ZHUi Logistic Service

Call Website Contact the business

ZHUi Logistic Service China 🇨🇳to Myanmar 🇲🇲

17/10/2026

🚛 ရွှေလီ-မူဆယ်မှ လားရှိုးဆီ ကုန်စည်များ ရောက်ရှိနေပြီဖြစ်ပြီး ရန်ကုန်သို့ ဆက်လက်စီးဆင်းတော့မည်

​တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း တွေ ပြန်လည်သက်ဝင် လည်ပတ်လာတာနဲ့ အမျှ ရွှေလီ-မူဆယ် ဘက်က‌နေ ဝင်ရောက်လာတဲ့ ကုန်စည်တွေ လားရှိုးမြို့ဆီ အစီအရီ ရောက်ရှိနေပြီဖြစ်ပြီး ရန်ကုန်နဲ့ အခြား မြို့ကြီး‌တွေဆီ ဆက်လက် ပို့ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။

​လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ ကုန်ပစ္စည်းတွေကို အချိန်ကြန့်ကြာမှုမရှိဘဲ လမ်းကြောင်းမှန်၊ စရိတ်သက်သာစွာနဲ့ ချောမွေ့စွာ ပို့ဆောင်နိုင်ဖို့ ZHUI Logistics မှ အသင့်ရှိနေပါပြီ။

​✈️ Air Cargo Service (လေကြောင်း အအမြန်ချောပို့ ​🚢 Sea Freight Service (ရေကြောင်း ကကုန်စည်ပို့ဆောင်ရေး ၊ ​📦 ကုန်အလေးချိန် အနည်း/အများ မရွေး Express (အမြန်ချောပို့ စနစ်)တွေနဲ့ ​🌟 ZHUI Logistics မှ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။

​​☎️ ဆက်သွယ်ရန် - လိုင်စင်လျှောက်ပြီး ကုန်ပစ္စည်းသယ်ချင်တဲ့ Customersများ အသေးစိတ်စုံစမ်းလိုပါက ရန်ကုန် ရုံးဖုန်း 09 780 880716, Viber 09266993324 🏙️မန္တလေး ရုံးဖုန်း & Viber 09955030777 ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ။

China 🇨🇳 -18988281985 ( WeChat )
Yangon🇲🇲 - zhuiygn ( WeChat ) ကနေလဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ။

​

16/10/2026

🚛 ချင်းရွှေဟော် နယ်စပ်ဂိတ်အသစ်တွင် ကုန်သွယ်ရေး စတင်လည်ပတ်နေမှုနှင့် နယ်စပ်ဒေသ အခြေအနေများ

​📌 ​တရုတ်-မြန်မာ နယ်စပ်ရှိ ချင်းရွှေဟော် နယ်စပ်ဂိတ်အသစ်တွင် ကုန်သွယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြေပြင်သတင်းများအရ သိရှိရပါသည်။

​📌 ​တရုတ်ဘက်က သတ်မှတ်ထားသော နယ်စပ်စည်းကို ကျော်လွန်ဆောက်လုပ်ခဲ့သည့် ချင်းရွှေဟော်ဂိတ်အသစ်ကို စတင်အသုံးပြုနေပြီး ယခင်ဂိတ်ဟောင်းအစား ၎င်းဂိတ်အသစ်တွင်သာ ကုန်ကားကြီးများ နေ့စဉ် ရာနှင့်ချီ ဝင်ထွက်သွားလာလျက် ရှိသည်။

​ချင်းရွှေဟော် - လောက်ကိုင် လမ်းမကြီး ပြန်လည်ပြုပြင်ခြင်းနှင့် လမ်းဧရိယာအတွင်း ပါဝင်သွားသည့် အိမ်များအတွက် မြေအစားထိုးပေးခြင်းနှင့် လျော်ကြေးပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ် ။

​📌 ​ရှမ်းမြောက်ဒေသရှိ နယ်စပ်ဂိတ်များတွင် ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နေသော်လည်း တစ်ဖက်တွင် စစ်တပ်ဘက်က တရုတ်ကုန်ပစ္စည်းများကို တားမြစ်ခြင်း၊ ဖမ်းဆီးအရေးယူခြင်းများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

​သို့သော်လည်း လားရှိုးမြို့ပြင် မန်ဟန်ဘက်စသည့် နေရာများတွင် စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းနှင့် ဆောက်လုပ်ရေးပစ္စည်း အစုံအလင် တရုတ်ပစ္စည်းများကို ဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ရှမ်းမြောက်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသော UWSA, SSPP, NDAA, TNLA နှင့် MNDAA တို့သည် နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

​📌 ​နယ်စပ်ဒေသ လမ်းကြောင်းများနှင့် ဂိတ်အပြောင်းအလဲများ ဖြစ်ပေါ်နေချိန်တွင် ကုန်စည်စီးဆင်းမှု အခြေအနေများကို စနစ်တကျ လေ့လာဆန်းစစ်ရန် လိုအပ်ပါသည်။ ZHUI Logistics အနေဖြင့် နယ်စပ်လမ်းကြောင်း အပြောင်းအလဲများကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး ကုန်သည်ကြီးများအတွက် အကောင်းဆုံး ဝန်ဆောင်မှုများကို ဆက်လက် ဆောင်ရွက်ပေးလျက် ရှိပါတယ်။
☎️ ဆက်သွယ်ရန် - လိုင်စင်လျှောက်ပြီး ကုန်ပစ္စည်းသယ်ချင်တဲ့ Customersများ အသေးစိတ်စုံစမ်းလိုပါက ရန်ကုန် ရုံးဖုန်း 09 780 880716, Viber 09266993324 🏙️မန္တလေး ရုံးဖုန်း & Viber 09955030777 ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ။

China 🇨🇳 -18988281985 ( WeChat )
Yangon🇲🇲 - zhuiygn ( WeChat ) ကနေလဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ။

💱 နယ်စပ်ဒေသ ငွေကြေးအတက်အကျနှင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ အသိပေးချက်🛑 ​တရုတ်-မြန်မာ နယ်စပ်ဒေသဖြစ်တဲ့ မူဆယ်မြို့မှာ  တရုတ်...
15/10/2026

💱 နယ်စပ်ဒေသ ငွေကြေးအတက်အကျနှင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ အသိပေးချက်

🛑 ​တရုတ်-မြန်မာ နယ်စပ်ဒေသဖြစ်တဲ့ မူဆယ်မြို့မှာ တရုတ်ယွမ် ၁၀၀ ကို မြန်မာငွေ ကျပ် ၇ သောင်းနီးပါးအထိ ထိုးတက်လာခြင်းနှင့်အတူ ဒေသတွင်း ကုန်ဈေးနှုန်းများပါ ချက်ချင်း လိုက်ပါမြင့်တက်လာနေကြောင်း သိရပါတယ်။

​📌 ​ရွှေဖီမြေသတင်းဌာနရဲ့ ဖော်ပြချက်အရ အောက်တိုဘာလ ၁၃ ရက်နေ့က ယွမ် ၁၀၀ ကို ၆၇,၅၀၀ ကျပ် ရှိခဲ့ရာမှ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ၆၈,၀၀၀ မှ ၆၉,၀၀၀ ကျပ်အထိ နာရီပိုင်းအတွင်း အတက်အကျ မြန်ဆန်စွာဖြင့် ရောင်းဝယ်လျက်ရှိတယ်လို့ ဆိုပါတယ်။ အလားတူ နမ့်ခမ်းမြို့နယ်မှာလည်း ယွမ် ၁၀၀ကို ကျပ် ၆၈,၀၀၀ မှ ၆၈,၅၀၀ ဝန်းကျင်အထိ ရှိလာကြောင်း ဒေသခံတွေက ပြောကြားထားပါတယ်။

​📌 ​နယ်စပ်ဒေသတွေ တရုတ်ငွေဈေးနှုန်း အတက်အကျ မြန်ဆန်နေခြင်းနဲ့အတူ ကုန်ဈေးနှုန်းတွေပါ ချက်ချင်းဆိုသလို လိုက်ပါ မြင့်တက်လာခြင်းကြောင့် နယ်စပ်ဒေသရှိ ဒေသခံတွေနဲ့ ကုန်စည် ဝယ်ယူတင်သွင်းနေသူတွေအတွက် ပိုမို အခက်အခဲ‌တွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ငွေကြေး မတည်ငြိမ်မှုနဲ့ ငွေဈေးမြင့်တက်မှု တွေက ကုန်ကျစရိတ်တွေကို တိုက်ရိုက် သက်ရောက်မှု ရှိစေပါတယ်။

​📌 ​နယ်စပ်ကုန်သွယ်ရေးနဲ့ ငွေကြေးဈေးကွက် အပြောင်းအလဲကာလတွေမှာ ကုန်စည်ပို့ဆောင်မှုနဲ့ ငွေပေးချေမှုတွေကို အချိန်နဲ့ တစ်ပြေးညီ တွက်ချက် ဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။

​ZHUI Logistics အနေဖြင့် နယ်စပ်ဒေသ အခြေအနေ တွေနဲ့ ကုန်စည်စီးဆင်းမှု လမ်းကြောင်းတွေကို အနီးကပ် စောင့်ကြည့်ကာ ကုန်သည်ကြီးများအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါတယ်။

​

15/10/2026

🚛📦 " တရုတ်ပြည်က ပစ္စည်းတွေကို ကုန်းလမ်းကနေ အမြန်ဆုံးနဲ့ စိတ်ချလက်ချ ပို့ဆောင်ချင်နေပြီလား? 🚛📦

​ZHUI Logistics မှာ ကုန်ချိန် အနည်း/အများ မရွေး၊ ကုန်ကြမ်း၊ စက်ပစ္စည်းနဲ့ လူသုံးကုန် အမျိုးအစားစုံကို ရွှေလီ ဂိုဒေါင်ရောက်တာနဲ့ မူဆယ် ~ လားရှိုး ~ မန္တလေး ~ ရန်ကုန် လမ်းကြောင်းအတိုင်း ဝန်ဆောင်မှုပေးနေပါပြီ။

🙏 ZHUI LOGISTIC ရဲ့ ဝန်ဆောင်မှုကို ရယူ‌ နေတဲ့ ကုန်သည်ကြီးတွေ လမ်းကြောင်း အခြေအ‌နေ‌အ‌ပေါ် စိုးရိမ်မှုရှိကြတာကို အပြည့်အဝ နားလည်ပါတယ်။ ကျွန်မတို့ ZHUI Logistics အနေနဲ့ လမ်းကြောင်း လုံခြုံရေး၊ သတင်းအချက်အလက် လုံခြုံရေးနဲ့ ကုန်စည်များ ဘေးကင်းရေးကို အဓိကထားပြီး သေချာ စိစစ်မောင်းနှင် ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။ သီးသန့် မြို့နယ်အလိုက် ဝန်ဆောင်မှုနဲ့ ကုန်စည် ပို့ဆောင်ခ အသေးစိတ်ကိုတော့ စာမျက်နှာ Direct Message (Inbox) ကနေပဲ သီးခြား ရှင်းပြပေးနေပါတယ်ရှင် ။ ကျေးဇူးအထူးတင်ပါတယ်ရှင့် ❤️"

​​☎️ ဆက်သွယ်ရန် - လိုင်စင်လျှောက်ပြီး ကုန်ပစ္စည်းသယ်ချင်တဲ့ Customersများ အသေးစိတ်စုံစမ်းလိုပါက ရန်ကုန် ရုံးဖုန်း 09 780 880716, Viber 09266993324 🏙️မန္တလေး ရုံးဖုန်း & Viber 09955030777 ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ။

China 🇨🇳 -18988281985 ( WeChat )
Yangon🇲🇲 - zhuiygn ( WeChat ) ကနေလဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ။

​

14/10/2026

🚨 ရှမ်းမြောက်ဒေသ တရုတ်-မြန်မာ နယ်စပ် ကျားဖြန့်နှင့် ရာဇဝတ်မှု ကျူးလွန် ဝေ (Wei) မိသားစုကို တရုတ်နိုင်ငံ တရားရုံးများမှ သေဒဏ်ချ

​📌 ​မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် ကိုးကန့်ဒေသမှ ဝေ (Wei) မိသားစု ဦးဆောင်သော ဂိုဏ်းဝင်များအား တရုတ်နိုင်ငံ တရားရုံးများမှ သေဒဏ်နှင့် ထောင်ဒဏ်အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

​📌 ​၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့တွင် ဖူကျင်းပြည်နယ်၊ ချွမ်းကျိုး တရားရုံးနှင့် နန်အန် ပြည်သူ့တရားရုံးတို့၏ အမိန့်ချမှတ်ချက်အရ ခေါင်းဆောင်ဖြစ်သူ ဝေစန်း အပါအဝင် ထိပ်သီးအဖွဲ့ဝင် (၃) ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး၊ ကျန်ရှိသော တရားခံများအား ထောင်ဒဏ်တစ်သက်မှ ထောင်ဒဏ်နှစ်အလိုက် ထိရောက်စွာ အရေးယူ ဆောင်ရွက်ခဲ့သည်။

​📌 ​တရုတ်နိုင်ငံသည် ၎င်းတို့၏ နိုင်ငံသားများနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိခိုက်စေသည့် ရှမ်းမြောက်ဒေသမှ ရာဇဝတ်ဂိုဏ်းများကို အပြတ်အသတ် နှိမ်နင်းလျက်ရှိသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း မြီကော်ဖျင် အပါအဝင် မိသားစုဝင်နှင့် အပေါင်းအပါ ၁၁ ဦးအား သေဒဏ်စီရင် ကွပ်မျက်ခဲ့သလို ၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပယ် မိသားစုမှ ပယ်ရင်ချန် အပါအဝင် အဓိက ဂိုဏ်းဝင် ၄ ဦးအား သေဒဏ်စီရင်ခဲ့သည်။

​ရွှီမိသားစုဂိုဏ်းမှ ခေါင်းဆောင်ဖြစ်သူ ရွှီလောက်ဖာအား သေဒဏ်ပေး ကွပ်မျက်ခဲ့ပြီး ဖြစ်သကဲ့သို့ ကျန်ရှိနေသည့် လျူမိသားစုနှင့် ပတ်သက်၍လည်း တရားဥပဒေအတိုင်း အရေးယူနိုင်ရန် စွဲချက်တင် စစ်ဆေးလျက်ရှိသည်။

​📌​နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးနှင့် ရာဇဝတ်မှုများ ကင်းစင် ပပျောက်ရေးအတွက် အပြတ်အသတ် ဆောင်ရွက်နေခြင်းသည် ရှမ်းမြောက်ဒေသအတွင်း နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ရေရှည် တည်ငြိမ် အေးချမ်းစွာ လည်ပတ်နိုင်ရေးအတွက် အရေးပါသော ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါသည်။

​ZHUI Logistics အနေဖြင့် နယ်စပ်ဒေသ လမ်းကြောင်း အခြေအနေများနှင့် ဥပဒေဆိုင်ရာ အပြောင်းအလဲများကို စနစ်တကျ စောင့်ကြည့် စိစစ်ပေးလျက်ရှိပြီး ကုန်သည်ကြီးများ၏ ကုန်စည်များကို တရားဝင် တည်ငြိမ်သော လမ်းကြောင်းများမှတစ်ဆင့် ဘေးကင်း စိတ်ချစွာ ပို့ဆောင်ပေးလျက် ရှိပါတယ်ရှင့် ။

​

13/10/2026
13/10/2026

📢 တရုတ်-မြန်မာ နဲ့ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး ပြီးခဲ့တစ်ပတ်အတွင်း သွက်သွက်လက်လက် ပြန်လည်လှုပ်ရှားလာ

​📌 ​မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေဖြစ်တဲ့ တရုတ်-မြန်မာ နယ်စပ်မှာ ကုန်စည် စီးဆင်းမှုတွေ ပြန်လည် သက်ဝင် လည်ပတ်လာနေသလို ထိုင်း-မြန်မာ နယ်စပ်မှာလည်း အကောက်ခွန် စည်းကမ်း စစ်ဆေးမှု‌တွေကို တင်းကျပ်စွာ ဆောင်ရွက်လျက် ရှိနေပါတယ်။

​📌 ​တရုတ်-မြန်မာ လမ်းကြောင်း
ရွှေလီ မှ မူဆယ်၊ လားရှိုး မှတစ်ဆင့် မန္တလေးနဲ့ ရန်ကုန်ကို ကုန်စည်‌တွေပုံမှန် ပြန်လည် ဝင်ရောက်ကာ သယ်ယူ ပို့ဆောင်ပေးလျက် ရှိနေပါတယ်။

​📌​ထိုင်း-မြန်မာ လမ်းကြောင်း

ထိုင်းနိုင်ငံ အကောက်ခွန် ဦးစီးဌာနမှ ဖြတ်သန်း ကုန်စည်များ (Transit Cargo) နဲ့ ပတ်သက်လို့ ဥပဒေအတိုင်း အထူး စိစစ်မှု‌တွေပြုလုပ်နေပါတယ်။

​နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ ကြန့်ကြာမှု မရှိဘဲ အဆင်ပြေ ချောမွေ့စေရန်အတွက် ကုန်သည်ကြီးများအနေဖြင့် လမ်းကြောင်း အခြေအနေတွေနဲ့ အကောက်ခွန် လုပ်ထုံးလုပ်နည်းတွေကို စနစ်တကျ လိုက်နာ ဆောင်ရွက်ကြဖို့နဲ့ ​စိတ်ချရတဲ့ Cross-Border Logistics ဝန်ဆောင်မှု တွေအတွက် ZHUI Logistics ကို အမြဲ မေးမြန်း တိုင်ပင်နိုင်ပါတယ်ရှင့် ။

​​☎️ ဆက်သွယ်ရန် - လိုင်စင်လျှောက်ပြီး ကုန်ပစ္စည်းသယ်ချင်တဲ့ Customersများ အသေးစိတ်စုံစမ်းလိုပါက ရန်ကုန် ရုံးဖုန်း 09 780 880716, Viber 09266993324 🏙️မန္တလေး ရုံးဖုန်း & Viber 09955030777 ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ။

China 🇨🇳 -18988281985 ( WeChat )
Yangon🇲🇲 - zhuiexpress ( WeChat )
- zhuiygn ( WeChat ) ကနေလဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ။

​

🛑 ​သာကေတမှာ ကြွက်သေးစပ်ရောဂါ သံသယနဲ့ လူနှစ်ဦး သေဆုံး၊ အစားအသောက်မှတဆင့် အသက်အန္တရာယ်ဖြစ်နိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝ...
12/10/2026

🛑 ​သာကေတမှာ ကြွက်သေးစပ်ရောဂါ သံသယနဲ့ လူနှစ်ဦး သေဆုံး၊ အစားအသောက်မှတဆင့် အသက်အန္တရာယ်ဖြစ်နိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တချို့ သတိပေး 🛑

❌❌❌❌❌❌❌❌❌❌❌❌❌❌❌❌❌

​ရန်ကုန်မြို့ သာကေတမြို့နယ်တွင် သက်လတ်ပိုင်း အမျိုးသားနှစ်ဦးသည် ကြွက်သေး ပါဝင်နေသည့် မသန့်ရှင်းသော အစားအသောက်များကို စားမိပြီးနောက် ပြင်းထန်စွာ ဖျားနာကာ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် ကြွက်များမှတဆင့် ကူးစက်တတ်ပြီး အသက်အန္တရာယ်အထိ စိုးရိမ်ရသည့် "လက်ပ်တိုစပိုင်းရိုးစစ်" (Leptospirosis - ကြွက်သေးစပ်ရောဂါ/ရေဝါရောဂါ) ကြောင့် ဖြစ်နိုင်ခြေရှိသဖြင့် အများပြည်သူအနေဖြင့် အစားအသောက် သန့်ရှင်းရေးကို အထူးဂရုစိုက်ကြရန် လိုအပ်နေသည်။

​ကြွက်သေးသည် သာမန် မသန့်ရှင်းရုံတင် မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းသို့ ရောဂါပိုး တိုက်ရိုက် စိမ့်ဝင်စေသည့် ဗက်တီးရီးယားများ ပါဝင်နေသည်။ အစားအသောက်များတွင် ကြွက်ဆီး သို့မဟုတ် အညစ်အကြေး စိမ့်ဝင်နေပါက သို့မဟုတ် မဖုံးအုပ်ထားသည့် အစားအစာများကို စားမိပါက ပါးစပ်၊ လည်ချောင်း သို့မဟုတ် အစာလမ်းကြောင်းရှိ အမြှေးပါးများနှင့် သေးငယ်သော ပွန်းပဲ့ဒဏ်ရာများမှတဆင့် သွေးအတွင်းသို့ စက္ကန့်ပိုင်းအတွင်း ပိုးဝင်ရောက်သွားနိုင်သည်။

​ဒီရောဂါပိုး ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီးပါက (၂) ရက်မှ (၂) ပတ်အတွင်း ​အဓိက ပြသသည့် ရောဂါလက္ခဏာများမှာ - ရုတ်တရက် အပြင်းအထန် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အထူးသဖြင့် ခြေသလုံး၊ ခါးနှင့် ပေါင်တို့ရှိ ကြွက်သားများ အလွန်အမင်း ကိုက်ခဲခြင်း တို့ ဖြစ်သည်။

အချိန်မီ ဆေးကုသမှု မခံယူပါက ရောဂါပိုးသည် ကျောက်ကပ် ပျက်စီးခြင်း၊ အသည်း ထိခိုက်ကာ အသားနှင့် မျက်လုံးများ ဝါလာခြင်း၊ အဆုတ်အတွင်း သွေးယိုစိမ့်ခြင်းတို့ကို ဖြစ်စေပြီး အသက်သေဆုံးသည်အထိဖြစ်ပွားစေနိုင်‌ ကြောင်းလည်း ကျန်းမာရေးအသိုင်းအဝိုင်းမှ တတ်ကျွမ်းနားလည်သူတွေက အသိပေးထားပါသည်။

ယခုကဲ့သို့ ကြွက်သေးကြောင့် အသက်ဆုံးရှုံးရမှုများမှ ရှောင်ရှားနိုင်ရန်အတွက် အိမ်တွင်းအိမ်ပြင်ရှိ အစားအသောက်များကို ကြွက်မဝင်နိုင်သော ဘူး၊ သေတ္တာများဖြင့် သေချာစွာ ပိတ်ဖုံး သိမ်းဆည်းရပါမည်။ ကြွက်သွားလာထားသည်ဟု သံသယရှိသည့် အစားအစာများကို လုံးဝ မစားသုံးသင့်ပါ။ မိမိ သို့မဟုတ် မိသားစုဝင်များတွင် အကြောင်းမဲ့ အပြင်းအထန် ဖျားပြီး ခြေသလုံး သို့မဟုတ် ခါးကြွက်သားများ အလွန်အမင်း ကိုက်ခဲလာပါက သာမန်တုပ်ကွေးဟု သဘောမထားဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်း သွားရောက်ပြသ၍ စနစ်တကျ ကုသမှု ခံယူကြရန် ZHUI LOGISTIC SERVICE မှ အသိနှိုးဆော်ပါရစေ ။

#ကြွက် #ရောဂါ #လက်ပ်တိုစပိုင်းရိုးစစ်

10/10/2026

⚠️ မြန်မာနိုင်ငံကို တင်ပို့မယ့် ဘတ် (၃) သန်းကျော်တန် ပဲပိစပ်ဖတ်တွေ ထိုင်းအကောက်ခွန်ရဲ့ သိမ်းဆည်းခြင်းခံရ

​📌 ​​မြန်မာနိုင်ငံကို တင်ပို့ဖို့အကောက်ခွန် ဖြတ်သန်းသယ်ဆောင်လာတဲ့ ဘတ် (၃) သန်းကျော် တန်ဖိုးရှိ ပဲပိစပ်ဖတ် (Soybean Meal) ကွန်တိန်နာ (၇) လုံးကို သတ်မှတ်ရက်ထက် ကျော်လွန်ခဲ့တာကြောင့် ထိုင်းအကောက်ခွန်ဦးစီးဌာနက ဖမ်းဆီးရမိပြီး နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။

​📌 ​အဆိုပါ ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုင်းအကောက်ခွန်ဦးစီးဌာန၊ အကောက်ခွန်ဒေသဆိုင်ရာရုံး အမှတ် (၁) ကအကောက်ခွန်ဂိတ်နဲ့ ပူးပေါင်းကာ စစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။ စစ်ဆေးတွေ့ရှိရတဲ့ ကုန်ပစ္စည်းတွေက နိုင်ငံခြားထုတ် ပဲပိစပ်ဖတ် အလေးချိန် စုစုပေါင်း ၁၉၃,၆၁၀ ကီလိုဂရမ် (ကွန်တိန်နာ ၇ လုံး) ဖြစ်ပြီး စုစုပေါင်း တန်ဖိုးမှာ ထိုင်းဘတ်ငွေ (၃) သန်းကျော် ရှိတယ်လို့ သိရပါတယ်။

​📌 ​ဖမ်းဆီးရတဲ့ အဓိက အကြောင်းအရင်းမှာ အဆိုပါ ကုန်ပစ္စည်း‌တွေဟာ ထိုင်းနိုင်ငံတွင်းကို စတင်ဝင်ရောက်လာတဲ့နေ့မှစပြီး ရက်ပေါင်း (၃၀) အတွင်း နယ်နိမိတ်ပြင်ပကို ပြန်လည်သယ်ဆောင် ထုတ်ယူသွားခြင်း မရှိတာကြောင့်လို့ သိရပါတယ်။

​၂၀၁၇ ခုနှစ် ထိုင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၀၂ နှင့် ပုဒ်မ ၁၀၃ ၊ ​၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့စွဲပါ အီလက်ထရောနစ်စနစ်ဖြင့် ဖြတ်သန်းသယ်ဆောင်ခြင်းဆိုင်ရာ ထိုင်းအကောက်ခွန်ဦးစီးဌာနရဲ့ အမိန့်ကြော်ငြာစာအမှတ် ၁၈၅/၂၀၂၁ ​စသည့် လုပ်ထုံးလုပ်နည်းနှင့် ဥပဒေများကို ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းဖြစ်သည် လို့လည်း ဖော်ပြထားပါတယ်။

​ထိုင်းအကောက်ခွန်ဦးစီးဌာနအနေနဲ့ နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုအသိုက်အဝန်း စည်းကမ်းတကျရှိစေရေးအတွက် အကောက်ခွန် စစ်ဆေးမှုတွေကို စနစ်တကျ ဆောင်ရွက်လျက်ရှိ ကြောင်း ၊ သို့ဖြစ်ပါ၍ နယ်စပ်ဖြတ်သန်း ကုန်သွယ်ရေး ဆောင်ရွက်နေကြသော မြန်မာကုန်သည်များနှင့် ပို့ဆောင်ရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည် ဖြတ်သန်းခွင့် သတ်မှတ်ရက်နှင့် အကောက်ခွန် ဥပဒေများကို အထူးဂရုပြု စိစစ် ဆောင်ရွက်ကြပါရန် လည်း အသိပေး နှိုးဆော်ထားပါတယ်။

# # # # တရုတ်ပြည်ကနေ ရန်ကုန်ကို တိုက်ပစ္စည်း မှာယူလိုပါက..... # # # #
☎️ ဆက်သွယ်ရန် - လိုင်စင်လျှောက်ပြီး ကုန်ပစ္စည်းသယ်ချင်တဲ့ Customersများ အသေးစိတ်စုံစမ်းလိုပါက ရန်ကုန် ရုံးဖုန်း 09 780 880716, Viber 09266993324 🏙️မန္တလေး ရုံးဖုန်း & Viber 09955030777 ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ။

China 🇨🇳 -18988281985 ( WeChat )
Yangon🇲🇲 - zhuiexpress ( WeChat )
- zhuiygn ( WeChat ) ကနေလဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် ။

09/10/2026

နယ်စပ် စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှု ပိုမိုတင်းကျပ်လာတာကြောင့် ပြည်တွင်း မော်တော်ယာဉ်နဲ့ ဆိုင်ကယ် အပိုပစ္စည်း ဈေးကွက်အတွင်း စက်ပစ္စည်းတွေ ပြတ်လပ်နေပါတယ်။

ဒါ့အပြင် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုနဲ့အတူ အပိုပစ္စည်း ဈေးနှုန်းတွေဟာလည်း နှစ်ဆနီးပါးအထိ အဆမတန် မြင့်တက်လာတယ်လို သိရပါတယ်။

အစိုးရက ကားတာယာ အပါအဝင် ကုန်ပစ္စည်း အမျိုးအစား ၃၅ မျိုးကို ပြည်ပက တင်သွင်းခွင့် ကန့်သတ်လိုက်ပြီးနောက် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေမှာ စစ်ဆေးမှု ပိုမို တင်းကျပ်လာတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကလည်း ချင်းရွှေဟော်ဘက်ကလာတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးပေါ်က အကောက်ခွန်မဲ့ တရုတ်နိုင်ငံထုတ် တာယာတွေကို ဟိုပုံးမြိုနယ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ပါတယ်။

လက်ရှိမှာ နိုင်ငံခြားဖြစ် အပိုပစ္စည်းတွေဟာ ဈေးနှုန်း အဆမတန် တက်လာရုံတင် မကဘဲ အချိုပစ္စည်းတွေဆိုရင် လုံးဝ ရှာဖွေရ ခက်ခဲနေပါတယ်။

ဒီလို စစ်ဆေးဂိတ်တွေ တင်းကျပ်မှုနဲ့ တင်သွင်းမှု ကန့်သတ်ချက်တွေကြောင့် ကုန်စည် စီးဆင်းမှု ကြန့်ကြာပြီး ပြည်သူတွေအနေနဲ့ ကုန်စည် ရှားပါးမှုနဲ့ ကုန်ဈေးနှုန်း မြင့်တက်မှု ဒဏ်ကို ပိုမို ရင်ဆိုင်လာရဖွယ် ရှိနေပါတယ်။

Address

D3-48
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959402791095

Alerts

Be the first to know and let us send you an email when ZHUi Logistic Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ZHUi Logistic Service:

Shortcuts

Share