Zillion Wings Travels

Zillion Wings Travels Your Reliable Travel Partner

ကဆုန်လပြည့်နေ့တွင် ဧည့်သည်တော် အပေါင်းတို့ ဘေးရန်ကင်းကွာ၍ မင်္ဂလာရှိသောနေ့ရက်လေး ဖြစ်ကြပါစေကြောင်း Zillion Wings Travels...
30/04/2026

ကဆုန်လပြည့်နေ့တွင် ဧည့်သည်တော် အပေါင်းတို့

ဘေးရန်ကင်းကွာ၍ မင်္ဂလာရှိသောနေ့ရက်လေး ဖြစ်ကြပါစေကြောင်း

Zillion Wings Travels မှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်ရှင် ✨🤗

၂၀၂၆ မေလ ၅ ရက်နေ့မှ စတင်၍ PJ passport ကိုင်ဆောင်ထားသော ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ မိမိနေရပ်သို့ ခွင့်ပြန်မည်ဆ...
30/04/2026

၂၀၂၆ မေလ ၅ ရက်နေ့မှ စတင်၍ PJ passport ကိုင်ဆောင်ထားသော ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ မိမိနေရပ်သို့ ခွင့်ပြန်မည်ဆိုပါက ဘန်ကောက် မြန်မာသံရုံးတွင် ဘတ် ၁၅၀ ပေးသွင်းပြီး သံရုံးထောက်ခံစာ ယူရတော့မည် ဖြစ်ပါသည်။

🚢 ဘန်ကောက်ရောက်ရင် မဖြစ်မနေ စီးသင့်တဲ့ Chao Phraya Dinner Cruise ဘန်ကောက်ကို အလည်ရောက်ရင် Shopping ထွက်တာ၊ Street Food စ...
28/04/2026

🚢 ဘန်ကောက်ရောက်ရင် မဖြစ်မနေ စီးသင့်တဲ့ Chao Phraya Dinner Cruise

ဘန်ကောက်ကို အလည်ရောက်ရင် Shopping ထွက်တာ၊ Street Food စားတာအပြင် နောက်ထပ် မဖြစ်မနေ လုပ်သင့်တဲ့ Experience တစ်ခုကတော့ ကျောက်ဖုရားမြစ်တစ်လျှောက် ညစာစားရင်း သင်္ဘောစီးတာပဲ ဖြစ်ပါတယ်။ ညဘက် ကျောက်ဖုရားမြစ်ကမ်းဘေးက ရောင်စုံမီးအလှတွေကြားမှာ ရိုမန်တစ်ဆန်ဆန် ဖြတ်သန်းချင်သူတွေအတွက် ဒါက တကယ့်ကို လက်မလွှတ်သင့်တဲ့ အစီအစဉ်တစ်ခုပါ။

ဒီလို သင်္ဘောစီးတဲ့အခါ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေဖြစ်တဲ့ Wat Arun ၊ Grand Palace နဲ့ ICONSIAM တို့လို အထင်ကရနေရာတွေကို မြစ်အလယ်ကနေ ညဘက်မီးအလှတွေနဲ့ တစ်ဝကြီး မြင်တွေ့ရမှာ ဖြစ်သလို၊ သင်္ဘောပေါ်မှာလည်း ပုစွန်၊ ခရု အစရှိတဲ့ Seafood တွေအပြင် ထိုင်း၊ ဂျပန်နဲ့ အနောက်တိုင်း ဟင်းလျာမျိုးစုံကို International Buffet အနေနဲ့ စိတ်ကြိုက်စားသုံးနိုင်ပါတယ်။ ဒါတင်မကသေးဘဲ Live Band တွေရဲ့ ဖျော်ဖြေမှု၊ ထိုင်းရိုးရာအကတွေနဲ့ ကပွဲ တွေက သင့်ရဲ့ညနေခင်းကို ပိုပြီးထူးခြားစေမှာပါ။

ရွေးချယ်စရာ သင်္ဘောတွေထဲမှာတော့ ဈေးနှုန်းသင့်တင့်ပြီး အစားအသောက်စုံလို့ လူကြိုက်အများဆုံးဖြစ်တဲ့ Chao Phraya Princess၊ ဇိမ်ခံချင်သူတွေအတွက် အသင့်တော်ဆုံးဖြစ်တဲ့ Wonderful Pearl နဲ့ ဖျော်ဖြေရေးကို အားသန်ပြီး Cabaret Show ကြည့်ချင်သူတွေအတွက် White Orchid ၊ HALAL သုံးဆောင်ချင်တဲ့ ဧည့်သည်တော်များအတွက်က Royal Princess၊ နောက်ဆုံး အသစ်ထွက်ရှိထားတဲ့ Sawadee Chapphaya ဆိုပြီး dinner cruise အမျိုးမျိုးရှိပါတယ်။
Cruise အမျိုးအစားပေါ်လိုက်ပြီး စျေးနှုန်းလေးတွေက ဘတ် ၉၀၀ ကျော်မှ ၁၆၀၀ ကျော်ထိ အစားစား ဖြစ်ပါတယ်။

ခရီးသွားများအတွက် အကြံပြုချင်တာကတော့ အထူးသဖြင့် ပြတင်းပေါက်နား ဒါမှမဟုတ် အပေါ်ဆုံးထပ် လိုချင်ရင် အနည်းဆုံး ၁ ပတ်လောက် ကြိုတင် Booking တင်ထားတာ အကောင်းဆုံးဖြစ်ပြီး၊ သင်္ဘောမထွက်ခင် ၁ နာရီလောက် ကြိုသွားပြီး Check-in လုပ်ထားဖို့ လိုပါတယ်။

အဝတ်အစားပိုင်းမှာတော့ Smart Casual ဝတ်ဆင်တာ အကောင်းဆုံးဖြစ်ပြီး အပေါ်ဆုံးထပ်မှာ ထိုင်ရင် လေတိုက်တတ်လို့ အကျီလက်ရှည် ဒါမှမဟုတ် ပဝါလေး ဆောင်သွားဖို့ အကြံပြုချင်ပါတယ်။

ဘန်ကောက်ရဲ့ ညအလှကို ကျောက်ဖုရားမြစ်လယ်ကနေ ခံစားရင်း အကောင်းဆုံး ညစာကို luxury ဆန်ဆန် သုံးဆောင်ချင်တယ်ဆိုရင်တော့ Zillion Wings Travels မှာ အသက်သာဆုံး နှုန်းထားများနဲ့ အခုပဲ အမြန်ဆုံး booking လှမ်းတင်လိုက်ပါရှင်။

Zillion Wings - Your Reliable Travel Partner

Inbound လိုင်စင်အမှတ် - T/I (YGN)-2480
Outbound လိုင်စင်အမှတ် - T/O (YGN)-0942

📞 Yangon Office Phone 09 444646517 | 09 791140909

☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ။ အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။

မှတ်ချက်။ ။ ရန်ကုန်ရုံးမှာ ကိုယ်တိုင် လာရောက် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ မင်မင်တို့ကို ကြိုပြီး ဖုန်းဆက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်

E-Extension (ထိုင်းနိုင်ငံတွင်း ၁ လချင်း ဗီဇာ သက်တမ်းတိုး ၀န်ဆောင်မှု) 📍TR နဲ့ပဲလာလာ📍walk in ပဲ လာလာ📍TM30 မလို ၊ အိမ်စာခ...
26/04/2026

E-Extension (ထိုင်းနိုင်ငံတွင်း ၁ လချင်း ဗီဇာ သက်တမ်းတိုး ၀န်ဆောင်မှု)

📍TR နဲ့ပဲလာလာ
📍walk in ပဲ လာလာ
📍TM30 မလို ၊ အိမ်စာချုပ်မလို

✨️ ဧည့်သည်များဘက်မှ ပတ်စပို့နဲ့ ဓါတ်ပုံသာ ယူလာခဲ့ပေးယုံနဲ့ ထိုင်းမှာ သက်တမ်း ၁လ ချင်း တိုးပြီးနေလို့ရပါတယ်ရှင်။

✨️ E-Extension ဖြစ်တာကြောင့် တနေကုန်စောင့်စရာမလိုပဲ အချိန် ၁၅ မိနစ်သာ ပေးရမှာဖြစ်ပါတယ်။

✨️ Online system နဲ့ ဗီဇာကြိုတင်ထားပြီးလို့ approved ရထားပြီးသားကိုမှ appointment ရက်လေးကိုမှ stickers ကပ်ယုံပဲ သွားရတာမို့ စစ်ဆေးမေးမြန်းတာမျိုး ၊ ရစ်မှာ စိတ်ပူရတာမျိုး လုံး၀ (လုံး၀) မလိုအပ်ပါ။

✨️ ပေးရတဲ့ Service fees နဲ့ တန်တဲ့ တိကျသေချာတဲ့ ၀န်ဆောင်မှုမျိုးကို ရယူလိုတယ်ဆိုရင်တော့ Zillion Wings မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက -

Zillion Wings - Your Reliable Travel Partner

Inbound လိုင်စင်အမှတ် - T/I (YGN)-2480
Outbound လိုင်စင်အမှတ် - T/O (YGN)-0942

📞 Bangkok ph no : 0926061585
📞 Yangon Office Phone 09 444646517 | 09 799922726
☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ။ အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။

မှတ်ချက်။ ။ ရန်ကုန်ရုံးမှာ ကိုယ်တိုင် လာရောက် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ မင်မင်တို့ကို ကြိုပြီး ဖုန်းဆက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်။

Wat Tha Sung: Uthai Thani မြို့ရဲ့ မှန်စီရွှေချ ပုံဆောင်ခဲနန်းတော်ကြီး 🏰ဘန်ကောက်ကနေ ကားနဲ့ ၃ နာရီဝန်းကျင်လောက် မောင်းရတဲ...
24/04/2026

Wat Tha Sung: Uthai Thani မြို့ရဲ့ မှန်စီရွှေချ ပုံဆောင်ခဲနန်းတော်ကြီး 🏰

ဘန်ကောက်ကနေ ကားနဲ့ ၃ နာရီဝန်းကျင်လောက် မောင်းရတဲ့ Uthai Thani မြို့မှာ အံ့ဩဖို့ကောင်းလောက်အောင် လှပတဲ့ Wat Chantharam (သို့မဟုတ်) Wat Tha Sung ဆိုတဲ့ ကျောင်းတော်ကြီး ရှိပါတယ်။

ဒီကျောင်းကို အယုဒ္ဓယခေတ်ကတည်းက သစ်လုံးတွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး ထိုင်းလို သစ်လုံးကို "Sung" လို့ ခေါ်တာကြောင့် Wat Tha Sung လို့ အမည်တွင်ခဲ့တာပါ။

မူလကျောင်းဟောင်းလေးက အချိန်ကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းခဲ့ပေမဲ့ သက်တော်ရှည် ဆရာတော်ကြီး Luang Por Ruesi Ling Dam က ပြန်လည်ပြုပြင် ထိန်းသိမ်းခဲ့ရာကနေ အခုဆိုရင် ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး ဗုဒ္ဓဘာသာ စာသင်တိုက်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

ထိုင်းလူမျိုးတွေ အများအပြား လာရောက်ဖူးမြော်ကြတဲ့ အဓိကအချက်ကတော့ ဆရာတော်ကြီးရဲ့ ရုပ်ကလပ်က ပုပ်သိုးခြင်းမရှိဘဲ ယနေ့တိုင် တည်ရှိနေလို့ပါပဲ။ ဒီကျောင်းတော်မှာ မဖြစ်မနေ သွားကြည့်ရမယ့်နေရာကတော့ "The Crystal Sanctuary" လို့ခေါ်တဲ့ မီတာ ၁၀၀ ရှည်တဲ့ မှန်နန်းတော်ကြီးပဲ ဖြစ်ပါတယ်။

ခန်းမဆောင်အတွင်းက နံရံတွေနဲ့ တိုင်လုံးတွေမှာ မှန်အပိုင်းအစလေးတွေ စီခြယ်ထားတာကြောင့် ထိုင်းနိုင်ငံရဲ့ မှန်ခန်းမဆောင်ကြီးလို့တောင် တင်စားကြပြီး အဲဒီနေရာမှာပဲ ဆရာတော်ကြီးရဲ့ ရုပ်ကလပ်ကို ဂူသွင်းသိုလှောင် ပူဇော်ထားတာပါ။

ကျောင်းတော်ဝင်းက တော်တော်လေး ကျယ်ဝန်းတာမို့ အေးအေးဆေးဆေး လည်ပတ်ရင်း မှန်စီရွှေချ လက်ရာတွေကို ဓာတ်ပုံရိုက်လို့ အရမ်းကောင်းသလို ဘန်ကောက်ကနေ ခရီးတိုထွက်ချင်သူတွေအတွက်လည်း တစ်ခေါက်လောက်တော့ သွားကြည့်သင့်တဲ့ နေရာလေးဖြစ်ပါတယ်။

သွားရောက်လည်ပတ်မယ်ဆိုရင်တော့ သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဘုရားကျောင်းကန်ဖြစ်တာကြောင့် အတိုအပြတ်တွေဖြစ်တဲ့ ဘောင်းဘီတို၊ စကတ်တို၊ လက်ပြတ်အင်္ကျီနဲ့ ဗိုက်ပေါ်တဲ့ အင်္ကျီမျိုးတွေ လုံးဝ ရှောင်ကြဉ်ရမှာဖြစ်ပြီး ပခုံးလုံပြီး ဒူးဖုံးတဲ့ ယဉ်ကျေးတဲ့ ဝတ်စုံမျိုးကိုသာ ဝတ်ဆင်သွားရမှာပါ။

အဲဒါအပြင် မှန်နန်းတော်ကြီးက မနက် ၉:၀၀ နာရီ ကနေ ၁၁:၄၅ နာရီ အထိတစ်ကြိမ်၊ နေ့လယ် ၂:၀၀ နာရီ ကနေ ၄:၀၀ နာရီ အထိတစ်ကြိမ်သာ ဖွင့်တာမို့ အချိန်ကို သေချာတွက်ပြီး သွားဖို့လည်း လိုအပ်ပါတယ်။

အတွင်းထဲမှာလည်း အော်ဟစ်စကားပြောတာမျိုး ရှောင်ကြဉ်ပြီး အေးအေးဆေးဆေး ဖူးမြော်လည်ပတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

သွားရောက်လည်ပတ်ချင်တဲ့သူတွေအတွက် အောက်မှာလိပ်စာလေးတွေထည့်ပေးထားပါတယ်။ ဝင်ကြေးက တော့ အခမဲ့(Free)ပါ။

Address : 21 Moo 2, Nam Suem, Mueang Uthai Thani District, Uthai Thani 61000, Thailand.

💫 အခုလို စိတ်ဝင်စားစရာ နေရာတွေ အများကြီးရှိတဲ့ ထိုင်းနိုင်ငံတွင်း လည်ပတ်ချင်တာမျိုးဆိုရင် guide လိုတာပဲဖြစ်စေ ၊ ကားအငှားလိုတာပဲ ဖြစ်စေ ခရီးသွား ၀န်ဆောင်မှု အမျိုးမျိုးကို Zillion Wings မှာ ရယူလိုက်ပါရှင်။

Zillion Wings - Your Reliable Travel Partner

Inbound လိုင်စင်အမှတ် - T/I (YGN)-2480
Outbound လိုင်စင်အမှတ် - T/O (YGN)-0942

📞 Yangon Office Phone 09 444646517 | 09 799922726
☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ။ အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။

မှတ်ချက်။ ။ ရန်ကုန်ရုံးမှာ ကိုယ်တိုင် လာရောက် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ မင်မင်တို့ကို ကြိုပြီး ဖုန်းဆက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်။

21/04/2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ Language School တက်ပြီး ED visa ရယူချင်တဲ့ customers များအတွက် Zillion Wings Travels မှနေပြီ ကျောင်းအပ်ပေးယုံတင်သာမက လက်ထဲ Visa ရရှိသည်အထိ စ လယ် ဆုံး လိုလေသေး မရှိအောင် တာ၀န်ယူဆောင်ရွက်ပေးပါတယ်။

Immigration ဆိုင်ရာ လုပ်ငန်းစဥ်တွေနဲ့ အလှမ်း၀ေးတဲ့ ကလေးတွေအတွက် အားကိုးရာ agent ကောင်း တစ်ခုဖြစ်ခွင့်ရခဲ့လို့ မင်မင်တို့က ကျေးဇူးတင်ရပါတယ်ရှင်။

📍Visa ခိုင်မာတာပဲ လိုချင်တယ်။

📍ကျောင်းတက်နေတဲ့ တစ်လျှောက်လုံး လိုအပ်တာမှန်သမျှ အသင့်ဆောင်ရွက်ပေးတာမျိုးပဲ ဖြစ်စေချင်တယ်။

📍အတွေ့အကြုံကောင်းတွေရှိပြီး သိလိုသမျှကို မြန်ဆန်ထိရောက်စွာ ဖြေပေးတာမျိူး လိုချင်တယ်။

📍အစစ အရာရာ စိတ်ချရပြီး တာ၀န်ယူမှု တာ၀န်ခံမှု အပြည့်ရှိတာမျိုးကို ရှာနေတယ်ဆိုရင်တော့ Zillion Wings Travels ကို သတိရလိုက်ပါရှင်။

ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးတိုင်ပင်လိုသော ဧည့်သည်တော်များ ရန်ကုန်ရုံးကို appointment ကြိုယူပြီး လာရောက် ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်။

Zillion Wings - Your Reliable Travel Partner

Inbound လိုင်စင်အမှတ် - T/I (YGN)-2480
Outbound လိုင်စင်အမှတ် - T/O (YGN)-0942

📞 Yangon Office Phone 09 444646517 | 09 799922726
☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ။ အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။

မှတ်ချက်။ ။ ရန်ကုန်ရုံးမှာ ကိုယ်တိုင် လာရောက် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ မင်မင်တို့ကို ကြိုပြီး ဖုန်းဆက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်။

ဘန်ကောက်မြို့ထဲက သမိုင်းဝင် ဝါးတောကျောင်းတော် 🎍🎋ဘန်ကောက် Don Mueang နားမှာရှိတဲ့ Wat Weluwanaram (သို့မဟုတ်) Wat Phai Kh...
19/04/2026

ဘန်ကောက်မြို့ထဲက သမိုင်းဝင် ဝါးတောကျောင်းတော် 🎍🎋

ဘန်ကောက် Don Mueang နားမှာရှိတဲ့ Wat Weluwanaram (သို့မဟုတ်) Wat Phai Khiao ဆိုတာကတော့ တကယ့်ကို အေးချမ်းဆိတ်ငြိမ်ပြီး သမိုင်းအစဉ်အလာကြီးမားတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။

ဒီကျောင်းတော်ကြီးကို Rama V မင်းကြီးလက်ထက် (သာသနာနှစ် ၂၄၄၄) ကတည်းက စိမ်းလန်းစိုပြေတဲ့ နုန်းညွန်တောကြီးထဲမှာ စတင်တည်ထောင်ခဲ့တာပါ။ "Weluwan" ဆိုတာ ပါဠိလို ဝေဠုဝန် (ဝါးတော) လို့ အဓိပ္ပာယ်ရသလို "Phai Khiao" ဆိုတာကလည်း ဝါးပင်တွေ ပေါများတာကို အစွဲပြုပြီး ခေါ်တာဖြစ်လို့ ကျောင်းဝင်းတစ်ခုလုံး ဝါးပင်တွေ၊ သစ်ပင်တွေနဲ့ အေးမြနေတာက ဒီကျောင်းရဲ့ ထူးခြားချက်ပါပဲ။

ရှေးဟောင်းလက်ရာ အိမ်လေးတွေနဲ့ သိမ်တော်ကြီးတွေက ရှေးမူမပျက် တည်ရှိနေပြီး ဒေသခံရွာသားတွေရဲ့ စုပေါင်းလုပ်အားနဲ့ တည်ဆောက်ထားတာမို့ ရပ်ရွာရဲ့ စည်းလုံးမှုကို ဖော်ပြနေတဲ့ နေရာလေးလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆရာတော် Phra-khru Vivit ရဲ့ လမ်းညွှန်မှုအောက်မှာ လူငယ်တွေကို ပညာသင်ကြားပေးရာ နေရာတစ်ခုအဖြစ်လည်း အသုံးဝင်နေပါတယ်။

ဒီကျောင်းက ခရီးသွားတွေ အရမ်းများတဲ့ နေရာမျိုး မဟုတ်တာကြောင့် သဘာဝတရားကြားမှာ စိတ်အေးလက်အေး နားခိုချင်သူတွေအတွက် အင်မတန် သင့်တော်ပါတယ်။ ထူးခြားတာက ဒီကျောင်းက သံဃာတော်တွေက အင်္ဂလိပ်လို ပြောဆိုဆက်ဆံပေးနိုင်တာမို့ နိုင်ငံခြားသား ဧည့်သည်တွေအတွက်လည်း အဆင်ပြေစေပါတယ်။

ကျောင်းဝင်းထဲမှာ အလှဆုံးနဲ့ လူသိများတဲ့ နေရာကတော့ "Naga Cave" (နဂါးဂူ) ပဲ ဖြစ်ပါတယ်။ အဲဒီဂူထဲကို ဝင်လိုက်ရင် နဂါးရုပ်တုတွေ၊ မီးရောင်စုံတွေနဲ့ အရမ်းကို မှော်ဆန်ဆန် လှပနေတာကြောင့် ဓာတ်ပုံရိုက်ရင် တကယ့်ကို ထူးထူးခြားခြား လှလှပပ ထွက်မှာ အသေအချာပါပဲ။

သွားရောက်လည်ပတ်မယ်ဆိုရင်တော့ အရေးကြီးတဲ့ အချက်လေးတွေ ရှိပါတယ်။ ဘုရားကျောင်းကန်ဖြစ်တာကြောင့် အတိုအပြတ်တွေဖြစ်တဲ့ ဘောင်းဘီတို၊ စကတ်တိုနဲ့ လက်ပြတ်အင်္ကျီမျိုးတွေ လုံးဝ (လုံးဝ) ရှောင်ကြဉ်ရမှာဖြစ်ပြီး ပခုံးလုံပြီး ဒူးဖုံးတဲ့ ယဉ်ကျေးတဲ့ ဝတ်စုံမျိုးကိုသာ ဝတ်ဆင်သွားရမှာ ဖြစ်ပါတယ်။

ကျောင်းဝင်းထဲမှာ ကားပါကင် နေရာနည်းနည်း ကျဉ်းတတ်တာကိုတော့ သတိပြုရပါမယ်။

မြို့ထဲကနေဆိုရင်တော့ ကားနဲ့ဖြစ်ဖြစ်၊ Red Line (SRT) ရထားစီးပြီး Don Mueang ဘက်ကိုဖြစ်ဖြစ် သွားလို့ရတာမို့ ခရီးစဉ်ထဲမှာ ထည့်ထားသင့်တဲ့ လျှို့ဝှက်ဆန်းကြယ် နေရာလေးတစ်ခုပါပဲ။

Address : 449 Wat Weluwanaram Rd, Don Mueang, Bangkok 10210, Thailand.

💫 အခုလို စိတ်ဝင်စားစရာ နေရာတွေ အများကြီးရှိတဲ့ ထိုင်းနိုင်ငံတွင်း လည်ပတ်ချင်တာမျိုးဆိုရင် guide လိုတာပဲဖြစ်စေ ၊ ကားအငှားလိုတာပဲ ဖြစ်စေ ခရီးသွား ၀န်ဆောင်မှု အမျိုးမျိုးကို Zillion Wings မှာ ရယူလိုက်ပါရှင်။

Zillion Wings - Your Reliable Travel Partner

Inbound လိုင်စင်အမှတ် - T/I (YGN)-2480
Outbound လိုင်စင်အမှတ် - T/O (YGN)-0942

📞 Yangon Office Phone 09 444646517 | 09 799922726
☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ။ အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။

မှတ်ချက်။ ။ ရန်ကုန်ရုံးမှာ ကိုယ်တိုင် လာရောက် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ မင်မင်တို့ကို ကြိုပြီး ဖုန်းဆက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်။

✨ နှစ်သစ်ဆုမွန်ကောင်း ✨နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာအခါသမယမှ စတင်လို့ ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေကြောင်းZillion Wing...
17/04/2026

✨ နှစ်သစ်ဆုမွန်ကောင်း ✨

နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာအခါသမယမှ စတင်လို့

ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေကြောင်း

Zillion Wings Travels မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် 🤗 ✨

ရုံးပိတ်ရက်ပြီးလို့ Immigration ဖွင့်ဖွင့်ချင်းနေ့မှာပဲ Visa extension လေးတွေ စတင် ၀န်ဆောင်မှုပေးလျက်ရှိနေပါပြီ။✅️ ဧည့်သ...
16/04/2026

ရုံးပိတ်ရက်ပြီးလို့ Immigration ဖွင့်ဖွင့်ချင်းနေ့မှာပဲ Visa extension လေးတွေ စတင် ၀န်ဆောင်မှုပေးလျက်ရှိနေပါပြီ။

✅️ ဧည့်သည်တော်များ လိုအပ်တဲ့ အချိန်တိုင်းမှာ visa extension တိုးပေးနိုင်ဖို့ Zillion Wings မှ တာ၀န်ယူပါရစေ။

✅️ အကြာကြီး တန်းစီစရာမလိုပဲ Immigration ကို ခနလေးလာပြီး ပတ်စပို့ပေါ်မှာ sticker ကပ်ပေးယုံပါပဲရှင်။

✅️ E extension service လေး ၀န်ဆောင်မှု ရယူလိုတဲ့ ဧည့်သည်တော်များအနေနဲ့ မင်မင်တို့ကို ရက်ကလေး ခွာပြောပေးဖို့ လိုအပ်ပါတယ်။ အနားကပ်မှ ပြောတာမျိုးဆို appointment လေး မရတော့ပါက VIP extension တိုးရပါမယ်ရှင့်။

✈️ ထိုင်းနိုင်ငံမှာ ဘယ်လောက်ကြာကြာနေချင်ပါသလဲ ?... ဧည့်သည်တော်များရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အကောင်းဆုံး ဆွေးနွေးတိုင်ပင်ပြီး ၀န်ဆောင်မှုပေးလျက် ရှိပါတယ်ရှင်။

အသေးစိတ် သိရှိလိုပါက -

Zillion Wings - Your Reliable Travel Partner

Inbound လိုင်စင်အမှတ် - T/I (YGN)-2480
Outbound လိုင်စင်အမှတ် - T/O (YGN)-0942

📞 Yangon Office Phone 09 444646517 | 09 791140909

☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ။ အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။

မှတ်ချက်။ ။ ရန်ကုန်ရုံးမှာ ကိုယ်တိုင် လာရောက် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ မင်မင်တို့ကို ကြိုပြီး ဖုန်းဆက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်

11/04/2026

April 11 ရက်နေ့ Siam Paragon မှာ ဆုန်ကရမ်ပွဲတော် စတင်စည်ကားနေပြီဖြစ်တဲ့ မြင်ကွင်းလေးပဲ ဖြစ်ပါတယ်။

Thailand ကြီးကတော့ နှစ်စဥ်နှစ်တိုင်း စည်ကားနေတော့တာပါပဲရှင် ...


11/04/2026

သုဝဏ္ဏဘူမိလေဆိပ်ကြီးကတော့ စတင်စည်ကားလို့နေပါပြီ

ပိတ်ရက်မှာ အပန်းဖြေချင်ပေမဲ့ လေဆိပ်မှာတင် လူတိုးနေရလို့ ပင်ပန်းနေရပြီ 🥹

အကြာကြီး တန်းစီပြီး အပင်ပန်းမခံပဲ

ကျော့ကျော့လေးနဲ့ တန်း​တွေကို ကျော်ဖြတ်ခွင့်ကို ဝယ်ယူရရှိနိုင်ပါတယ်နော် 😉

လေဆိပ် fast track service လေးတွေ zillion wings travels မှာရရှိနိင်ပါတယ်။

လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင် 🤗✨

အသေးစိတ် သိရှိလိုပါက -

Zillion Wings - Your Reliable Travel Partner

Inbound လိုင်စင်အမှတ် - T/I (YGN)-2480
Outbound လိုင်စင်အမှတ် - T/O (YGN)-0942

📞 Yangon Office Phone 09 444646517 | 09 791140909

☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ။ အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။

မှတ်ချက်။ ။ ရန်ကုန်ရုံးမှာ ကိုယ်တိုင် လာရောက် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ မင်မင်တို့ကို ကြိုပြီး ဖုန်းဆက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်

#သုဝဏ္ဏဘူမိလေဆိပ်

ဆုန်ကရမ်ပွဲတော်အတွက် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကြီးကတော့ စတင်စည်ကားလို့နေပါပြီ။Happy Songkran မှာ ဘယ်သူတွေ ထိုင်းလာဖ...
10/04/2026

ဆုန်ကရမ်ပွဲတော်အတွက် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကြီးကတော့ စတင်စည်ကားလို့နေပါပြီ။

Happy Songkran မှာ ဘယ်သူတွေ ထိုင်းလာဖို့ ပြင်ဆင်နေကြပြီလဲရှင့်။ 😍

Photp crd :

Address

No 16, Pantanaw Street
Sanchaung Township

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Sunday 10:00 - 17:00

Telephone

+959444646517

Website

Alerts

Be the first to know and let us send you an email when Zillion Wings Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zillion Wings Travels:

Share