Speedmark Logistics Limited

Speedmark Logistics Limited SPEEDMARK LOGISTICS LIMITED မှ ကြိုဆိုပါတယ်
လူကြီးမင်းတို့ လိုအပ်တဲ့ Logistics Service ကို ယုံကြည်စွာအပ်နိုင်ပါတယ်

Happy Thingyan Water Festival & Myanmar New Year! SPEEDMARK Family wishing you a Happiness, Healthy and Success....
12/04/2024

Happy Thingyan Water Festival & Myanmar New Year!

SPEEDMARK Family wishing you a Happiness, Healthy and Success....

Happy National Peasants Day!We "Speedmark" wished on this auspicious Peasants Day, full of significance, We send this me...
02/03/2024

Happy National Peasants Day!

We "Speedmark" wished on this auspicious Peasants Day, full of significance, We send this message of greetings and good wishes for the good health and well-being of all peasants and for their agricultural productions tasks to be successful by leaps and bounds.

://www.speedmark.com

15/01/2024

Job Vacancy Announcement

Job Faction : Sale Department
Job Positions : Sale Senior Manager
Salary : Negotiation (Salary + Commission)

Job Description:

• We are looking only at International Freight Forwarding services. Must have well experienced in shipping and logistics field.
• Daily sales activities with team and managing to get appointments with new customers. (International Freight Forwarding Services )
• Weekly sales activities and review the sales plan for the team.
• Build strong relationship with existing customers and assign individual key person to follow up daily to fulfill needs and wants.
• Set up budgets and target and assign individually and as well as a team.

Job Requirements:

• Must lead the team and fully monitor individual performance
• Individual sales performance will be reported
• It must be presented to management and discussed openly
• Must have good problem solving skills
• Must have good relationship with customers and service providers

Contact: Mr.ZawPhyoPaing
HR Manager
[email protected]

လေယာဉ်မှူးများ ရာသီတုပ်ကွေး မိနေကြသဖြင့် ကသေးပစိဖိတ် ခရီးစဉ် ၃၀ ကျော် ဖျက်သိမ်းTo Get Instant Updatehttps://t.me/Guid4UJ...
03/01/2024

လေယာဉ်မှူးများ ရာသီတုပ်ကွေး မိနေကြသဖြင့် ကသေးပစိဖိတ် ခရီးစဉ် ၃၀ ကျော် ဖျက်သိမ်း
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဟောင်ကောင် အထင်ကရ လေကြောင်းလိုင်း Cathay Pacific သည် လေယာဉ်မှူးများ ရာသီတုပ်ကွေး မိနေကြသဖြင့် ခရီးစဉ် ၃၄ ခု ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
ဖျက်သိမ်းလိုက်သော လေကြောင်းခရီးစဉ်များတွင် ရှန်ဟိုင်း၊ ပေကျင်း၊ တိုင်ပေ၊ ဒူဘိုင်း၊ ဒေလီ နှင့် ဒါကာ ခရီးစဉ်များ ပါဝင်သည်။
ကသေး ပစိဖိတ်သည် ခရစ်စမတ် အားလပ်ရက်များအတွင်း လန်ဒန်နှင့် အမ်စတာဒမ် ခရီးရှည် ခရီးစဉ်များ အပါအဝင် ခရီးစဉ်များ အနည်းဆုံး ၁၆ ခု ဖျက်သိမ်းခဲ့သည်။
နှစ်သစ်ကူးကာလအတွင်း နောက်ထပ် ၂၈ ခု ရုပ်သိမ်းခဲ့သည်။

ရာသီတုပ်ကွေး ဖျားနာနေကြသဖြင့် တာဝန်မှ ပျက်ကွက်သည့် လေယာဉ်မှူးများ ပိုများလာသောကြောင့် ဒီဇင်ဘာလလယ်မှစပြီး ခရီးသည်တင် လေယာဉ်ခရီးစဉ် အရေအတွက် အနည်းငယ်ကို လျှော့ချထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ လျှော့ချလိုက်သည့် ပမာဏသည် ခရီးစဉ်များ စုစုပေါင်း၏ ၁% အောက်တွင်သာ ရှိသည်ဟု ကုမ္ပဏီမှ ပြောကြားသည်။ ကုန်တင်လေယာဉ်ခရီးစဉ်များ ပုံမှန် ပျံသန်းလျက်ရှိသည်။

ကသေး ပစိဖိတ်တွင် ကိုဗစ်အကြိုကာလ ၂၀၁၉ ခုနှစ်တွင် လေယာဉ်မှူး ၃၈၈၅ ဦး ထားရှိခဲ့ပြီး ယခုအခါ ၂၅၃၂ ဦး ခန့်ထားပါသည်။

Source vnexpress

03/01/2024

တိုကျို ဟာနဲ့ဒါ့လေဆိပ်တွင် ဂျပန်လေကြောင်းလိုင်း လေယာဉ်တစီး မီးလောင်မှု ဖြစ်ပွား


https://www.logisticsguide.com.mm/en/industry-news/transportation/227779
👆👆👆 အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

HAPPY NEW YEAR TO YOU ALL
01/01/2024

HAPPY NEW YEAR TO YOU ALL

Thanks for the gift you sent.We Speedmark wish you peace of mind, good health and business growth more and more in the n...
28/12/2023

Thanks for the gift you sent.

We Speedmark wish you peace of mind, good health and business growth more and more in the new year.

Happy Christmas and Happy new year 2024.

ကွန်တိန်နာ ၄၀၀၀ ဖယ်ရှားပေးရန် Zim ကွန်တိန်နာသင်္ဘောလိုင်းကို မလေးရှား ညွှန်ကြားTo Get Instant Updatehttps://t.me/Guid4UJ...
24/12/2023

ကွန်တိန်နာ ၄၀၀၀ ဖယ်ရှားပေးရန် Zim ကွန်တိန်နာသင်္ဘောလိုင်းကို မလေးရှား ညွှန်ကြား
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အစ္စရေးအခြေစိုက် ကွန်တိန်နာသင်္ဘောကုမ္ပဏီ Zim သည် မလေးရှားနိုင်ငံအတွင်း သောင်တင်နေဆဲဖြစ်သော ကွန်တိန်နာ ၄,၀၀၀ ကို မကြာမီ ဖယ်ရှားရန် လိုအပ်သည်ဟု မလေးရှား ပို့ဆောင်ရေးဝန်ကြီး Anthony Loke Siew F**k က ပြောသည်။

အစ္စရေး အလံလွှင့်တင်ထားသော သင်္ဘောများကို နိုင်ငံအတွင်း ဆိုက်ကပ်ခွင့်မပြုရန် ဝန်ကြီးချုပ် Datuk Seri Anwar Ibrahim က ဒီဇင်ဘာလ (၂၀) ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ကြေညာသည့်အချိန်မှစ၍ ချက်ချင်း သက်ရောက်စေရမည်ဟု ညွှန်ကြားထားသည့်အကြောင်း Logistics Guide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ထို့အပြင် အစ္စရေးသို့ သွားရောက်မည့် ခရီးစဉ်မှ မည်သည့်သင်္ဘောမဆို မလေးရှားဆိပ်ကမ်းများတွင် ကုန်စည်တင်ဆောင်ခြင်းမပြုရန် တားမြစ်ထားသည်။

၎င်းကြေညာချက်ကြောင့် အစ္စရေး ကွန်တိန်နာသင်္ဘောလိုင်း Zim သည် မလေးရှား ဆိပ်ကမ်းများကို အသုံးပြုခွင့် မရတော့ချေ။ သို့ဖြစ်ရာ ကွန်တိန်နာများ တင်၍ မရတော့သဖြင့် မလေးရှားမှ ဆိပ်ကမ်းအချို့တွင် ကွန်တိန်နာများ သောင်တင်နေသည်။
“ဒီကွန်တိန်နာတွေ အားလုံးကို Zim က ကိုင်တွယ်ပါတယ်။ ကျွန်တော်တြိ့က Zim ကို ဆိပ်ကမ်း ဆိုက်ကပ်ခွင့် တားမြစ်လိုက်တဲ့အခါမှာ အဲဒီကွန်တိန်နာတွေကို ပို့ဆောင်ပေးမယ့် နေရာဆ‌ီသို့ သယ်ယူဖို့အတွက် Zim က တခြားသင်္ဘောကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး စီစဉ်ပေးဖို့ လိုအပ်ပါတယ်”ဟု Loke က ပြောကြားသည်။
ထိုသို့ စီစဉ်ရန်အတွက် Zim ကို အချိန်အတိုင်းအတာတစ်ခု ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အစ္စရေးနိုင်ငံမှ အကြီးမားဆုံး သင်္ဘောကုမ္ပဏီ Zim Integrated Shipping Services Ltd သည် မလေးရှားဆိပ်ကမ်းများတွင် သောင်တင်နေသော ကွန်တိန်နာ ၄,၀၀၀ ကို ဖယ်ရှားရာတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရလိမ့်မည် မဟုတ်သော်လည်း ဆောင်ရွက်ပေးရန် အချိန်အတိုင်းအတာတခု လိုအပ်နိုင်သည်ဟု ကွန်တိန်နာလုပ်ငန်းကဏ္ဍမှာ လုပ်ကိုင်နေသူ အချို့တို့က ပြောကြားသည်။

မလေးရှားတွင် လုပ်ကိုင်နေသည်မှာ အနှစ် ၂၀ ခန့်ရှိပြီဖြစ်သော Zim သည် ပြည်တွင်းနှင့် ဒေသတွင်း သင်္ဘောကုမ္ပဏီများနှင့် အချိတ်အဆက်များ အခိုင်အမာ ရှိထားပြီးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
Shipping Association Malaysia ဒုတိယဥက္ကဌ Thum Hoong Yip က Zim သည် မလေးရှားမှ ၎င်း၏ ကွန်တိန်နာများကို အခြားသင်္ဘောလိုင်းများ၊ ကုမ္ပဏီများထံမှာ နေရာ Slot များ ဝယ်ယူခြင်းဖြင့် ဖယ်ရှားပေးနိုင်ကြောင်း ပြောကြားသည်။

"Zim က Zim ရဲ့ မဟာမိတ်လုပ်ဖော်ကိုင်ဖက်တွေနဲ့ စီစဉ်ပေးလို့ရတယ်။ ဒါမှမဟုတ် feeder ကဏ္ဍမှ အော်ပရေတာတွေနဲ့ ချိတ်ဆက်ပြီး လုပ်ပေးလို့လည်း ရပါတယ်"ဟု ၎င်းက ပြောကြားသည်။
Slot သည် လေယာဉ်ပျံလက်မှတ်ဖြင့် ထိုင်ခုံတနေရာ ဝယ်ယူခြင်းနှင့် ဆင်ဆင်တူသည်။ သင်္ဘောပေါ်မှာ ကွန်တိန်နာတင်ရန် နေရာ ဝယ်ယူခြင်း ဖြစ်သည်။

feeder သည် ကွန်တိန်နာ အငယ်စားများဖြစ်ပြီး ခရီးတို ဆိပ်ကမ်းများအကြား ကွန်တိန်နာများ အနည်းငယ်စီ သယ်ယူပို့ဆောင်ပေးသည်။
feeder အော်ပရေတာများသည် များသောအားဖြင့် သင်္ဘောပြေးဆွဲခြင်း မရှိပါ။ feeder ကွန်တိန်နာများတွင် နေရာ slot ရယူပေးကြသူများ ဖြစ်သည်။
လေယာဉ်လက်မှတ် ရောင်းချပေးသည့် ခရီးသွားလုပ်ငန်းနှင့် သဘောသဘာဝ ဆင်ဆင်တူပါသည်။

Zim အနေဖြင့် ဆိပ်ကမ်း ကပ်ခွင့်မရသဖြင့် Zim ကွန်တိန်နာသင်္ဘောဖြင့် တင်ဆောင်မည့် ကွန်တိန်နာများကို ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများဖြင့် သယ်ယူပေးဖို့ မဖြစ်နိုင်တော့ချေ။

သို့ဖြစ်ရာ အခြားကွန်တိန်နာသင်္ဘောလိုင်းများမှ သင်္ဘောများထံမှာ နေရာများ ရယူပြီး ကွန်တိန်နာများကို ပို့ဆောင်ပေးရမည် ဖြစ်သည်။
နောက်တနည်းမှာ Zim ကွန်တိန်နာသင်္ဘောများ ကုန်တင်ရန် အဆင်ပြေမည့် အနီးဆုံး ဆိပ်ကမ်းဆီသို့ ကွန်တိန်နာများကို feeder ကွန်တိန်နာသင်္ဘောများ ဖြင့် ပို့ဆောင်စေခြင်း ဖြစ်သည်။
မည်သို့ စီစဉ်သည်ဖြစ်စေ အချိန်ယူပြီး ဆောင်ရွက်ရမည် ဖြစ်သည်။
“ကွန်တိန်နာ ၄၀၀၀ ကို ရွှေ့ဖို့ဆိုတာ အချိန်ယူရလိမ့်မယ်”ဟု Thum က ပြောကြားသည်။

"Zim ကို သုံးနေတဲ့ သွင်းကုန်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် တခြားသင်္ဘောလိုင်းတွေ ရှာကြရလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

Source Bernama

သွင်းကုန်လိုင်စင် ကြိုတင် ရယူရန်မလိုဘဲ အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းသိုလှောင်ခွင့်ပြုသည့် ကုန်စည်များစာရင်း အသိပ...
21/12/2023

သွင်းကုန်လိုင်စင် ကြိုတင် ရယူရန်မလိုဘဲ အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းသိုလှောင်ခွင့်ပြုသည့် ကုန်စည်များစာရင်း အသိပေးကြေညာ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကုန်သွယ်ရေးဦးစီးဌာန

ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ

သတင်းလွှာ ၁၆/၂၀၂၃

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်

အကြောင်းအရာ။ သွင်းကုန်လိုင်စင် လျှောက်ထားခြင်း မပြုမီ အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းသိုလှောင်ခွင့်ပြုသည့် ကုန်စည်များစာရင်း အသိပေးကြေညာခြင်း

၁။ အကောက်ခွန်ကုန်လှောင်ရုံသို့ ထည့်သွင်းမည့် ကုန်ပစ္စည်းများအပါအဝင် ပြည်ပမှ ကုန် ပစ္စည်း တင်သွင်းမှုအားလုံးအတွက် ဆိပ်ကမ်းသို့မရောက်မီ သွင်းကုန်လိုင်စင်ရရှိပြီးမှ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၇/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

‎‫ال‬‎ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာဈေး လျော့ကျသည့်အချိန်တွင် ဝယ်ယူ စုဆောင်းသိုလှောင်၍ ပြည်တွင်းသို့ တင်သွင်းခြင်း သို့မဟုတ် ပြန်လည်တင်ပို့ခြင်း၊ ပြည်တွင်း ထုတ်လုပ်မှုလုပ်ငန်းအတွက် လိုအပ်သော ကုန်ပစ္စည်းများကို လိုအပ်သည့်အချိန်တွင် တင်သွင်း သိုလှောင်ခြင်းတို့ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန် ရည်ရွယ်၍ အောက်ဖော်ပြပါ ကုန်စည်များကို သွင်းကုန်လိုင်စင် ကြိုတင် ရယူရန်မလိုဘဲ အကောက်ခွန်လုပ်ထုံးလုပ်နည်းများအတိုင်း အကောက်ခွန်ကုန်လှောင်ရုံသို့ ဤသတင်းလွှာထုတ်ပြန်သည့်နေ့မှစတင်၍ ထည့်သွင်းသိုလှောင်နိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်-

(က) ဆေးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ

( ခ ) စိုက်ပျိုးရေးသွင်းအားစုများ (မျိုးစေ့၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး)

( ဂ ) တိရစ္ဆာန်သုံးဆေးဝါးများ

(ဃ) စက်ဆီ၊ ချောဆီနှင့် အခြားစက်မှုသုံးဆီများ

( င ) ထုပ်ပိုးပစ္စည်းများ

( စ ) လျှပ်စစ်သုံးယာဉ်အမျိုးမျိုး

(ဆ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၁/၂၀၂၃ ၏ အပိုဒ်၁(ဌ)ပါပစ္စည်းများ (ဘက်ထရီလျှပ်စစ်သုံးယာဉ်များ၏ ဆက်စပ်ပစ္စည်းများ နှင့် အပိုပစ္စည်းများ)

( ဇ ) မွေးမြူရေးလုပ်ငန်းသုံးကုန်ကြမ်းများ

( ဈ ) ဆေးဝါးကုန်ကြမ်းပစ္စည်းများနှင့် ပရဆေးကုန်ကြမ်းများ

(ည) စက်မှုကုန်ကြမ်းများ (ပလပ်စတစ်ကော်စေ့၊ ပလပ်စတစ်ကုန်ကြမ်းများ အပါအဝင်)

( ဋ ) စက်မှုကုန်ကြမ်းဓာတုပစ္စည်းများ

( ဌ ) စားသောက်ကုန်ကြမ်းပစ္စည်းများ (စားသောက်ကုန်ထုတ်လုပ်ငန်းများအတွက် ပြည်တွင်း ထုတ်လုပ်သည့် ကုန်ကြမ်းနှင့် မလုံလောက်သဖြင့် ပြည်ပမှ တင်သွင်းမှုကို အခြေခံသော စားသောက်ကုန်ကြမ်းပစ္စည်းများ)

( ဍ ) CMP စနစ်၏ အစိတ်အပိုင်းဖြစ်သော ကုန်ကြမ်းပစ္စည်း၊ ထုပ်ပိုးပစ္စည်းများ ထုတ်လုပ်မှုအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ

( ဎ ) ပြည်တွင်း စက်မှုကုန်ထုတ် လုပ်ငန်းများအတွက် လိုအပ်သည့် စက်ပစ္စည်းများ

၃။ အကောက်ခွန်ကုန်လှောင်ရုံသို့ ထည့်သွင်းသိုလှောင်နိုင်မည့် ကုန်စည်အမျိုးအစား အုပ်စုများကို လိုအပ်သလို ပြင်ဆင်၊ ဖြည့်စွက်သွားမည်ဖြစ်ပါသည်။

ကုန်သွယ်ရေးဦးစီးဌာန

ပင်လယ်နီ ရှောင်ကွင်းကြရသဖြင့် ကုန်ကျစရိတ် မြင့်တက်၊ အချိန် ၂ ပတ် ပိုကြာTo Get Instant Updatehttps://t.me/Guid4UJOIN THE ...
19/12/2023

ပင်လယ်နီ ရှောင်ကွင်းကြရသဖြင့် ကုန်ကျစရိတ် မြင့်တက်၊ အချိန် ၂ ပတ် ပိုကြာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ပင်လယ်နီတွင် ဟူသီလက်နက်ကိုင်တို့က ပင်လယ်ကုန်သွယ်ရေကြောင်း သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်နေသဖြင့် ပင်လယ်နီရေကြောင်းလမ်း မသုံးရန် AP Moller-Maersk, MSC, CMA CGM, Hapag-Lloyd, Evergreen အစရှိသည့် ကွန်တိန်နာ သင်္ဘောလိုင်းကြီးများက ဆုံးဖြတ်ထားကြသည်။
ရေနံကုမ္ပဏီကြီး BP က ပင်လယ်နီကိုဖြတ်ပြီး ရေနံတင်ပို့မှုအားလုံးကို ယာယီရပ်ထားကြောင်း ကြေညာခဲ့သည်။

ထိုင်ဝမ်ကွန်တိန်နာသင်္ဘောလိုင်း Evergreen Line က ၎င်း၏ ကွန်တိန်နာသင်္ဘောများကို ပင်လယ်နီ ဖြတ်သန်းသည့် ခရီးစဉ်များကို နောက်ထပ်နို့တစ် မကြေညာသေးသ‌ရွေ့ ဆိုင်းငံ့ထားရန် ညွှန်ကြားထားသည်။
အာရှနှင့် မြေထဲပင်လယ်၊ ဥရောပ သို့မဟုတ် အမေရိကန်၏ အရှေ့ဘက်ကမ်းရိုးတန်းကြား ပြေးဆွဲသည့် ခရီးစဉ်များအတွက် ခရီးတာပိုရှည်သည့် Good Hope Cape ကို ပတ်၍ သွားရန် ညွှန်ကြားထားကြောင်း Evergreen Line မှ ပြောကြားခဲ့သည်။
စူးအက်တူးမြောင်း ဖြတ်လမ်းအစား အာဖရိက တောင်ဘက် အစွန်း Good Hope Cape ကို ပတ်၍ ဥရောပနှင့်အာရှအကြား ရေလမ်းကြောင်းသည် ပို့ဆောင်ရမည့်နေရာပေါ်မူတည်၍ နှစ်ပတ်-သုံးပတ်ပိုကြာမည်ဖြစ်သည်ဟု ကျွမ်းကျင်သူတို့က ပြောကြားကြသည်။


ခရီးတာပိုရှည်၊ အချိန်ပိုကြာသဖြင့် ကွန်တိန်နာပို့ဆောင်ခများသည် ၃၀% မြင့်တက်မည်။ အာမခံ ကုန်ကျစရိတ်များလည်း မြင့်တက်မည်။


Source economictimes

Address

Room. 405, Tower A, The Leaf Office Tower, Dhamathukha Kyaung Street, Hlaing Township
Yangon
11051

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+959409574488

Alerts

Be the first to know and let us send you an email when Speedmark Logistics Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share