ်ထဲ ထည့်နွေးနိုင်ပါတယ်)
▪️Water Purification: ရေသန့်ဆေးပြား (Aquatabs)
▪️Power Bank: တောင်ပေါ်တွင် အားသွင်းခ ကောက်ခံတတ်သဖြင့် ပါဝါဘဏ်အကြီး ယူဆောင်သွားပါ။
▪️Sunscreen & Lip Balm: SPF 50+ နေကာခရင်မ်၊နှင့် နှုတ်ခမ်းနီ (Lip balm)

🧊🗻ရေခဲတောင်တက်ချင်တဲ့ Beginner တွေ…၊ ကျွန်တော်တို့နဲ့အတူတူ ခရီးသွားနေကျ BPMer တွေကို လာမယ့် အောက်တိုဘာ (၂၁) မှာ ဟိမဝန္တာတောင်တန်းကြီးဆီက “𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮 𝗕𝗮𝘀𝗲 𝗖𝗮𝗺𝗽” စွန့်စားခန်းမှာ အတူတူ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ…
🏞️ခရီးစဥ်အသေးစိတ်ကို Page ရဲ့ Chat Box ကနေ အသေးစိတ် လာမေးရင်း 🔔5% 𝙀𝙖𝙧𝙡𝙮 𝘽𝙞𝙧𝙙 𝘿𝙞𝙨𝙘𝙤𝙪𝙣𝙩 နဲ့ စာရင်းပေးလို့ရပါပြီးတယ် ခင်ဗျာ….😉
🙏 “သဘာဝချစ်သူများအားလုံး တန်ပြန်နွေးထွေးမှု ရနိုင်ပါစေကြောင်း နှင့် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်….”
နွေးထွေးစွာဖြင့်
𝗧𝗲𝗮𝗺 𝗕𝗣𝗠
“Explore Nature!”


13/08/2026

🇻🇳 Lung Cu Flag Tower
🌲 Vietnam ရဲ့ နောက်ဆုံး point နေရာဖြစ်ပါတယ်။ ဗီယက်နမ်တွေဟာလည်း တရုတ်ရဲ့နယ်ချဲ့မှုကို ကြောက်ရပုံရပါတယ်။ နယ်စပ်မှာ တမင်ကို အလံတိုင်အကြီးကြီး ထောင်ထားပြီး ဒီမှာဖက်ဟာ ငါတို့မြေဖြစ်ကြောင်း ပြထားပုံပေါ့။
🌲 ဒီတာဝါတိုင်ဟာ အတော်မြင့်မားပြီး လှေကာထစ်အားဖြင့် 200 ကျော်ရှိကာ အတော်တက်ရပါတယ်။ အလံအရွက်ဟာ တိုက်ခန်းတခန်းစာမကကြီးမားလှပါတယ်။
🌲ဒီနေရာမှာ ရွာနှစ်ရွာရှိပြီး တခုက LoLo ဖြစ်ကာ နောက်တစ်ရွာက မှုံဖြစ်ပါတယ်။ ဗီယက်နမ်မှာတော့ နဂါးမျက်လုံးနှစ်လုံးကို ကိုယ်စားပြုတယ်ဆိုပါတယ်။
🌲 ဒီနေရာမှာ LoLo တွေက Burmese တွေနဲ့ စာအတော်များများတူကြပါတယ်။ Burmese တွေက အဲ့ကနေစုံဆင်းလာကြတယ်လို့လည်း ဆိုတာမျိုးရှိပါတယ်။ တစ်၊ နှစ်တွေဟာ အသံထွက်တူတူတွေပါပဲ။
🌲 LoLo ရွာဟာ ဗီယက်နမ်မှာတော့ လူနည်းစု မှုံထက်ကိုနည်းပါတယ်။ Ha-Giang loop သွားရင် သူဟာ အစွန်ဆုံးဖြစ်ပြီး တရုတ်နယ်စပ်ဖြစ်ပါတယ်။
🛵 ကျွန်တော်တို့ BPM အနေနဲ့ နိုဝင်ဘာမှာ ဆိုင်ကယ်ပြန်သွားမောင်းကြမှာဖြစ်လို့ စိတ်ဝင်စားရင် ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။
နွေးထွေးစွာဖြင့်
Backpackers Myanmar
"Explore Nature"


🗻“𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮 𝗕𝗮𝘀𝗲 𝗖𝗮𝗺𝗽” သမိုင်းကြောင်း 🗻ဟိမဝန္တာ နှင်းတောင်တန်းကြီးရဲ့ အလယ်ဗဟိုချက်မှာရှိတဲ့ “𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮 𝗕𝗮𝘀𝗲 𝗖𝗮𝗺𝗽” က နီပေ...
12/08/2026

🗻“𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮 𝗕𝗮𝘀𝗲 𝗖𝗮𝗺𝗽” သမိုင်းကြောင်း

🗻ဟိမဝန္တာ နှင်းတောင်တန်းကြီးရဲ့ အလယ်ဗဟိုချက်မှာရှိတဲ့ “𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮 𝗕𝗮𝘀𝗲 𝗖𝗮𝗺𝗽” က နီပေါရဲ့ အကျော်ကြားဆုံး 🧊ရေခဲတောင်တက်စခန်းတွေထဲက တစ်ခုဖြစ်ပါတယ်…။ ❄️ရေခဲတောင် စတက်ချင်တဲ့ Beginner တွေအတွက် အဆင်အပြေဆုံး Trek ဖြစ်တဲ့အပြင် တောတောင်ရေမြေ သဘာဝအလှတွေနဲ့ နီပေါတိုင်းရင်းသား Gurung လူမျိုးတွေရဲ့ ရိုးရာဓလေ့ယဥ်ကျေးမှုတွေ၊ စွန့်စားခန်းပေါင်းစုံ စုထားတဲ့ ခေတ်သစ်တောင်တက်အတွေ့အကြုံကိုပါ ရသစုံအောင် ခံစားရတာကြောင့် အခုအချိန်ထိ နိုင်ငံတကာတောင်တက်သမားတွေ ဆွဲဆောင်နိုင်နေဆဲပါပဲ…။

🗻“𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮” ဆိုတဲ့ နာမည်က "အစာအာဟာရကို ပေးသနားတဲ့ နတ်ဘုရားမ" (Goddess of the Harvests) လို့ အဓိပ္ပာယ်ရပြီး လူသားတွေကို အစာရေစာနဲ့ ကံကောင်းခြင်းတွေ ပေးဆောင်တဲ့ နေရာတစ်ခုအဖြစ် ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကိုးကွယ်ကြပါတယ်။ တောင်တက်သမားတွေ မရောက်ရှိခင်က ပန်းကန်လုံးပုံစံ တောင်ကြားကြီး (Annapurna Sanctuary) ကို ဒေသခံ Gurung နှင့် Magar တိုင်းရင်းသားတွေက နတ်ဘုရားများ ကိန်းဝပ်စခန်းချရာ သန့်ရှင်းစင်ကြယ်သော နေရာအဖြစ် သတ်မှတ်ထားကြပြီး၊ အမဲလိုက်တာ၊ သားငါးသတ်ဖြတ်တာတွေကို တင်းကျပ်စွာ တားမြစ်ထားခဲ့ကြပါတယ်…။

🗻ဒေသခံတိုင်းရင်းသားတွေနဲ့ ကုန်သည်တွေက “𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮” ရေခဲတောင်ချိုင့်ဝှမ်းကို နှစ်ပေါင်းများစွာ တိတ်တဆိတ် ဖြတ်သန်းပြီး ဟိမဝန္တာတောင်တန်းတလျှောက် ကုန်သွယ်ခဲ့ကြပြီးတော့ ဟိန္နူ၊ ဗုဒ္ဓဘာသာဝင်တွေက တောင်ကြားအလယ်ဗဟိုက အထွဋ်အမြတ်နေရာထိ ရောက်အောင် သွားလာခဲ့ကြပါတယ်…။ ၁၉၅၀ ခုနှစ်မှာ အမြင့်ပေ မီတာ (၈၀၀၀) ကျော်ရှိတဲ့ “𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮” တောင်ထိပ်ကို ပထမဆုံး စပြီး ခြေချနိုင်ခဲ့တဲ့သူက ပြင်သစ်လူမျိုး Maurice Herzog ဖြစ်ပြီးတော့ ၁၉၇၇ ခုနှစ်မှာ နီပေါအစိုးရက နိုင်ငံတကာ တောင်တက်ခရီးသွားတွေအတွက် Annapurna ကို တရားဝင် ဖွင့်လှစ်ပေးခဲ့ပါတယ်…။​

🗻အရင်တုန်းကတော့ “𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮 𝗕𝗮𝘀𝗲 𝗖𝗮𝗺𝗽” အထိ တက်ဖို့ အခုလောက် မလွယ်ကူခဲ့ဘူး..။ တောင်တက်မယ့်သူတွေက လနဲ့ ချီပြီး ပြင်ဆင်ခဲ့ရသလို တောင်တက်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ နဲ့ တကိုယ်ရေသုံးပစ္စည်းတွေကို တောင်ပေါ်ထိ ကိုယ်တိုင် သယ်ခဲ့ကြရတာပါ။ အခုတော့ ပြောင်းလဲသွားပါပြီ…..

✅အဆင်ပြေပြေ တက်လို့ရတဲ့ တောင်တက်လမ်းတွေလည်း ရှိလာပြီး ညအိပ်တည်းခိုလို့ရတဲ့ တည်းခိုခန်းတွေ ရှိလာပြီ….

✅ကော်ဖီဆိုင်၊ စားသောက်ဆိုင်တွေနဲ့ တကိုယ်ရေသုံးပစ္စည်းတွေ ဝယ်လို့ရတဲ့ ဆိုင်တွေလည်း ရှိလာသလို တောက်တက်ပစ္စည်းတွေပါ ရောင်းပေး/ ဌားပေးနေတဲ့ ဆိုင်တွေ ရှိလာတယ်..

✅တချို့ဆိုင်တွေမှာဆိုရင် Internet / Wifi သုံးလို့ရလို့ အဆက်အသွယ် ပြတ်သွားမှာကိုလည်း စိတ်ပူစရာ မလိုတော့ဘူး

🗻“𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮 𝗕𝗮𝘀𝗲 𝗖𝗮𝗺𝗽” ကို တက်ဖို့အကောင်းဆုံးအချိန်ကတော့ 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 ကနေ 𝗡𝗼𝘃𝗲𝗺𝗯𝗲𝗿 အထိက တကယ့်ကို အကောင်းဆုံး Peak Season ပါပဲ…

🗻ရေခဲတောင် တက်တာက သာမန်ခရီးသွားတာမျိုး မဟုတ်တဲ့အတွက် ကျန်းမာရေး ကောင်းမွန်တဲ့သူတွေပဲ တက်သင့်တာပါ….တောင်မတက်ခင် (၂)လ ကြိုပြီး သက်လုံကောင်းစေမယ့် လေ့ကျင့်ခန်းတွေနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်စေဖို့ လေ့ကျင့်ထားရပါမယ်…။
🧊🗻ရေခဲတောင်တက်ချင်တဲ့ Beginner တွေ…၊ ကျွန်တော်တို့နဲ့အတူတူ ခရီးသွားနေကျ ဘော်ဒါတွေကို နီပေါနိုင်ငံ ဟိမဝန္တာတောင်တန်းကြီးဆီ “𝗔𝗻𝗻𝗮𝗽𝘂𝗿𝗻𝗮 𝗕𝗮𝘀𝗲 𝗖𝗮𝗺𝗽” ကို တူတူစွန့်စားခန်းဖွင့်ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ…
🏞️ခရီးစဥ်အသေးစိတ်ကို Page ရဲ့ Chat Box ကနေ အသေးစိတ် လာမေးရင်း 🔔5% 𝙀𝙖𝙧𝙡𝙮 𝘽𝙞𝙧𝙙 𝘿𝙞𝙨𝙘𝙤𝙪𝙣𝙩 နဲ့ စာရင်းပေးလို့ရပါပြီးတယ် ခင်ဗျာ….😉
🙏 “သဘာဝချစ်သူများအားလုံး တန်ပြန်နွေးထွေးမှု ရနိုင်ပါစေကြောင်း နှင့် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်….”
နွေးထွေးစွာဖြင့်
𝗧𝗲𝗮𝗺 𝗕𝗣𝗠
“Explore Nature!”


12/08/2026

🐎 ပစ္စည်းသယ်ဆောင်ရာမှာ အသုံးဝင်တဲ့ မြည်းတွေ....
🐎 အမြင့်တောင်တွေမှာ ပစ္စည်းသယ်တဲ့အခါ.. ဒီ မြည်းတွေဟာလည်း အရှေ့မှာတွေ့ခဲ့တဲ့ ဂျကယ်တွေလိုပဲ အရေးပါပါတယ်။ အမြင့်ကိုလည်းမကြောက်သလို ‌တောင်ကြားလမ်းလေးတွေမှာ သူတို့နဲ့တွေ့ရင် တောင်ဖက်ခြမ်းကိုကပ်နေတာအကောင်းဆုံးပါပဲ။ ဘာလို့ဆို တွန်းတိုက်မိလိုက်ရင် ပြုတ်ကျသွားနိုင်လို့ သူတို့လာရင် မြေသားရှိရာဖက်ကို ကပ်ပေးရပါတယ်။
🐎 ခုကတော့ ပစ္စည်းတွေများကြီးမပါပဲတွေ့ရပေမယ့် ရှေ့မှာ တွေ့ရပါဉီးမယ် ...
EBC သွားတောလား..
နွေးထွေးစွာဖြင့်
Backpackers Myanmar
"Explore Nature"

10/08/2026

🐮 ဂျကယ်လို့ခေါ်တဲ့ ဒီ ယတ်နဲ့နွားနဲ့စပ်တဲ့ အကောင်တွေဟာ နီပေါရဲ့ အမြင့်ပိုင်းနေရာတွေမှာ အများဆုံးရှိတဲ့ အကောင်တွေဖြစ်ပါတယ်။
🐮 အကြမ်းခံပြီး ယတ်လို့ခေါ်တဲ့ အမွှေးရှည်နွားမျိုးထက် အပူဒဏ်ကိုခံနိုင်ရည်ပိုရှိတာမို့ အရမ်းမြင့်ပြီး အေးတဲ့နေရာအစား ဒီလို့ နည်းနည်း အနိမ့်ပိုင်းမှာ အသုံးပြုကြပါတယ်။
🐮 ဒါက လုခလာနဲ့ ဖက်ဒင်းသွားတဲ့ဝန်းကျင် မီတာ 3000 ကျော်ဝန်းကျင်တွေမှာမို့ဖြစ်ပြီး မီတာ 4000 ကျော်သွားရင်တော့ ယက်လို့ခေါ်တဲ့ အမွှေးရှည်နွားတွေကို တွေ့ရမှာဖြစ်ပါတယ်။
🐎🐮 တောင်ပေါ်မှာတော့ ပစ္စည်းတွေသယ်တဲ့အခါ ဒီနွားနဲ့ မြည်းတွေကို အသုံးများပြီး မြင်းတွေကိုတော့ လူပဲတင်တာများပါတယ်။
EBC , ABC ပါဝင်ကြမယ့် အမျိုးတို့အနေနဲ့ ဒါတွေကို လမ်းမှာ တွေ့နေရမှာဖြစ်ပါတယ်။ နောက်ရက်တွေ ဒီလို raw video တွေ တင်ပေးမှာဖြစ်ပါတယ်။
နွေးထွေးစွာဖြင့်
Backpackers Myanmar
"Explore Nature with BPM 🌲"

Address

Yangon

Alerts

Be the first to know and let us send you an email when Backpackers Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Backpackers Myanmar:

Shortcuts

Share