TPO Yangon Car Rental Service Company

TPO Yangon Car Rental Service Company 💎 We promise to give our customers, the best of our services.💎

☎️ 09250533057
☎️ 09676688378

ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက်အမြဲတမ်းသတိပြုသင့်သော အချက်များ========= ========= =======ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ...
21/02/2026

ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက်
အမြဲတမ်းသတိပြုသင့်သော အချက်များ
========= ========= =======

ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင်
တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ
ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊
တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီး
ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့်၊
သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ
အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့
သင့်ကား အောက်ပိုင်း ရောဂါတွေပါ။

ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။
ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်းတော့မယ်ဆို
ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။
ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ
အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊
သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊
ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။
ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ
ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊
ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး
သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။

ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက်
သင်ကိုယ်တိုင် သတိပြုနိုင်တဲ့
ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို
အကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့်
အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။

( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ
အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါသေးတယ် ။
အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက် အလုပ်လုပ်နေတာကတော့
Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

(၁) တိုင်းရော့ (Tie rod )နဲ့
မိန်းလုံး(Tie rod end or Rack End) မကောင်းရင်
ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ

တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့
ထင်ရှားတဲ့ လက္ခဏာ ကတော့
သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး
ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ
အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။
လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင်
သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။
နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊
ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ
ကားက တဖက်ဖက်ကို ဆွဲနေမယ်။
ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ
အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း
အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။
တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ
ပျက်စီးမှု အများဆုံး ပစ္စည်းပါ။
တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့
အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ
ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။
ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ
တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင်
ဝပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊
Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။

(၂) Ball Joint မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက
သင့်ကား အောက်ဘက်ထောင့်ဆီကနေ
တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့
ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင်
အဲဒီအသံက ထွက်လာတယ်ဆိုရင်
အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။
ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။
Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ
အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့
သင့်ကားစတီယာရင် ( Steering ) ကို လာပြီး
သက်ရောက်မှုတွေ ရှိလာပါမယ်။
ဖြစ်လာနိုင်တာကသင့်ကားစတီယာရင်
မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး
ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက
အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို
လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့
ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့
တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင်
မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (Constant Velocity -CV Joint )
ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။
သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့
တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ်
တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင်
အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။
နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့
ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ
ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။
မနေ့ကပဲ ကားတစ်စီ းဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး
ဝပ်ရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။

(၄) Shock bar , Coil Spring , Struts မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက
သိသာထင်ရှားပါတယ်။
အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊
ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင်
ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ
အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာမျိုးတွေကို
သိသာထင်ရှားစွာ ခံစားရပြီဆိုရင်တော့
အဲ့ဒါ Shock bar , Coil Spring , Struts တို့
မကောင်းတဲ့ လက္ခဏာရပ်ပါ ။
ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးက
သင့်ကားကိုယ်ထည်တစ်ခု
လုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။
နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင်
ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အောက်ကို ကျပြီး
အပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်း
မြင်တွေ.နိုင်ပါတယ်ခမျာ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်
ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင်
ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင်
တစ်ဖက်နဲ့တစ်ဖက်မညီတာဖြစ်တတ်ပါတယ် ။
တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။
အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့
တာယာ လပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့
မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊
တာယာ တစ်ဖက်ဖက်မညီမညာ စားနေလား၊
ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။
မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး
အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment)
မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။
အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။
တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။
ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

(၆) Brake မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊
ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့
ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင်
Break Pads တွေ ကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊
ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီး
ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) Steering မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကို
လှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊
စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင် Steering Fluid နည်းနေတာဖြစ်နိုင်တယ်၊
Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ်
ပွန်းစားနေတာဖြစ်နိုင်ပါတယ်. Steering Pump
မကောင်းတာလည်းဖြစ်နိုင်ပါတယ်၊
Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။
ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊
အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေ
အများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာက
လမ်းမကောင်း တာရယ်၊ နောက် Used ကားတွေသာများတာကြောင့်
ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်း
ဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့
ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကို
မလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့်
အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့်
သဲတွေ ဖုန်တွေ ရွှံ.တွေက
အထဲဝင်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကို
ပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။
အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်းတာေ ကြာင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။
နောက်တစ်ခုက အထက်ပါရောဂါတွေက
တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံး စုပေါင်းပြီးလည်း
ဖြစ်နိုင်ပါတယ်။ ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေ
သံစုံတီးဝိုင်းသံတွေ ကြားနေရ ရင်တော့
သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။ စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေ
သတိမမူဘ ဲမပြုပြင် မထိန်းသိမ်းရင်
အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါ
လိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊
ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေ
အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။
ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့
အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး
ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကား
ဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက်
ကားအောက်ပိုင်းဆိုင်ကိုစစ်ဆေးအကြံပြုတင်ပြလိုက်ပါတယ်။

မင်္ဂလာပါDaihatsu Hijet (Without Driver) ဖြင့် Company သုံးအတွက် ငှါးရမ်းပေးလိုက်ပါသည်။လူကြီးမင်းတို့၏ ကားများကိုလည်း အပ...
05/02/2026

မင်္ဂလာပါ

Daihatsu Hijet (Without Driver) ဖြင့် Company သုံးအတွက် ငှါးရမ်းပေးလိုက်ပါသည်။

လူကြီးမင်းတို့၏ ကားများကိုလည်း အပ်နှံငှါးရမ်း လုပ်လိုပါက
📞 09250533057 / 09676688378 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

✅ စိတ်ချယုံကြည်ရသော ကုမ္ပဏီကြီးများနှင့်သာ ချိတ်ဆက်ငှါးရမ်းပေးပါသည်။

မိတ်ဆွေတို့ကား မီးသွေး ဖြစ်မသွားချင်ရင်အချိန် ၃မိနစ်လောက်ပေးပြီး ဆက်ဖတ်လိုက်ပါကားတစ်စီး ရုတ်တရက် မီးလောင်ကျွမ်းရခြင်းဟာ ...
02/01/2026

မိတ်ဆွေတို့ကား မီးသွေး ဖြစ်မသွားချင်ရင်
အချိန် ၃မိနစ်လောက်ပေးပြီး ဆက်ဖတ်လိုက်ပါ

ကားတစ်စီး ရုတ်တရက် မီးလောင်ကျွမ်းရခြင်းဟာ ကားပိုင်ရှင်တိုင်းအတွက် အဆိုးဆုံး အိပ်မက်တစ်ခုပါပဲ။ ဒါပေမဲ့ မီးလောင်မှု့တွေက အလိုအလျောက် ဖြစ်ပေါ်လာတာ မဟုတ်ဘဲ ကျွန်တော်တို့ သတိမမူမိတဲ့ အချက်လေးတွေကနေ စတင်တတ်ကြပါတယ်။ မိတ်ဆွေတို့ကားမှာ အောက်ပါအချက်တွေ ဖြစ်နေပြီလားဆိုတာ အမြန်ဆုံး စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်

၁။ လောင်စာဆီစနစ် ယိုစိမ့်ခြင်း
ဒါဟာ အဖြစ်အများဆုံး အကြောင်းရင်းပါ။ ဓာတ်ဆီ ဒါမှမဟုတ် ဒီဇယ်ဆီတွေ ယိုစိမ့်ပြီး ပူနွေးနေတဲ့ အင်ဂျင်အစိတ်အပိုင်းတွေနဲ့ ထိတွေ့မိတဲ့အခါ ရုတ်တရက် မီးစတင် လောင်ကျွမ်းစေနိုင်ပါတယ်။

၂။ လျှပ်စစ်စနစ် ချို့ယွင်းခြင်း
ဟောင်းနွမ်းနေတဲ့ ဝါယာကြိုးတွေကနေ ဝါယာရှော့ခ် ဖြစ်တာမျိုး ဒါမှမဟုတ် ကားမှာ
မီးသီးအပိုကဲ့သို့ အပိုပစ္စည်းတွေကို ကျွမ်းကျင်မှုမရှိဘဲ တပ်ဆင်ရာကနေ ဝန်ပိပြီး ဝါယာရှော့ခ် ဖြစ်ပြီး မီးလောင်နိုင်ပါတယ်။

၃။ အင်ဂျင်ဝိုင်နှင့် အခြားအရည်များ ယိုစိမ့်ခြင်း
အင်ဂျင်ဝိုင်၊ ဘရိတ်ဆီ ဒါမှမဟုတ် ပါဝါဆီတွေက အလွန်ပူပြင်းနေတဲ့ အိတ်ဇောပိုက်ပေါ်ကို ဖိတ်စင်ကျမိရင် အလွယ်တကူ မီးလောင်နိုင်ပါတယ်။

၄။ အင်ဂျင် အပူလွန်ကဲခြင်း
အင်ဂျင်အလွန်အမင်း ပူလာတဲ့အခါ ရေတိုင်ကီရေ (Coolant) တွေ ဆူပွက်လာပြီး ဖိအားကြောင့် ပေါက်ထွက်ကာ ပူနေတဲ့ အစိတ်အပိုင်းတွေနဲ့ ထိတွေ့ပြီး မီးခိုးထွက်ခြင်း သို့မဟုတ် မီးလောင်ခြင်း ဖြစ်နိုင်ပါတယ်။

၅။ အိတ်ဇောစနစ် အပူလွန်ကဲခြင်း
ကားရဲ့ အိတ်ဇောပိုက်အောက်မှာ ခြောက်သွေ့တဲ့ မြက်ပင်တွေ၊ သစ်ရွက်တွေ ကပ်ညှိနေတာမျိုးက မီးစတင်လောင်ကျွမ်းဖို့ အစပျိုးပေးနိုင်ပါတယ်။

၆။ ဘက်ထရီ ပြဿနာများ
ဘက်ထရီ Terminal ငုတ်တွေ ချောင်နေတာကနေ လျှပ်စစ်မီးပွား ထွက်တတ်သလို၊ ဘက်ထရီကထွက်တဲ့ ဂတ်စ်နဲ့ ထိတွေ့ကာ ပေါက်ကွဲတတ်ပါသေးတယ်။

ဘယ်လိုကာကွယ်မလဲ?
ကားကို ပုံမှန် Service စစ်ဆေးဖို့ ဝန်မလေးပါနဲ့။
မောင်းနေရင်း ရော်ဘာလောင်နံ့ ဒါမှမဟုတ် ဆီနံ့လိုမျိုး ထူးခြားတဲ့ အနံ့ရတာနဲ့ ချက်ချင်းရပ်ပြီး စစ်ဆေးပါ။
အထူးသဖြင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပြုပြင်မှုတွေကို ကျွမ်းကျင်သူနဲ့သာ စိတ်ချလက်ချ လုပ်ဆောင်ပါ။
မီးသတ်ဆေးဗူးဆောင်ထားပါ။

အကောင်းဆုံးကတော့ ကားအာမခံထားတာပါပဲ။ လူကြီးမင်းတို့ကား မတော်တဆ မီးသွေး ဖြစ်သွားရင် အကာအကွယ်ရနိုင်တာ အာမခံတစ်ခုပဲရှိပါတယ်။

အာမခံထားပြီးသားဆိုရင်လည်း ကားအာမခံ ပေါ်လစီက တကယ်ရော အကာအကွယ် ပေးနိုင်ရဲ့လား? ပေါ့ဆမှု (Negligence) ဆိုတဲ့ အကြောင်းပြချက်နဲ့ လျော်ကြေး အငြင်းပယ်ခံရတာမျိုး မဖြစ်စေဖို့ သင့်ရဲ့ Policy ကို ကျွန်တော်တို့ရဲ့ Master-Level Expert တွေနဲ့ အခမဲ့ စစ်ဆေးတိုင်ပင်လို့ရပါတယ်။

#ကားမီးလောင်ခြင်း

( 2-1-2026 )သောကြာနေ့မှာကျရောက်သော  #ပြာသိုလပြည့် အမေနေ့၌အမေများအားဤpostလေးဖြင့် ဂုဏ်ပြုအပ်ပါသည်။အမေသည်သာ အရာရာ*********...
02/01/2026

( 2-1-2026 )သောကြာနေ့မှာ
ကျရောက်သော

#ပြာသိုလပြည့် အမေနေ့၌

အမေများအား
ဤpostလေးဖြင့် ဂုဏ်ပြုအပ်ပါသည်။

အမေသည်သာ အရာရာ
*******************
ဖတ်ကြည့်နော်…

#အမေဆိုတာ…
သား သမီးတွေ
ဟင်းကောင်း စားရဖို့ အတွက်
ချက်ပေးနေရတဲ့
( စားဖိုမှူး တစ်ယောက်ပါ )

#အမေဆိုတာ…
သား သမီးကို
အမြဲတမ်း သွန်သင် ဆုံးမပေးနေတဲ့
( ဆရာမ တစ်ယောက်ပါ )

#အမေဆိုတာ…
သား သမီးတွေ
နေမကောင်းတဲ့ အချိန်
အမြဲတမ်း ပြုစု ယုယပေးနေတဲ့
( သူနာပြု တစ်ယောက်ပါ )

#အမေဆိုတာ…
သား သမီးကို
အမြဲတမ်း
ပြုစု ယုယ ထိန်းကျောင်းပေးနေတဲ့
( ကလေးထိန်း တစ်ယောက်ပါ )

#အမေဆိုတာ…
သား သမီးတွေရဲ့
အနာဂတ် အတွက်
အမြဲတမ်း ငွေထုတ်ပေးနေတဲ့
( ငွေထုတ်စက် တစ်လုံးပါ )

#အမေဆိုတာ…
အိမ်အတွက်
အမြဲတမ်း သန့်ရှင်းရေးလုပ်ပေးနေရတဲ့
( သန့်ရှင်းရေး တစ်ယောက်ပါ )

#အမေဆိုတာ…
သား သမီးတွေ
လမ်းမှန်ရောက်အောင်
အမြဲတမ်း လမ်းပြပေးနေတဲ့
( လမ်းပြသူ တစ်ယောက်ပါ )

#အမေဆိုတာ…
သား သမီးရဲ့ ဘေးနားမှာ
အမြဲတမ်း ရှိပေးနေတဲ့
( မိတ်ဆွေကောင်း တစ်ယောက်ပါ )

#အမေဆိုတာ…
မနက်တိုင်း ပုံမှန် နှိုးပေးနေတဲ့
( နှိုးစက်နာရီ တစ်လုံးနဲ့ တူတယ် )

#အမေဆိုတာ…
သား သမီးကို
အမြဲတမ်း အားပေးနေတဲ့
( အားပေးဖော် တစ်ယောက်ပါ )

သင် သိပါသလား-?

#အမေသည်
ဘယ်သူမှ မလုပ်နိုင်တဲ့ အလုပ်တွေကို
သား သမီး အတွက်
အကုန်လုံး လုပ်ပေးနိုင်ခဲ့တယ်။

ဂုဏ်ယူပါတယ် အမေ…

မေတ္တာဖြင့်
အရှင်ပုည( ဝကုန်း )

မင်္ဂလာပါToyota Passo (Without Driver) ဖြင့် Company သုံးအတွက် ငှါးရမ်းပေးလိုက်ပါသည်။လူကြီးမင်းတို့၏ ကားများကိုလည်း အပ်န...
22/12/2025

မင်္ဂလာပါ

Toyota Passo (Without Driver) ဖြင့် Company သုံးအတွက် ငှါးရမ်းပေးလိုက်ပါသည်။

လူကြီးမင်းတို့၏ ကားများကိုလည်း အပ်နှံငှါးရမ်း လုပ်လိုပါက
📞 09250533057 / 09676688378 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

✅ စိတ်ချယုံကြည်ရသော ကုမ္ပဏီကြီးများနှင့်သာ ချိတ်ဆက်ငှါးရမ်းပေးပါသည်။

မင်္ဂလာပါSuzuki Ertiga Type 1 (Without Driver) ဖြင့် Company သုံးအတွက် ငှါးရမ်းပေးလိုက်ပါသည်။လူကြီးမင်းတို့၏ ကားများကိုလ...
22/12/2025

မင်္ဂလာပါ

Suzuki Ertiga Type 1 (Without Driver) ဖြင့် Company သုံးအတွက် ငှါးရမ်းပေးလိုက်ပါသည်။

လူကြီးမင်းတို့၏ ကားများကိုလည်း အပ်နှံငှါးရမ်း လုပ်လိုပါက
📞 09250533057 / 09676688378 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

✅ စိတ်ချယုံကြည်ရသော ကုမ္ပဏီကြီးများနှင့်သာ ချိတ်ဆက်ငှါးရမ်းပေးပါသည်။

မင်္ဂလာပါHonda Fit GE6 (Without Driver) ဖြင့် Company သုံးအတွက် ငှါးရမ်းပေးလိုက်ပါသည်။လူကြီးမင်းတို့၏ ကားများကိုလည်း အပ်...
22/12/2025

မင်္ဂလာပါ

Honda Fit GE6 (Without Driver) ဖြင့် Company သုံးအတွက် ငှါးရမ်းပေးလိုက်ပါသည်။

လူကြီးမင်းတို့၏ ကားများကိုလည်း အပ်နှံငှါးရမ်း လုပ်လိုပါက
📞 09250533057 / 09676688378 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

✅ စိတ်ချယုံကြည်ရသော ကုမ္ပဏီကြီးများနှင့်သာ ချိတ်ဆက်ငှါးရမ်းပေးပါသည်။

မင်္ဂလာပါToyota Vitz (Without Driver) ဖြင့် Company သုံးအတွက် ငှါးရမ်းပေးလိုက်ပါသည်။လူကြီးမင်းတို့၏ ကားများကိုလည်း အပ်နှ...
22/12/2025

မင်္ဂလာပါ

Toyota Vitz (Without Driver) ဖြင့် Company သုံးအတွက် ငှါးရမ်းပေးလိုက်ပါသည်။

လူကြီးမင်းတို့၏ ကားများကိုလည်း အပ်နှံငှါးရမ်း လုပ်လိုပါက
📞 09250533057 / 09676688378 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

✅ စိတ်ချယုံကြည်ရသော ကုမ္ပဏီကြီးများနှင့်သာ ချိတ်ဆက်ငှါးရမ်းပေးပါသည်။

မင်္ဂလာပါSuzuki Ertiga Type 3 (Without Driver) ဖြင့် Company သုံးအတွက် ငှါးရမ်းပေးလိုက်ပါသည်။လူကြီးမင်းတို့၏ ကားများကိုလ...
22/12/2025

မင်္ဂလာပါ

Suzuki Ertiga Type 3 (Without Driver) ဖြင့် Company သုံးအတွက် ငှါးရမ်းပေးလိုက်ပါသည်။

လူကြီးမင်းတို့၏ ကားများကိုလည်း အပ်နှံငှါးရမ်း လုပ်လိုပါက
📞 09250533057 / 09676688378 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

✅ စိတ်ချယုံကြည်ရသော ကုမ္ပဏီကြီးများနှင့်သာ ချိတ်ဆက်ငှါးရမ်းပေးပါသည်။

 #ကားတစ်စီးကိုနေ့စဥ်စစ်ဆေးသင့်သောအချက်များ👉တာယာကားတာယာလေးလုံးကို ကီလိုမီတာ ၅၀၀၀ ပြည့်တိုင်း နေရာလဲပေးပေးပါ။  တာယာတွေရဲ့ ...
22/12/2025

#ကားတစ်စီးကိုနေ့စဥ်စစ်ဆေးသင့်သောအချက်များ

👉တာယာ

ကားတာယာလေးလုံးကို ကီလိုမီတာ ၅၀၀၀ ပြည့်တိုင်း နေရာလဲပေးပေးပါ။ တာယာတွေရဲ့ "လေ" အခြေအနေကို စစ်ဆေးပေးပါ။

လေနည်းနေရင် ဆီစားပြီး ပါဝါစတီယာရင် ပျက်တတ်ပါတယ် ။

တာယာ ပန်းကိုစစ်ဆေးပါ။

တာယာအသစ်လဲသင့်ရင် လဲရပါမယ်။

တာယာအသစ်အတွက် ငွေကုန်လို စိတ်ညစ်ရတာဟာ ကားဆီစားလို့ စိတ်ညစ်ရတာ၊ စိတ် လေရတာ၊ မတော်တဆမှု ဖြစ်ရတာထက် စာရင် တော်သေးပါတယ်။

👉ကားဘရိတ်

သင့်ကား၏ ဘရိတ် pads များကိုလည်း ပုံမှန်စစ်ဆေးရန် လိုအပ်ပါသည်။

ကားမောင်းနေစဉ် ဘရိတ်ဆူညံသံကို နားထောင်ပြီး ဘရိတ်နင်းရာမှ တုန်လှုပ်ခြင်း သို့မဟုတ် တုန်ခါခြင်းများကို အာရုံစိုက်ပါ။

စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပါက Service Center သို့ အမြန်ဆုံး ဆက်သွယ်ပြသတိုင်ပင်ပါ။

👉ကားအောက်ပိုင်း

ကားအောက်ပိုင်းကြံ့ခိုင်ရေးက ကားတစ်စီးအတွက် အလွန်ပဲ အရေးကြီးပါတယ်။

ခရီးမထွက်ခင်နဲ့ ခရီးကြမ်းမောင်းနှင်ပြီးချိန်မှာ ကားအောက်ပိုင်း စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။

ကားစရီယာရင် တစ်ဖက်ဆွဲတာ၊ အောက်ပိုင်းမငြိမ် အသံမြည်နေပြီဆိုရင်းလဲ အောက်ပိုင်းဆိုင်ကို အမြန်သွားပြီး စစ်ဆေးပါ။

ကားမောင်းသူအများစုကတော့ အလိုင်းမင်းချိန် တုန်း တစ်ခါထဲ ကားအောက်ပိုင်းပါ စစ်ဆေးလေ့ရှိပါတယ်။

👉အင်ဂျင်ဝိုင်

အင်ဂျင်ဝိုင်တွေ သိပ်များနေရင် ဖြစ်ဖြစ်၊ သိပ်နည်းနေရင် ဖြစ်ဖြစ် ဒုက္ခပေးတတ်ပါတယ်။

အချီကြီးပြင်ရတဲ့အထိ ချူချာတတ်ပါတယ်။

တိုင်းပုံတိုင်းနည်းကတော့ တိုင်းတံဘယ်နားမှာ ရှိတယ်ဆိုတာ အရင်သိထားဖို့ လိုပါတယ်။ တိုင်းမယ်ဆိုရင် ကားကို ရေပြင်ညီရပ်ထား ပြီးရင် စက်အေးနေဖို့ လိုပါတယ်။ မောင်းပြီးကာစမှာ မတိုင်းရပါဘူး။

👉ရေတိုင်ကီ

ရေတိုင်ကီ အဖုံးကို ပူနေတုန်းမှာ သွားမဖွင့်ပါနဲ့။ ရေငွေ့ပူပူတွေ ပန်းထွက်လာပြီး အဖုံးကို လှည့်နေတဲ့ လက်ကို လာဟပ်တတ်ပါတယ်။ သတိထားပါ။ အေးတဲ့အချိန်မှ ဖွင့်ကြည့်ပါ။ ရေ (Coolant) နည်းနေရင် ထပ်ဖြည့်ပါ။ ရေပြန်ဘူးထဲမှာလည်း ရေရှိသင့်သလောက် ရှိရဲ့လား (သုံးပုံတစ်ပုံ) ဆိုတာ ကြည့်ပါ။ နည်းနေရင် ထပ်ဖြည့်ပါ။

👉လေကာမှန် ဝိုက်ဘာ

ကားတစ်စီးရဲ့ ပုံမှန်လဲပေးသင့်တဲ့ အစိတ်အပိုင်းထဲမှာ ရာဘာဝိုက်ဘာရွက်တွေလဲ ပါပါတယ်။

ကားမှန်နဲ့ အမြဲပွတ်တိုက်နေရတဲ့ အစိတ်အပိုင်းဖြစ်တဲ့ အပြင် ရာဘာသားနဲ့ ပြုလုပ်ထားတာကြောင့် သူလည်းပဲ ပျက်စီးတတ်ပါတယ်။

မကောင်းတဲ့ ဝိုက်ဘာတွေကို ဆက်လက် အသုံးပြုမယ်ဆို ကားမှန်အစင်းထင်တာတွေ၊ ဝိုက်ဘာခတ်တိုင်း တစ်ဒုတ်ဒုတ် အသံမြည် တာတွေက တကယ်စိတ်ပျက်စရာပါ။

👉ဘတ်ထရီ

ကားဘတ္ထရီက လဲ သူ့အရည်အသွေးပေါ်မူတည်ပြီး ၂နှစ်တစ်ခါ စသဖြင့် အသစ်လဲပေးရပါမယ်။

ဒီနေရာမှာတစ်ခု သတိပေးချင်တာက မိမိကား ဘတ္ထရီကို ဖြုတ်ပြီးအသစ်လဲ မယ်ဆိုရင် လဲနေစဉ်ကြားခံ ဘတ္ထရီ တစ်လုံးဆက်ပြီး ပါဝါပေးထားသင့်ပါတယ်။

အကြောင်းက တစ်ချို့ကားတွေမှာ ဘတ္ထရီ ပါဝါ လွတ်သွားတဲ့ အခါ built in infotainment screen ကြောင်သွားလို့ card ပြန်စိုက်ပြီး recall ပြန်ခေါ်ရတာတွေ၊ ကားအမှန်အတင်အချ ခလုတ်ကြောင်သွားတာတွေ အစရှိတဲ့ ပြဿနာလေးတွေ ကြုံရတတ်လို့ပါ။

အထက်ပါ အချက်တွေကို ပုံမှန်စစ်ဆေးပေးခြင်းဖြင့်

မိမိကားကို အန္တရာယ်ကင်းစွာမောင်းနှင်နိုင်ပြီး မပျက်ခင်ကြိုတင် maintenance လုပ်နိုင်တာကြောင့် ပျက်မှပြင်ရတဲ့ စရိတ်ထက် အများကြီး သက်သာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသည်

မင်္ဂလာပါနေ့လေးပါ 😊Toyota Wish (Without Driver) ဖြင့် Foreigner သုံးအတွက် ငှါးရမ်းပေးလိုက်ပါသည်။လူကြီးမင်းတို့၏ ကားများက...
09/11/2025

မင်္ဂလာပါနေ့လေးပါ 😊

Toyota Wish (Without Driver) ဖြင့် Foreigner သုံးအတွက် ငှါးရမ်းပေးလိုက်ပါသည်။

လူကြီးမင်းတို့၏ ကားများကိုလည်း အပ်နှံငှါးရမ်း လုပ်လိုပါက
📞 09250533057 / 09676688378 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

✅ စိတ်ချယုံကြည်ရသော ကုမ္ပဏီကြီးများနှင့်သာ ချိတ်ဆက်ငှါးရမ်းပေးပါသည်။

Address

No. 10, Thanthumar Road, Thingangyun Tsp
Yangon
11071

Opening Hours

Monday 08:00 - 06:00
Tuesday 08:00 - 06:00
Wednesday 08:00 - 06:00
Thursday 08:00 - 06:00
Friday 08:00 - 06:00
Saturday 08:00 - 06:00

Telephone

+959250533057

Website

Alerts

Be the first to know and let us send you an email when TPO Yangon Car Rental Service Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TPO Yangon Car Rental Service Company:

Share