Smile Online Shopping

Smile Online Shopping Transportation service

🌿🚖 EV Taxi အငှားဝန်ဆောင်မှု 🚖🌿"ခရီးသွားချင်တဲ့အချိန်မှာ ဆီတန်းစောင့်ရတာကြောင့် စိတ်ပျက်နေပြီလား?"👉 အခုတော့ EV Taxi နဲ့ အ...
18/04/2026

🌿🚖 EV Taxi အငှားဝန်ဆောင်မှု 🚖🌿

"ခရီးသွားချင်တဲ့အချိန်မှာ ဆီတန်းစောင့်ရတာကြောင့် စိတ်ပျက်နေပြီလား?"👉 အခုတော့ EV Taxi နဲ့ အေးဆေး၊ အဆင်ပြေပြီး ပျော်ရွှင်တဲ့ခရီးစဉ်ကို စတင်လိုက်ပါနော် 💚

✨ Aircon အေးအေး၊ စီးနင်းမှု ငြိမ့်ငြိမ့်

✨ ဆီအခက်အခဲမရှိ – အချိန်မပျက်

✨ မိသားစု၊ သူငယ်ချင်းတွေနဲ့ ခရီးထွက်ဖို့ အကောင်းဆုံးရွေးချယ်မှု📍

ခရီးစဉ်များ

Chaung Thar 🌊

Ngwe Saung 🏖️

Mandalay 🏯

Yangon မြို့တွင်း အိမ်အရောက် ကြို/ပို့ ဝန်ဆောင်မှု 🚗

📞 ဆက်သွယ်ရန်

09793132261

09770487300

💬 "အေးချမ်းပြီး အဆင်ပြေတဲ့ ခရီးတစ်ခုအတွက် EV Taxi ကို ရွေးချယ်လိုက်ပါနော်"

01/10/2024

#အိမ်နှင့်ခြံရောင်းမည် (ပိုင်ရှင်တိုက်ရိုက်ပါ )

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့ တံတားဖြူမှတ်တိုင် (၈) ရပ်ကွက် ဦးပုညလမ်း(စျေးလမ်းမကြီး) စာသင်ကျောင်းအနီး အိမ်အမှတ်- 290/ ခ

20×60 မြေ

ရောင်းဈေးသိန်း5***ညှိုနှိုင်း

Ph 09793132261
09787988083

ကိုယ့်အပေါ်မုန်းနေသူဘယ်သူဘဲ ဖြစ်နေပါစေမတုံပြန်ဘဲ ပုံမှန်စိတ်လေး ထားပြီး ဆက်ဆံလိုက်ပါတစ်နေ့ သူ့လမ်း သူသွားပါလိမ့်မယ်ကိုယ်...
05/09/2023

ကိုယ့်အပေါ်မုန်းနေသူဘယ်သူဘဲ ဖြစ်နေပါစေ
မတုံပြန်ဘဲ ပုံမှန်စိတ်လေး ထားပြီး ဆက်ဆံလိုက်ပါ
တစ်နေ့ သူ့လမ်း သူသွားပါလိမ့်မယ်

ကိုယ့်ရဲ့အတင်းအဖျင်း ပြောနေသူဘယ်သူဘဲ ဖြစ်နေပါစေ
လိုက်ဖြေရှင်းမနေဘဲ ပုံမှန်စိတ်လေးထားပြီးနေထိုင်လိုက်ပါ
တစ်နေ့ သူ့ဗီဇ အမှန် ပေါ်လာပါလိမ့်မယ်

ကိုယ့်ရဲ့သိက္ခာကို ထိပါးအောင်လုပ်နေသူ ဘယ်သူဘဲ ဖြစ်နေပါစေ ပြန်ပြီးမတိုက်ခိုက်ဘဲ ပုံမှန်စိတ်လေးထားပြီး
ရပ်တည်လိုက်ပါ
တစ်နေ့ အဖြေမှန် ပေါ်လာပါလိမ့်မယ်

ကိုယ့်ကိုယ် တုပ ပြိုင်ဆိုင်ပြီးကျရှုံးအောင် လုပ်နေသူ ဘယ်သူဘဲ ဖြစ်နေပါစေ ပြန်လည် မပြိုင်ဆိုင်ဘဲ ပုံမှန်စိတ်လေး ထားပြီးကြိုးစား လုပ်ကိုင်ပါ
တစ်နေ့ ကိုယ့်စေတနာ ကိုယ့်အကျိုး ပေးပါလိမ့်မယ်

ကိုယ့်ကို ထိကပါး ရိကပါး စောင်းမြောင်း စော်ကားနေသူ
ဘယ်သူဘဲ ဖြစ်နေပါစေ မတုံပြန်ဘဲ ပုံမှန်စိတ်လေး ထားပြီး
ဥပေက္ခာ ပြုလိုက်ပါ
တစ်နေ့ သူ့အတ္တက သူ့ကို ဒဏ်ခတ်ပါလိမ့်မယ်

ဘယ်သူတွေ ဘာတွေ ပြောပြော ဘာတွေ လုပ်လုပ်
ကိုယ်အတွက် ဘာမှ ဆုတ်ယုတ်မသွားပါဘူး

မနာလိုစိတ် ( မစ္စရိယ ) များနေတဲ့ လူတွေ ပတ်ဝန်းကျင်က
စက်ဆုပ်ရွံရှာကြတာ သဘာဝပါဘဲ

ဒါ့ကြောင့် အရေးမပါတဲ့ အကြောင်းအရာတွေအတွက်
လိုက်ဖြေရှင်းရင်း အချိန်ကုန် မခံပါနဲ့

တစ်နေ့ ဘယ်သူဘာလဲ ဆိုတာ
အချိန်က အဆုံးအဖြတ် ပေးပါလိမ့်မယ်

အဓိကကိုယ့်ဘက်က

#ပုံမှန်စိတ်လေး ထားတတ်ဖို့ပါဘဲ

စဉ်းစဉ်းစားစားပြောယနေ့စဉ်းစားပါ ၊ မနက်ဖြန်မှပြောပါ။ကျကျနန အချိန်ယူ ဝေဖန်ချင့်တွက်ပါ။လုပ်ရမည့်အချိန်ရောက်ပြီဆိုလျှင်တွေးတ...
31/10/2022

စဉ်းစဉ်းစားစားပြော
ယနေ့စဉ်းစားပါ ၊ မနက်ဖြန်မှပြောပါ။
ကျကျနန အချိန်ယူ ဝေဖန်ချင့်တွက်ပါ။
လုပ်ရမည့်အချိန်ရောက်ပြီဆိုလျှင်
တွေးတောမှုရပ်ကာ အပြတ်လုပ်ကိုင်ပါ။

လပြည့်နေ့ရောက်တော့မယ်နော်🙏🙏🙏ဆန်ဆီဆေးဆားအလှူနဲ့ ကုသိုလ်ယူရအောင်၈”~၃၆၀၀၀၉"~၄၀၀၀၀၁၀"~၄၇၀၀၀ လှူဒါန်းပြီး ပြန်စွန့်ရင် မယ်သီလ...
31/10/2022

လပြည့်နေ့ရောက်တော့မယ်နော်🙏🙏🙏
ဆန်ဆီဆေးဆားအလှူနဲ့ ကုသိုလ်ယူရအောင်
၈”~၃၆၀၀၀
၉"~၄၀၀၀၀
၁၀"~၄၇၀၀၀

လှူဒါန်းပြီး ပြန်စွန့်ရင် မယ်သီလရှင် ဘုန်းကြီး နဲ့ လိုအပ်တဲ့လူ / မရှိဆင်းရဲသားကို လှူဒါန်းနိင်ပါတယ်

ဘယ်လိုလှူရမလဲ❓❓❓

▪️မနက်အစော မမှီပါက မနက် ( ၉ နာရီ နဲ့ ၉ နာရီ ၄၅ မိနစ်တွေမှာ ကပ်လှူပူဇော်ပါနိုင်ပါတယ်
▪️ ကပ်ထားတဲ့ လှူဖွယ် ပစ္စည်းတွေကို တရက် နဲ့ ပြန် စွန့်ပြီး လှူဒါန်းနိင်သလို
တပတ်ပြည့် မှ ပြန်စွန့်ပြီးလဲ လှူဒါန်းနိင်ပါတယ်
ကိုယ့် အဓိဋ္ဌာန် နဲ့ ကိုယ်လုပ်ဆောင်နိင်ပါတယ်

ဘာတွေထူးခြားလဲဆိုတော့❓❓❓

🌺 အကျပ်အတည်းရင်ဆ်ိုင်နေရသောအခါများ၊ စားဝတ်နေရေးအတွက်အတော် ရုန်းကန်နေရသောအခါများတွင် အရံသင့်ပေးမည့် ၊ ကျွေးမည့်လက် တစ်စုံအမှီရစေ၏။

🌺 လုပ်ငန်းစီးပွားများ တိုးတက်စေ၏

🌺 ကျန်းမာရေးချို့ယွင်းသူများကျန်းမာလာစေ၏။

🌺 မိမိအိမ်တွင်လိုအပ်ချက်မှန်သမျှပြည့်စုံလာစေ၏။

🌺 မိမိအိမ်တွင်မ ရှိ စကား၊ ပေးပါတောင်းပါဟုပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။

🌺 မိမိတို့၏ အိမ်မီးဖိုချောင်သည် စားစရာများဖြင့် ပြည့်စုံနေခြင်း

🌺 စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မည်။

🌺 အခြေခံ စားသောက်ကုန် ပြည့်စုံတယ်။

🌺 ငွေကြေးယတြာဖြစ်လို့ ငွေဝင်ပါတယ်။

တစ်ပတ်ခြားတစ်ခါ၊ နှစ်ပတ်ခြားတစ်ခါ ၊ တစ်လမှတစ်ခါ ကပ်လှူလို့ရပါတယ်နော်။

အားလုံးဘဲ ပြည့်စုံ ကုံလုံ ချမ်းသာပြီး ငွေတွေ အများကြီး ဝင်ကြပါစေ 🙏🙏🙏

လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီးဝေဖန်တတ် သိက္ခာချတတ်တဲ့ အသုံးမကျတဲ့လူတစ်ဖွဲ့က သက်သက်ရှိတယ်🤔🤔
30/10/2022

လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး
ဝေဖန်တတ် သိက္ခာချတတ်တဲ့ အသုံးမကျတဲ့
လူတစ်ဖွဲ့က သက်သက်ရှိတယ်🤔🤔

နယ်မြို့ဆိုင်ခွဲများအတွက် ဝန်ထမ်းအလိုရှိသည်။လစာ + Sale Commission+Bonus - အရောင်းဝန်ထမ်း ကျား/မ (5)- အသက် 17 မှ 30 အတွင်...
12/10/2022

နယ်မြို့ဆိုင်ခွဲများအတွက် ဝန်ထမ်းအလိုရှိသည်။

လစာ + Sale Commission+Bonus

- အရောင်းဝန်ထမ်း ကျား/မ (5)
- အသက် 17 မှ 30 အတွင်း
- ပညာအရည်အချင်း 10အောင်
- လုပ်ငန်းအပေါ်စိတ်ဝင်စားသူ ဖြစ်ရမည်။
- နယ်မှ လုပ်ကိုင်လိုသူများလည်းလျှောက်ထားနိုင်ပါသည်။
- Pressure ဒဏ်ခံနိုင်သူဖြစ်ရမည်။
- Onlineနှင့်ပါသတ်သောအတွေအကြုံ အနည်းငယ်ရှိရမည်
- အလုပ်ချိန် 8:00 AM မှ 5:30PM ထိ
- အင်တာဗျူး ချက်ချင်းရှိပါသည်
- Sale ပိုင်းလုပ်ငန်း အတွေ့အကြုံ ရှိရမည်။
- အသေးစိတ်သိရှိလိုပါက ဖုန်း 09793132261
- [email protected] (or) 09793132261, viber သို့လဲ CV form ပို့ပြီး
လျှောက်ထားနိုင်ပါသည်။

05/10/2022

ကိုယ့်ခြေလမ်းသစ်အတွက် ကိုယ့်လီလီ နဲ့ 4နာရီလောက်သေချာဆွေး‌နွေးခဲ့တယ်

အလုပ်လုပ်ပါ ... လှအောင်နေပါ... ပြီးတော့စာဖတ်ပါ စီးပွားတူတိုင်းရန်သူမဟုတ်ပါ.. စီးပွားတူတွေများလေCreative ပိုဖြစ်လေပါပင်လယ...
02/10/2022

အလုပ်လုပ်ပါ ... လှအောင်နေပါ... ပြီးတော့စာဖတ်ပါ

စီးပွားတူတိုင်းရန်သူမဟုတ်ပါ..
စီးပွားတူတွေများလေ
Creative ပိုဖြစ်လေပါ
ပင်လယ်ရေသောက်မကုန်ပါဘူး။
တဦးတည်း monopoly စနစ်က
ကျန်ခဲ့တာကြာပါပြီ
သူများလုပ်တဲ့အလုပ်မလို့
မလုပ်ချင်ဘူးမစဉ်းစားပါနဲ့။
ဒါဆိုဘာမှကို လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။
ကိုယ့်အတွေးနဲ့ ကိုယ် ၊
ကိုယ်မိတ်နဲ့ ကိုယ် ၊ ကိုယ့်ပုံစံနဲ့ ကိုယ်ပါပဲ။
📌အမျိုးအစားချင်းတူတောင် qualityချင်းမတူဘူး။
📌Qualityချင်းတူတောင် ထုပ်ပိုးမှုချင်းမတူဘူး။
📌ထုပ်ပိုးမှုချင်းတူရင်တောင်ဝန်ဆောင်မှုချင်းမတူဘူး။
📌ဝန်ဆောင်မှုချင်းတူတောင် management system ချင်းမတူဘူး ။
📌Management systemချင်းတူရင်တောင်
location အလွယ်ရနိုင်ပုံချင်းမတူဘူး။
👉နောက် ကံတရားချင်းလည်း မတူပါဘူး
👉ပြိုင်ဘက်မရှိတဲ့စျေးကွက်ဆိုတာလည်းမရှိဘူး ။
Townshipတခုထဲပြိုင်ဘက်မရှိရင် မြို့ထဲမှာ ပြိုင်ဘက်ရှိမယ်
👉တမြို့လုံးဘယ်သူမှပြိုင်ဘက်မရှိရင် တခြားမြို့မှာ ပြိုင်ဘက်ရှိမယ်။
👉တခြားမြို့မှာပြိုင်ဘက်မရှိရင် တခြားနိုင်ငံမှာတော့ပြိုင်ဘက်ရှိမယ်။
☝️တခုပဲ အတွေးတခုရတာနဲ့အကောင်အထည်ဖော်ပြီး လုပ်နိုင်အောင်သာလုပ်ပါနော်။
💁အတွေးကိုအတွေးထဲ ထားရင်တော့လက်တွေ့မှာ ဘာမှရမည်မဟုတ်။

💢 တစ်ခုပဲ ဘာပဲလုပ်လုပ်စေတနာထားပြီးလုပ်💢

ပဋ္ဌာန်းရွတ်ရင် မိသားစုမှာ စိတ်ဆင်းရဲစရာတွေ ဖြစ်တယ်၊ ဘာလုပ်လုပ် အဆင်မပြေဘူး၊ စီးပွားရေးကျတယ်၊ လင်မယား ရန်ဖြစ်တယ်၊ သားသမီ...
29/09/2022

ပဋ္ဌာန်းရွတ်ရင် မိသားစုမှာ စိတ်ဆင်းရဲစရာတွေ ဖြစ်တယ်၊ ဘာလုပ်လုပ် အဆင်မပြေဘူး၊ စီးပွားရေးကျတယ်၊ လင်မယား ရန်ဖြစ်တယ်၊ သားသမီးတွေ ဆုံးမရတာ မလွယ်ဘူး၊ အိမ်မှာ ရွတ်လို့မရဘူး အိမ်စောင့်နတ် မခံနိုင်ဘူး၊ ဘုရားမှာရွတ်တယ်၊ အသံတွေကြားရတယ်၊ အရိပ်တွေမြင်ရတယ်၊ ပြီးအောင်ရွတ်လို့မရဘူး အနှောက်အယှက်တွေများတယ်၊ စသည်ဖြင့် ပဋ္ဌာန်းရွတ်ရင် အဆင်မပြေသူများအတွက် ဒီနည်းလေး မျှဝေပေးချင်ပါတယ်။

ပထမဆုံး နတ်ပင့်ရပါမယ်။

သမန်တာ စက်ကဝါဠသေု၊ အတွာဂစ်ဆန်တု ဒဝေတာ။
သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။
(ဓမ္မဿဝနကာလော အယံ ဘဒန္တာ။) ၃ခေါက်

ဒုတိယက မေတ္တာသုတ် ရွတ်ရပါမယ်။

တတိယက ခွင့်တောင်းရပါမယ်။

ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊ ပါရမီတော် အနန္တ၊ မေတ္တာတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဘုရားတပည့်တော် (—–)သည် ဤနေ့ (—–)ခုနှစ်၊ (—–)ရက်၊ (—–)နေ့တွင် ဤ(—–)နေရာဌာနတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး နတ်ပြည်ခြောက်ထပ်တွင် ဟောကြားတော်မူခဲ့သည့် (အဘိဓမ္မာ မဟာပဋ္ဌာန်း ကျမ်းတော်ကြီး (သို့) မဟာပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်နှင့် မဟာပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်) တို့ကို ရွတ်ဖတ်သရဇ္ဈယ်၍ မြတ်စွာဘုရားအား လေးစားကော်ရော် ပူဇော်ခြင်းတည်းဟူသော ကုသိုလ်ကောင်းမှုကို ပြုလုပ်လိုပါသဖြင့် ရွတ်ဖတ်ကြားခွင့် ပေးသနားတော်မူပါရန် တရားတော်၏ ပိုင်ရှင် အစစ်အမှန်ဖြစ်တော်မူသော မြတ်စွားဘုရားရှင် ကိုယ်တော်မြတ်ကြီးထံမှ ခွင့်တောင်းအပ်ပါသည် အရှင်ဘုရား။ ခွင့်ပေးတော်မူပါ အရှင်မြတ်ကြီးဘုရား။

စတုတ္ထက ဖိတ်ကြားရပါမယ်။

မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ကြားခြင်းကို နာကြားနိုင်သော နာကြားလိုသော အားလုံးသော စကြာဝဠာအနန္တတွင် ရှိကြကုန်သော အပါယ်ဘုံသားလူနတ်ဗြဟ္မာသတ္တဝါ အပေါင်းတို့နှင့် ဘုရားတပည့်တော်၏ဆွေဆက်၊ မျိုးဆက်၊ ပဋ္ဌာန်းဆက်ဆွေတော်၊ မျိုးတော်အပေါင်းတို့ တရားတော်နာကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါ၏။
(မိမိဖိတ်ကြားလိုသော ပုဂ္ဂိုလ်အပေါင်းအားလည်း ဖိတ်ကြားနိုင်ပါသည်။)

ပဉ္စမကတော့ ဖယ်ရှားခြင်းဖြစ်ပါတယ်။

မဟာပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ကြားခြင်းကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့် နတ်စိမ်းများ၊ မာရ်နတ်၏နောက်လိုက်နောက်ပါနတ်ဆိုးများ အားလုံးတို့ ဤ(—–)နေရာဌာနနှင့် အနီးပတ်ဝန်းကျင်၌ရှိနေပါကခေတ္တခဏ ဖယ်ရှားပေးကြပါရန် ပန်ကြားအပ်ပါ၏။
(ခေတ္တခဏ ဖယ်ရှားပေးကြပါကုန်လော့…) ၃ခေါက်

ပဋ္ဌာန်းစတင်ရွတ်ဆိုပါ။

ဆဌမကတော့ ဖယ်ရှားထားသူများအား ပြန်လည်ပန်ကြားခြင်းပါ။

ဘုရားတပည့်တော် (—–)မှ ခေတ္တခဏဖယ်ရှားရန် ပန်ကြားထားသော မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ကြားခြင်းကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့် နတ်စိမ်းများ၊ မာန်နတ်၏ နောက်လိုက်နောက်ပါ နတ်ဆိုးများအားလုံးတို့ သင်တို့နေရာ ဌာနအသီးသီး၊ ဘုံဗိမ္မာန်အသီးသီးသို့ ပြန်လည်ကြွမြန်း၍ (နေလိုက နေနိုင်ပါပြီ)၃ခေါက်

နောက်ဆုံးကတော့ မေတ္တာပို့ အမျှဝေ နတ်ပို့

ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္မတ္တိ သိဒ္ဓိယာ။

တချို့သော ဘုံလောကသားတွေဟာ ပဋ္ဌာန်းကိုနာကြားရတဲ့အခါ အလွန်ဘဲပူလောင်ပါတယ်။ အကုသိုလ်ကံ ကြီးလွန်းအားကြီးတော့ မနာကြားနိုင်ပါဘူး။ အသံကြားရင်ဘဲ ပူလောင်လှတဲ့အတွက် ရွတ်ဖတ်သူကို အရမ်းစိတ်ဆိုးပါတယ်။ အဲ့တော့ သူတို့တလှည့် ပြန်အားသာတဲ့အခါ ကိုယ့်ကို ဒုက္ခပေးတတ်ပါတယ်။ အဲ့ဒါကြောင့်မို့ ခေတ္တခဏအသိပေးပြီး ဖယ်ရှားခိုင်းတာ အကောင်းဆုံးပါ။

အားလုံးဘဲ ပဋ္ဌာန်းဒေသနာတော်ကို ပူဇော်ပြီး ပိုမိုကောင်းမွန် မြင့်မြတ်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

မေတ္တာဖြင့်
Credit written by Mulan Sarah

ဖုန်းဘေ 3,000 ကို 10ယောက်ယူ။1.အောက်မှာချထားတဲ့ Link 2ခုကို Like & share လုပ်ရပါမယ်။2. Shareထားတဲ့ ss ကို  ယခုPostရဲ့ Com...
12/09/2022

ဖုန်းဘေ 3,000 ကို 10ယောက်ယူ။
1.အောက်မှာချထားတဲ့ Link 2ခုကို Like & share လုပ်ရပါမယ်။
2. Shareထားတဲ့ ss ကို ယခုPostရဲ့ Comments မှာပို့ပေးထားရပါမယ်။

15. 9. 22ရက်နေ့ညမှာ မဲပေါက်သူ 10ဦးကိုကြော်ငြာပေးပါမယ်။

https://m.facebook.com/story.php?story_fbid=366889312282661&id=100068847866906

https://m.facebook.com/story.php?story_fbid=371059148532344&id=100068847866906

Address

Yangon

Telephone

+959793132261

Website

Alerts

Be the first to know and let us send you an email when Smile Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Smile Online Shopping:

Share