Carrier King Logistics Services Ltd

Carrier King Logistics Services Ltd Shipping and Logistics Services “CKL was established in December,2008 with a staff of young and energetic but experienced personnel.

Eventually building up trust and confidence in our local and overseas customers. CKL was established to act as Agent for Victory Maritime , World Straits Maritime and Kawanishi Warehouse Co.,Ltd. Stand as reliable agent role over 1 year. Launched feeder service (Yangon ~ Port Klang Service) in January , 2012. ( 1 vsl @ 617 teus )

Remark: After Feeder Service launch, CKL stand SOC player role in Market. We are associated as a member of the following :-

MIFFA Myanmar International Freight Forwarder Association

UMFCCI The Republic of the Union of Myanmar Federation of Chambers and Industry

WCA World Cargo Alliance

ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ရုံးပိတ်ရက် အသိပေးကြေညာခြင်း၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်၊ ဗုဒ္ဓဟူးနေ့သည် ဒုတိ...
27/07/2026

ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ရုံးပိတ်ရက် အသိပေးကြေညာခြင်း

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်၊ ဗုဒ္ဓဟူးနေ့သည် ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အများပြည်သူရုံးပိတ်ရက် ဖြစ်ပါသဖြင့် Carrier King Logistics Service Ltd ၏ ရုံးလုပ်ငန်းများကို တစ်ရက်တာ ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ရုံးလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်၊ ကြာသပတေးနေ့ တွင် ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
#ဝါဆိုလပြည့်‌နေ့

၂၀၂၆ ခုနှစ်၊ မေလ (၂၈) ရက် (ကြာသပတေးနေ့) သည် အစ္စလာမ်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော “အီဒုလ်အဿွဟာ” (ကုရ်ဘာနီအီးဒ်) နေ့ ...
27/05/2026

၂၀၂၆ ခုနှစ်၊ မေလ (၂၈) ရက် (ကြာသပတေးနေ့) သည် အစ္စလာမ်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော “အီဒုလ်အဿွဟာ” (ကုရ်ဘာနီအီးဒ်) နေ့ ဖြစ်ပါသည်။ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ “အများပြည်သူ အလုပ်ပိတ်ရက်” ဖြစ်သည့်အတွက် Carrier King Logistics ၏ ရုံးလုပ်ငန်းများကို ပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
အစ္စလာမ်ဘာသာဝင်တို့၏ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ် အချိန်အခါသမယတွင် မိဘပြည်သူများ၊ မိတ်ဖက် Customer ကြီးများနှင့် အစ္စလာမ်ဘာသာဝင်အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှစ်ဖြာသောသုခများနှင့် ပြည့်စုံကြပါစေကြောင်း Carrier King Logistics Services Ltd မိသားစုမှ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါသည်ခင်ဗျာ။ 🙏✨

🌕🙏 ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) 🙏🌿ဗုဒ္ဓဘာသာဝင်တို့အတွက် မွန်မြတ်သည့် ကဆုန်လပြည့်နေ့သည် ဂေါတမမြတ်စွာဘုရားရှင်၏ ဖွားမြင်ခြင်း...
29/04/2026

🌕🙏 ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) 🙏🌿
ဗုဒ္ဓဘာသာဝင်တို့အတွက် မွန်မြတ်သည့် ကဆုန်လပြည့်နေ့သည် ဂေါတမမြတ်စွာဘုရားရှင်၏ ဖွားမြင်ခြင်း၊ ဘုရားဖြစ်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ ထူးခြားစွာ တိုက်ဆိုင်သည့် နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်။ 🙏

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့တွင် ကျွန်တော်များ Carrier King Logistics နှင့် လက်တွဲလုပ်ဆောင်နေသော မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ၊ ချစ်ခင်လေးစားရပါသော ဝန်ထမ်းမိသားစုများ နှင့် မြန်မာ ပြည်သူပြည်သားများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ ဘေးအန္တရာယ်များ ကင်းဝေးစေနိုင်ရန် Carrier King Logistics မိသားစု မှ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက် (ကြာသပတေးနေ့) သည် "ကဆုန်လပြည့်နေ့" ဖြစ်ပြီး မေလ (၁) ရက် (သောကြာနေ့) သည် "အလုပ်သမားနေ့" အများပြည်သူ ရုံးပိတ်ရက် ဖြစ်ပါသဖြင့် အဆိုပါနေ့ရက်များတွင် Carrier King Logistics ၏ ရုံးပိတ်ရက်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

#ကဆုန်လပြည့်

"တောင်သူလယ်သမားနေ့"🌾🌾🌾၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက် ( တနင်္လာ) နေ့ နှင့် တပေါင်းလပြည့်နေ့ တွင်ကျရောက်သော တောင်သူလယ်သမားနေ့ကိ...
01/03/2026

"တောင်သူလယ်သမားနေ့"
🌾🌾🌾
၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက် ( တနင်္လာ) နေ့ နှင့် တပေါင်းလပြည့်နေ့ တွင်ကျရောက်သော တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုပါတယ်ခင်ဗျာ။

မြန်မာနိုင်ငံအနှံအပြားရှိ ကျေးဇူးရှင်တောင်သူဦးကြီးများကို အစဉ်လေးစားဂုဏ်ပြုလျက် တောင်သူဦးကြီးများအားလုံး ကျန်းမာသောဘဝကိုရရှိပိုင်ဆိုင်ပြီး စီးပွားလာဘ်လာဘများကြီးပွားတိုးတက် ပါစေကြောင်း 𝐂𝐚𝐫𝐫𝐢𝐞𝐫 𝐊𝐢𝐧𝐠 𝐋𝐨𝐠𝐢𝐬𝐭𝐢𝐜𝐬 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐋𝐭𝐝 မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။


#𝐄𝐅𝐑
#𝐂𝐚𝐫𝐫𝐢𝐞𝐫𝐤𝐢𝐧𝐠

ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် တွင်ကျရောက်သော တရုတ်နှစ်သစ်ကူးနေ့သည် "မြန်ဆန်သွက်လက်ခြင်းနှင့် အောင်မြင်မှုတို့၏ ပြယုဂ်ဖ...
16/02/2026

ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် တွင်ကျရောက်သော တရုတ်နှစ်သစ်ကူးနေ့သည်
"မြန်ဆန်သွက်လက်ခြင်းနှင့် အောင်မြင်မှုတို့၏ ပြယုဂ်ဖြစ်သော ၂၀၂၆ ခုနှစ်၊ မီးမြင်းနှစ် (Year of the Fire Horse) သို့ ကူးပြောင်းရောက်ရှိလာသည့် နှစ်သစ်အခါသမယမှာ လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် တိုးတက်အောင်မြင်ပါစေကြောင်း Carrier King Logistics မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🧧🐎

မိမိတို့၏ ကုန်စည်စီးဆင်းမှု လုပ်ငန်းစဉ်များအားလုံးတွင်လည်း ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများဖြင့် အကောင်းဆုံး ပံ့ပိုးပေးသွားပါမည်။

Wishing you a prosperous and dynamic Lunar New Year! May the Year of the Fire Horse bring speed, ambition, and great success to all your endeavors. Happy Lunar New Year from Carrier King Logistics!"

(၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုလျက်... ✨  ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၊ ကြာသပတေးနေ့သည် (၇၉) ကြိမ...
12/02/2026

(၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုလျက်... ✨

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၊ ကြာသပတေးနေ့သည် (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပါသည်။
ကျွန်တော်များ Carrier King မိသားစုမှလည်း တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်တွေထဲမှာ စည်းလုံးညီညွတ်မှုကို အရှိဆုံးဖော်ဆောင်နိုင်တဲ့ "တပို့တွဲလ ထမနဲထိုးပွဲတော်" အချိန်အ...
01/02/2026

မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်တွေထဲမှာ စည်းလုံးညီညွတ်မှုကို အရှိဆုံးဖော်ဆောင်နိုင်တဲ့ "တပို့တွဲလ ထမနဲထိုးပွဲတော်" အချိန်အခါသမယကို ရောက်ရှိလို့လာပြန်ပါပြီ။ ❄️🥣

ကျွန်မတို့ Carrier King သည် ထောက်ပံ့ပို့ဆောင်ရေး (Logistics) လုပ်ငန်းစဉ်တွေမှာ အရေးကြီးတဲ့ "ဟန်ချက်ညီမှု" နဲ့ "စုပေါင်းအင်အား" ကို အလေးထားသလို၊ ရိုးရာမပျက် ထမနဲထိုးပွဲတော်ရဲ့ စုပေါင်းညီညွှတ်မှု အလှတရားကို တန်ဖိုးထား ဂုဏ်ပြုလိုက်ရပါတယ်။ 🚛✨

ဒီနှစ်ရဲ့ တပို့တွဲလပြည့်နေ့မှာ... ✅ စည်းလုံးခြင်းအင်အားနဲ့ အောင်မြင်မှုအသစ်တွေ ဆောင်ကြဉ်းနိုင်ပါစေ။ ✅ ဆိမ့်မွှေးလှတဲ့ ထမနဲအရသာလိုပဲ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများနဲ့ ချစ်ခင်နွေးထွေးတဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ပါစေ။

CK Logistics မှ မိဘပြည်သူအပေါင်းနှင့်တကွ Partner များအားလုံး "ပျော်ရွှင်စရာ ထမနဲပွဲတော်" ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🙏🌟

#တပို့တွဲလပြည့်နေ့ #ထမနဲပွဲတော်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၀) ရက် စနေနေ့သည် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ အစားထိုး “ရုံးဖွင့်ရက်” ဖြစ်ပ...
08/01/2026

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၀) ရက် စနေနေ့သည် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ အစားထိုး “ရုံးဖွင့်ရက်” ဖြစ်ပါသည်။

🔹 Carrier King Logistics Services Ltd သည်လည်း ရုံးလုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။


31/12/2025

2026 ခုနှစ် နှစ်သစ်ကူး အချိန်အခါမှစ၍ မိတ်ဆွေများအားလုံး စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များနှင့်အတူ လုပ်ငန်းခွင်တွင် အောင်မြင်မှုမှတ်တိုင်သစ်များကို စိုက်ထူနိုင်ကြပါစေ။

Carrier King Logistics Services Ltd အနေဖြင့်လည်း နှစ်သစ်မှာ လူကြီးမင်းတို့၏ လုပ်ငန်းလိုအပ်ချက်များကို ပိုမိုပြည့်စုံကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါသည်။ နှစ်သစ်မှာ လိုအင်ဆန္ဒဟူသမျှ ပြည့်ဝကြပါစေခင်ဗျာ။

"

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက် (ကြာသပတေးနေ့)နှင့် ဒီဇင်ဘာလ (၂၆) ရက် (သောကြာနေ့) သည် “ခရစ္စမတ် ရုံးပိတ်ရက်” ဖြစ်ပါတယ်။ခရစ...
24/12/2025

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက် (ကြာသပတေးနေ့)နှင့် ဒီဇင်ဘာလ (၂၆) ရက် (သောကြာနေ့) သည် “ခရစ္စမတ် ရုံးပိတ်ရက်” ဖြစ်ပါတယ်။
ခရစ္စမတ် အချိန်အခါသမယလေးမှာ မိသားစုများနှင့်အတူ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း၊ကျန်းမာခြင်း၊ လုပ်ငန်းအောင်မြင်ခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း ကျွန်တော်များ Carrier King Logistics Services Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။

Address

No62, Room(603), Block C, Mahabandoola Housing Complex, Pazundaung Township
Yangon
11171

Alerts

Be the first to know and let us send you an email when Carrier King Logistics Services Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Carrier King Logistics Services Ltd:

Shortcuts

Share