Moments with Yuno

Moments with Yuno Never go on trips with anyone you don't love. Travel with your beloved one.

A beautiful sunset from the viewpoint ☀️⛅️
22/03/2026

A beautiful sunset from the viewpoint ☀️⛅️

လေ့လာစရာတွေ အများကြီး ရှိတဲ့ နေရာလေးချင်းမိုင်မှာ သဘောကျရတဲ့ နေရာလေး တစ်ခု
15/03/2026

လေ့လာစရာတွေ အများကြီး ရှိတဲ့ နေရာလေး

ချင်းမိုင်မှာ သဘောကျရတဲ့ နေရာလေး တစ်ခု

28/02/2026

ကော်ဖီဆိုင်တွေ ပေါတဲ့ ချင်းမိုင်မှာ ဆိုင်အကြီးကြီး ခမ်းခမ်းနားနားကြီးတွေထက် ဒီလို Local ဆိုင်လေးတွေ၊ အရသာကောင်းပြီး စျေးတန်တဲ့ ဆိုင်လေးတွေ လိုက်ရှာပြီး အားလပ်ရက်တွေမှာ အချိန်ဖြုန်းလေ့ ရှိတယ်။ ဒီနေ့တော့ Cocoa အပင် ကိုယ်တိုင်စိုက် ကိုယ်တိုင်ကြိတ် ကိုယ်တိုင်ရောင်းတဲ့ Local ဆိုင်လေး တစ်ဆိုင်ဆီကို ရောက်ဖြစ်ခဲ့တယ်။

Sabai Sabai Life လေးကို ကိုယ်ကြိုက်တဲ့ Drinks လေးတွေ သောက်ပြီး ဖြတ်သန်းရတာလည်း ဘဝရဲ့ အောင်မြင်မှုတွေထဲက တစ်ခု ဖြစ်မယ် ထင်ပါတယ်လေ

ချင်းမိုင်မှာ တစ်ခွက် ဘတ် ၂၀ နဲ့ ကော်ဖီ ကောင်းကောင်း သောက်ကြမယ် ဆိုင်အပြင်အဆင်ကြည့်ပြီး တကယ် ၂၀ ဘတ် ဟုတ်ပါ့မလားလို့ တွေး...
17/09/2025

ချင်းမိုင်မှာ တစ်ခွက် ဘတ် ၂၀ နဲ့ ကော်ဖီ ကောင်းကောင်း သောက်ကြမယ်

ဆိုင်အပြင်အဆင်ကြည့်ပြီး တကယ် ၂၀ ဘတ် ဟုတ်ပါ့မလားလို့ တွေးချင်စရာပေမယ့် တကယ် ဘတ် ၂၀ ပါ။ တစ်ယောက်ကို နှစ်ခွက်နှုန်းနဲ့ ဝယ်လို့ ရပါတယ်။

Chang Klan လမ်းမှာ ရှိတဲ့ ဆိုင်လေးပါ။
Ping မြစ်ဘေးက လေနုအေးအေးလေးတွေကို ခံစားရင်း Premium ဆန်ဆန်လေး ကော်ဖီ သောက်မယ်ဆို သောက်လို့ ကောင်းမယ့် ဆိုင်လေးပါနော်။

တိမ်တွေဟာ ဖြည်းဖြည်းချင်း ရွေ့လျားနေတယ်။လူတွေကတော့ အလျင်အမြန်ပေါ့။ အလုပ်ကိုယ်စီ၊ အတွေးကိုယ်စီနဲ့ အားလုံးဟာ သွက်သွက်လက်လက...
16/06/2025

တိမ်တွေဟာ ဖြည်းဖြည်းချင်း ရွေ့လျားနေတယ်။

လူတွေကတော့ အလျင်အမြန်ပေါ့။
အလုပ်ကိုယ်စီ၊ အတွေးကိုယ်စီနဲ့ အားလုံးဟာ သွက်သွက်လက်လက်ပဲ လှုပ်ရှားနေကြတယ်။

ဒီလူတွေကြားထဲ အတွေးပေါင်းစုံနဲ့ ငြိမ်သက်နေတဲ့ ငါဟာ ရပ်တန့်နေတဲ့ အချိန်တစ်ခုလိုပဲ။

ဓာတ်ခဲကုန်နေတဲ့ နာရီတစ်လုံးလို ဒီနေရာမှာပဲ ငါ ရပ်တန့်လို့နေတယ်။

Wat Pha Lat ကို တောင်တက်သွားရင်းနဲ့ ရောက်သွားတဲ့ နေရာလေးWat Pha Lat ကို တက်တဲ့ တောင်တက်လမ်းလေးအတိုင်း တက်ပြီးတော့ အောက်က...
29/01/2025

Wat Pha Lat ကို တောင်တက်သွားရင်းနဲ့ ရောက်သွားတဲ့ နေရာလေး

Wat Pha Lat ကို တက်တဲ့ တောင်တက်လမ်းလေးအတိုင်း တက်ပြီးတော့ အောက်က ပုံထဲက ဆိုင်းဘုတ်လေး တွေ့ရင် အဲ့ဘက်ကို ကွေ့ပြီး တက်သွားရမှာပါ။ incline ချည်းပဲ နာရီဝက်လောက် တက်ရပါတယ်။

အပေါ်မှာတော့ ဘုရားလေးရယ်၊ ကော်ဖီဆိုင်ရယ်၊ မီးသတ်ဌာနရယ် ရှိပါတယ်။

အပြန်ကိုတော့ ကားလမ်းအတိုင်း Wat Pha Lat ကို ပြန်ဆင်းပြီးမှ သွားလို့ ရပါတယ်။

ချင်းမိုင်မှာ ချယ်ရီတွေ ပွင့်နေပြီ 🤍
30/12/2024

ချင်းမိုင်မှာ ချယ်ရီတွေ ပွင့်နေပြီ 🤍

Address

Yangon

Telephone

+959254220707

Website

Alerts

Be the first to know and let us send you an email when Moments with Yuno posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share