Travel by Wai & Nyo

Travel by Wai & Nyo Travel Agency (Chiang Mai)

ချင်းမိုင်ရဲ့ အလှဆုံးရေတံခွန် mae yaပေ ၈၀၀ကေျာ် အမြင့်ဆို တော့ ငေးကြည့်နေရင်တောင် အရမ်းလှတယ်။
09/07/2025

ချင်းမိုင်ရဲ့ အလှဆုံးရေတံခွန် mae ya
ပေ ၈၀၀ကေျာ် အမြင့်ဆို တော့ ငေးကြည့်နေရင်တောင် အရမ်းလှတယ်။

02/07/2025
ချင်းမိုင် သွားပြီး Trevel mood on နေတဲ့ ပုံလှလှလေးတွေ မရမှာစိုးတဲ့သူတွေအတွက် Travel by wai & nyo နဲ့ အတူလည်ပတ်ဖို့ ဖိတ်...
24/10/2024

ချင်းမိုင် သွားပြီး Trevel mood on နေတဲ့ ပုံလှလှလေးတွေ မရမှာစိုးတဲ့သူတွေအတွက် Travel by wai & nyo နဲ့ အတူလည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ။

ချင်းမိုင် အနီး မြို့တွင်းမြို့ပြင် ကားအငှားဝန်ဆောင်မှုအတွက်

Trip planအခမဲ့ရေးဆွဲပေးခြင်း
ခရီးစဥ်နဲ့ လိုက်ဖက်မယ့် အဝတ်အစား
ရာသီဥတုအခြေနေကအစ
တိုင်ပင်လို့ရတဲ့အပြင်
ပုံလှလှလေးတွေပါ ရိုက်ပေးဦးမှာမို့

အခုပဲ ဆက်သွယ် စုံစမ်းဖို့မမေ့နဲ့နော်

ခရီးတစ်ခုလည်ပတ်တဲ့ အခါTrip Plan1 ကိုယ်သွားချင်တဲ့ နေရာနဲ့ လည်ပတ်ရမယ့်နေရာ ကိုက်ညီမှုရှိမရှိ2 အဲ့နေရာတွေကို ဘယ်လိုအချိန်မ...
23/10/2024

ခရီးတစ်ခုလည်ပတ်တဲ့ အခါ

Trip Plan
1 ကိုယ်သွားချင်တဲ့ နေရာနဲ့ လည်ပတ်ရမယ့်နေရာ ကိုက်ညီမှုရှိမရှိ
2 အဲ့နေရာတွေကို ဘယ်လိုအချိန်မှာသွားသင့်သလဲ။(မနက်လှလား နေ့ခင်းနေပူလား sun rise sunset စသည့်

Fashion
1 ကိုယ်သွားမယ့်နေရာနဲ့ ကိုက်ညီမယ့် အဝတ်အစား
2 ရေစိုမှာလား ပူလားအေးလား စသည့် ရာသီဥတု အခြေနေ

Guide
လည်ပတ်ရမယ့်နေရာတွေရောက်တဲ့ အခါ တစ်ယောက်တည်း ကြောင်တောင်တောင် မဖြစ်ပဲ ဘေးကနေအတူလိုက်ပါ ရှင်းပြပေးမယ့်သူရှိရင် ပိုကောင်းတယ်ဟုတ်

Photography
ကိုယ်ကတော့ လန်းပါရဲ့ နေရာဒေသအသစ်မို့ ဘယ်နေရာလေးမှာ ဘယ်လိုရိုက်ရင် လှတယ်ဆိုတာ ပြောပေးမယ့်သူရှိရင် ပိုကောင်းတယ်ဟုတ်
ရိုက်ထားတဲ့ပုံလေးတွေကို plus service အနေနဲ့ retouch လုပ်ပေးမယ်ဆို ပိုမကြိုက်ဘူးလား။

Service
ပေးလိုက်ရတဲ့ အချိန်နဲ့ ငွေကြေးအတွက် ပိုကောင်းတဲ့ ဝန်ဆောင်မှု မျိုး မရချင်ဘူးလား။

ဧည့်သည်တိုင်းကို ဝန်ဆောင်မှုအတွက်ကျေနပ်မှုရှိရဲ့လားလို့ မေးတဲ့ အချိန်တိုင်း ပြန်ကြားရတဲ့ feedback တွေက ကျွန်တော်အတွက် အားအင်တွေပါ။

Mae kampong
Doi inthanon
Chiang Rai
Chiang Dao
Doi suthep
Mon jam

Chiang Dao Cave (မြန်မာခရီသွားတွေအတွက် အထူးဆန်းဆုံး အတွေ့ကြုံရမယ့်နေရလေး)ချင်းမိုင်ရောက်ပြီး ချင်းဒေါင်း(ထိုင်းရဲ့ တတိယအ...
11/09/2024

Chiang Dao Cave (မြန်မာခရီသွားတွေအတွက် အထူးဆန်းဆုံး အတွေ့ကြုံရမယ့်နေရလေး)

ချင်းမိုင်ရောက်ပြီး ချင်းဒေါင်း(ထိုင်းရဲ့ တတိယအမြင့်ဆုံး)တောင်ကြီးဘက် အလည်သွားတဲ့ အခါ သာယာတဲ့ရှုခင်းတွေနဲ့ လည်ပတ်စရာနေရာတွေက များလှပါတယ်။
အဲ့ဒါအပြင် ဗုဒ္ဓဘာသာတိုင်းပြည်တွေရဲ့ ထုံးစံအတိုင်း ဂူတွေ့ဘုရားတည် ဂူဘုရားတစ်ချို့လည်း လည်ပတ်လို့ပါတယ်။ အဲ့ဒီထဲမှာမှ ချင်းဒေါင်း တောင်ကြီးအထဲမှာရှိတဲ့( ထိုင်းရဲ့ ဒုတိယအကြီးဆုံး ဂူကြီး အကြောင်းကို ပြောပါမယ်)။.........
Intro

ရောက်ခါစက သာမန် ဂူဘုရားလေးပဲထင်တာ
ဘားအံဘက်က ဂူတွေလိုပဲ ဂူထဲမှာဘုရားတွေရှိတယ်ပေါ့ ဝင်ကြေးကလည်း foreigner 40 ဘတ် ဆိုတော့ ဝင်ကြည့်မယ်ပေါ့။
အဲ့ဒါနဲ့ လက်မှတ်လေးဖြတ်ပြီး ဂူဝရောက်သွားပါတယ်။.........
Stage 1

ဂူဝမှာ⛑ အရေးပေါ်ဖုန်းနံပါတ်တွေရေးထားတာတွေ့ရတယ်။ ပြီးတော့👉 မြေပုံအကြမ်းလေးရေးထားတာတွေ့တော့ ကြည့်လိုက်တော့ ဂူက မီတာ ၇၀၀လောက်ထိ ဝင်လို့ရတာကိုတွေ့ရတယ်။

🚷 ' လမ်းပြမပါဘဲဂူထဲကိုမဝင်ပါနဲ့ '
အဲ့ စာသားလေးကိုတွေ့တော့ ထိုင်းတွေ ငါတို့ကို ဂျင်းထည့်ပြီ အထဲမှာ ပိုက်ဆံထပ်တောင်းတော့မယ်ဆိုတာသိလိုက်တယ်။ အိုကေပေါ့ အထဲရောက်မှ ကြည့်ရှင်းမယ်။ လောလောဆယ်တော့ ဒီတိုင်းဝင်ကြည့်ကြမယ်။
ဝင်ဝင်ချင်းတော့ မထူးဆန်းပါဘူး ဂူထဲမှာ ဘုရားတွေတွေ့တယ်။ မီးတွေလည်း သွယ်ထားတော့ ဟိုကြည့် ဒီကြည့်ပေါ့။ မကြာပါဘူး ဂူက လမ်းခွဲနှစ်ခုဖြစ်သွားတယ်။ လမ်းခွဆုံမှာ မီးအိမ်ငှားတဲ့ နေရာလေး
ငှားက ၂၀၀ လမ်းပြတစ်ယောက်ထည့်ပေးမယ်။လမ်ပြကိုတော့ tip money လေးထပ်ပေးရမယ်ပေါ့။
အိုကေလေ ရောက်လက်စနဲ့ မထူးဘူး ဝင်ကြည့်မယ်ပေါ့။စိတ်ထဲမှာတော့ ထိုင်းတွေရဲ့ ငွေရှာတတ်ပုံကို ချီးကျူးနေမိတယ်။..............

Stage 2

အဲ့ဒါနဲ့ပဲလမ်းပြခေါ်တဲ့ အနောက်လိုက်သွားလိုက်တယ်။
wow ဂူကတော်တော်လေးကျယ်တယ်။မီးတွေလည်း မရှိတော့ဘူး။👻👽
မီးအိမ်ရဲ့ အလင်းရောင် စမ်းတဝါးဝါးလေးအောက်မှာလမ်းလျှောက်ရတာဆိုတော့ အတွေ့အကြုံသစ်ပဲ။

လမ်းပြကတော့ ဘယ်ဟာကဘယ်လိုဖြစ်တယ် ဟိုပြောသည်ပြောပေါ့။ သွားရင်းနဲ့ ဂူထဲမှာလမ်းခွဲတွေ အများကြီး တွေ့တော့မှ သြော်လမ်းပြမပါရင် တကယ်လမ်းပျောက်နိုင်တယ်💀 ဆိုတာကို သိလိုက်ရတယ်။ ဂူထဲမှာက အေးစိမ့်စိုစွတ်နေပြီး🦇🕷 လင်းနို့တစ်ချို့နဲ့ ပုရစ်တွေကိုလည်းတွေရပါတယ်။........
Stage 3
စွန့်စားခန်းစပါပြီ
တစ်နေရာရောက်တော့လမ်းပြက နံရံကအပေါက်လေးကိုပြတယ်။အော် နံရမှာ အပေါက်တစ်ခုရှိတယ်ပေါ့ ဖုန်းမီးနဲ့ထိုးကြည့်တော့လည်းဘာမှမမြင်ရတော့ ထားလိုက်ပေါ့ ဟိုဘက်ဆက်သွားကြမယ် ဘာညာပေါ့။လမ်းပြက မဟုတ်ဘူး အဲ့အပေါက်ထဲဝင်ရမှာတဲ့။
ဟင်မနောက်နဲ့လေ ဝင်ရဲဘူးဟ။ လမ်းပြက မီးအိမ်လေးကိုင်ပြီး ရှေ့ကဝင်သွားတယ်။တတ်နိုင်ဘူးလေ တစ်ယောက်တည်းနေခဲ့လို့မှမရတာ😁
သူများတွေဝင်သွား ကိုယ်ကနောက်ဆုံးဆိုတော့ မီးအိမ်လည်းမမြင်ရ ဟဲ့လုပ်ပါဦး ဖုန်းမီးလေးထိုးပေးကြပါဦးနဲ့ ပျော်စရာကြီး။ မမြင်ရလည်း video တွေရိုက်ကြပေါ့။ ဟိုဘက်ရောက်သွားတော့ ဂူက တော်တော်ကြီးကို ကျယ်သွားပြန်တယ်
🙏
တစ်ချို့နေရာတွေမှာတော့ ဗုဒ္ဓနဲ့ ဟိန္ဒူ ဘာသာရေးဆိုင် ရုပ်ထုတစ်ချို့တွေရပါတယ်။ တစ်ချို့နေရာတွေက ချော်တတ်လို့ လမ်းပြနောက်ကပဲလိုက်ရတယ်။
နောက်ထပ် တစ်ပေါက်ထပ်ရောက်တော့ ပထမတစ်ခုလောက်မကြောက်တော့ဘူး။ဆရာကြီးဖြစ်သွားပြီလေ🤣။
ဓာတ်ပုံတွေ ဘာတွေရိုက် လမ်းပြဆီက မီးအိမ်ကြီးငှားကိုင်ပြီးလည်းရိုက် အစုံပေါ့။

Stage 4

နောက်ထပ်ဂူပေါက်တွေထပ်တွေ့တော့ ဆက်သွားရမလားမေးတော့ ပြန်ရတော့မယ်တဲ့။
သူဒီမှာလမ်းပြတာ နှစ်၂၀ရှိပြီတဲ့ အဲ့ဘက်ကို ရင် နောက်ထပ် ၂နာရီလောက်ရှိတယ် ဂူကမဆုံးသေးဘူး
ဂူပေါက်တွေက အများကြီးပဲ။လမ်းကလည်းအရမ်းဆိုးတယ်တဲ့။ပြီးတော့ဆက်သွားမသင့်တဲ့ အကြောင်းရင်း သုံးချက်ရှိတယ်။
၁။ အောက်ဆီဂျင်မလုံလောက်တော့လို့
၂။ မိုးတွင်းဆို ရေတွေဝင်ပြီး တောဝက်၁၃ကောင်ဂူလို ပြန်စရာလမ်းမရှိတော့လို့
၃။🐍 မြွေတွေအရမ်းပေါလို့ 😱

ငင့် သူပြောမှ လန့်တောင်လန့်တယ် မြွေတွေကဒီဘက်မလာဘူးလားဟင်ဆိုတော့ အရမ်းဝေးတဲ့နေရာမှာပဲရှိတာပါ။ဒီဘက်ထိကလည်းမြွေတွေတက်လာလို့မလွယ်ဘူးဆိုတော့ ကြောက်စိတ်နဲနဲပြန်ပြေသွားတယ်။.......
Stage 5

အပြန်လမ်းလေးမှာတော့ လှေးခါးထစ်တွေအများကြီး နဲ့ ဆင်းသွားရတာနေရာလေးကို သဘောကျမိတယ်။ ခဏနေတော့ လျှပ်စီးမီးရောင်တွေကို လှမ်းတွေရတော့ ဂူဝပြန်ရောက်တော့မယ်ဆိုတာသိလိုက်တယ်။ ဒီလိုနဲ့ပဲ လမ်းပြလိုက်ပို့တဲ့ ခရီးက ပြီးဆုံးသွားပါပြီ။လမ်းပြက ဒီဘက်ကတော့ ဂူထွက်ပေါက် ဟိုဘက်ကတော့ ဘုရားရှိတယ်။လျှပ်စစ်မီးတွေသွယ်ထားပြီး ကိုယ်တိုင်သွားလို့ရတယ်ပြောပါတယ်။..........

Stage 6

လမ်းပြထွက်သွားတော့ ကိုယ်တွေခုဏက တက်လာခဲ့တဲ့ အပေါက်ကြီးကို ပြန်ချောင်းကြည့်တာ ဘာမှကို မမြင်ရဘူး။ကြောက်စရာကြီး😬။
ဘုရားဆီသွားတဲ့လမ်းလေးကတော့ သာယာတယ်။ ဓာတ်ပုံရိုက်လို့လည်းလှတယ်။📷📷
ဘုရားကျော်ကျော်ကနေရလေးဆို ဓာတ်ပုံရိုက်လို့ တော်တော်လှတယ်။နဲနဲဆက်သွားရင်တော့ ဂူကကျဥ်းသွားပြီး မဝင်ဆိုတဲ့ နေရာလေးတွေပါမယ် ။ ပြီးရင်တော့ လာလမ်းအတိုင်းပြန်လာရင် ဂူဝပြန်ရောက်ပါပြီ။

အောက်မှာ ပုံလေးတွေနဲ့ ကြည့်ပြီး လာလည်ချင်စေ

chiang dao cave ရဲ့ ခရီးစဥ် လေးလည်းပြီးဆုံးပါပြီ။ အတွေ့ကြုံ အသစ်တစ်ခု ကျိန်းသေရမှာမိူ့
လည်ပတ်ချင်တယ်ဆိုရင်တော့
CB ဖြစ်စေ
Travel by Wai&Nyo
0987542047ကို ဆက်သွယ်ပြီး အသေးစိတ်မေးမြန်းနိုင်ပါတယ် ခင်ဗျ။

Hinoki landချင်းမိုင်ကိုရောက်ပြီး တောင်တန်းတွေလည်ပတ်လို့ဝရင်တော့ နောက်ထပ်ရွေးချယ်စရာတစ်ခုအနေနဲ့ Hinoki land ဆိုတဲ့ ဂျပန်...
08/09/2024

Hinoki land

ချင်းမိုင်ကိုရောက်ပြီး တောင်တန်းတွေလည်ပတ်လို့ဝရင်တော့ နောက်ထပ်ရွေးချယ်စရာတစ်ခုအနေနဲ့ Hinoki land ဆိုတဲ့ ဂျပန်စတိုင်တည်ဆောက်ထားတဲ့ နေရာလေးရှိပါတယ်။

မြန်မာပြည်နယ်စပ်နဲ့ သိပ်မဝေးတော့တဲ့ နေရာမှာတည်ရှိပြီး Chaing dao ဘက်လည်ပတ်ရင်းနဲ့ သွားမယ်ဆို သိပ်မဝေးတော့တာမို့ နေ့ချင်းပြန်သွားလို့ရတဲ့နေရာလေးပါ။

ဝင်ကြေးကလည်း ၈၀ပဲဲဆိုတော့ ထော်ကိုင်းသွားရင်း
ဂျပန်​ရောက်နေသည်တို့ ဘာတို့ ကြွယ်လို့ရသည်ပေါ့

တောင်တန်းတွေကို ငေးရင်း ဆူရှီလေးတွေစားလို့ရတယ်။ ကီမိုနိုဝတ် ခုံဖိနပ်စီးပြီး အရမ်းလှတဲ့ ရေကန်ကြီးဘေးမှာ ပုံလှလှလေးတွေရိုက်။
ကိုယ်တွေကတော့ ကင်ဒိုဓားကြီးကိုင်ပြီး ဇွတ်ထိုင်း မဟုတ်တဲ့ ဇွတ်စာမူရိုင်းပေါ့။
စာတွေအများကြီးမရေးတော့ဘူး။
ပုံလေးတွေ videoလေးတွေသာကြည့်လိုက်။
သဘောကျပြီး လည်ပတ်ချင်တယ်ဆိုရင်တော့
0987542047 ကိုသာ hello လိုက်။

https://www.facebook.com/share/p/AsSsfNBhqDHZ3zDr/?mibextid=qi2Omg

ချင်းမိုင်ရဲ့ Hidden Treasure ဆယ်နေရာUnique ဖြစ်ပြီး မြန်မာခရီးသွားတွေ သိပ်မသွားဖြစ်တဲ့ နေရာလေးတွေလည်းပါပါတယ်။၁၀ နေရာလုံ...
05/09/2024

ချင်းမိုင်ရဲ့ Hidden Treasure ဆယ်နေရာ

Unique ဖြစ်ပြီး မြန်မာခရီးသွားတွေ သိပ်မသွားဖြစ်တဲ့ နေရာလေးတွေလည်းပါပါတယ်။

၁၀ နေရာလုံးရောက်ဖူးရင်တော့ ဆရာပဲ။

ပြီးရင်
တစ်နေရာချင်းစီအကြောင်းကို ရေးတင်ပြီး link တွဲပေးထားမှာမို့
ချင်းမိုင်လည်ပတ်မယ်ဆို ဒီပိုစ့်လေးကို share ထားရင် အသုံးဝင်မှာပါ။
ဘယ်လိုသွားရမလဲ အသေးစိတ် သိချင်ရင် cb လာမေးနော်

ပုံအောက်မှာတော့ caption လေးတွေ ရေးထားတယ်။

1 Phachor ( မြစ်ကြမ်းပြင်ဟောင်း)

2 Chiang dao cave ( ထိုင်းရဲ့ ဒုတိယအကြီးဆုံးဂူ)
https://www.facebook.com/share/p/6x132FLkEXfyLr32/?mibextid=qi2Omg

3 Hinoki land ( မြန်မာပြည် နယ်စပ်က ဂျပန်ရွာ)
https://www.facebook.com/share/p/ZVxaAtkbLQPvSLxk/?mibextid=oFDknk

4 Doi inthanon (ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်)
https://www.facebook.com/share/p/7JhhQu3wdaPtzqzS/?mibextid=qi2Omg

5 Mae Kampong ( ရိုးရာအိမ်လေးတွေနဲ့ လှတဲ့ရွာလေး)

6 Kaw fin ( ချင်းမိုင် ရဲ့ လူသိပ်မရောက်တဲ့ view point)

7 King and Queen temple(တိမ်တွေထဲက နေရာလေး)

8 Angka nature trail (တိမ်သစ်တော)

9 Chiang dao mountain (ထိုင်းရဲ့ တတိယအမြင့်ဆုံးတောင်)

10 Three Kingkong (စာခြောက်ရုပ်ကြီးတွေ)

Travel around in Chiang Mai ပိုစ့်လေးပါ။self driving or with driver နှစ်မျိုးလုံးရပါတယ်။ခုမသွားဖြစ်သေးရင်တောင် နောင်သွား...
21/08/2024

Travel around in Chiang Mai ပိုစ့်လေးပါ။

self driving or with driver နှစ်မျိုးလုံးရပါတယ်။

ခုမသွားဖြစ်သေးရင်တောင် နောင်သွားဖြစ်တဲ့ အခါကျရင် အထောက်အကူဖြစ်အောင် Save ထားကြနော်။

*ချင်းမိုင်ကို လာပြီး ဘယ်နေရာကို လည်ပတ်ရင် ကောင်းမလဲတွေးနေတဲ့သူတွေအတွက် အထောက်ကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

*ကိုယ်တိုင် အခေါက်ခေါက်အခါခါရောက်ပြီး
သဘောအကျဆုံးနေရာလေးတွေကို စုစည်းပြီး နေ့ချင်းပြန် day trip လေးတွေ ရအောင် စီစဥ်ပေးထားပါတယ်။

*ချင်းမိုင်မှာ လည်ပတ်စရာနေရာတွေက များလွန်းတာမို့
အချိန်ကုန်လူပန်းမဖြစ်ပဲ အစီအစဥ်တကျလေး လည်ပတ်ချင်ရင်တော့ မင်မင်ရဲ့ fb massenger ကနေ တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။
https://www.facebook.com/profile.php?id=100014162236176&mibextid=kFxxJD

*အချိန်ရရင် မင်မင်ကိုယ်တိုင်ပါ လိုက်မောင်းပို့ပေးဦးမှာ

ဝါသနာနဲ့ အလုပ်က ထပ်တူကြသွားတော့လည်း

ကိုယ့်လိုပဲ သူတစ်ပါးကို ပျော်ရွှင်စေချင်တဲ့ စိတ်ထားလေးနဲ့
စေတနာ အပြည့်ထည့်ပြီး စီစဥ်ပေးမှာမို့
အခုပဲဆက်သွယ်လိုက်ပါ ခင်ဗျ။

ပုံလေးတွေအောက်မှာလည်း လည်ပတ်သင့်တဲ့ Tip လေးတွေ
အကြမ်း ရေးပေးထားတာမို့
Be happy in Chiang Mai ဖြစ်ပါစေလို့ ဆုတောင်း​ပေးရင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Travel by Wai & Nyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travel by Wai & Nyo:

Share

Category