PHANT DAGON

PHANT DAGON hello

06/12/2023

01/12/2023

၁ .၁၂. ၂၀၂၃ ( သောကြာနေ့ )
သုခံ ဓနံ လာဘံ ဧဟိ ဧဟိ....
ငွေဝင်အဖက်ဖက်မှ ဝင်ပါစေ...

တန်ဆောင်မုန်းလပြည့်နေ့ ပံ့သကူ အလှူလေးပါကျေးဇူးပြု၍♥️Page ကို like 👍and follow 🤳လေးလုပ်ပေးကြပါအုန်းနော် ....မုန့်ဖိုးအတွက...
27/11/2023

တန်ဆောင်မုန်းလပြည့်နေ့ ပံ့သကူ အလှူလေးပါ
ကျေးဇူးပြု၍♥️Page ကို like 👍and follow 🤳
လေးလုပ်ပေးကြပါအုန်းနော် ....
မုန့်ဖိုးအတွက် လျှို့ဝှက်နံပါတ်ထားရှိပါသည်။ ဤမုန့်ဖိုးအားဖွင့်ရန် လျှို့ဝှက်နံပါတ်မှာ 🤫861502 ဖြစ်ပါသည်။

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

ခေတ်က တကယ်ရိုက်ပုတ်တဲ့အခါလူနည်းနည်းလေးကပဲ တောင့်ခံတွန်းလှန်ကြတာပါ ။ ခေတ်က စီးဆင်းတဲ့အခါတော့အားလုံးဟာ လှိုင်းနဲ့အတူလိုက် ...
24/08/2023

ခေတ်က တကယ်ရိုက်ပုတ်တဲ့အခါ
လူနည်းနည်းလေးကပဲ တောင့်ခံတွန်းလှန်ကြတာပါ ။

ခေတ်က စီးဆင်းတဲ့အခါတော့
အားလုံးဟာ လှိုင်းနဲ့အတူလိုက် လှေနဲ့အတူစီးကြတာပါ။

ကိုယ့်အခြေအနေကိုယ်သိကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ခိုင်မာတဲ့သူကသူ့အလုပ်သူ သေချာလုပ်သွားသလို .....သူတပါးကိုလိုက်ကြည့် လိုက်ဝ...
24/08/2023

ကိုယ့်အခြေအနေကိုယ်သိ
ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ခိုင်မာတဲ့သူက
သူ့အလုပ်သူ သေချာလုပ်သွားသလို .....

သူတပါးကိုလိုက်ကြည့် လိုက်ဝေဖန်တဲ့သူက
သူတို့ချစ်ရင် ကောင်း
သူတို့မုန်းရင် မကောင်း
ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့သူဆိုရင်တော့
ကောင်းကွက်ထက်
ဆိုးကွက် အားနည်းချက်ကိုပဲ မြင်ဖို့များသလို.....

ကိုယ့်ကိုယ်ကိုယ်ကျ
ပြီးပြည့်စုံနေတယ်လို့ မသိစိတ်ကနေ
ထင်တတ်ကြတာက သဘာဝတရားပါပဲ.....

ပြန်လည်မျှဝေပါသည်♥️

နေ့စဉ် မင်္ဂလာဖြင့် မျက်နှာသစ်နည်း______________________________ စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်-ဟု ဗုဒ္ဓမြတ်စွာ ဟော...
23/08/2023

နေ့စဉ် မင်္ဂလာဖြင့် မျက်နှာသစ်နည်း
______________________________

စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်-ဟု
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည်။

အမှုမဲ့ အမှတ်မဲ့ စဉ်းစားလျှင် သ_တ်မည်, ခိုးမည်, စသော စိတ်ယုတ်စိတ်ယိုင်းများ မထားသဖြင့် မိမိသည်ကား မကောင်းမှုအကုသိုလ်မှ ကင်းသည်-ဟု ထင်မှတ်ရန်ရှိသည်။
သို့သော် ပိသုဏ, ဖရုသ, သမ္ဖပ္ပလာပ, အဘိဇ္ဈာ, ဗျာပါဒ စသော နှုတ်မှု စိတ်မှုတို့သည်လည်း ဒုစရိုက်တွင် အပါအဝင်ဖြစ်ရာ ထိုသိမ်မွေ့သော ( ဖြစ်ရန် လွယ်ကူသော ) မကောင်းမှုများကိုလည်း မဖြစ်ပွားစေရန် သတိတရား ထားရမည် ဖြစ်ပါသည်။

ထို့ကြောင့် တနေ့တာအဖို့တွင် တတ်နိုင်သလောက် အရိယဓမ္မသီလ လုံခြုံစေရန် အိပ်ရာထ မျက်နှာသစ်ချိန်မှစ၍ ကုသိုလ်တရား ပွားများရန် နှိုးဆော်လိုက်ပါသည်။ မင်္ဂလာနှင့် မျက်နှာသစ်ခြင်းဖြင့် တနေ့တာကို စတင်လိုက်ပါက တနေ့လုံး စိတ်သန့်ရှင်းလျက် မျက်နှာကြည်လင်ပြီး တွေ့မြင်ရသော လူတကာကို စိတ်ရွှင်လန်း ကြည်နူးစေပါလိမ့်မည်။

နံနက်အိပ်ရာထတွင် ရေကြည်ရေအေးတခွက် ခပ်ယူပြီးနောက် ဤသို့ဆောင်ရွက်ရန် ဖြစ်ပါသည်။

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း
================================

(၁) “ဒါနကုသိုလ်”

မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”

မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

(၃) "မတ်ေတာကုသိုလျ"

ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။
ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”

ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ဝင်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”

မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။
အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပဝတ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အဝတ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။
အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...

မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။
(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

Thanks:
#မြတ်ဗုဒ္ဓအလင်း
ပီတိ
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည် ။

 #စိတ်ထဲပိုက်ဆံရှိရင် အိတ်ထဲပိုက်ဆံရောက်တယ်....
19/08/2023

#စိတ်ထဲပိုက်ဆံရှိရင် အိတ်ထဲပိုက်ဆံရောက်တယ်....

Address

Yangon

Website

Alerts

Be the first to know and let us send you an email when PHANT DAGON posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share